ဗဟုသုတ

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေမိပြီလား ဒီစာလေးဖတ်ကြည့်ပါ…(သင့်ပါးစပ်က ထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ်)

ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေမိပြီလား ဒီစာလေးဖတ်ကြည့်ပါ…(သင့်ပါးစပ်က ထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ်) အတိတ်နိမိတ်- သင့်ပါးစပ်က ထွက်တဲ့စကားလုံးတိုင်းက သင့်ဘဝကိုပြောင်းလဲစေနိုင်တယ် ပိုက်ဆံမရှိဘူးလို့ ပါးစပ်ကအမြဲပြောနေရင် တနေ့တခြား ကြပ်တည်းလာတာ ပိုသိသာလာတယ်၊ အဆင်မပြေဘူးလို့ ခနခနတွေးနေရင်ပိုပြီး အဆင်မပြေဖြစ်လာတယ်။ ဒါအယူအဆမဟုတ်ဘူး ဘာသာရေး အတွေးမဟုတ်ဘူး။ Psycho သဘောပဲ ကြားရဖန်များရင် အတွေးတွေဖြစ်လာတယ်။ ပြောပါများရင် အာ့အတိုင်း ယုံကြည်လာတယ်။ ကြာတော့ ကိုယ့်စိတ်ကူးထဲက အတိုင်းကိုယ့်နှုတ်ထွက်စကားတွေ အတိုင်းကိုယ့်ဘဝက ပြောင်းသွားတယ်။ ဒါ့ကြောင့် အမြဲတမ်း အကောင်းဘက်က တွေးပါ။ အကောင်းဘက်ကို တွေးပါ အောင်မြင်သူလိုတွေးပါ။ အောင်မြင်သူတွေနား ချဉ်းကပ်ပါ လို့ပြောကြတာပေါ့။ လဲကျတာဟာ ပြသနာမဟုတ်ဖူးလေ။ ပြန်မထ ချင်တော့တာ or ငါ ပြန်မထနိုင်လောက်ပါဘူးလို့တွေးတာ လက်လျှော့လိုက်တော့မယ်ဆိုတာကသာ ပြသနာကြီးပါ မဖြစ်နိုင်ဘူးဆိုတာထက် ဖြစ်အောင်ဘယ်လို လုပ်ရမလဲတွေးဖို့ ပိုလိုတာပါ။ […]

အသိပညာ

မိသားစုတိုင်းမှာ… ဒုက္ခပေးလွန်းတဲ့သူတွေ ပါလာခဲ့တဲ့အခါ…

မိသားစုတိုင်းမှာ… ဒုက္ခပေးလွန်းတဲ့သူတွေ ပါလာခဲ့တဲ့အခါ… တစ်ခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာတယ်။ အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။ အမေက လိုရာရောက်ဘို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။ မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။ လှေပေါ်က အခြေအနေကိုပြောပြမယ်နော်။ အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။ အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။ အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။ အမေဖြစ်သူက အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။ နောက်ဆုံး ရှေ့ရောက်အောင် အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။ ” မင်းဘာလုပ်တာလဲ….”လို့ … လှည့်ပြီးမေးတော့ […]

ဗဟုသုတ

” ကြက်ဥ နဲ့ ကြက်မ ဘယ်ဟာ အရင်စဖြစ်သလဲ . . သိပ္ပံနည်းကျ လေ့လာခြင်း”

Theropodsဒိုင်နိုဆောတွေဆီကနေဆင်းသက်လာတဲ့ ကြက်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅သောင်း၈ထောင်ခန့်က ကမ္ဘာပေါ်မှာစတင်ပေါ်ပေါက်လာခဲ့ပြီး ကြက်တွေစတင်ပေါ်ပေါက်ခဲ့ရာကာလနဲ့ ဝေးကွာလာတဲ့ယနေ့ခေတ်နဲ့ နောက်ပိုင်းရာစုနှစ်တွေမှာတော့ ကြက်ဥနဲ့ကြက်မမှာ ဘယ်ဟာကအရင်စဖြစ်လဲဆိုတဲ့ကိစ္စက ငြင်းခုန်စရာတစ်ခုဖြစ်လာပါတယ်။ တချို့ကလည်း အဖြေရှာမတွေ့တော့ချိန်မှာ ထုံးစံအတိုင်း လွှဲချစရာအချို့ဆီကိုပဲ လွှဲချလိုက်ကြပါတော့တယ်။ ဒါကြောင့် ကြက်ဥနဲ့ကြက်မမှာ ဘယ်သူအရင်စဖြစ်လဲဆိုတဲ့အကြောင်းအရာကို နည်းနည်းလောက်ဆွေးနွေးကြည့်ချင်ပါတယ်။ ကမ္ဘာပေါ်ကသက်ရှိတွေအားလုံးဟာ ဆဲလ်တစ်လုံးသာပါတဲ့ ရိုးရှင်းတဲ့သက်ရှိတွေဘဝကနေ အခုလို ရှုပ်ထွေးတဲ့သက်ရှိတွေအဖြစ် ဆင့်ကဲပြောင်းလဲတိုးတက်လာခဲ့ကြတယ်ဆိုတာကိုတော့ အားလုံးသိပြီးသားပါ။ ဒီလိုနဲ့ တိရိစ္ဆာန်တွေဖြစ်ပေါ်လာပြီးနောက်ပိုင်း ဥအမျိုးမျိုးလည်း ပေါ်ပေါက်လာပါတယ်။ ဥဆိုတာဟာ အမှေးပါးဝန်းရံထားတဲ့ သန္ဓေသားနေထိုင်ရာအရည်အိတ်တစ်အိတ်ဖြစ်ပြီး မိမိခြေထောက်ပေါ်မိမိရပ်တည်နိုင်လောက်အောင် ကြီးထွားသန်မာလာတဲ့အထိ သန္ဓေသားက ဒီအရည်အိတ်ထဲမှာ နေထိုင်ရပါတယ်။ ယခင်က ငှက်တွေဟာ မျိုးပွားဖို့အတွက် ရေကိုအမှီပြုကြရပြီး သူတို့ရဲ့ဥတွေမခြောက်သွေ့သွားစေဖို့ ရေအိုင်တွေနဲ့ စိုစွတ်တဲ့ပတ်ဝန်းကျင်ဒေသတွေမှာသာ ဥချကြရပါတယ်။ ဒီ့နောက်မှာတော့ အမှေးပါးအပို၃ခုပါတဲ့ ဥအမျိုးအစားသစ်တစ်မျိုးပေါ်ထွက်လာခဲ့ပြီး ဒီအပိုအမှေးပါး၃ခုဟာ ပြီးပြည့်စုံတဲ့ ထောက်ပံ့မှုစနစ်တစ်ခုကို ဖန်တီးပေးနိုင်တာကြောင့် ဥရဲ့အပြင်ဘက်မှာ […]

ဗဟုသုတ

“အိမ်မက် မက်တက်သူများအတွက် (အိမ်မက်ကျမ်း)”

(က ) နှင့်ပက်သက်သော အိပ်မက်များ ၁။ ကြာမျိုးငါးပါးအနံ့ကို ရှုရသည်ဟု မြင်မက်မူ တည်ကြည့်စွာ ဂုဏ်သတင်းကျော်စောရအံ့။ ၂။ ကြာညိုပန်းကို ပန်ရသည်ဟု မြင်မက်မူု မယားကောင်းရအံ့။ ၃။ ကြာသွတ်အိုးနှင့် ရေချိုးရသည်ဟု မြင်မက်မူ သူတစ်ပါးတို့၏မှီခိုရာ ဖြစ်အံ့။ ကြာသွတ်အိုးမြင်မက်မူ စည်းစိမ်များအံ့။ ၄။ ကြာပန်းစသည်မြင်မက်မူ ဖျားနာအံ့။ ၅။ ကျွဲစီးရသည်ဟု မြင်မက်မူ ကျေးကျွန်ရအံ့။ ၆။ ကျွဲ၊ နွား၊ ဝက်၊ မြေခွေး၊ လင်းတ တိရစ္ဆာန်တို့ကို မြင်မက်မူ ဥပါဒ်ရောက်အံ့။ ၇။ ကျွဲ၊ နွား၊ ဝက်၊ ဆင်၊ မြင်းတို့အား ကောင်းသော အခြင်းအရာဖြင့် မြင်မက်မူ နတ်စိမ်းတို့ နှစ်သက်အံ့။ ၈။ ကျွဲခတ်သည်ဟု မြင်မက်မူ ရြန်ကီးစွာ တွေ့ရအံ့။ […]

ၾကားသိရသမွ်

“တစ်သောင်းတန် အတု နဲ့ အစစ်ကို အလွယ်တကူ ခွဲခြားနိုင်မယ့် အချက် (၅) ချက်”

တစ်သောင်းတန် အတုအစစ်ခွဲခြားနည်း📩 အတုပြဿနာ အားလုံး သတိပြုရန် တင်ပေးခြင်းဖြစ်ပါသည်🤍📩 ယနေ့ ၁၀၀၀၀ ကျပ်စျေးဦးပေါက်ဘဏ်စည်းထဲက..ပါလာတာ.. ကြားညှပ်ထည့်ထားတာ.. ပစ္စည်းဝယ်တဲ့ ဆိုင်က..ရှင်းပြပါတယ် ၁။ ကြိုး.. အစစ်က..ကြိုးထည့်ထားတာ..မြုတ်လိုက်..ပေါ်လိုက်ဖြစ်နေတာ.သိသာတယ်သေချာကြည့်ရင်..ကြိုးအရာ..ရှိတယ် အတုက..ကြိုးပေါ်တဲ့နေရာမှာ..ရောင်ပြန်နဲ့..Press လုပ်ထားတာ.. သေချာမကြည့်ရင်..ကြိုးလို့ထင်ရတယ်..Press နည်းပညာမြင့်တယ်..Printer နဲ့ ထုတ်တာ..မဟုတ်ဘူး ၂။ ညာဘက်ဒေါင့် ၁၀၀၀၀ ဆိုတဲ့ ဂဏန်း.ဘေးကကာလာ အစစ်က..အဝါတောက်တောက် အတုက..လိမ္မော်ရောင်သန်းတယ် ၃။ဘယ်ဘက်..ဒေါင်လိုက်..အစက်ကလေးတွေကိုကြည့်ရင်..အစစ်မှာ..CBM လို့မြင်ရတယ် အတုမှာ..မမြင်ရဘူး..NO ၄။ စက်ကူသား အစစ်က.စက္ကူသား..နည်းနည်းကြမ်းတယ် အတုက..စက္ကူသားချောတယ်.. ၅။ မြန်မာပြည်ပုံဘေး..က..ကာလာ အစစ်က..အရောင်မှိန်တယ်..ငြိမ်တယ် အတုက..အနီရောင် တောက်တယ် နယ်တွေမှာဆို..တောသူတောင်သားများ မသိနိုင်ဘူး..စျေးသည်လဲ..မသိနိုင်ဘူး မြိုပေါ်မှာ..နယ်မှာ..ပိုက်ဆံအများကြီး..ရေတွက်ရတဲ့အိမ်ခြံမြေအရောင်းအဝယ်မှာလဲ..ညှပ်..ပါနိုင်တယ်.. ဓာတ်ပုံ.ကိုယ်တိုင်ရိုက် အပေါ်က..အစစ် အောက်က..အတု လိမ်ညာလှည့်ဖျားခံရခြင်းက ကင်းဝေးကြပါစေ ဦးဝင်းအောင် Credit.

ၾကားသိရသမွ်

“ပူတင်က “ချာတိတ်၊ အချဉ်ကောင်လေး” လို့ သဘောထားခဲ့တဲ့ ယူကရိန်း သမ္မတ ဇလန်စကီး ရဲ့ အံ့မခန်း စွမ်းဆောင်မှုများ”

Leadership 101 သင်ခန်းစာဝမ်းအိုဝမ်း ဆိုဗီယက်ကေဂျီဘီဘိုးအေပူတင်က ဇလန်စကီးကို ချာတိတ်အချဉ်ကောင်လေးလို့ သဘောထားခဲ့တယ်။ ၂၀၂၁ တနှစ်လုံး ယူကရိန်းပြည်သူတွေကို မျိုးစုံကျပ်ပေးတယ်။ ဘက်စုံကနေခြိမ်းခြောက်တယ်။ နယ်စပ်တစ်လျှောက် တပ်တွေချလိုက်ရုပ်လိုက်နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တယ်။ ယူကရိန်းစစ်တပ်ကိုလည်း အာဏာသိမ်းဖို့မြှူဆွယ်တယ်။ ညီအကိုတွေဘာတွေနဲ့ ကျပ်ပေးတယ်။ သွေးထိုးပေးတယ်။ ခြိမ်းခြောက်အကျပ်ကိုင်တာလည်းလုပ်တယ်။ ဇလန်စကီးကိုဖြုတ်ချပြီးအစားထိုးဖို့ ၂၀၁၄ တော်လှန်ရေးမှာပြုတ်ကျသွားတဲ့ အရင်အာဏာရှင် Viktor Yanukovych သူ့လက်ထဲမှာအသင့်ရှိတယ်။ ဇလန်စကီးပြုတ်ကျသွားပြီး သူ့ရုပ်သေးအစိုးရတက်လာဖို့၊ စစ်မတိုက်ရပဲအနိုင်ရဖို့ နည်းမျိုးစုံနဲ့ ကေဂျီဘီဉာဏ်နဲ့ ကြိုးစားတယ်။ နောက်ဆုံးငပေါကြီးဖြစ်မှာစိုးလို့ ထပြီးကျူးကျော်စစ်ဆင်နွှဲတယ်။ ယူကရိန်းကိုအဖက်ဖက်ကနေ ရော့ကတ်တွေ၊ တင့်ကားတွေ၊ သင်္ဘောတွေ၊ မစ်တိုက်လေယာဉ်တွေနဲ့ အင်အားသုံးပြီး တိုက်တယ်။ ၂ ရက်လောက်နဲ့ ယူကရိန်းမြို့တော်ကီယက်ဗ်ကို သိမ်းနိုင်မယ်။ ယူကရိန်းတွေကြောက်ပြီးလက်နက်ချအညံ့ခံမယ်ထင်ထားခဲ့တယ်။ အင်အားချင်းကဘယ်လိုမှမယှဉ်သာတာကိုး။ ဒီပွဲကယူကရိန်းကျိန်းသေရှုံးရမယ့်ပွဲ။ ဒါပေမဲ့ ရက် ၂၀ သာကျော်လာတယ်။ ယူကရိန်းရဲ့အကြီးဆုံးမြို့ကြီးတွေကို […]