ဗဟုသုတ

သိမ်ထွက်လောင်းရင် အလှူငွေ ကပ်သင့်… မကပ်သင့်…

သိမ်ထွက်လောင်းရင် အလှူငွေ ကပ်သင့်… မကပ်သင့်… သိမ်ထွက်လောင်းရင် အများစုက ငွေသားလေးတွေ စာအိတ်ထဲ ထည့်ကပ်ကြတယ်… ကိုယ်လဲကပ်ခဲ့ဖူးပါတယ်… နောက်ဘယ်တော့မှ မကပ်တော့ပါ ဘုရား။ “ သိမ်ထွက် ရဟန်းသစ် များအား ဖျက်ဆီးခြင်း နှစ်မျိုး ” သိမ်မှ ထွက်ခါစ ရဟန်းသည် အပြစ် အားလုံး တို့မှ စင်ကြယ် ဆဲပင် ရှိရာ… ရဟန္တာ၏ ကိုယ်ကာယပမာ တူလှစွာ၏။ ထိုစဉ်…… (က) တောနေတို့ကား သိမ်ဝမှ ကြို၍ ဆံပင်ကို ဖြန့်ခင်း နင်းစေ၏။ (ခ) မြို့နေတို့ကား သိမ်ဝမှပင် ကြို၍ ငွေကို အလှူခံစေ၏။ ထိုဓလေ့ ထုံးတမ်း နှစ်မျိုးတို့တွင်….. (က) ဆံပင်ဖြန့်ခင်း နင်းစေခြင်းကား ဤကာယသံသဂ္ဂ သိက္ခာပုဒ်အရ သံဃာဒိသိသ်အပြစ် […]

ဗဟုသုတ

ဝယ်ထားသောတိုက်ခန်း သက်တမ်း ကုန်ဆုံး/ ပျက်စီးလျှင် အခန်း ပြန်ရနိုင်မလား…

ဝယ်ထားသောတိုက်ခန်း သက်တမ်း ကုန်ဆုံး/ ပျက်စီးလျှင် အခန်း ပြန်ရနိုင်မလား… ဝယ်ထားသော တိုက်ခန်း သက်တမ်း ကုန်ဆုံးခြင်း ဖြစ်စေ၊ အကြောင်း အမျိုးမျိုး ကြောင့် ပြိုကျ ပျက်စီးခြင်း ဖြစ်စေ ဆုံးရှုံးသည့် အခါ အခန်း ပြန်မရနိုင် ပါ။ ဝယ်ထားသော အခန်း ပဲ ပိုင်ခြင်း ဖြစ်သည့် အတွက် အခန်း မရှိတော့ လျှင် လက်ဆုပ် လက်ကိုင် ပြစရာမ ရှိပေမဲ့ မြေရှင် မှ တိုက်ခန်း အသစ် ပြန် ဆောက်လျှင် မိမိ အထပ်၊ မိမိ အခန်း နေရာ ပြန်ရရန် တောင်းဆို ပိုင်ခွင့် ရှိပါသည်။ ပြန်ဆောက် မည့် အခန်း အတွက် ဆောက်လုပ် […]

မိုးလေ၀သ

04/04/2022 ရက်နေ့တွင်မိုးရွမည့် ဒေသတွေကို ကြိုတင်ခန့်မှန်းပေးလိုက်တဲ့ မင်းဂွတ်သီးလေး…

တောင်အရပ်က မိုးညို့လို့လာရင် ⛈⛈⛈⛈⛈⛈ 04/04/2022 ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် မကွေးတိုင်းကြီးတွင် မိုးတွေရွာနိုင်ပါတယ် မြန်မာဆီအိုးကြီးရေ နှမ်းကျဲပြီးကြပြီလား ခန့်မှန်းချိန် 28/03/2022at 6:56AM(MMT) ပြည်သူ့အချစ်တော်လေး… တောင်အရပ်က မိုးညို့လို့လာရင် ⛈⛈⛈⛈⛈⛈ 04/04/2022 ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် မကွေးတိုင်းကြီးတွင် မိုးတွေရွာနိုင်ပါတယ် မြန်မာဆီအိုးကြီးရေ နှမ်းကျဲပြီးကြပြီလား ခန့်မှန်းချိန် 28/03/2022at 6:56AM(MMT) ပြည်သူ့အချစ်တော်လေး… zawgyi, တောင်အရပ်က မိုးညို့လို့လာရင် ⛈⛈⛈⛈⛈⛈ 04/04/2022 ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် မကွေးတိုင်းကြီးတွင် မိုးတွေရွာနိုင်ပါတယ် မြန်မာဆီအိုးကြီးရေ နှမ်းကျဲပြီးကြပြီလား ခန့်မှန်းချိန် 28/03/2022at 6:56AM(MMT) ပြည်သူ့အချစ်တော်လေး… တောင်အရပ်က မိုးညို့လို့လာရင် ⛈⛈⛈⛈⛈⛈ 04/04/2022 ရက်နေ့တွင် ရခိုင်ပြည်နယ်တစ်ခုလုံးနှင့် မကွေးတိုင်းကြီးတွင် မိုးတွေရွာနိုင်ပါတယ် မြန်မာဆီအိုးကြီးရေ နှမ်းကျဲပြီးကြပြီလား ခန့်မှန်းချိန် 28/03/2022at […]

ကြားသိရသမျှ

မတ်လ ၂၈ မနက်ခင်း ဂြိုဟ် စစ်ထိုးပွဲ….

ဂြိုဟ် စစ်ထိုးပွဲ ၂၀၂၂ ခုနှစ် မတ်လ ၂၈ မနက်ခင်း ​နေမထွက်မီ ၂ နာရီခန့် (နံနက် ၃:၃၀ နာရီ မှ ၅ နာရီ) မှာ အ​ရှေ့ (​တောင်) ဘက် ​ကောင်းကင်ယံမှာ ဂြိုဟ် နက္ခတ်​တွေ စီးချင်းထိုးကြ​တော့မှာဖြစ်ပါတယ်။ ​ လင်းလက်​တောက်ပ​နေ​သော သောကြာဂြိုဟ် (ဗီးနပ်စ်)၊ ခပ်မှိန်မှိန် စ​နေဂြိုဟ် (​စေတန်)၊ အနီ​ရောင် အင်္ဂါဂြိုဟ် (မားစ်) တို့အပြင် တနင်္လာဂြိုဟ်ဖြစ်တဲ့ တ​ပေါင်းလဆုတ် လခြမ်း​ကွေး​ကွေးကိုပါ မကာရရာသီ ကြယ်စုအတွင်း အတူတကွ ​တွေ့မြင်ရနိုင်ပါတယ်။ ဗီးနပ်စ်၊ ​စေတန် နဲ့ လ တို့ဟာ ၂၈ ရက်မနက်မှာ တတန်းတည်းအ​နေအထား​လောက်အထိ ကျ​ရောက်နိုင်ပါတယ်။ ​ စေတန်ဟာ ​လျှင်မြန်စွာ ​ရွေ့လျား​နေပြီး […]

ဗဟုသုတ

ခေတ်နဲ့အညီ လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခု (ခုလို အပြင်အလုပ်တွေ အဆင်မပြေချိန်မှာ ကြိုးစားကြည့်သင့်တယ်နော်…)

ခေတ်နဲ့အညီ လူငယ်တွေ စလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆) ခု (ခုလို အပြင်အလုပ်တွေ အဆင်မပြေချိန်မှာ ကြိုးစားကြည့်သင့်တယ်နော်…) ခု လူတိုင်းကတော့ ဝန်ထမ်းလုပ်ချင်လို့ လုပ်နေကြတာမဟုတ်ပါဘူး။ ဖြစ်လာတဲ့ အခြေအနေ အကြောင်းတရားအပေါ်မူတည်ပြီး အရွယ်ရောက်လာရင် အလုပ်တစ်ခုတော့ ဖြစ်အောင် ဝင်လုပ်နေကြတာပါ။ ဝန်ထမ်းဘဝမှာ ပျော်နေသူတွေ ရှိကောင်းရှိနိုင်သလို ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်သူတွေလည်း မနည်းလှပါဘူး။ကိုယ်ပိုင်လုပ်ငန်းတစ်ခုလုပ်ဖို့ဆိုတာ ပြောသလောက်မလွယ်ပေမဲ့ အခုခေတ်မှာတော့ အခွင့်အလမ်းတွေ အများကြီး ပွင့်လာပါပြီ။ အဲဒါကြောင့် အခုခေတ်မှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု လုပ်ကြည့်ချင်တဲ့လူငယ်တွေ စတင်ပြီး လုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၆)ခုကို ဖော်ပြပေးလိုက်ပါတယ်…။ (၁) Blogger အခုနောက်ပိုင်းမှာ အင်တာနက်အသုံးပြုသူ များပြားလာတာနဲ့အမျှ ကဏ္ဍအသီးသီး အတွက် ဘလော့ဂ်တွေ ရေးသားတဲ့ Blogger တွေ ပေါ်ပေါက် လာပါတယ်။ Blogger […]

ကြားသိရသမျှ

နားထောင်သူတွေကို ကြက်သီးတဖြန်းဖြန်းထအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆားဘီးယားအမျိုးသမီးအဖွဲ့ရဲ့မြန်မာနိုင်ငံတော်သီချင်းသီဆိုမှု

နားထောင်သူတွေကို ကြက်သီးတဖြန်းဖြန်းထအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆားဘီးယားအမျိုးသမီးအဖွဲ့ရဲ့မြန်မာနိုင်ငံတော်သီချင်းသီဆိုမှု နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်ခုချင်းစီတိုင်းရဲ့ ပြယုဂ်တစ်ခု၊ အထွဋ်အမြတ်ထားရာတစ်ခုလို့ ဆိုနိုင်တဲ့ နိုင်ငံတော်သီချင်းကိုတော့ လူတိုင်းလူတိုင်း ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ထိတွေ့ခဲ့ဖူးကြမှာပါ။ ငယ်စဉ်တောင်ကျေး ကလေးဘဝမှာ အတန်းပညာ စတင်လေ့လာဖို့ ကျောင်းစတက်ပြီဆိုကတည်းက မိမိရဲ့ အမိမြေကို ချစ်မြတ်နိုးတတ်လာအောင် နိုင်ငံတော်သီချင်းကို ပထမဦးစွာ သင်ကြားခဲ့ရပြီး နေ့တိုင်းမပျက်မကွက် သီဆိုခဲ့ကြရမှာပါ။ အမိမြေကို ချစ်မြတ်နိုးသူတိုင်း နိုင်ငံတော်သီချင်းကို လေးစားတန်ဖိုးထားတတ်ကြပြီး နိုင်ငံတော်သီချင်းသံကြားတဲ့ ဘယ်နေရာမှာမဆို မတ်တပ်ရပ် သတိစွဲကြတဲ့ အထိ တန်ဖိုး ထားတတ်ကြတာပါ။ အတန်းပညာနဲ့ ကင်းလွတ်ခဲ့တဲ့ အချိန်မှာတော့ နိုင်ငံတော်သီချင်းနဲ့ ထိတွေ့ခွင့်ရတဲ့ အချိန်ဟာဆိုရင် နိုင်ငံအဆင့် အားကစားပြိုင်ပွဲတွေ မှာသာ တွေ့မြင်ရတော့မှာဖြစ်ပြီး ရုပ်ရှင်မစတင်ခင် အလေးပြုတဲ့အချိန်မျိုးလောက်မှာသာ ထိတွေ့ခွင့် ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် […]

ကျမ္မာရေး ဗဟုသုတ

အပူလျှပ်ခြင်းအကြောင်းနှင့် ကာကွယ်ကုသနိုင်သော နည်လမ်းများ…(ပြန်လည်မျှဝေပေးလိုက်ပါသည်။)

အပူလျှပ်ခြင်းအကြောင်းနှင့် ကာကွယ်ကုသနိုင်သော နည်လမ်းများ…(ပြန်လည်မျှဝေပေးလိုက်ပါသည်။) အပူလျှပ်တယ်ဆိုရင်… မြန်မာနိုင်ငံမှာ လူအများစုက နေပူထဲကပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊မျက်နှာသစ်လိုက်တာတို့ကြောင့်လို့ ထင်နေကြတယ်။ရုတ်တရက် သတိလစ်အသက်ရှူရပ်သွားတယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒါဟာ အပူလျှပ်တယ်ဆိုတဲ့ အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမ ဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။ သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန်နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။ အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။ တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။ ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။ အပူလျှပ်ခြင်း အစစ်ကတော့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် […]

ဗဟုသုတ

တိုက်ခန်း ၀ယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ ဘာလဲ…???

တိုက်ခန်း ၀ယ်သူတွေ မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ ဘာလဲ…??? မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ လူနေမှု အဆင့်အတန်းတွေ ပြောင်းလဲလာတဲ့ အလျှောက် နေရာထိုင်ခင်း တွေလဲ ပြောင်းလဲလို့ လာပါတယ်။ ယခုနောက်ပိုင်း တိုက်ခန်းတွေဖြစ်လာတာကြောင့် ဘီစီစီ စာရွက်ကို အဓိက စာရွက်စာတန်း အဖြစ် စစ်ဆေးလာကြပါတယ်။ BCC စာရွက် ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီ စာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ၀ယ်ယူမယ်ဆိုရင် အျခားလိုအပ္တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေး သင့်ပါတယ်။ ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေ အလွယ်ပြောပါတယ် ။ အဲဒီတော့ […]

ကြားသိရသမျှ

ဂျပန်ကြီး တယောက်ပြောပြတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့ အားနည်ချက်…

ဂျပန်ကြီး တယောက်ပြောပြတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့ အားနည်ချက်… မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီး တစ်ယောက်နဲ့ ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ စကားနည်းနည်း ပြောဖြစ် ကြတယ်။ ဂျပန်မိတ်ဆွေက ပြောတယ်… ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး…။ ဟုတ်လို့လား… ကျွန်တော်ကတော့ ကွာတယ် လို့ ထင်ပါတယ်၊ ရှင်းပြပါဦး လို့ ပြန်ပြော လိုက်တယ်။ တကယ်တမ်းက ဂျပန် တစ်ယောက်နဲ့ မြန်မာ တစ်ယောက် Level တူ Ground field မှာ ပညာရပ် ဖြစ်ဖြစ်၊တီထွင်မှု ဖြစ်ဖြစ် တစ်ခုခုကို ပြိုင်ခိုင်းရင် တစ်ခါတစ်ရံ ဂျပန်လည်း နိုင်နိုင်တယ်။ ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။ တစ်ယောက် တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်။ […]

ကြားသိရသမျှ

“တောင်လိုပုံနေတဲ့ စက်ဘီးတွေရဲ့ နောက်ကွယ်မှာ အမြန်အောင်မြင်ပြီး အမြန်ကျရှုံးခဲ့ရသူ”

Ofo (သို့မဟုတ်)#အမြန်အောင်မြင်၍ အမြန်ကျရှုံးသူ 🚲 (#အခြေမခိုင်ပဲလုပ်ငန်းစွတ်ချဲ့ခြင်းနှင့် #အပြိုင်အဆိုင်ငွေကိုမီးရှို့၍ cash burning စျေးကွက်လုခြင်း) “ကျနော် တရုတ်ပြည်မှာ Ofo စက်ဘီးအဝါအပျက်တွေ တောင်ပုံရာပုံဖြစ်နေတာမြင်ခဲ့ရကတည်းက ဒီလုပ်ငန်းတော့ ကျဆုံးနေလေပြီဟု မှတ်ချက်ချမိပါသည်။” (ပုံတွင်ကြည့်ပါ။ စက်ဘီးတွေတောင်လို ပုံနေလေသတည်း။”) မနေ့ကပဲ Ofo ဒေဝါလီခံရတော့မည့် သတင်းဖတ်မိပါသည်။ Ofo ဟာ စက်ဘီးအငှားဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ် Ofo ဆီက စက်ဘီးငှားသူတွေဟာ စက်ဘီးမငှားခင်မှာ စပေါ်ငွေအဖြစ် ၉၉ ယွမ်စီ ပေးခဲ့ရတာကနေ နောက်ပိုင်းမှာ ၁၉၉ ယွမ်အထိ ပေးခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာ Ofo စက်ဘီး ငှားစီးသူ ၁၁.၇ သန်းဟာ Ofo app ကနေ သူတို့ပေးထားတဲ့ စပေါ်ငွေကို ပြန်တောင်းနေကြတာပါ။ စည်းကမ်းအရ […]