ဗဟုသုတ

ကွမ်းယာနဲ့ဆေးလိပ် အမှန်တကယ်ဖြတ်ချင်ရင်

ကွမ်းယာနဲ့ဆေးလိပ် အမှန်တကယ်ဖြတ်ချင်ရင် ဆေးလိပ် နဲ့ ကွမ်းယာ အမှန်တကယ် ဖြတ်ချင်ပါသလား မြန်မာ အမည် – ဆေးကျော်ကြီး၊ အကြောတစ်ထောင်ပင် (သို့မဟုတ်) ဖားကြောရွက် အင်္ဂလိပ် အမည် – Broad-leaf Plantain ရုက္ခဗေဒ အမည် – Plant-ago major မြန်မာနိုင်ငံမှာ လူဦးရေ ၅၄ သန်းကျော်ရှိပြီး လူဦးရေရဲ့ ၁၉ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက် သုံးနေတာ ဖြစ်ပါ တယ်။ ဒီထဲမှာမှ အမျိုးသား ၃၁ ရာခိုင်နှုန်းကျော် ရှိပြီး၊ အမျိုးသမီး ၆ ရာခိုင်နှုန်းကျော် ပါဝင်နေတာ တွေ့ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ပြောဆို ကြပါ တယ်။ […]

ဗေဒင်

ဒီဇင်ဘာ တလလုံး ဝင်ငွေတိုး၊ လာဘ်လာဘ ပွားများစေရန်

ဒီဇင်ဘာ တလလုံး စိတ်ချမ်းသာ၊ ဝင်ငွေတိုး၊ လာဘ်လာဘ ပွားများစေမယ့် အထူး ယတြာ မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျား.. ယခုလ ဒီဇင်ဘာလ ၁၂ လပိုင်း တစ်လလုံး စိတ်ချမ်းသာစွာ နှင့် ဝင်ငွေ လာဘ်လာဘများပွား၍ အောင်မြင်တိုးတက်စေရန် အတွက် ပညာဒါနပြုလိုက်ပါတယ်။ လုပ်ရမှာလွယ်ကူရိုးရှင်းပြီး အောင်မြင် ထိရောက် အစွမ်းထက်ပါတယ်ခင်ဗျ။ အိမ်ဘုရားကျောင်းဆောင်မှာ လုပ်ထားရပါမည်။ အရင်ဦးစွာ စတီးလင်ပန်းတစ်ချပ်မှာ ဆားပုံ ၄ ပုံ ပုံပြီး အလည်တည့်တည့်တွင် နွားနို့တစ်ခွက်တင်ပြီး ဘုရားကပ်လှူ ပူဇော်ပါ။ ယတြာလုပ်ရမည့် အချိန်က နံက် ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်းနဲ့ ညနေ ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်း […]

ဗဟုသုတ

အိမ်မှာ ဒီလိုလေး လုပ်ထား ခြင်ဆေးခွေ လုံးဝ မလိုတော့ဘူး

ပြောပြချင်လွန်းလို့ပါ…..(ဆရာလုပ်ခြင်းမဟုတ်ပါ) တခြားအိမ်တွေတော့မပြောတတ်ဘူးပေါ့နော် ကျွန်တော့်အိမ်တော့အထပ်မြင့်ဆိုပေမယ့် ခြင်အရမ်းလာပါတယ် အပင်တွေကလည်းစိုက်တော့ခြင်ကအောင်းတယ်လေ။ ခြင်ဆေးဖျန်းဖို့ထွန်းဖို့ဆိုရင်လည်း အသက်ရှုကျပ်တတ်လို့ တခါတခါခြင်ရိုက်ဘတ်တံနဲ့ပဲနှစ်ပါးသွားရပါတယ်။ ခုတော့တော်တော်ကိုအဆင်ပြေသွားပါပြီ၊ “စပါးလင်” မုန့်ဟင်းခါးထဲထည့်ချက်, ဟင်းထဲထည့်ချက်ဖို့ပဲသိခဲ့တာ ခြင်တကယ်ပြေးမှန်းခုမှသိတာ၊ စပါးလင် ငါးရာဖိုးလောက်ဝယ်ပြီး အရိုးခြောက်အခွံခြောက်တဲ့အပိုင်းတွေဖယ်ထုတ်ဖြတ်ပြီး ရေတစ်ဖန်ခွက်လေးငါးဆယ်ချောင်းလောက်ထည့်ပြီး၊ ရေစိမ်အခန်းဒေါင့်လေးတွေမှာချထားလိုက်တာ သိသိသာသာခြင်တွေမတွေ့ရတော့တာပါပဲကျွန်တော့်လိုခြင်ဆေးနံ့မခံနိုင်တဲ့သူအတွက်တော်တော်ကိုအဆင်ပြေပါတယ်။ ထပ်ခါထပ်ခါလည်းဝယ်နေစရာမလို ရေလေးပဲမကြာမကြာလဲပေးလိုက်ရင် သူကအမြစ်တွေထွက်လာတဲ့အထိဆက်ရှင်နေမှာပါ ။ ကလေးငယ်ရှိတဲ့အိမ်တွေပိုအဆင်ပြေမယ်ထင်ပါတယ်။ ခြင်တွေတကယ်ပြေးလို့ ခုတော့ကျွန်တော်ပျော်နေပြီ အားလုံးကိုလည်းဝေမျှချင်တဲ့စေတနာနဲ့ပို့စ်တင်ရေးပေးတာပါနော်၊ အရမ်းကိုတတ်သိနားလည်နေလို့မဟုတ်ပါဘူးရှင့်……. (ခြင်ဆေးကြော်ငြာတစ်ခုမှာ စပါးလင်ဖြင့်ထုတ်လုပ်ထားခြင်းကိုတွေ့လို့စမ်းကြည့်လိုက်တာ) Credit to Mirror (gardening Myanmar)    

ၾကားသိရသမွ်

ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်

ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန် ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ပါဝင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၅ ယနေ့ ရန်ကုန်တိုင်းကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြသူများကို စစ်ကားဖြင့် တိုက်သတ် ဖမ်းဆီးရာတွင် ဦးဆောင်သူများမှာ ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်သည်။ Myanmar Police CDM Channel ၏ သတင်းထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ […]