ဗဟုသုတ

အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု

အဝတ်လျှော်စက်ကို ပျက်စီးစေနိုင်သော အဝတ်လျှော်နည်းအမှား (၇)ခု အဝတ်လျှော်စက်တွေ ပေါ်လာတာဟာ လူတွေကို အားအင်ကုန်ခမ်းခြင်းကို လျော့ချပေးနိုင်ခဲ့ပါတယ်။ အချိန်ကုန်၊ လူပင်ပန်းသက်သာတာကြောင့် အိမ်တိုင်းနီးပါးမှာ အသုံးပြုနေကြတာကို တွေ့ရမှာပါ။ ဒါကြောင့် အဝတ်လျှော်စက် နဲ့ အဝတ်လျှော်သူတွေ ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးချင်ပါတယ်။ (၁) ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာ မသုံးခြင်း – သင့်မိသားစုဝင်တွေ တခါတလေမှာ ဖျားနာတာတွေ ရှိနိုင်ပါတယ်။ ဖျားနာပြီး ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ပြီးတော့ အဖျားပိုး ကူးစက်ခံထားရတဲ့ အဝတ်အစားတွေဟာ သာမန် အဝတ်လျှော် ဆပ်ပြာနဲ့ ပိုးမွှားတွေ မသေနိုင်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာကို သုံးရင်း ရောဂါပိုးကို ကာကွယ်ဖို့ တိုက်တွန်းချင်ပါတယ်။ (၂) အဝတ်လျှော်စက်ကို သန့်ရှင်းရေး မလုပ်ခြင်း – အဝတ်လျှော်စက်က […]

ၾကားသိရသမွ်

ခြေသုတ်လေးတွေ ရောင်းပြီး ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ အသက် (၈၅) နှစ် အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်……….

ခြေသုတ်လေးတွေ ရောင်းပြီး ဝမ်းရေးအတွက် ရှာဖွေနေရတဲ့ အသက် (၈၅) နှစ် အရွယ်အဖွားကို ကူညီထောက်ပံ့ခဲ့တဲ့ မိုးစက်……….ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် လူရွှင်တော်မိုးစက်ကတော့ ဝေဖန်တိုက်ခိုက်ခံရမှုတွေရှိနေပေမဲ့လည်း ဘဝကိုအရှုံးမပေးဘဲ ဝမ်းရေးကို သမာအာဇီဝကျကျ ခက်ခဲစွာဖြေရှင်းနေတဲ့ သက်ကြီးအဖိုးအဖွားတွေကိုလိုက်လံရှာဖွေကာတတ်နိုင်သလောက်ကူညီထောက်ပံ့တဲ့ ပရဟိတအလုပ်လေးကိုတော့လုပ်ကိုင်နေစဲပါ။ လတ်တလောမှာလည်းမိုးစက် က အသက် (၈၅)နှစ်အရွယ် အမေအိုတစ်ယောက်ကို သွားရောက်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အဖွားကတော့ ဝမ်းရေးအတွက်ခြေသုတ်လေးတွေရောင်းပြီး သမာ အာဇိဝကျကျလုပ်စားနေတဲ့ သူတစ်ယောက်ပါ။အဖွားကတော့ ခြေသုတ်ခုံလေးတစ်ခုရောင်းရမှငွေ(၂၀၀)ကျပ်လောက်သာအမြတ်ရပေမဲ့လည်း ဝမ်းရေးအတွက်ကို သူတတ်နိုင်တဲ့ဒီအလုပ်လေးကိုကြိုးစားလုပ်ကိုင်နေခဲ့တာလို့လည်းသိရှိရပါတယ်။ မိုးစက်ကတော့ အဖွားဆီကနေ ခြေသုတ်ခုံနှစ်ခုဝယ်ယူပြီး အလှူငွေ(၁)သိန်းကျပ်ကို ကူညီထောက်ပံ့ခဲ့တာပဲဖြစ်ပါတယ်။ ပရိ သတ်ကြီးရေ မိုးစက်နဲ့ သူ့ရဲ့အလှူရှင်တွေရဲ့ မွန်မြတ်လှတဲ့ ဒါနကုသိုလ်အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုနိုင် စေဖို့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ခွသေုတျလေးတှေ ရောငျးပွီး ဝမျးရေးအတှကျ ရှာဖှနေရေတဲ့ အသကျ (၈၅) […]

ၾကားသိရသမွ်

“Telenor သုံးသူများအတွက် 69 ကျပ်နဲ့ အင်တာနက်ဒေတာဝယ်ပြီး 1000 GB အထိ ရယူနိုင်ပါပြီ” See More…..

“Telenor သုံးသူများအတွက် 69 ကျပ်နဲ့ အင်တာနက်ဒေတာဝယ်ပြီး 1000 GB အထိ ရယူနိုင်ပါပြီ” See More….. Telenor သုံးသူများအတွက် 69 ကျပ်နဲ့ အင်တာနက်ဒေတာဝယ်ပြီး 1000 GB အထိ ရယူနိုင်ပါတယ် ကံကောင်းတယ်ဆိုရင်တော့ ရမှာပါ ဖုန်းဘေ 1000 ထည့်ပြီး (14) ခါလောက် ကံစမ်းလို့ရပါတယ် 1000 ဆိုရင် အနည်းဆုံးတော့ 2 GB လောက်တော့ ပေါက်နိုင်ပါတယ် ကံကောင်းတယ်ဆိုရင် GB တွေအများကြီးပေါက်နိုင်ပါတယ် အဲ့တော့ ပုံမှန်ဝယ်တာနဲ့စာရင် ခုနည်းအတိုင်းဝယ်တာက ဒေတာလည်း ပိုရပြီး ကံလည်းစမ်းလို့ရပါတယ် မိမိဖုန်းထဲမှာ Telenor ဆော့ဝဲလ်တော့ ရှိဖို့လိုပါတယ် Unicode “Telenor သုံးသူများအတွက် 69 ကျပ်နဲ့ အင်တာနက်ဒေတာဝယ်ပြီး 1000 […]

ၾကားသိရသမွ်

အချစ်ကြီးချစ်ခဲ့မိလို့ နောင်တ အကြီးကြီး ရတယ်လို့ ဆိုလာခဲ့တဲ့ နေတိုးရဲ့ ရည်းစားဟောင်း ပန်းပန် (ရုပ်/သံ)…!!

ပရိတ်သတ်ကြီးတို့ရေ..ပန်းပန်ကတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး ကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူတစ်ယောက်ပါ။ သူမရဲ့ ကျန်းမာရေးကြောင့် အနုပညာအလုပ်တွေ ရပ်နားခဲ့သလို ပရိသတ်တွေနဲ့လည်း အဆက်ပြတ်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေလောက်က ပန်းပန်နဲ့နေတိုး တို့ရဲ့ ပုံတွေပြ့န်လာခဲ့ပြီး ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပါတယ်။ ပန်းပန်ကတော့ ပြီးပြီးသားကိစ္စတွေ မေ့ပြစ်ခဲ့တာ ကြာပါပြီလို့ ပြောခဲ့ပါသေးတယ်။အချစ်ရေးနဲ့ ပတ်သက်ပြီး ပန်းပန်က ““အချစ်ကို ကိုးကွယ်မိလို့ အနုပညာအလုပ်ကို သေချာ မလုပ်နိုင်ဘဲ အလှမ်းဝေး ခဲ့ရတယ်။ လူဆိုတာ အမှားတွေ၊ အခက်အခဲတွေ ကြုံလာမှ နောက်ပိုင်းကျရင် ဆင်ခြင်နိုင်မယ့် သင်ခန်းစာရတာပါ။ စွန့်လွှတ်ခဲ့ရတာ အချိန်တွေပါ။ စိတ်ကုန်တာ၊ စိတ်နာသွားတာမျိုးတော့ မရှိပေမယ့် အချစ် ကို အချိန် မပေးချင်တော့ဘူး” လို့ပြောလာခဲ့တာပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးတို့ရေ။ လတ်တလောမှာတော့ […]

ၾကားသိရသမွ်

အနုပညာရှင်များ ဒုက္ခရောက်နေကြတဲ့ အချိန်မှာ နေရာယူဖို့ ကြိုးစားနေကြတဲ့ tiktok ဆယ်လီရူးများကို ဒဲ့ပြောလိုက်တဲ့ ပရိတ်သတ်တစ်ဦး

အနုပညာရှင်တွေ တောထဲရောက်နေချိန်မှာ ခွေးတိုးပေါက်ကဝင်ရန် ကြိုးစားနေတဲ့ Tiktok Cele ရူး များ မြန်မာပြည်မှာ Tiktok ကို အပျော်သဘောနဲ့ကြည့်တဲ့သူတွေရှိသလို အပျင်းပြေဆော့တဲ့သူတွေလည် အများကြီးရှိကြပါတယ်။ ဒါပေမယ့်တချို့ Tiktok ပေါ်မှာ Video ရိုက်တဲ့သူတွေဟာ ဖင်းပြ နို့ပြပြီး Viewer များ Follower များများရတဲ့သူတွေနဲ့ ယောကျာ်ဖြစ်ပြီး Effects ပေါင်းစုံနဲ့ လမ်းဘေးက အဖိုးအဖွားကို အခွင့်အရေးယူပြီးမုန့်ကျွေးပြီး ဂရုဏာထားတဲ့ ပုံစံနဲ့ Viewer or Follower ရှာတဲ့သူတွေလည် ရှိနေကြပါတယ်။ တကယ်တော့သူများနိုင်ငံတွေဆော့ကြတာဟာ သူတို့ရဲ့ Creation နဲ့ Talent ကို ဦးစားပေး ရိုက်ပြီး Follower များကိုEntertaining လုပ်ပေးကြတဲ့သူတွေများပါတယ်။ မြန်မာပြည်က Cele ရူး Tiktoker များဟာ တွေ့ရာသီးချင်းနဲ့ […]

ၾကားသိရသမွ်

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင်

အိမ်ခြေမဲ့အဘိုးက ၇နှစ်လုံးလုံး ပိုက်ဆံအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ မသိချင်ယောင်ဆောင်ပေးခဲ့တဲ့ ဆိုင်ပိုင်ရှင် တရုတ်နိုင်ငံ Zhejiang ပြည်နယ် Wenzhou မြို့ရှိ ခေါက်ဆွဲဆိုင်ပိုင်ရှင်အမျိုးသားဟာ အိမ်ရာမဲ့တစ်ဦးအတွက်နွေးထွေးတဲ့ကြင်နာမှုတစ်ခုပြုလုပ်ပေးခဲ့လို့ လူအများကချီးကျူးဂုဏ်ပြုနေခဲ့ကြပါတယ်။သတင်းဖော်ပြချက်အရအိုးမဲ့အိမ်မဲ့အဘိုးတစ်ဦးဟာလက်ဖြင့်ရေးဆွဲထားတဲ့ဘဏ်ငွေစက္ကူအတုတွေကိုအသုံးပြုကာ ခေါက်ဆွဲဝယ်ယူနေခဲ့ပေမဲ့ ဆိုင်ပိုင်ရှင်က သတိမထားမိစေဖို့ ဟန်ဆောင်နေခဲ့ပြီး အဆိုပါအဘိုးအတွက် ခေါက်ဆွဲကို အခမဲ့ ပေးခဲ့ပါတယ်။ အဆိုပါအဘိုးက ငွေစက္ကူအတုနဲ့ ခေါက်ဆွဲဝယ်စားနေခဲ့ပေမဲ့ တစ်ခါတစ်လေလည်း တစ်ကယ့် ငွေသားအစစ် ၂ ယွမ် ( ၄၅၀ ကျပ်) ဖြင့် ပေးချေဝယ်စားတတ်ပါသေးတယ်။ဓာတ်ပုံထဲအရ အဆိုပါအိုးအိမ်မဲ့အဘိုးက သူ့ရဲ့ငွေစက္ကူကို အစစ်နဲ့တူအောင် အရောင်စုံပါခြယ်ထားပုံပါဘဲ ။ ခေါက်ဆွဲဆိုင်ပိုင်ရှင်က သူဟာ မသိသလိုဘဲ ဟန်ဆောင်နေခဲ့ပြီး အဆိုပါ ကံမကောင်းတဲ့ အိုးအိမ်မဲ့အဘိုးအား ဂရုစိုက်သင့်တယ်လို့ ယုံကြည်နေတာကြောင့်ခေါက်ဆွဲကိုဆက်ရောင်းပေးဖို့ ရွေးချယ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ အခုအဖြစ်အပျက်ကို ကြားသိခဲ့ရတဲ့ အင်တာနက်အသုံးပြုသူတွေ ၊ […]

ဗဟုသုတ

ခေတ်ပျက်ခြင်း ၊မ ပျက်ခြင်း နိမိတ်များ

ကြက်တွေအိပ်တန်း မမှန်တော့ရင်၊ ကျီးတွေညပိုင်း အော်ဟစ်ဆူညံကြရင်၊ ခွေးတွေနေ့ညအူသံပေးရင် သေချာပြီခေတ်ပျက်မယ်ဆိုတဲ့နိမိတ်။ ပတ်ဝန်းကျင်ကို သတိထားမိကြရဲ့လား။ ကြက်တွေအိပ်တန်း မှန်နေသေးရင်၊ ကျီးတွေအရုဏ်မတက်ခင်မှာ အသံကြားနေရရင်၊ ခွေးတွေနေ့ညရက်ဆက် အူသံမကြားရရင် ခေတ်ဆိုတာမပျက်သေးဘူးဆိုတဲ့နိမိတ်ပါပဲ။ ဒါကိုရှေးပညာရှိတွေက ခေတ်ပျက်ခြင်းနိမိတ်သုံးမျိုးဆိုပြီး ကဗျာလေးစီထားခဲ့ကြပြန်တယ်။ “ရောခွေးဒုကြက်ဝဂ်သတ်” တဲ့။ ရောခွေးဆိုတာက ရောဂန္တရရောဂါကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ ခွေးတွေဟာလမ်းမပေါ်ကိုထွက်ကြပြီး နေ့ညမပျက်အူနေကြသတဲ့။ ဒုကြက်ဆိုတာက ဒုဗ္ဘိက္ခန္တရငတ်မွတ်ခေါင်းပါးခြင်း ကပ်ကြီးတစ်ခုကျရောက်တော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို ကျီးတွေဟာလည်း နေ့ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။ ဝဂ်သတ်ဆိုတာက ဝဂျဆိုတာဝဂ္ဂဆိုတဲ့ ပါဠိကနေလာတာ။ အဓိပ္ပါယ်က အပေါင်းစုအဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းတွေပေ့ါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့၊ ညီညွတ်ခြင်းတွေမရှိတော့ရင်၊ ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်၊ သတ္တန္တရလက်နက်ကပ်ဘေးကြီး ကျရောက်တော့မယ်ဆိုတာပါပဲ။ လမ်းမပေါ်တက်ပြီးခွေးတွေ နေ့ညမအူကြသေးဘူး။ ကြက်တွေအိပ်တန်း မှန်နေကြသေးသလိုကျီးတွေရဲ့ […]

အေထြအေထြဗဟုသုတ

မနက်စောစော မထချင်တဲ့ ညဉ့်နက်မှ အိပ်တတ်တဲ့ သူလေးတွေရဲ့ အားသာချက်မျာ

မနက်စောစော မထချင်တဲ့ ညဉ့်နက်မှ အိပ်တတ်တဲ့ သူလေးတွေရဲ့ အားသာချက်များ…စောစောထတဲ့ ငှက်ကလေးတွေက အစာ၀၀ စားရတယ်ဆိုတဲ့ စကားလေးရှိပါတယ်။ ဒါကတော့ တခြားငှက်ကလေးတွေအတွက်ပဲ မှန်တဲ့ စကားဖြစ်မယ်ထင်ပါတယ်။ ဘာလို့ဆို ညဘက်နောက်ကျမှအိပ်တဲ့ night owl လေးတွေမှာ ပိုကောင်းတဲ့ အားသာချက်လေးတွေ ရှိနေလို့ပါ။မနက်စောစောမထချင်တဲ့ ၊ ညဘက်အလုပ်လုပ်ရတာကြိုက်တဲ့ night owl လေးတွေရဲ့ အားသာချက်တွေက ဘာတွေများလဲ။ (၁) အေးချမ်းတယ် သင်ဟာညဘက်မှာ အလုပ်လုပ်ရတာ ကြိုက်တဲ့ night owl တစ်ယောက် ဖြစ်မယ်ဆိုရင် ဆူညံသံတွေ လုံးဝမရှိတဲ့ညဘက်မှာ အလုပ်လုပ်ရတာက နေ့ဘက်မှာ လုပ်တာထက် စိတ်ဖိစီးမှုတွေ နည်းတယ်ဆိုတာ သိမှာပါ။ဆိတ်ငြိမ်အေးချမ်းတဲ့ ခံစားချက်ကို အပြည့်အ၀ ခံစားလို့ရတာ ညအချိန်ပါ။ (၂) သတိကောင်းတယ် နေ့ခင်း အလုပ်လုပ်သူတွေထက် ညအချိန်မှာ […]

ၾကားသိရသမွ်

IDIOTS BAND အဖွဲ့သားတွေရဲ့ မတရားသဖြင့် တောင်းဆိုခဲ့တဲ့ ရေမွန့်ရဲ့ နာရေးကူငွေတွေ အကြောင်း ဖော်ထုတ်လာတဲ့ ခင်မြတ်မွန်…

IDIOTS BAND အဖွဲ့သားတွေရဲ့ မတရားသဖြင့် တောင်းဆိုခဲ့တဲ့ ရေမွန့်ရဲ့ နာရေးကူငွေတွေ အကြောင်း ဖော်ထုတ်လာတဲ့ ခင်မြတ်မွန်… အဆိုတော်ရေမွန်ကတော့ သူချစ်တဲ့မိသားစုတွေရော သူငယ်ချင်းတွေရောအားလုံးကို နှုတ်ဆက်ထွက်ခွာသွားတာ အခုဆိုရင် (၆)လကျော်တိုင်ရှိခဲ့ပြီပဲဖြစ်ပါတယ်။ ရေမွန်မရှိတော့ပေမယ့် သူ့ရဲ့မိခင်ခင်မြတ်မွန်ကတော့ ရေမွန်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးသလို ရေမွန့်ကိုချစ်ကြတဲ့ ပရိသတ်တွေအတွက်လည်း အမှတ်တရတွေကို ဝေမျှနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခင်မြတ်မွန်က ရေမွန့်ရဲ့ နာရေးကူငွေတွေကို Idiots Band အဖွဲ့သားတွေက မတရားသဖြင့် တောင်းဆိုခဲ့တာတွေရှိကြောင်း အခုလိုပဲ ဖော်ထုတ်လာပါတယ်။ “သား(ဖိုးလုံး)ရေ..အန်တီသားတို့ကိုပေးခဲ့တဲ့ (၆၈)သိန်းကိုအန်တီမှတ်မှတ်ယယရှိနေတာက တစ်လုံးတစ်ခဲထဲပေးလိုက်တာမို့ပါ။ ကျန် တစ်ခြားလှူဒါန်းပေးကမ်းခဲ့တာတွေကတော့ ဟိုအဖွဲ့တစ်သိန်း၊ဒီအသင်းနှစ်သိန်းနဲ့ အနဲအကျဉ်းစီ လစဉ်ခွဲလှူခဲ့တာမို့ အသေးစိတ်မမှတ်ထားမိတာတစ်ကြောင်း စာရင်းအတိအကျလဲမရှိလို့မဖေါ်ပြဖြစ်တာပါ။ (၆၈)သိန်းရဲ့ ဇာတ်လမ်းအစကလဲ သားတို့ကစခဲ့တာမို့သိပြီးသားဖြစ်မှာပါ။ မေ့နေတယ်ထင်လို့ အစဖေါ်လိုက်ပါ့မယ်။ ဒီလိုလေ..🤔 တွတ်ပီရက်လည်ပြီးနောက်တစ်နေ့ (30.6.21)တွတ်ပီအခန်းမှာငွေစာရင်းရှင်းဖို့ သားတို့ခေါ်လို့အန်တီတို့လာတယ်။ သားတို့ […]

ကြားသိရသမျှ

တိုက်ရိုက် မိုးလေဝသသတင်း ကြေညာနေတုန်း မိုးကြိုးပစ်ခံရတော့မလိုဖြစ်သွားတဲ့ သတင်းသမား

တိုက်ရိုက် မိုးလေဝသသတင်း ကြေညာနေတုန်း မိုးကြိုးပစ်ခံရတော့မလိုဖြစ်သွားတဲ့ သတင်းသမား ကံကောင်းတာဘဲလား?ကံဆိုးတာဘဲလား? မသဲကွဲတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ လေကြီးမိုးကြီးထဲမှာ တိုက်ရိုက်သတင်းလွှင့်ရာကနေစတင်ခဲ့တာဘဲဖြစ်ပါတယ်။မိုးကြိုး ပစ်ခြင်းရဲ့ အတွေ့အကြုံအနည်းငယ်ကိုတော့ သိရှိသွားလောက်တဲ့ လူတစ်ယောက်လို့လည်းပြောနိုင်ပါတယ်။ ဒီအတိုင်းပြောရင် ယုံကြမှာမဟုတ်ပေမယ့်တိုက်ရိုက်ထုတ်လွှင့်နေတုန်းဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့လူအများကလည်းလက်ခံလာကြပါတယ်။ရှန်ဒုန်းပြည်နယ်က သတင်းသမား Dalian ကတော့ သူ့ရဲ့ ကိုယ်ပိုင် ချန်နယ်တစ်ခုမှာ ထုတ်လွှင့်ဖို့အတွက် မိုးလေဝသသတင်းကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။ ဒီလိုထုတ်လွှင့်နေတဲ့ အခိုက်အတန့်မှာ အခုလိုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ပိုဆိုးချင်တော့ သူတက်ပြီးရိုက်ကူးနေတာကလည်း အရမ်းကို အထပ်မြင့်တဲ့တိုက်ဖြစ်တဲ့အပြင် မည်သည့် အကာအကွယ်မှလည်း မရှိခဲ့တာဖြစ်ပါတယ်။ သူတွေ့ကြုံခဲ့ရတဲ့ ၎င်းဖြစ်ရပ်ဗီဒီယိုကို အောက်မှာ ပူးတွဲဖော်ပြထားပါတယ်။ဒီလိုမျိုး တွေ့ကြံုခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့လက်မောင်းလက်တွေနှင့် လက်ချောင်းတွေဟာ နာကျဉ်နေတယ်လို့ဆိုပါတယ်။ crd တိုက်ရိုက် မိုးလေဝသသတင်း ကြေညာနေတုန်း မိုးကြိုးပစ်ခံရတော့မလိုဖြစ်သွားတဲ့ သတင်းသမား ကံကောင်းတာဘဲလား?ကံဆိုးတာဘဲလား? မသဲကွဲတဲ့ လူတစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ လေကြီးမိုးကြီးထဲမှာ တိုက်ရိုက်သတင်းလွှင့်ရာကနေစတင်ခဲ့တာဘဲဖြစ်ပါတယ်။မိုးကြိုး […]