မီးလောင်နေတဲ့တိုက်ခန်းထဲကနေ မိဘတွေကိုကယ်တင်ဖို့ ကိုယ့်ကိုစတေးခဲ့တဲ့ သတင်းကြေငြာသူလေး ပြီးခဲ့တဲ့ နိုဝင်ဘာလ 7ရက်နေ့ ၊ မနက်ခင်း 4နာရီအချိန်လောက်က Zeng Yingxin အမည်ရှိတဲ့ ဟောင်ကောင် သတင်းကြေညာသူလေးဟာ မီးလောင်ကျွမ်းနေတဲ့တိုက်ခန်းကနေမိဘတွေကို ကယ်တင်ဖို့ကြိုးစားရင်း အသက်သေဆုံးသွားခဲ့ရပါတယ် ။ သူမဟာ အသက် 26နှစ်အရွယ်သာ ရှိသေးပြီး ၊ သူမရဲ့ ချိုသာပြီးလှပလွန်းတဲ့အပြုံးတွေ နဲ့ အကျင့်စာရိတ္တတွေကြောင့် လူသိများကျော်ကြားပြီး TV programတွေ မှာအမြဲလိုလိုပါဝင်ခွင့်ရခဲ့ပါတယ် ။ အခင်းဖြစ်ပွားတဲ့နေ့က သူမတို့နေထိုင်ရာ ၉ လွှာရှိတိုက်ခန်းအထိ မီးများကူးစက်လာခဲ့၍ အဆိုပါနေရာသို့မီးသတ်သမားများက ၅ မိနစ်အတွင်း ရောက်ရှိလာခဲ့ကြပေမဲ့ မီးတွေကအတော်လေးကိုအရှိန်ပြင်းနေခဲ့ပါပြီ ။ အစပိုင်းမှာ Zeng ဟာ လွတ်မြောက်နေပြီဆိုပေမဲ့လည်း အိပ်ခန်းထဲမှာရှိနေတဲ့ မိဘတွေကိုအရင်လွတ်မြောက်နိုင်ဖို့ သူမဦးစားပေးကြိုးစားခဲ့ပါတယ် ။ မီးသတ်သမားတွေ သူမတို့ရဲ့တိုက်ခန်းအနားသို့ရောက်ရှိချိန်မှာတော့ သူမရဲ့မိဘများကိုသာ […]
Month: April 2022
ဒေါ်သန်းသန်းစိုး၊ ရွှေရူပါဦး တို့ ဦးဆောင်ပြီး မြန်မာရုပ်ရှင်လောက တိုးတက်ရေးအတွက် ဆွေးနွေးစကားပြောဆိုခဲ့ကြသော်လည်း seemore
ဒေါ်သန်းသန်းစိုး၊ ရွှေရူပါဦး တို့ ဦးဆောင်ပြီး မြန်မာရုပ်ရှင်လောက တိုးတက်ရေးအတွက် ဆွေးနွေးစကားပြောဆိုခဲ့ကြသော်လည်း ရုပ်ရှင်ကြည့်မည့်သူမရှိဖြစ်နေ ရုပ်ရှင် နဲ့ ဗွီဒီယို သရုပ်ဆောင် သန်းသန်းစိုးဟာဆိုရင် တစ်ချိန်က ပုရိသတွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသမီးချောလေးတစ်ဦးဖြစ်ခဲ့ပြီး သရုပ်ဆောင် ပီပြင်လွန်းတဲ့သူမကို ချစ်တဲ့ အမာခံပရိသတ်တွေ ကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ အမေနေရာမှာ သရုပ်ဆောင်ရင်း ဇာတ်လမ်းတွဲများကို ရိုက်ကူးလျက်ရှိပါတယ်။ သန်းသန်းစိုးက အနုပညာလောကထဲ စဝင်စငယ်ရွယ်စဉ် အချိန်အခါက လှပပြေပြစ်ပြီး ကျစ်လျစ်တဲ့ ဆွဲဆောင်မှုမှုရှိရှှှိအမိုက်စားBody နဲ့ ချောမောလှပတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေကြားမှာ နာမည်ကြီးခဲ့တဲ့မင်းသမီးလေးဖြစ်ခဲ့သူပါ။ အသက် ၁၅ နှစ်အရွယ်မှစတင်ပြီး အန်တီဒေါ်သန်းသန်းစိုးကတော့ ရုပ်ရှင်လောကသို့ဝင်ရောက်လာခဲ့ကာသရုပ်ဆောင် ကာရိုက်တာပေါင်းစုံကနေ ဝင်ရောက်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးပါ။အခုအချိန်ထိ ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေဆဲဖြစ်တဲ့ ဒေါ်သန်းသန်းစိုးဟာ အနုပညာသင်တန်းကျောင်းတစ်ခုကိုလည်းဖွင့်လှစ်ထားပြီး မျိုးဆက်သစ်အနုပညာရှင်လေးတွေကိုမွေးထုတ်ပေးလျှက်ရှိတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရွှေရူပါ […]
ကြံကြံဖန်ဖန်ဗျာ…ကလေးငယ်ရှိသူတွေသတိထားကြပါ
ကြံကြံဖန်ဖန်ဗျာ…ကလေးငယ်ရှိသူတွေသတိထားကြပါ ကြံကြံဖန်ဖန် အဝတ်လျှော်စက်ထဲဝင်ဆော့ရင်းခြေထောက်ညှပ်ပြီးပြန်မထွက်တတ်တဲ့ ၅ နှစ်သားကလေး #ကလေးငယ်ရှိသူတွေသတိထားကြပါ ထိုင်းနိုင်ငံ နခွန်ရတ်စီမာခရိုင် နုန်းဆွန်မြို့နယ် မခမ်းရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် နန်းဝမ်းဝိဖာ သည် ဩဂုတ်လ ၂၂ ရက်နေ့က နေအိမ်တွင် အဝတ်လျှော်စက်ထဲမှအဝတ်တွေယူပြီး အပြင်ထုတ်လှန်းနေစဉ် သူ၏သားဖြစ်သူ ၅ နှစ်သားကလေးသည် သူ့ဘေးရှိဇလုံကြီးထဲဝင်ရောက်ဆော့နေရင်းမှ ရုတ်တရက်ငယ်သံပါအောင်အော်ငိုသံ ( ဥဝဲ.. ဥဝဲ.. 😭 ) ကြားသဖြင့်ပြေးဝင်လာကြည့်ရာ အဝတ်လျှော်စက်အခြောက်ခံ ပုံးထဲတွင်ခန္ဓာကိုယ်တစ်ဝက်ညှပ်နေသဖြင့် အချိန် ၂ နာရီအကြာဆွဲထုတ်သော်လည်း မရခဲ့၍ ကယ်ဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်းခံခဲ့သည်ဟုဆိုပါသည် ။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အဝတ်လျှော်စက်ထဲက အခြောက်ခံဖိုက်ဘာပုံးကိုဖြုတ်ယူပြီး Cutter စက်ဖြင့်ဖြတ်တောက်ကာဆွဲထုတ်ခဲ့ရပါတယ် ၊ ကလေးကတော့အကြောက်လွန်ပြီး ငိုယုံကလွဲပြီးဘာထိခိုက်မှုမှမရှိခဲ့ကြောင်းသိရှိရသည် ။ Photo #Khaosod #SiThuMaung #လူဇိုးလေး #ဖြစ်တတ်ပါတယ် 🤣 […]
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ…
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ… ကျွန်မအရမ်းချစ်တဲ့သမီးလေး ဆုံးသွားပါပြီ မိခင်တယောက်အနေနဲ့ရင်ဖွင့်ပါရစေ….ကျွန်မသမီးလေးလို နောင်ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ကြီရွယ်အိုတွေ ကျွန်မကလေးလို အဖြစ်မျိုး မဖြစ်ဖို့ ရင်ဖွင့်ပါရစေ… ကျွန်မသမီးလေးက ကျမ်းမာတယ် သန်စွမ်းပါတယ်…ကျမ်းမားပါတယ်..မွေးတဲ့ကပါ …ဒါကြောင့်လည်း ကျွန်မဆေးရုံဆေးခန်း အတွေအကြုံ မရှိခဲ့ဒါပါ….13’8’2020 တနေ့လုံးကျမ်းမာပါတယ်….14’8’2020’မနက်လေးနာရီလောက်မှာ ကိုယ့်ပူတယ်….။ အပူများတော့ နို့စို့လိုက်အန်လိုက်ဖြစ်နေလို့ ဧရာဝတီတိုင်း ဟင်္သာံတခရိုင် လေးမျက်နှာမြိုနယ် အိုင်သပြု ဆရာမတယောက်ဆီမှာ ဆေးခန်းပြခဲပါတယ်…. ဆရာမက ဆေးထိုးပေးလိုက်ပါတယ်….အိမ်ပြန်ရောက်တော့ ကလေးက ကိုယ့်ပူကြပြီး သိမ့်မလန်းဘူး….။ ရေငတ်တယ် …ဓာတ်စားရေတိုက်တယ် …နို့စို့တယ်အန်တယ်… အာကြောင့် ညနေ၄နာရီလောက်ကြ အိပ်နေပြီ….ဆေးခန်းသို့ရောက်တော့ ညနေ၅နာရီရှိပြီ….ဆရာမက ဆေးရုံကဆရာဝန်ဆီသွားပါတဲ….နောက်ကြောင်းပြန်ပြီး ဆေးရုံကိုသွားပါတယ်…..။ ဆေးရုံရောက်တော့ ဆရာမတွေက ဆရာဝန်ကဆေးမှာမို့လို့ဆေးခန်းကို လိုက်သွားပါတဲ့….နောက်ကြောင်းပြန်ပြီး ဆရာဝန်ဆေးခန်းသွားရပါတယ်….ဆရာဝန်ဆီရောက်တော့ ကလေးက ရေဓာတ်ခန်းနေလို့ ဆေးရုံကို […]
သီချင်းကို ခွင့်မတောင်းပဲဆိုခဲ့မိ လို့ ၅၄..သိန်းပေးလိုက်ရတဲ့ ဖြိုးမြတ်အောင်ရဲ့သီချင် းဗီဒီယို
Myanmar idol သီချင်း အဆိုပြိုင်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေနဲ့ အတူ ချစ်ခင်မှုတွေပါ ရရှိခဲ့တဲ့ သူကတော ဖြိုးမြတ်အောင် ပဲဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ အသံပါဝါကောင်းကောင်းနဲ့ အမှားနည်းအောင် သီဆိုမှုတွေကြောင့် Winner ဆုကြီးကို ထိုက်ထိုက် တန်တန် ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဖြိုးမြတ်အောင် ရဲ့ထွက်ရှိထားတဲ့ သီချင်းသစ်တွေကလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ သီချင်းကောင်းတွေ ပဲဖြစ်ပါတယ်။ အဆိုတော်ဖြိုးမြတ်အောင်ကတော့တော်လှန်ရေးကြီးမှာပြည်သူတွေနဲ့အတူအမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်နော်။ အခုတစ်ခါမှာဆိုရင်ခွင့်မတောင်းပဲဆိုခဲ့လို့ ၅၄သိန်းပေးခဲ့ရတဲ့အဆိုတော်ဖြိုးမြတ်အောင်ရဲ့သီချင်းဗီဒီယိုကိုအခုလိုစာ ဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ပရိတ်သတ်ကြီးလည်း ဖြိုးမြတ်အောင်ရဲ့သီချင်းလေးကို အလွမ်းပြေနားဆင်အားပေးခဲ့ပါအုံးနော်..။ Credit ; Sa Lo Yaklcelenews Myanmar idol သီချင်း အဆိုပြိုင်ပွဲကနေ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေနဲ့ အတူ ချစ်ခင်မှုတွေပါ ရရှိခဲ့တဲ့ သူကတော […]
ကလေးတဖက်နဲ့ မုန့်ဟင်းခါး ရောင်းနေတဲ့ ရည်းစားဟောင်းကို ရုတ်တရက် တွေ့လိုက်တဲ့အခါ….
ကလေးတဖက်နဲ့ မုန့်ဟင်းခါး ရောင်းနေတဲ့ ရည်းစားဟောင်းကို ရုတ်တရက် တွေ့လိုက်တဲ့အခါ…. စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး တနေ့က သွားရင်းလာရင်း ဘီယာဆိုင်တစ်ဆိုင်ရောက်တော့ အရင်ရည်းစားဟောင်းနဲ့ပြန်တွေ့တယ် တွေ့တော့လည်း သူငယ်ချင်းလိုပါပဲ ညီမ အဆင်ပြေလား နေကောင်းလား ဘာညာပေါ့။ သူ အဆင်မပြေမှန်းတော့ ကျနော်သိတယ် ထမီကို ခပ်နွမ်းနွမ်းတီရှပ်အင်္ကျီအပေါ်ကနေ တင်းနေအောင်ဆွဲဝတ်ပြီး ဘီယာဆိုင်ရှေ့မှာ ကလေးတွဲလောင်းနဲ့ မုန့်ဟင်းခါးရောင်းနေတာကိုး။ သူ့ယောက်ျားကလည်း ရွှေတောဖက်သွားလိုက်ပြီး အဆက်သွယ်လည်းမရ ၊ ပိုက်ဆံလည်းမပို့တော့ ဝမ်းရေးကိုအဆင်ပြေသလို ဖြေရှင်းနေပုံရတယ် အဲဒါနဲ့ သူကလည်း သူ့အကြောင်းတွေပြော၊ ကိုယ်ကလည်း ကိုယ့်အကြောင်းတွေပြောရင်း မုန့်ဟင်းခါး တစ်ပွဲ ကုန်သွားတာတောင် မသိလိုက်ဘူး။ ပိုက်ဆံရှင်းမယ်လုပ်တော့ ရတယ်အစ်ကို ညီမကျွေးတာပါ တဲ့ အဲဒါနဲ့ မပြီးသေးဘူး ဒါက အစ်ကို့အမေအတွက်ဆိုပြီး ပါဆယ် တစ်ပွဲပါထပ်ထုပ်ပေးသေးတယ် မယူဘူးလို့ ပြောပြန်ရင်လည်း […]
ဒီနေ့ လူမှု့ကွန်ယက်မှာ တင်လိုက်တဲ့ မင်းမော်ကွန်းရဲ့ ကြုံးဝါးစကားနဲ့ သတိပေးချက်
ဒီနေ့ လူမှု့ကွန်ယက်မှာ တင်လိုက်တဲ့ မင်းမော်ကွန်းရဲ့ ကြုံးဝါးစကားနဲ့ သတိပေးချက် ကိုကျော်ကတော့ ဒီတခါ မဆူတော့ဘူး…ပွဲကြမ်းပစ်တာ “အတုံ့အလှည့်ဆိုတာရှိတယ် ခုဆို မင်းတို့ ထည့်ထားတဲ့ အကြောက်တရားက မင်းတို့ဘက် လှည့်လာပြီ” “ငါတို့အတွက် ခိုစရာ တောရှိတယ် မင်းတို့ ပြေးစရာ ပုန်းစရာ ခိုစရာမရှိ မင်းတို့ အားကိုးတဲ့ တရုတ်နဲ့ ရုရှားကရော မင်းတို့ရှုံးလို့ ပြေးရင် လက်ခံမလား” “ငါစောင့်ကြည့်မယ် မင်းအောင်လှိုင် ဒီနေ့အုပ်ကြီးကို မေးသလို မင်းလား မအေလိုး မင်းအောင်လှိုင် ဆိုပြီး စောက်ခွက် တက်နင်းရမယ့်နေ့ မကြာဘူး ငါလာနင်းမယ် မအေလိုး မင်းအောင်လှိုင်” “ဖေါင်းဒိုင်းနဲ့ ဂုတ်ဂွပ် ဗွီဒီယိုဖိုင်များ လိုင်းပေါ်မတင်ခြင်း မရှဲခြင်းအားဖြင့် ကူညီပါ Edit ဂိန်ကြတာတော့ အင်မတန် ပျော်သည်”ဆိုပြီး လူမှု့ကွန်ယက်မှာ […]
ယောက္ခမရဲ့ဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းလိုက်သောအခါ
ယောက္ခမရဲ့ဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းလိုက်သောအခါ တစ်ခါက အမျိုးသမီး တစ်ဦးဟာ အိမ်ထောင်ကျပြီးတော့ အမျိုးသားရဲ့ အိမ်မှာ နေရပါတယ်။ဒီတော့ ယောက္ခမနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံရတဲ့အခါ ဘယ်လိုမှ မတည့်ဘူးတဲ့။ စကားများရတာတွေ၊ ရန်ဖြစ်ရတာတွေ ခဏခဏ ဖြစ်ပြီး စိတ်လည်း အင်မတန် ညစ်နေရတာပေါ့။ယဉ်ကျေးမှုအရလည်း ဖြစ်၊ ဘာသာရေးအရ လည်း ဖြစ်တော့ ယောက္ခမကို ကြည့်မရပေမဲ့လည်း ထမင်းခူးပေးရတယ်။ ပြီးတော့ အစခပ်သိမ်း ပြင်ဆင်ပေးရတယ်ပေါ့။ တစ်နေ့တော့… ဒီဒဏ်တွေကို မခံနိုင်လို့ ချွေးမဖြစ်သူ အမျိုးသမီးက သူမရဲ့ အဖေဖြစ်သူထံ သွားပြီး အကြံအဉာဏ်တောင်းတယ်။အဖေဖြစ်သူကလည်း ယောက္ခမ စားတဲ့ ထမင်းတိုင်းမှာ အဆိပ် ဆေးကိုနေ့စဉ် နည်းနည်းစီ ခက်ပြီး ၆ လအတွင်း မသိမသာ […]
တောင်ဥက္ကလာမှာ စစ်တပ် ကကားနဲ့တိုက်ဖမ်းခဲ့သူတွေကို ဒီနေ့ကမှာ စစ်ကြောရေး ကိုပို့ပစ်
တောင်ဥက္ကလာမှာ စစ်တပ် ကကားနဲ့တိုက်ဖမ်းခဲ့သူတွေကို ဒီနေ့မှာ စစ်ကြောရေး ကိုထပ်မံမတရားပို့ဆောင် ဧပြီလ ၂၁ ရက်နေ့။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)မှ ဌာနမှုးမခိုင်သဉ္ဇာအေးအပါအဝင်သုံးဦးကို စစ်တပ်က မနေ့က တောင်ဥက္ကလာပမြို့နယ်က ဆန့်ကျင်ပြလှုပ်ရှားမှုအပြီးမှာ ကားနဲ့တိုက်ဖမ်းဆီးပြီး ရိုက်နှက်ကာ ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်ကြောရေးကို ပို့ဆောင်လိုက်ပြီလို့ အုပ်ချုပ်နဲ့နီးစပ်သူတွေဆီက သိရပါသည်။ တောင်ဥက္ကလာပမြို့နယ်၊ မြင်သာ(၃၁) ကားဂိတ်အနီးမှာ မနေ့က CTUM အဖွဲ့ဝင်တွေနဲ့အခြားသော ဒီမိုကရေစီ တော်လှန်ရေး အင်အားစုတွေပါဝင်တဲ့လူငယ်သပိတ် စစ်ကြောင်းကို စစ်တပ်ကကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့ရာ ဌာနမှုး မခိုင်သဉ္ဇာအေးအပါအဝင်သုံးဦးဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ကိုပြောပါသည်။ “သူတို့က ဆန္ဒပြပွဲအပြီး ကားနဲ့ပြန်တာ ဒလန်ကသတင်းပေးလို့ စစ်တပ်က ကားနဲ့လိုက်တိုက်ပြီး ဖမ်းတာ နောက်ဆုံးမှာမိသွားတယ် ကားသမားရောသူတို့နှစ်ဦးရော ရိုက်နှက်ပြီး ဖမ်းသွားတာ”ဟုပြောသည်။ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရသူနှစ်ဦးမှာ ဒေါ်ခိုင်သဉ္ဇာအေး (CTUM – […]
21.April.2022 မှ 27.April..2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
21.April.2022 မှ 27.April..2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း တနင်္ဂနွေ ကြီးကြီးမားမားတွေကြံစည်လုပ်ကိုင်လို့မရတဲ့ကာလပါပဲ။ အကြံကြီးလေ ပျက်လွယ်လေပါပဲ။ ဖြစ်ပေါ်လာ တဲ့အခြေအနေကိုမီးစင်ပြီးကရမဲ့ ကာလပဲဖြစ်ပါတယ်။ လူကြီးတွေနဲ့ သဘောတာမတူတာလေးတွေရှိနေတတ်ပါ တယ်။ အတိုက်အခံမလုပ်ဘဲ ညှိယူရင်တော့ကောင်းစွာအဆင်ပြေနိုင်ပါတယ်။ လူချစ်လူခင်များနေတဲ့ကာလဖြစ်လို့ ကူညီမဲ့သူတွေလဲပေါများပါလိမ့်မယ်။ တစ်ခုသတိထားရမှာက မိမိကိုယ်တိုင်က ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုးဆို တာမျိုးဖြစ်နေတတ်ပါတယ်။ တစ်ခုခုကိုဇောက်ချပြီး အာရုံမပျံ့လွင့်ဖို့လိုအပ်ပါတယ်။ ငွေကံက ဝင်လိုက်၊ပြန်ထွက် လိုက်ဖြစ်နေတဲ့ကာလပဲဖြစ်ပါတယ်။ အလှအပကိစ္စ၊ဘဏ်ကိစ္စများဆောင်ရွက်လို့အဆင်ပြေတဲ့ကာလပါပဲ။အချစ်ရေးကောင်းသည်။ အင်တာနက်ပေါ်ကနေ ချစ်သူအသစ်ထပ်တွေ့မည်။ ခရီးယာယီထွက်ဖြစ်မည်။ ဖုန်း ဒါမှမဟုတ် စက်ပစ္စည်းတစ်ခုခုဝင်မည်။ လက်ဆောင်လည်းရမည်။အိမ်ထောင်ရေးကတော့ ဒီကာလညံ့မည်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်ရလိမ့်မယ်။ ကျန်းမာရေးတော့ဂရုစိုက်ဖို့လိုသည်။ အားနည်းအောင်မနေပါနှင့်။ ရောဂါကူးစက်လွယ်ပါသည်။ စာမေးပွဲကံ၊အင်တာဗျူးကံအထူးကောင်းနေမည်။အကျိုးပေးဂဏန်း ၁/၅/၂ အထူးဟော ကံအကောင်းအဆိုးမျှပါတယ်။ယတြာ ပြောင်းဖူးကြော်စားသွားပါ တနင်္လာ ဒီလိုကာလမျိုးကတော့နာမည်ကြီးထမင်းငတ်ဆိုတာမျိုးဖြစ်နေတဲ့ကာလပဲဖြစ်ပါတယ်။ငွေကြေးကရှိရဲ့သားနဲ့ကို အလုပ်ကြောင့်ငွေကြေးအကြပ်အတည်းယာယီဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။ အလုပ်ထဲမှာငွေတွေမြုပ် ပြီးပြန်မပေါ်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ပညာဉာဏ်ကြီးသူတွေရဲ့အကူအညီတွေရလာတတ်ပါတယ်။ ဒီအပတ် […]









