ၾကားသိရသမွ်
လက်ရှိမှာ နာမည်ကြီးနေတဲ့ ဆေးတစ်မျိုးနဲ့ပတ်သတ်ပြီး သတိထားဖို့ ပြောပြလာတဲ့ သရုပ်ဆောင် ဝေဌုကျော်ရဲ့ ချစ်ဇနီးလေး
ကြားသိရသမျှ
ကောင်းရာဘုံဘဝကို ရောက်ပါစေ ကောင်မလေးရေ…..
What is True Love(အချစ်စစ်ဆိုတာဘာလဲ) ကောင်းရာဘုံဘဝကို ရောက်ပါစေ ကောင်မလေးရေ နောက်ဆုံးအချိန်ထိ ထားမသွားဘဲ အနားမှာ အေးအတူပူအမျှ ရှိပေးခဲ့တဲ့ အကို့ကိုလဲ လေးစားပါတယ် ❣ မင်းတို့ကိုမြင်ရတော့…ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ take me away ဆိုတဲ့ ဂျပန်ရုပ်ရှင်ကားလေးကို မဆီမဆိုင် ပြန်မြင်ယောင်မိတယ်… ဆုတောင်းပေးနေမယ်နော်… ငါတို့တွေက လောကဧည့်သည်တွေပါ… ချစ်ခွင့်ရလိုက်တာက… ဘဝရဲ့ခရီးသည် Story. သူကနယ်ကနေ ရန်ကုနှ်မှာ ရုံးအိပ်ရုံးစား အလုပ်သင် လာလုပ်နေတာ။ ကိုဗစ်ကာလဖြစ်နေတော့ သူ့ရုံးက အပြင်သိပ်မလွှတ်ဘူး ဒါပေမယ့် ခိုးခိုးသွားတွေ့တာပေါ့။ ကျွန်တော်အလုပ်ပြီးတာနဲ့ သူသတင်းယူနေတဲ့နေရာ ဘေးကနေလိုက်တယ်။ storyပုံစံဆိုတော့ ငါးဈေးထဲမှာ တစ်ပတ်လောက်ရိုက်ရတယ်။ အလုပ်အားတာနဲ့သူ့ဆီပြေးတာပဲဆိုတော့ ငါးဈေးမှာပဲတနေကုန် ချိန်းတွေ့ဖြစ်နေသလိုမျိုး။ နောက်ပိုင်းသူ့ကို ကျွန်တော်စတယ် မင်္ဂလာဆောင်ရင် ငါးဈေးမှာပဲဆောင်မှာနော်လို့။ အလုပ်ကိစ္စအပြင်အလည်အပတ်ပုံစံ သူ့ရွာကိုလိုက်သွားတယ်။ […]
ၾကားသိရသမွ်
ငွေကျပ် နှစ်သိန်းခွဲ ပေးသွင်းပြီး မန္တလေးကျုံးဘေးမှာ ရေစုပ်စက်ဖြင့်သင်္ကြန်ရေကစားဖို့ စည်ပင်ဖိတ်ခေါ်
ၾကားသိရသမွ်
ရန်ကုန်က နာမည်ကြီးရွှေဆိုင်နဲ့ ကျန်တဲ့ရွှေဆိုင်အကုန်လုံး တကယ်နားကားပြီ
ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များတွင် တစ်နေ့ရောင်းရသည့်ပမာဏကို စတင်စာရင်း ကောက်ယူလျက်ရှိကြောင်း ရန်ကုန်တိုင်းရွှေ လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။ ရွှေဆိုင်များ၏ တစ်နေ့ရောင်းရသည့် ရွှေစာရင်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီကို ပေးပို့ရခြင်းဖြစ်ကြောင်း၊ ရွှေ အသင်းတွင် လာရောက်ရောင်းချဝယ်ယူသည့် စာရင်းကိုလည်း ပေးပို့ရလျက်ရှိကြောင်း ဦးမျိုး မြင့်က ဆက်လက်ပြောကြားသည်။ “အခုကောက်တဲ့ဆိုင်တွေကိုလည်း ကောက်နေပြီ။ ရောင်းရတဲ့ဆိုင်တွေကလည်း စည်ပင်ကို စာရင်းပို့ရတယ်။ ကျွန်တော်တို့ ရွှေအသင်းမှာလည်း ရောင်းရတဲ့ဟာကို ပို့ပေး ရတယ်။ နေ့စဉ်ရီပို့ ပုံစံမျိုးပဲပေါ့။ ဘယ်လောက် ရောင်းတယ်၊ ဘယ်လောက်ဝယ်တယ်။ ပြည်ပကိုပို့ရင်လည်း ဘယ်လောက်ပို့တယ်ပေါ့” ဟု ဦးမျိုးမြင့်က ပြောကြားသည်။ ရန်ကုန်တိုင်းရွှေစျေးကွက်အတွင်း လည်ပတ်နေသည့် ရွှေအလေးချိန်များကို ကောက် ယူနေခြင်းဖြစ်ပြီး ပြည့်စုံပါက နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်သွားမည့်အခြေအနေရှိ ကြောင်း ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။ […]
ၾကားသိရသမွ်
ပိုက်ဆံတစ်ထောင်ပေးလိုက်ရင် သူ့ဘာသာ ဝက်သားဟင်းနဲ့ထမင်း သွားဝယ်စားတတ်တဲ့ ခွေးကလေး
ပိုက်ဆံတစ်ထောင်ပေးလိုက်ရင် သူ့ဘာသာသူ ထမင်းဆိုင်မှာ ဝက်သားဟင်းနဲ့ ထမင်းသွားဝယ်စားတတ်တဲ့ ခွေးကလေး တစ်ကောင်အကြောင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ ရပ်ကွက်ထဲက လူအများက ခွေးကလေးရဲ့ နာမည်ကို အောင်နိုင်စိုးလို့ နာမည်ပေးထားပြီး ခွေးကလေးက ပိုက်ဆံတစ်ထောင်တန်ကို ပါးစပ်လေးနဲ ကိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ဆိုင်သွားဝယ်တာလို့ သိရပါတယ်။ ဝက်သားနဲ့ ထမင်းတစ်ပွဲက ငွေကျပ် တစ်ထောင် တန်ဖိုးရှိတာကြောင့် တစ်ထောင်မဟုတ်ဘဲ ငါးရာပဲပေးပါက ခွေးလေးက ဆွဲဖြဲတယ်လို့ သိရပါတယ်။ ငွေကျပ်တစ်ထောင်ကို ဆိုင်ရှင်က ထမင်းနဲ့ဝက်သားအားလုံး နယ်ဖက်ပြီးတဲ့ အထိစောင့်ပြီးမှ ခွေးလေးက ငွေကျပ် တစ်ထောင်ကို ပေးတယ်လို့ သိရပါတယ်။ ခွေးလေးစားဖို့အတွက် ကြွပ်ကြွပ်အိတ်လေးနဲ့မထုပ်ပေးရင်လည်း ခွေးလေးက လုံးဝ ပိုက်ဆံမပေးဘူးလို့ သိရပါတယ်။ ခွေးလေး အောင်နိုင်စိုးက ရပ်ကွက်ထဲမှာ နာမည်ကြီးပြီး လူနဲ့ အရမ်းကို ယဉ်ပါးတဲ့ […]
ၾကားသိရသမွ်
အိုင်တင် အပဲ့တွေနဲ့ ဒေသခံအယောင်ဆောင်ပြီး PDF တွေကို မကောင်းကြံတဲ့ကိစ္စ ပန်ဆယ်လိုပြော
အိုင်တင် အပဲ့တွေနဲ့ ဒေသခံအယောင်ဆောင်ပြီး PDF တွေကို မကောင်းကြံတဲ့ကိစ္စ ပန်ဆယ်လိုပြော ဒေသခံတွေက ပြောပါတယ်ဆိုပြီး ဘယ်ကအလေနတောမိန်းမတွေ ခေါ်ရိုက်ထားလဲမသိ။ စာကျက်ပြောနေသလို အိုင်တင်အပဲ့တွေနဲ့ ဒေသခံအယောင်ဆောင်ပြီး PDFတွေက ရွာတွေကို မီးရှို့ပါတယ်ဆိုတဲ့ Narration မျိုးကို စကစက ခပ်စိပ်စိပ်လုပ်လာတယ်။ မနေ့က ဇော်မဲလုံးသတင်းစာရှင်းလင်းပွဲမှာ ဒါမျိုးဟာတွေကို Projector နဲ့ ထိုးပြသွားသေးတယ်။ ဘောမအကောင့်တွေက တပ်ညီလက်ညီ ဖွကြတယ်။ စောက်တပ်က ရွာတွေကို မီးရှို့တဲ့အကြောင်းပြချက်က ရှင်းတယ်။ နံပါတ်(၁) ခိုးချင်ဝှက်ချင်လုချင်လို့။ နံပါတ်(၂) PDFတွေက ယူနီဖောင်းဝတ်တွေမဟုတ်တဲ့ဒေသခံတွေဖြစ်တဲ့အတွက် ပြည်သူအားလုံးကို PDF လို့သတ်မှတ်ပြီး သတ်ဖြတ်တယ်၊ မီးရှို့တယ်။ နံပါတ်(၃) ရွာတွေကို မီးရှို့လိုက်ခြင်းအားဖြင့် ဥစ္စာပစ္စည်းတွေ ဆုံးရှုံးသွားတဲ့ပြည်သူတွေစိတ်ထဲမှာ PDFတွေရှိလို့ ငါတို့ရွာတွေ မီးရှို့ခံရတာလို့ မြင်လာအောင် ဆိုက်ဝါးထည့်တဲ့အနေနဲ့ မီးရှို့တယ်။ […]
ၾကားသိရသမွ်
ကျောက်ဆည်နဂါးနီတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်၊ စခ ၁၂ ဦးငရဲပြည်ပို့ (ရုပ်/သံ )
ကျောက်ဆည်စက်မှုဇုန် ၁ နယ်မြေရဲစခန်းကို ကျောက်ဆည်နဂါးနီတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ရဲ ၁၂ ဦး သေဆုံးဟုဆို (ရုပ်/သံ) ရန်ကုန်၊ မတ် ၂၅ မန္တလေးတိုင်း၊ ကျောက်ဆည်စက်မှုဇုန် (၁) နယ်မြေ ရဲစခန်းကို ယနေ့မတ်လ ၂၅ ရက် နံနက် ၃ နာရီခွဲတွင် ကျောက်ဆည်နဂါးနီပြောက်ကျားတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းတွင်းရှိ ရဲ ၁၂ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပစ်ခတ်ပြီးနောက် ပြောက်ကျားတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းနှင့် ယခု ပစ်ခတ်တိုက်ခိုက်ခြင်းသည် စိတ်ကျန်းမာရေးချို့တဲ့နေသည့် ကလေးငယ် ၁ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရခြင်းအတွက် သွေးကြွေးပြန်တောင်းခြင်းဖြစ်ကြောင်း ကျောက်ဆည်နဂါးနီအဖွဲ့က ဆိုသည်။ zawgyi, ကျောက်ဆည်စက်မှုဇုန် ၁ နယ်မြေရဲစခန်းကို ကျောက်ဆည်နဂါးနီတပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ ရဲ […]
အသိပညာ
အစားခံရသော သမင်ပျို
အစားခံရသော သမင်ပျို ဆယ်ကျော်သက် မိန်းကလေး တယောက်က သူမရဲ့ မိခင်ဖြစ်သူကို မေးတယ်။ “မေမေ ဘာဖြစ်လို့ မိန်းကလေးတွေက fb ပေါ်မှာ ပုံတွေ ခဏ ခဏ တင်နေကြတာလဲ” မိခင်ဖြစ်သူက သမီးပျိုလေး၏ အမေးကို ရယ်မောကာ ရှင်းပြတယ်။ “သူတို့ လှတာကို အများ သိစေ မြင်စေချင် လို့ပေါ့” သမီးဖြစ်သူက ထပ်မေးပြန် လေသည်။ “ဒီလိုမျိုး ခဏ ခဏ တင်နေတော့ ဘာအကျိုး ထူးတာလဲ မေမေ” ဒီကလေးမ ကတော့ တော်တော် စပ်စုသည်ဟု မိခင်ဖြစ်သူက တွေးလိုက်မိသည်။ “သမီးရယ် ခဏ ခဏ တင်တော့ ယောက်ျား မြန်မြန် ရတာပေါ့။ သိတယ် မဟုတ်လား ကောင်လေးတွေက ပုံလှလှလေး […]
ကြားသိရသမျှ
တသောင်းတန်အတု ပုံစံအသစ် (အတုလုပ်နည်းတွေ မြင့်လာပါပြီ လက်သန့်ဆေးရည်နဲ့ မရတော့ပါဘူး)
တစ်သောင်းတန် အတု ပါ။ တော်တော်ပျံ့နေပြီမှန်းသိပေမယ့် ဒီနေ့မှ လက်ထဲထိ ရောက်လာတာပါ။ ဘဏ်ကိုငွေသွားအပ်ရင်း ဘဏ်က စက်နဲ့စစ်ချလိုက်တဲ့အချိန်မှ ပေါ်လာတာပါ။ ဒါပေမယ့် သိသာပါတယ်။ ရောင်ပြေးအချောင်းလေးမပါပါဘူး(ရောင်ပြေးမဖြစ်ဘူး)။ အတုရဲ့ အဖြူကွက်ထဲမှာ ထောင်ကြည့်ရင် ကြာဖူးမပါဘူး။ ရိုးရိုးကြည့်ရင် ကြာဖူးပါသယောင်ယောင်ထင်ရပေမယ့် အလင်းထဲထောင်ကြည့်ရင် ကြာဖူးမဖြစ်ပါဘူး။ အစစ်နဲ့ကွာပါတယ်။ ဒီ version ကတော့ လက်ဆေးရေနဲ့ဖြန်းတာလည်း အရောင်မကျွတ်ပါဘူး ။ အသိသာဆုံးကတော့ CBMဆိုတဲ့ စာသားမပါပါဘူး။ အစစ်က CBMဘက်ကို လက်နဲ့ပွတ်ကြည့်ရင် ရှရှလေး ဖြစ်ပါတယ်။ အတုက ၁၀၀၀၀ဆိုတဲ့စာသားမှာ ရောင်ပြေးမပါပါဘူး။ စာရွက်သားလည်းရုတ်တရတ်ဆိုအရမ်းမကွာပါဘူး။ သေချာခွဲကြပါနော်။ ဘဏ်မှာ ဒီနေ့တင် အတု ဆယ်ရွက်ပါတာလည်းရှိပါတယ်။ တစ်ရွက်တည်းဆိုရင် သိသာပါတယ် (ခွဲလို့ရနိုင်ပါတယ်) အုပ်ထဲဆိုရင်တော့သေချာစစ်ကြပါ။ Htet Htet Shwe Sin unicode […]
ၾကားသိရသမွ်
မြန်မာ့အချမ်းသာဆုံးစာရင်းဝင် ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားကိုဇေသီဟတို့ကို ရုံးထုတ်စစ်ဆေးမယ့်ရက် ထုတ်ပြန်ကြောငြာ
မြန်မာ့အချမ်းသာဆုံးစာရင်းဝင် ဇေကမ္ဘာဦးခင်ရွှေနဲ့ သူ့သားကိုဇေသီဟတို့ကို ရုံးထုတ်စစ်ဆေးမယ့်ရက် ထုတ်ပြန်ကြောငြာ ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟတို့ကို လာမယ့် ဧပြီလအတွင်းမှာ ဗဟန်မြို့နယ်တရားရုံးနဲ့ မင်္ဂလာဒုံတရားရုံးတို့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။ သူတို့၂ဦးကို မတ်လ ၂၁ ရက်က ဗဟန်းမြို့နယ်က နေအိမ်မှာဖမ်းဆီးပြီးနောက် အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ရာ ချုပ်ရက်ရမန်ယူထားပြီး ဧပြီလ အစောပိုင်းမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ “ချုပ်ရက်ရမာန်ယူထားတော့ ဧပြီ ၄ ရက် ၅ ရက်လောက်ဖြစ်မယ်၊ သင်္ကြန်ပိတ်ရက်လည်း ရှိသေးတယ်၊ အဲ့ဒါကြောင့် ဧပြီလစောစော စစ်မှာ၊ ဗဟန်းနဲ့မင်္ဂလာဒုံတရာရုံးတွေမှာ စစ်မှာပါ”လို့ သူကပြောပါတယ်။ ဇေကမ္ဘာ ကုမ္ပဏီဟာ စစ်ထောက်ချုပ်ရုံးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်စည်းကမ်းတွေကို ချိုးဖောက်တာနဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရဘဲ ရှေးဟောင်းအဆောက်အအုံတချို့ကို ဖြိုချခဲ့လို့ […]