၁ ချစ်ကြောင်းမပြတတ်တဲ့ မိန်းကလေး သေလောက်အောင်ချစ်ပေမယ့် ရင်ထဲမှာပဲ သိမ်းထားတယ် ။ ဘယ်တော့မှ ထုတ်ပြလေ့မရှိဘူး ။ တီတီတာတာတွေ မပြောပဲ ဘယ်လောက်ချစ်တဲ့အကြောင်းတွေ ဘယ်လောက်လွမ်းတဲ့အကြောင်းတွေ တဖွဖွမပြောတတ်ဘူးပေါ့ ။အရမ်းချစ်ပြလိုက်ရင် တန်ဖိုးမထားပဲနေမလားဆိုတဲ့ အတွေးနဲ့ သူ့တို့ရင်ထဲမှာ ရှိတဲ့အရာကို ထုတ်ပြပြီးမချစ်ခဲ့ကြရုံပဲ သေလောက်အောင်တော့ ချစ်ကြတယ် ။ နောက်ဆုံး အဲ့လို အေးတိအေးစက်ကြောင့်ပဲ တချို့က မချစ်ဘူးအထင်နဲ့ လမ်းခွဲရတာတွေလဲ ရှိတယ် ။ ၂ – ပွင့်လင်းတတ်တဲ့ မိန်းကလေး ကိုယ့်စိတ်ထဲမှာ ရှိတဲ့အတိုင်း ဘယ်လောက်ချစ်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောဖို့ ၀န်မလေးသလို ။ ဘယ်လောက်လွမ်းတဲ့အကြောင်း မမေးပဲ ဖြေဖို့လဲ ၀န်မလေးကြဘူး ။ သိပ်ချစ်ပြတတ်တယ် ဂရုစိုက်တတ်တယ် ။မေတ္တာတွေစစ်မှန်ရင် မေတ္တာတွေပြန်ရလာလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ သူပေးခဲ့တာပေါ့ ။ ဒါပေမယ့် […]
Month: May 2021
မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း
မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့ အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။ သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်….ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …. သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။ ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ ငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။ နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင် ဖြတ်သန်းနေတယ်…။နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။ […]
နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ
နေ့နံအလိုက် ကံဇာတာ နိမ့်ပါးမှေးမှိန်တတ်သော အသက်အရွယ်များ မွေးနံအလိုက် အသက်အရွယ်အလိုက် ကံဇာတာနိမ့်ပါးတတ်ချိန်များ (ကလေးသူငယ်များမှာတော့ ကျန်းမာရေး နှင့် ပညာရေး) အားနည်းတတ်ချိန်များကို အလွယ်တကူ ကြည့်ရှုသိရှိနိုင်ပြီး ဆိုင်ရာ ယတြာပိုင်းလေးတွေကိုလည်း ပြုလုပ်နိုင်အောင် တင်ပြပေးလိုက်ပါတယ်။ မြန်မာ့ရိုးရာ သေသဝိဇ္ဇာပညာရပ်အရ သုံးသပ် တင်ပြပေးထားခြင်း ဖြစ်ပါတယ်ခင်ဗျား။ တနင်္ဂနွေနေ့ဖွားများသည် အသကျအြားဖွငျ့ ၆နှစ်၊ ၁၃နှစ်၊ ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ် ၊၅၅နှစ်၊ ၆၂နှစ်၊ ၆၉နှစ်၊ ၇၆နှစ်၊ ၈၃နှစ်၊ ၉၀နှစ် စသော အသက်ပိုင်းများတွင် ကံဇာတာ ညှိးနွမ်းလွယ်တတ်ပါသည်။ ယတြာအားဖြင့် သက်ကြီးရွယ်အိုများကို ဆေးဝါးနှင့် အစာအာဟာရ လှုဒါန်းခြင်း၊ အဝေးရှိ အမျိုးသား အကြီးအကဲ တစ်ဦးကို ကျေးဇူးပြုခြင်း၊ ကန်တော့ခြင်း ပြုပေးရပါသည်။ တနင်္လာနေ့ဖွားများသည် […]
အားငယ်တတ်တဲ့ သင့်စိတ်တွေကို ပြောင်းလဲပါ
၁ – သင့်ကိုယ်သင် လက်ခံပါ။ သင်ဟာ ရုပ်လှတဲ့ပဲဖြစ်ဖြစ်၊ ရုပ်ဆိုးတဲ့သူပဲဖြစ်ဖြစ်၊ဆင်းရဲသူပဲဖြစ်ဖြစ် သင်ကိုသင် လက်ခံပါ။ယခုလက်ရှိ သင့်ဘဝဟာ ဘယ်လောက်ပဲနိမ့်ကျနေပါစေ ဒါကို လက်ခံလိုက်ပါ။ပြီးရင် သင့်ဘဝကို မြှင့်တင်ဖို့ ကြိုးစားပါ။ ၂ – သင့်ကိုသင် အားပေးစကား အမြဲပြောပါ။ လူတွေက သင့်ကို ဝိုင်းပြီး အားပေးစကားပြောရင်သင့်ရဲ့ စိတ်ဓာတ်တွေ တက်ကြွလာတတ်ပါတယ်။ဒါပေမယ့် လူတိုင်းက သင်စိတ်ဓာတ်ကျတိုင်းအားပေးနိုင်မှာ မဟုတ်ပါဘူး။အဲ့ဒီတော့ သင့်ကိုသင် အားပေးတတ်ဖို့လိုပါတယ်။အမြဲတမ်း အကောင်းမြင်တဲ့ အတွေးတွေကိုတွေးထားပါ။ သင့်ကိုသင် အကောင်းမြင်တဲ့စကားတွေပြောပေးပါ။ဥပမာ…သင်တစ်ခုခုကို ကြောက်တိုင်း“ငါမကြောက်ဘူး။ ငါရင်ဆိုင်ရဲတယ်။ ငါရင်ဆိုင်လိုက်မယ်။”လို့ပြောပါ။ ၃ – စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့ ပုန်းကွယ်နေတဲ့ စွမ်းအားတွေကို ထွက်ပေါ်လာစေဖို့ အကူအညီပေးပါတယ်။မတူကွဲပြားတဲ့ ဘဝတွေကို နားလည်လက်ခံလာစေတတ်ပါတယ်။ သင့်ရဲ့ စိတ်စွမ်းအားကိုလည်းမြှင့်တင်ပေးနိုင်တာကြောင့် အမြဲတမ်းစာဖတ်ပေးဖို့လိုပါတယ်။ ၄ – […]
ကိုးရီးယားလူမျိုးတွေဟာ ထမင်းစားရင် ဘာလို့ ထမင်းကို ပန်းကန်လုံးလေး တစ်လုံးစာကိုပဲ ထည့်စားသလဲ…?
ဆိုင်တွေမှာ ရောင်းရင်လည်း ထမင်း တစ်ပွဲစာဟာ တစ်လုပ်စာ သာသာမျှသာရှိတဲ့ ပန်းကန်လုံးလေး တစ်လုံးစာပဲ ရှိပါတယ်။ဒါဟာဘာလို့လဲဆိုရင် ကိုးရီးယားတွေဟာ ထမင်းကို အရမ်းတန်ဖိုးထားလို့ပါ။ ဒီပန်းကန်လုံးလေးထဲက ထမင်းဟာ လူတစ်ယောက်အတွက် အကုန်မစားနိုင်စရာ အကြောင်းမရှိပါဘူး။ အရမ်းဗိုက်ဆာနေလို့ ဒီလိုထမင်း ဆယ်လုံးစားရင်လည်း သူတို့ မငြိုငြင်ပါဘူး။ သူတို့စိုးရိမ်တာက ထမင်းကို မကုန်ဘဲ လွှင့်ပစ်မှာကို စိုးလို့ပါ တဲ့။ တောင်ကိုးရီးယား နိုင်ငံသားတွေဟာ ထမင်းလွှင့်ပစ်တတ်တဲ့ လူတွေကို မျက်စောင်းထိုးပါတယ်။ မျက်စောင်းထိုးတယ်ဆိုတာ ကိုးရီးယားနိုင်ငံသားတွေ တော်ရုံတန်ရုံ အပြစ်မျိုးကို ကျူးလွန်ရင်တောင် မျက်စောင်းမထိုးတတ်ပါဘူး။ မျက်စောင်းထိုး ခံရတဲ့လူဟာ အင်မတန် ဒေါသထွက် အမြင်ကတ်စရာ ကောင်းတဲ့လူပါ။ ဒါ့ကြောင့် ကိုးရီးယားနိုင်ငံသားတွေဟာ လူတစ်ယောက်ယောက်က မျက် စောင်းထိုးပြီး ကြည့်မှာကို အလွန်အင်မတန် စိုးရိမ်ကြပါတယ်။ ကိုးရီးယားနိုင်ငံသားတွေ ထမင်းကိုတန်ဖိုးထားရတဲ့ […]
“နေမင်းလို အလင်းပေးတဲ့ တန်ခိုးလမ်းကြောင်းကလေး ပါခဲ့မယ် ဆိုရင်”
“နေမင်းလို အလင်းပေးတဲ့ တန်ခိုးလမ်းကြောင်းကလေး ပါခဲ့မယ် ဆိုရင်” သူက လက်သူကြွယ် လက်ချောင်းအောက်မှာဒေါင်လိုက် မျဉ်းတိုကလေး အဖြစ်တည်နေမယ် လက်သူကြွယ် လက်ချောင်းပိုင် နယ်မြေက တနင်္ဂနွေ ၊ တနင်္ဂနွေ ဆိုတာက သူရဇ္ဇလို့ခေါ်တဲ့ နေမင်း ၊နေမင်းဆိုတာက သည်မြေကမ္ဘာ၏ တန်ခိုးရှင် (တန်ခိုး ) ဆိုတာက တရုပ်ဘာသာစကား အလင်းလို့ အဓိပ္ပါယ်ရတယ် —အဲ့တော့ သည်ဒေါင်လိုက်မျဉ်းတိုကလေးက နေမင်းလို အလင်းပေးတဲ့ တန်ခိုး လမ်းကလေးပေါ့ Ok သူ၏ဤ စတင် ဖြစ်တည်လာ ရာအမြစ်က နှလုံးသားလမ်းလို့ခေါ်ကြတဲ့ ချစ်မေတ္တာလမ်းမထက်မှာ အစပြုလာတယ် သူကဘာကို ပြနေတာ လဲ ဟုပ်ပြီလက္ခဏာရှင် သူဟာ စိတ်နှလုံးကောင်းရှိသူုဖြစ်မယ် လိမ္မာပါးနပ်သူ ဖြစ်မယ် ယဉ်ကျေးမယ် တတ်သိမယ် လူသားအရည်အသွေးကောင်းများ ရှိသူလဲ ဖြစ်နေမယ် […]
ချစ်လွန်းလို့အလိုက်သိရင်းက အပိုဖြစ်သွားတတ်တယ် …
ချစ်လွန်းလို့ အလိုက်သိရင်းက အပိုဖြစ်သွားတတ်တယ် … တစ်ခါတစ်လေမှာ ကိုယ်ကချစ်တာပဲလေဆိုတဲ့စိတ်နဲ့ အလိုက်သိပေးရင်း သိပေးရင်းက ကိုယ်ဟာ အပိုဖြစ်မှန်းမသိဖြစ်သွားတတ်တယ် ဘယ်သူ့ကို အပြစ်တင်ရမလဲဆိုရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မှာပေါ့ မလိုခင်ကတည်းက ရှိချင်ခဲ့တဲ့ကိုယ် မတောင်းခင်ကတည်းက ပေးခဲ့မိတဲ့ ကိုယ့်မှာပဲ အပြစ်ရှိနေတာလေ … တစ်ခုခုဆို သူ အဆင်မပြေမှာစိုးတဲ့စိတ်နဲ့ အရာရာကို ဖြည့်ဆည်းပေးခဲ့ဖူးတယ် … နောက်ဆုံးကျတော့ အားနာရကောင်းမှန်း စာနာရကောင်းမှန်းနားမလည်တော့ဘူး ကိုယ်အဆင်ပြေရဲ့လားလို့ မေးဖော်မရတော့ဘူး သူ့မပြေလည်မှုတိုင်းက ကိုယ်နဲ့ပဲ သက်ဆိုင်သွားတာမျိုးပေါ့ ကိုယ့်မပြေလည်မှုက ကိုယ်နဲ့ပဲ သက်ဆိုင်တော့တာယ်လေ .. တစ်ခုခုများ ဖွင့်ဟမိရင် နားတွေညည်းရတာရယ် စိတ်တွေရှုပ်ရတာရယ်က အရင်ပေါ့ … ကိုယ်ပဲ မှားတာပါဆိုတဲ့ အပြစ်တွေဖို့ရင်း ကိုယ်ပဲ နာကျင်ရတယ် တစ်ခါတစ်လေကျတော့ ကိုယ့်မှာလဲ အဆင်မပြေမှုတွေ မပြည်လည်မှုတွေအကြောင်း ပြောပြချင်သေးတာပေါ့ […]
သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး
သင့်လက်ထဲမှာ ပိုက်ဆံမပြတ်အောင်သိထားသင့်တဲ့ အဖိုးတန်နည်းလမ်း (၄) မျိုး တစ်လတာဝင်ငွေကို စုမိဖို့နေနေသာသာ လကုန်ခါနီးတာနဲ့ လက်ထဲငွေမလောက်တာမျိုး ကြုံကြိုက်ဖူးမှာပါ။ ဒါမျိုးမဖြစ်ဖို့အတွက် ငွေယိုပေါက်တွေကို သေချာရှာဖွေပြီး လစဉ်စုမယ့်ငွေပမာဏကို (အနည်းအကျဉ်းဖြစ်စေ)သတ်မှတ်သင့်ပါတယ်။ မြင်သမျှ ၀ယ်ချင်နေပါက သင် တပြားမှ စုမိမှာမဟုတ်ပါဘူး။ ငွေကိုစုဆောင်းနိုင်မယ့် နည်းလမ်းတွေကိုလေ့လာကြည့်ရအောင်… (1) ၅၀/၃၀/၂၀ နည်း -ပုံမှန်ဝင်ငွေရှိပေမယ့် ငွေမစုမိသူများအတွက်ရည်ရွယ်ပါတယ် …။ သင့်တစ်လတာဝင်ငွေကို ၃ ပုံခွဲပါ …။ ၅၀ရာနှုန်းကို လစဉ်ကုန်ကျစရိတ်အတွက် (ထမင်းစရိတ်၊ အိမ်စရိတ် ၊ဘေလ်စသည်) ဖယ်ပါ …။ ၃၀ရာနှုန်းကို သိပ်အရေးမကြီးပေမယ် လိုအပ်သောအရာများအတွက်သုံးစွဲပါ (အဝတ်အစား၊ အသုံးအဆောင်) ၂၀ရာနှုန်းကို အနာဂတ်အတွက်စုဆောင်းပါ …။ (2) ရိုးစင်းသောနည်း တအားစစ်စစ်စီစီ မစုချင်သူများအတွက် ရည်ရွယ်ပါတယ် …။ လစဉ်ဝင်ငွေကို ၂ပိုင်းခွဲပါ။ […]
မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ…မြန်မာပြည်ပြန်ရင် မလုံခြုံတာကြောင့် ဂျပန်မှာ ခေါ်ထားမယ့် မြန်မာလူမျိုးတစ်ဦး
မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်လျှံအောင် အသင်းမှ ထုတ်ပယ်ခံရ…မြန်မာပြည်ပြန်ရင် မလုံခြုံတာကြောင့် ဂျပန်မှာ ခေါ်ထားမယ့် မြန်မာလူမျိုးတစ်ဦး မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ အရန်ဂိုးသမားတစ်ဦးဖြစ်တဲ့ ပြည့်လျှံအောင်ဟာ လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ် ဂိုးသမား ပြည့်လျှံအောင် ဟာ မနေ့က ၂၀၂၂ ကမ္ဘာဖလားခြေစစ်ပွဲအဖြစ် ဂျပန်အသင်းနဲ့သွားရောက်ကစားတဲ့ ပွဲစဉ်မှာ ပွဲမစခင် နိုင်ငံတော်သီချင်းထုတ်လွှင့်နေချိန်မှာဘဲ We Want Democrazy စာတန်းရေးသားထားတဲ့ လက်သုံးချောင်းထောင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ပြည့်လျှံအောင်ရဲ့လုပ်ရက်ကြောင့် စစ်ကောင်စီက မြန်မာ အသင်းကို ဖိအားပေးပြီး ထုတ်ခိုင်းတာလား (FIFA) ဖီဖာက တိုက်ရိုက် အရေးယူတာလားဆိုတာတော့ BP က ဆက်လက် အတည်ပြုဖို့ ကြိုးစားနေပါတယ်။ အဲဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက နိုင်ငံတော် သီချင်းကိုလည်း သီဆိုခြင်းမရှိဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ […]
သင့်အသက်ကို ၂ ဆ ပိုရှည်စေသွားမယ့် နည်းလမ်းကောင်း(၈)ခု
အသက်ရှည်ရှည်နေလိုပါက ဘာကြောင့် ည၁၀နာရီကနေမနက်၆နာရီအတွင်းအိပ်စက်သင့်တယ်ဆိုတာကို တရုတ်ဆရာဝန်များ လေ့လာခဲ့ကြပါတယ်။ကျွန်မတို့ရဲ့ကိုယ်ခံအားစနစ်ဟာ ညကိုးနာရီကနေ၁၁နာရီအတွင်းမှာ ကိုယ်ထဲက အဆိပ်များနှင့် ဗိုင်းရပ်စ်များကို ဖယ်ရှားပါတယ် အသည်းကတော့ ည၁၁နာရီကနေမနက်၁နာရီအတွင်း ကောင်းစွာအလုပ်လုပ်ပြီး အဆုတ်ကတော့ မနက်၃နာရီကနေ၅နာရီအတွင်း ကောင်းမွန်စွာအလုပ်လုပ်ပါတယ် ဒါကြောင့် မနက်အစောပိုင်းတွေမှာ အချို့လူများအနေဖြင့် ချောင်းဟန့်ရခြင်းဖြစ်ပါတယ်။ အူတွေကတော့ မနက်၅နာရီကနေရနာရီအတွင်းမှာ သန့်စင်ခြင်း ပြုလုပ်ကြပါတယ် ၂ ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းတွေကို လျစ်လျူရှုပါ အမေရိကန်သိပ္ပံပညာရှင်တို့ရဲ့ အယူအဆအရ ပတ်ဝန်းကျင်ရဲ့ ထင်မြင်ယူဆချက်တွေကို ခေါင်းထဲမထည့်ခြင်းဖြင့် အသက်ရှည်ရှည်နေနိုင်တယ်လို့ ဆိုပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ခေါင်းထဲထည့်လွန်းတဲ့အခါ အနေအထိုင်ကျုံ့မယ့်အပြင် အာရုံကြောတွေလည်း အားနည်းတတ်ပါတယ်။ထို့ပြင် စိတ်မချမ်းမသာဖြစ်နေရခြင်းကြောင့် အသက်ရှည်ဖို့ အခွင့်အလမ်းနည်းသွားနိုင်ပါတယ် ၃ နေပူဆာလှုံပါ နေရောင်ခြည်က ဗီတာမင်ဒီကို ပေးစွမ်းပါတယ်။ထို့ပြင် စိတ်ကျရောဂါနှင့် နာမကျန်းဖြစ်မှုများကိုပါ သက်သာစေနိုင်ပါတယ်။ ၄ ခရမ်းချဉ်သီးများများစားပါ အမေရိကန်နိုင်ငံ ဘော်စတွန်ပြည်နယ်ရှိ သိပ္ပံပညာရှင်များရဲ့ […]









