10.Mar.2022 မှ 16.Mar.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ တစ်ခုခုကို လုပ်တော့မယ်ဆိုရင်တော့ သတိနဲ့ယှဉ်ပြီးဆောင်ရွက်လုပ်ကိုင်ပါ။ ဒီကာလက လုပ်သမျှလွဲချော် နေတတ်လို့ပါပဲ။ မိမိဆရာသမားတွေအဆင်မပြေလို့ထောက်ပံ့ရတာမျိုးတွေကြုံရတတ်ပါတယ်။ အမိအဘကျန်းမာ ရေးကိုလဲ ဂရုစိုက်ဖို့လိုပါတယ်။ ငွေကြေးအင်အားတောင့်တင်းဖို့အတွက် မသမာနည်းနဲ့ ငွေရှာမယ်ဆိုရင်တော့ အဖမ်းအဆီးရှိနိုင်တဲ့ကာလပါပဲ။ အလုပ်ကတော့ အပြောင်းအလဲများစွာဖြစ်နိုင်ပါတယ်။ နေရာပြောင်း၊ဌာနပြောင်း ၊ရုံးခန်းပြောင်းတွေဖြစ်တတ်ပါတယ်။ ရပ်ဝေးက ပစ္စည်းမှာမယ်ဆို လမ်းခရီးကြန့်ကြာတာ၊လမ်းမှာပစ္စည်းတွေဖွင့် ဖောက်စစ်ဆေးမှုကြောင့်ပျက်စီးတာတွေဖြစ်တတ်တာကိုတွေ့ရပါတယ်။ ဘုန်းတန်ခိုးနိမ့်စေနိုင်တဲ့ကာလမို့ ယုတ်ညံ့ တာမျိုးတွေကိုအထူးရှောင်ပါ။ အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွင်လုပ် ကိုင်ကျသူများပိုမိုသတိကပ်လိုက်ပါ။ သားသမီး တွေ စကားနားမထောင်တာကြောင့် ဆူပူနေရတတ်ပါတယ်။ ကျန်း မာရေးမှာတော့ အစားကို လွန်ကဲစွာစားခြင်း ကြောင့် အစာမကြေဗိုက်အောက်ဖြစ်ရတတ်ပါတယ်။ အေးစက်နေတဲ့ အချစ်ရေးအနေအထားကြောင့် မိမိကိုယ်တိုင် သွေးပူအောင်လုပ်နိုင်ဖို့လိုပါတယ်။ အိမ်ထောင်ရေးကတော့ အိမ် ထောင်ဘက်ရဲ့အကူအညီတွေကို အထူးရလိမ့် မယ်။ ပညာရေးအားသာချက်ရှိနေတာကိုတွေ့ရပါတယ်။အကျိုးပေးဂဏန်း 1/3/6 […]
Day: March 10, 2022
ကျောင်းဒကာမ အလှူ့ဒကာမကြီး ဖြစ်ခဲ့တဲ့ ဆင်မကြီး မငွေစိန် အကြောင်း
ကျောင်းဒကာမ အလှူ့ဒကာမကြီး ဖြစ်ခဲ့တဲ့ ဆင်မကြီး မငွေစိန် အကြောင်း အလှူ့အမ ကျောင်းအမကြီးမငွေစိန် (သို့မဟုတ်) ဆင်မကြီး မငွေစိန် တစ်ကယ်တော့ မငွေစိန်ဆိုတာ တစ်ခေတ်တစ်ချိန်က နာမည်ကျော်ခဲ့တဲ့ ဆင်မကြီး ရဲ့ နာမည်ပါ။ မငွေစိန်ရဲ့ ဇာတ်လမ်း က ဒီလိုပါ။ ဟိုရှေး က မုံရွာမြို့ မြောက်ဘက်၂၉-မိုင်ခန့် အကွာ ရှေး အခေါ် အလုံမြို့နယ် ထဲက (ဝက်ရဲရွာ) ရှိလယ်ယာ လုပ်ခင်းတွေ ကို တောဆင်ရိုင်းတို့ မကြာခဏ ဝင်ရောက်ဖျက်ဆီးတတ်ပါတယ်။ ရွာသားတို့ကလည်း မကြာခဏပင် နည်းမျိုးစုံသုံး ကာ မောင်းထုတ် ကြရပါတယ်။ တစ်ခါမှာတော့ မပြေးနိုင်တော့တဲ့ ဆင်မငယ်လေး တစ်ကောင် ဖမ်းဆီးရရှိရာ ရွာဘုန်းကြီး ကျောင်းမှာ ပို့လှူ ကြပါတယ်။ ၁၂၄၈-ခုနှစ်လောက် ကပါ။ […]
ရုပ် / သံသတင်းအစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်နေပြီ ျဖစ္တဲ့ျပည္သူဘက္က ရပ္တည္ခဲ့တဲ့မီဒီယာ….
မတ် ၉ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဖေဖော်ဝါရီလမှစလို့ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်နေပြီး မကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့ နောက်ဆုံးရရှိထားတဲ့ သတင်း တွေကတော့ -အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂အတွက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိ-ရှင် ဆုကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုဝန်ကြီး မအိသဉ္စာမောင် ရရှိခဲ့ပါတယ်။ – မန္တလေးတိုင်း မြစ်ငယ်မြို့က ရပ်ကွက် ၁၃ ခုကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၅ ရက်နေ့က စပြီး ကျူးကျော်လို့ သတ်မှတ်ပြီးတော့ ပြောင်းရွှေ့ခိုင်းနေပါတယ်။ – လေးကေ့ကော်ဒေနဲ့ ကော့ကရိတ်တောင်းပိုင်း ဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ […]
NUGဒုဝန်ကြီး မအိသဉ္စာမောင် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ရရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။ ဒီဆုဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ IWOC ဆုကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာဖြစ်ကာ အခုနှစ်အတွက် ဆုရရှိသူ ၁၂ […]
ကြမ္မာရဟတ် တပတ်လည်လာပြီ
ကြမ္မာရဟတ် တပတ်လည်လာပြီ ၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။ ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိုင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။ ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ […]
မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ လျှောက်လမ်းခဲ့တဲ့ ယူကရိန်း စစ်ဘေးရှောင် ကလေးငယ်ကို…….seemore
မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ လျှောက်လမ်းခဲ့တဲ့ ယူကရိန်း စစ်ဘေးရှောင် ကလေးငယ်ကို…….seemore မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ ယူကရိန်း ကလေးငယ်ကို ဆလိုဗားကီးယား ပြည်သူတွေက ချီးကျူးကြိုဆို ရုရှား ရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ မိုင် ၆၀၀ ကွာဝေးတဲ့ ဆလိုဗားကီးယား ကို လူကြီးမိဘတွေမပါဘဲ တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ အသက် (၁၁) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကို သူရဲကောင်းအဖြစ် ပြည်သူတွေက ချီးကျူးဂုဏ်ပြုနေပါတယ်။ ဘာအတွက်ကြောင့် မိဘတွေအနေနဲ့ ယူကရိန်းနိုင်ငံမှာ ကျန်နေခဲ့တာလဲဆိုတာ မဖော်ပြထားပေမယ့် ကလေးငယ်ဟာ လက်ခုံမှာ ရေးသားထားတဲ့ သတင်းအချက်အလက်နဲ့ နိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ကာထည့်ထားတဲ့ စာရွက်နဲ့အတူ စစ်ဘေးရှောင်အဖြစ် ရောက်လာခဲ့တာဖြစ်တယ်လို့ Manchester Evening News မှာ ရေးသားထားပါတယ်။ […]
ဒီလောက် အရေးကြီးတဲ့ ချက်ကို ဖော်ဝတ်ကြတဲ့ မမလေးများအတွက် ရှဲပေးလိုက်နော်
ဒီလောက် အရေးကြီးတဲ့ ချက်ကို ဖော်ဝတ်ကြတဲ့ မမလေးများအတွက် ရှဲပေးလိုက်နော် ခါးမှာရှိတဲ့ ချက်က လူတစ်ယောက်အတွက် ဘယ်လောက်အထိ အရေးကြီးသလဲ လူတွေရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ ချက်ဟာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အမေ့ထားခံရဆုံး အစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ချက်ဟာ သန္ဓေသားတွေမိခင်ကိုယ်ခန္ဓာကနေထွက်ခွာပြီးနောက်မှာတော့ သူ့တာဝန်ပြီးဆုံး သွားပြီး မည်သည့်ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းများနှင့်ဆက်နွယ်ခြင်းမရှိတော့ဘူးလို့ ထင်ကြပေမယ့် တစ်ကယ်တော့ လူ့ခန္ဓာကိုယ်အသက်ရှင်သန်ခြင်းမှာ အရေးကြီးတဲ့ အောက်ဆီဂျင်ကို ချက်ကနေတဆင့် အနည်းအကျဉ်းကိုရရှိနေဆဲဆိုတာ သိတဲ့ သူနည်းပါတယ်။ ပြီးတော့ ချက်ဟာ အလွန်ပဲနုနယ်ပြီး ထိခိုက်လွယ်ပါတယ်။ ချက်ပေါ်မဝတ်သင့်ပါဘူး။ချက်ရှိတဲ့ ခါးပိုင်း ကို နွေးထွေးအောင် ထားသင့်ပါတယ်။ချက်ပေါ်ဝတ်ရတာကြိုက်သူတွေအတွက်တော့ အထူးသတိ ထားရမှာက အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေပါတယ်။ ချက်ပေါ်ဝတ်တဲ့သူတွေဟာ အစာအိမ် နှင့် အူလမ်း ကြောင်း ဆိုင်ရာရောဂါတွေဖြစ်တဲ့ အော့အန်ခြင်း၊ဗိုက်အောင့်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောနဲ့ အအေးမိခြင်းတွေဖြစ် တတ်ပါ တယ်။ […]
လှေမောင်းမကျွမ်းကျင်မှုကြောင့် ထိုင်းမင်းသမီး တိုင်မို မတော်တဆ ရေထဲပြုတ်ကျသေဆုံးဟု ရဲတပ်ဖွဲ့ ရှင်းလင်း
ထိုင်းသရုပ်ဆောင် ရုပ်ရှင်မင်းသမီး တိုင်မိုနိဒါးဟာ လှေမောင်းသူ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးရတာလို့ နွန်ထပူရီရဲတပ်ဖွဲ့က ပြောပါတယ်။ တိုင်မိုနိဒါး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က လူ ၇၇ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး စီစီတီဗွီကင်မရာ ၆၀ လုံးနဲ့ ဗွီဒီယိုဖိုင် ၂၀ ဖိုင်ကိုပါ စစ်ဆေးခဲ့ပြီး အားရမှုရှိကြောင်း၊ လှေပေါ်ပါ အဖော်တွေရဲ့ ထွက်ဆိုချက်တွေအရ အမှုကို ပုံဖော်လို့ရပြီလို့ နွန်ထပူရီခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဥဒွန်းယွမ်းကျရွန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ စပိဘုတ်လှေမောင်းသူ ရောဘတ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ လှေမမောင်းတတ်ဘဲ စမ်းသပ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း၊ လှေမောင်းတာလည်း သတ်မှတ်နှုန်းထက် အရှိန်ပိုမြင့်နေတာ စစ်ဆေးတွေ့ရှိကြောင်း၊ လှေဦးခုန်တက်သွားတဲ့အခိုက် လှေအမြီးပိုင်းမှာ အပေါ့သွားနေတဲ့ မင်းသမီး တိုင်မိုဟာ ရုတ်တရက် […]







