“မိမိငွေအဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့အတွက် ဖုန်းရွှေနည်း” ငွေအဝင်များ အထွက်နည်းပြီး လာဘ်ကောင်းဖို့ ငွေကိုဘယ်လိုထားမလဲ ငွေကို ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာစသည်မှာ ထားပါတယ်။ ဒါပေမဲ့ ထားတဲ့နည်းစံနစ် လိုပါတယ်။ မိမိငွေအဝင်များဖို့ အထွက်နည်းဖို့ လာဘ်ကောင်းဖို့ လုံခြုံစိတ်ချဖို့ ကံတက်စေဖို့အတွက် အဝင်ကောင်းသလို အထွက်လည်းကောင်းသောနည်းနဲ့သာထွက်ဖို့ ဖုန်းရွှေ Fung Shui ပညာက အခုလိုအကြံပြုပါတယ်။ ၁။ကရဝေးရွက် နဲ့အတူထားပါ။ အကျိုးအနာမပါသော ကရဝေးရွက် အနည်းဆုံးတစ်ရွက်နဲ့အတူထားပါ။ ငွေပွားများလာစေပါတယ်။ ၂။အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ အကျိုးအနာမပါတဲ့ ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ။ လာဘ်ပွင့်လန်းစေတဲ့အပြင် မလိုအပ်ပဲ ငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်။ ၃။ပင်လယ်ဆား ပင်လယ်ဆားနည်းငယ် ကိုပလတ်စတစ်အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ။ ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများ […]
Month: November 2021
မြန်မာတွေအများစု စားနေကြတဲ့ အပ်မှိုကို မစားသင့်ကြောင်း အမေရိကန် ထုတ်ပြန်.
မြန်မာတွေက အပ်မှို ဆိုပြီးခေါ်တဲ့ Enoki မှိုမှာ Listeria ပိုးတမျိုး ရှိနေတဲ့အတွက် မစားကြဖို့ အမေရိကန် CDC က ပြောလိုက်ပါတယ်။ အစားမတော်_တစ်လုပ်မဖြစ်ဖို့ အထူးသဖြင့် – ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်နဲ့အထက် ဒါမှမဟုတ် ကိုယ်ခံအားစနစ် အားနည်းသူတွေ မစားဖို့ သတိပေးထားပါတယ်။ လောလောဆယ် Sun Hong Foods, Inc. ကုမ္ပဏီတံဆိပ်နဲ့ မှိုတွေကို ပြန်သိမ်းဖို့ ညွှန်ကြားထားတယ်။ ခြားတံဆိပ်တွေကိုတော့ သတိပေးတာ မရှိသေးဘူး။ ပြန်သိမ်းဖို့ ညွှန်ကြားထားတဲ့ အပ်မှိုကြောင့် ၄ ယောက်သေ၊ ၃၀ ဆေးရုံတက်ရ။ CDC အပါအဝင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေကိုမေးပြီး အသေးစိတ် ထပ်တင်ပေးပါမယ်ရှင်။ Crd Original uploader (Zawgyi Code) […]
လတ်တလော ဂယက်ထ နေတဲ့ပုံ နဲ့ ပတ်သတ် တဲ့ အဖြစ်မှန်အား ပေါ်တင်ပြောကာအကြောင်စုံ ရှင်းပြလိုက်တဲ့ ရွှေအိမ်စည် ရဲ့ ဗီဒီယိုဖိုင်”…
သရုပ်ဆောင် မင်းသမီးချောလေး ရွှေအိမ်စည်ကတော့ နိုင်ငံတကာပြိုင်ပွဲ များတွင် သွားရောက် ယှဉ်ပြိုင် ခဲ့ပြီး တစ်နိုင်ငံလုံးက.. ပရိသတ်တွေရဲ့ အထူး အားပေးမှုကို ရရှိထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စွဲမက်စရာကောင်းတဲ့ ညှို့မျက်ဝန်းတွေကြောင့်လည်းပုရိသတွေက ကြွေပြီးရင်း ကြွေနေကြတာလည်း ဖြစ်ပါတယ်။ အိမ်စည်ဟာ အလှမယ်အဖြစ် နဲ့ ရှိုးပွဲပေါင်း များစွာတွင် ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ သရုပ်ဆောင်အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ ဆက်စီ ဆန်ဆန်ပုံလေးတွေ ကိုလည်း အမြဲရိုက်ကူးကာ တင်လေ့ရှိပြီး သူမ ရဲ့ အမိုက်စားကောက်ကြောင်း အလှတရားတွေကို ထင်ရှားစွာ မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အိမ်စည်တစ်ယောက် စိတ်ညစ်စရာတွေ နဲ့ တွေ့ကြုံနေရတာပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ရွှေအိမ်စည်ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ […]
၁၀ တန်းကို ရိုးရိုးပဲအောင်ပြီး အသက် ၃၀ မပြည့်ခင် သိန်း ၂ သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေး
၁၀ တန်းကို ၂၄၀ နဲ့ အောင်တော့ ဘာဖြစ်လဲ? ဘာမှ မဖြစ်ဘူးလေ ၁၀ တန်းကို အမှတ်နည်းနည်းနဲ့ အောင်ပြီး အသက် ၃၀ မပြည့်ခင်မှာပဲ သိန်း ၂ သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေး အကြောင်း မဖတ်ဖူးဘူးလား? သူ ၁၀ တန်း အောင်တော့ လက်ရှိ ရေပန်းစားနေတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် တွေကို တက်ဖို့ အမှတ် မမီခဲ့ဘူး။ သူ့မိဘက အားပေးတယ် “သားလေး၊ ၁၀ တန်း အမှတ်က ဘဝကြီး မဟုတ်ဘူး အမှတ်နည်းလို့ သားလေး အားငယ်စရာ မလိုဘူး ” ဆိုပြီး သူ့သားလေး အဝေးသင်နဲ့ ကျောင်းပြီး သွားတဲ့ အချိန် အသက် ၂၃ နှစ်လောက်မှာ […]
မတရားပြုကျင့်ခံခဲ့ရတဲ့ (၁၅)နှစ်အရွယ်မိန်းကလေးရဲ့ ရင်သွေးလေးကို ခေါ်ယူစောင့်ရှောက်မွေးစားခဲ့တဲ့ ခိုင်နှင်းဝေ
တစ်ချိန်က ဆံပင်ရှည်တွေနဲ့ပရိသတ်တွေရဲ့ အသည်းနှလုံးကို သိမ်းပိုက်နိုင်ခဲ့သူလေး ခိုင်နှင်းဝေက လက်ရှိအချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်မှု ရရှိနေဆဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေကအခုဆိုရင် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေသလို ပရဟိတလုပ်ငန်းတွေကိုပါ သယ်ပိုးဆောင်ရွက်နေသူတစ်ယောက် ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေကို နယ်ပယ်အစုံမှာဖြန့်ကျက်လုပ်ကိုင်နေတဲ့ ခိုင်နှင်းဝေက သူမသွားလေရာနေရာတွေမှာလည်း အခက်အခဲဖြစ်နေသူတွေကို စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက သထုံဘက်က ကလေးတစ်ယောက်ကို ခေါ်ယူမွေးစားခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ “ခရီးသွားရင်း အကြောင်းအကျိုးပဌာန်းဆက်တွေကြောင့်သမီးလေး တစ်ယောက်ကို ခေါ်ယူမွေးစားဖြစ်ပါဦးမယ်ရှင်..သထုံဘက်မှ အမေက (၁၅) နှစ် သက်ငယ်မု.ဒိမ်းကြောင့် ကိုယ်ဝန်ရသွားကာ မီးဖွားရင်း ေ.သဆုံးသွားပါတယ် ကျန်ရစ်သူသမီးလေးမှာအဘွားနဲ့နေရင်းဘွားအေမှာလဲဆုံးပါးသွားတဲ့အတွက်ဆက်လက်စောင့်ရှောက်ဘို့ တစ်ဦး တစ်ယောက်မှ မရှိတော့တဲ့ အတွက် ကျမတို့ “ခိုင်” မိသားစု ဂေဟာမှ ဆက်လက် တာဝန်ယူ စောင့်ရှောက်သွားဖြစ်ပါမယ်ရှင် …” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေကတော့ သက်ငယ်မုဒိမ်းကြောင့် […]
အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် ကိုယ်ပိုင်အသိနဲ့ ခရီးဆက်နေကြတဲ့ ညီလေး ညီမလေး များကို တန်ဖိုးထား လေးစားပါ
အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် ကိုယ်ပိုင်အသိနဲ့ ခရီးဆက်နေကြတဲ့ ညီလေး ညီမလေး များကို တန်ဖိုးထား လေးစားပေးကြပါ မြေပြင်မှာအိပ်တယ် ။ မြေပြင်မှာစားတယ်။ ကျဆုံးသူတွေရှိတယ်။ သ.ေနိုင်တာကိုသိတယ်။ ဒဏ်ရာဆို သေချာသလောက်ပဲလို့ လက်ခံလို့ အင်္ကျီအိပ်ကပ်ထဲမှာ ဝါဂွမ်းလိပ် ကိုယ်စီနဲ့ပေါ့။ ယောနယ်မှာ အတော်အေးနေပြီ။ စောင်မပါပဲ အိပ်နေကြရတာ။ မီးမွှေးလို့လဲ မဖြစ်ဘူးလေ။ ဘယ်လောက် အေးမလဲဆိုတာ တွေးကြည့်ရင်သိတယ်။ တစ်နေကုန် တိုက်ပွဲဝင်ထားလို့ ညပိုင်းမှာ အေးဆေးအနားယူ ကြမယ်ထင်သလား။ ထမင်းကို နေ့စာညစာပေါင်းစားပြီး တာဝန်ကျတဲ့နေရာကို ဆက်ထွက်ကြသတဲ့။ စားရတဲ့ဟင်းက ပဲသီးချက်။ မိဝေးဖဝေး အသ.က် စတေးပြီး တိုက်ပွဲဝင်နေကြတာ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် ချည်းတော့ မဖြစ်နိုင်ဘူး။ တိုက်ပွဲဝင်ပေးပါလို့ ဘယ်သူမှလည်း မခိုင်းဘူး။ အများအတွက် တိုင်းပြည်အတွက် အနာဂတ်အတွက် […]
ဒီပဲယင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၅ လောင်းပြိုင် အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သာယာအေးကျေးရွာမှာ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၃ နာရီလောက်က မွေးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် မိသားစုဝင် ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တကယ်တမ်းကတော့ အသတ်ခံရတဲ့မိသားစုက ချမ်းသာတယ်။ ကျနော်တို့ ခန့်မှန်းကြည့်ရသလောက်ကတော့ ပထမပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုနဲ့ အသတ်ခံရတာဖြစ်နိုင်သလို၊ နောက်တချက်က အသတ်ခံရသူမိသားစုပိုင် ငွေကြေးအမြောက်အမြားနဲ့ လက်ဝတ်ရတနာပါတွေပါ ယူတာဆိုတော့ ဓားပြတိုက်တာပဲ။ ကျနော်တို့ကတော့ ဒါကို လက်ပိုက်ကြည့်မနေနိုင်ဘူး” လို့ ဒေသခံ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။ သာယာအေးကျေးရွာက သတ်ဖြတ်ခံရသူတွေဟာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေကြသူတွေ ဖြစ်ကာ အတန်အသင့် ငွေကြေးပြည့်စုံသူတွေ ဖြစ်ကြပြီး မိသားစု ၆ ဦးရှိတဲ့အနက် အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဝင်းနဲ့ […]
အဖမ်းခံထားရတဲ့ ဆရာလင်းညို့တာရာရဲ့ ဟောချက်ထဲက နံပါတ် ၁၀ ၁၄ တကယ်ဖြစ်လာပြန်ပြီ
အဖမ်းခံထားရတဲ့ ဆရာလင်းညို့တာရာရဲ့ ဟောချက်ထဲက နံပါတ် ၁၀ ၁၄ တကယ်ဖြစ်လာပြန်ပြီ စစ်အာဏာရှင်ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များ တင်သဖြင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသော ဗေဒင်ပညာရှင် လင်းညို့တာရာ၏ ၂၀၂၁ ရှေ့ဖြစ်ဟောကိန်း ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ စစ်အာဏာသိမ်းကောင်စီ၏ အာ ဏာသိမ်းမှုကို ဆန့်ကျင်နေသည့်အနေဖြင့် ယတြာအစီအရင်များ ဆောင်ရွက်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အဖမ်းခံလိုက်ရသော ဗေဒင်ပညာရှင် ဟိန်းမင်းအောင် ခ လင်းညို့တာရာက မြန်မာနိုင်ငံ၏ ၂၀၂၁ ဟောကိန်းကို ၂၀ ၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သူ၏လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားခဲ့သည်။ အဆိုပါ ဟောကိန်းကို ပြန်လည် ဖော်ပြပေးလိုက်ပါသည်။ မြန်မာနိုင်ငံကြီး၏ ၂၀၂၁ အတွက် အခြေခံဟောချက်များ (လင်းညို့တာရာနှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် […]
“နတ်လမ်း ဆိုတဲ့ အဓိပ္ပါယ်”
“နတ်လမ်း ဆိုတဲ့ အဓိပ္ပါယ်” မြန်မာစကားမှာ နတ်လမ်း ဆိုတာ နတ်တွေဖန်ဆင်းပေးတဲ့လမ်းလို့သာ အနက်ရှိတယ်လို့ ထင်ကြရင်တော့ မြန်မာစကား ကောင်းကောင်းမတတ်တဲ့ ဂျိုသားတွေလို့ပဲ ခေါ်ရတော့မလို ဖြစ်နေပြီ။ နတ်လမ်း အခေါ်အဝေါ်ဆိုတာ ဘုရားကိုသွားတဲ့ ဘုရားစောင်းတန်းကလမ်း၊ ဘုန်းကြီးကျောင်းမုဒ်ဦးကနေ ကျောင်းထဲကို ဝင်တဲ့လမ်း၊ ဘုန်းကြီးကျောင်းထဲက ဘုရား၊ သိမ် စတာတွေကိုသွားတဲ့လမ်းတွေကို နတ်လမ်းလို့ ခေါ်ကြတယ်။ မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဘုရားရှိတဲ့ တောင်ပေါ်ကိုတက်တဲ့ စောင်းတန်းတွေ၊ ဘုန်းကြီးကျောင်း မုဒ်ဦးကနေ ကျောင်းထဲ ဝင်တဲ့လမ်းတွေ၊ ကျောင်းထဲမှာ သိမ်ကို သွားတဲ့ လမ်းတွေမှာ ဘေးမှာ ထိုင်ခုံလေးတွေနဲ့၊ အုတ်ခင်းလမ်းနဲ့၊ အမိုးနဲပြုလုပ်ထားလေ့ရှိတယ်။ အဲဒီမှာ အလှူရှင်နာမည်တွေကို ကမ္ဗည်းထိုးရင် ဥပမာ နတ်လမ်းအလှူရှင် ဦးအောင်မြင့်+ဒေါ်မြမြ သား ဘယ်သူဘယ်ဝါကောင်းမှု ဆို ကမ္ဗည်းထိုးတာတောင်ရှိတယ်။ […]
ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း
ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့ နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။ (၁) ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။ ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခု ဖြစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး (၂) သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့။ လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ […]









