ဗဟုသုတ


သိန်း(၃၀)လောက် ရင်းနှီးပီး စတင်လုပ်ကိုင်နိုင်သော လုပ်ငန်းများ လုပ်ငန်းပေါင်း များစွာထဲက သိန်း ၃၀ ပမာဏဖြင့် လုပ်ကိုင်နိုင်သော လုပ်ငန်း (၂၁) ခု ကို ဖော်ပြပေးထားပါတယ် …။ လုပ်ငန်း လုပ်ကိုင်ရန် စဉ်းစားနေသောသူများ အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်ကူညီ စဉ်းစားပေးခြင်းသာ ဖြစ်ပါတယ် …။ လုပ်ငန်း (၂၁) မျိုး ၁။ ပင်မင်း၊ အဝတ်လျော် အိမ်အရောက်ပို့ ဝန်ဆောင်မှု လုပ်ငန်း ၂။ အွန်လိုင်းရှော့ ၃။ ရေသန့်လုပ်ငန်း ၄။ ခွေးထိန်းသိမ်း၊ သန့်ရှင်း နှင့် အစားအစာ ( ခွေးဟိုတယ်) လုပ်ငန်း ၅။ ရေခဲမုန့်၊ သစ်သီးဖျော်ရည် တွန်းလည်း ၆။ ဆင်းကဒ် နံပါတ်အလှ ဝယ်/ရောင်း […]

ၾကားသိရသမွ်

ဒီအချိန် ကားဝယ်သင့်လားဆိုတဲ့ မေးခွန်းရဲ့ အဖြေနဲ့ ကမ္ဘာ့ကားဈေးကွက်ရဲ့ ရိုက်ခတ်ချက်

ကားလဲဖို့စဉ်းစားတာ coup မတိုင်မီက၊ coup လဲကောက်ထဖြစ်သွားတော့ ဘာအခြေအနေမှ မရေရာဘူးဆိုပြီး မလဲလိုက်ဘူး။ အဲ့မှာတင် နောက်ပိုင်းဒေါ်လာဈေးတွေကကောက်ထတက်၊ ကားဈေးကတက်လာ၊ အဲ့တော့လဲ တက်ဈေးဖြစ်နေပြီ ပြန်ကျမှာပဲ ဆိုပြီးမဝယ်လိုက်၊ ဒီ၂၀၂၂ နှစ်စ ပိုတက်လာတော့ စဉ်းစားရပြီလေ။ ၂၀၂၂ ဧပြီလကျရင် ကားအခွန်ပြန်တက်မယ် ၆% တက်မှာလား ၁၅% တက်မှာလားဆိုတာကို အခွန်ရုံးသွားမေးတယ် သူတို့ကိုယ်တိုင်က ရေရေရာရာမသိဘူး။ နောက်တချက်က ကားတင်သွင်းခွင့် မဖြေလျော့ ပေးသရွေ့ ကားဈေးပြန်ကျစရာမရှိဘူး။ ဒေါ်လာဈေး ပြန်မကျသရွေ့က ကားဈေးပြန်မကျနိုင်ဘူး။ နောက်တနည်း ဈေးအတက်အကျက demand and supply ပေါ်မှာ မူတည်တာဖြစ်တယ်။ လူတွေက inflation / ငွေကြေးဖောင်းပွမှုကိုကြောက်လို့ လက်ထဲ ငွေမထားချင်ဘူး တခုခုဝယ်ထားမှ ဆိုတဲ့လူတွေများလာရင် ဝယ်လိုအားများရင် demand များလေ […]

ၾကားသိရသမွ်

အိမ်လို့တောင် ခေါ်လို့မရတဲ့ နေရာလေးမှာ နေကြရတဲ့ မောင်နှမ (၄) ယောက်

ကရင်ပြည်နယ် မြိုင်ကလေးကျေးရွာ နတ်ကုန်းဘက်မှာတဲ့သူတို့လေးတွေတွက် လိုအပ်တာလေးတွေ ပေးချင်မိတယ် မိမိတို့အိမ်မှာ ပိုနေတဲ့အဝတ်အစားလေးတွေကအစပေါ့… လှူချင်တဲ့သူများရှိရင်ရင် လှူပေးကြပါလားလို့ မေတ္တာရပ်ခံချင်ပါတယ်အရင်လိုပရဟိတမလုပ်နိုင်တော့ပေမဲ့ တတ်နိုင်သလောက်တော့ကူညီချင်မိလို့ပါ… ကရင်ပြည်နယ်မြိုင်ကလေးကျေးရွာနတ်ကုန်းကပါပေးဆပ်သူအဖွဲ့က ကိုလပြည့်(09796640893)သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည် တတ်နိုင်သလောက်လေးတွေ ကူညီပေးလို့ရပါတယ ကလေးတွေရဲ့ နေရေးထိုင်ရေးနဲ့ အဝတ်အစားလေးတွေတတ်နိုင်သလောက် ကူညီပေးလို့ရပါတယ် ကလေးတွေက အဖေပဲရှိပါတော့တယ်…အမေကတော့ ဆုံးပါးသွားပါပြီ နိုင်သည်ဝန်ဖြင့်ကူညီလှူဒါန်းပေးကျပါရှင့်…ဆက်သွယ်လှူဒါန်းလိုပါက ပေးဆပ်သူ သွေးတာဝန်ခံ ကိုလပြည့် 09. 796640893 Crd Zawgyi ကရင်ပြည်နယ် မြိုင်ကလေးကျေးရွာ နတ်ကုန်းဘက်မှာတဲ့သူတို့လေးတွေတွက် လိုအပ်တာလေးတွေ ပေးချင်မိတယ် မိမိတို့အိမ်မှာ ပိုနေတဲ့အဝတ်အစားလေးတွေကအစပေါ့… လှူချင်တဲ့သူများရှိရင်ရင် လှူပေးကြပါလားလို့ မေတ္တာရပ်ခံချင်ပါတယ်အရင်လိုပရဟိတမလုပ်နိုင်တော့ပေမဲ့ တတ်နိုင်သလောက်တော့ကူညီချင်မိလို့ပါ… ကရင်ပြည်နယ်မြိုင်ကလေးကျေးရွာနတ်ကုန်းကပါပေးဆပ်သူအဖွဲ့က ကိုလပြည့်(09796640893)သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည် တတ်နိုင်သလောက်လေးတွေ ကူညီပေးလို့ရပါတယ် ကလေးတွေရဲ့ နေရေးထိုင်ရေးနဲ့ အဝတ်အစားလေးတွေတတ်နိုင်သလောက် ကူညီပေးလို့ရပါတယ် ကလေးတွေက အဖေပဲရှိပါတော့တယ်…အမေကတော့ ဆုံးပါးသွားပါပြီ နိုင်သည်ဝန်ဖြင့်ကူညီလှူဒါန်းပေးကျပါရှင့်…ဆက်သွယ်လှူဒါန်းလိုပါက ပေးဆပ်သူ သွေးတာဝန်ခံ […]

ကြားသိရသမျှ

သားသမီးတွေလာကန်တော့မှာကို စောင့်နေတဲ့ ဘိုးဘွားရိပ်သာမှ အဘိုးအိုတစ်ဦး

မိဘတွေဟာ သားသမီးတွေအပေါ် စုန်ရေပဲရှိတယ်၊ ဆန်ရေကို ဘယ်တော့မှ မမျှော်လင့်ဘူးဆိုပြီး ပြောကြတယ်။ တကယ်တော့ မိဘတွေရဲ့ စိတ်ထဲမှာ သားသမီးတွေအပေါ် မျှော်လင့်ချက် တစ်စုံ အမြဲတမ်း ကိန်းအောင်းနေပြီးသား ဖြစ်ပါတယ်။ သားသမီးတွေ စိတ်မကောင်းမှာဆိုးလို့သာ ဘာမှမဖြစ်တဲ့ ပုံစံမျိုးတွေ ပြသနေတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကျွေးမွေး စောင့်ရှောက်ထားတဲ့ မိမိ သားသမီးဆီက ဘာမှ မမျှော်လင့်ဘူးဆိုတာ ဘယ်ရှိပါ့မလဲ။ မိမိတောင် ပန်းပင်လေး တစ်ပင် စိုက်လိုက်တဲ့အခါ ၎င်းပန်းပင်လေးကို အခြား ပန်းပင်တွေရဲ့ အလယ်မှာ တင့်တယ် လှပစေချင်ကြတယ်။ ဒီလိုပဲလေ မိဘတွေကလည်း ကိုယ့်သားသမီတွေကို လူပုံအလယ်မှာ အောင်မြင်စေချင်ကြတယ်။ တင့်တင့်တယ်တယ် နေထိုင်စေချင်ကြတယ်။ ဒါတင်မကသေးပဲ မိမိဟာ သစ်ပင်တစ်ပင်ကို စိုက်လိုက်တယ်ဆိုပါစို့ ဒီသစ်ပင်ကို စိုက်ရခြင်း ရည်ရွယ်ချက်က တစ်နေ့ […]

ၾကားသိရသမွ်

မင်္ဂလာပွဲကျင်းပတော့မည်အချိန်မှာ သတိုးသားက ကားထဲတွင်အခြားကောင်မလေးနှင့်ဖောက်.ပြ န်နေ ( ရုပ်သံ )

မင်္ဂလာပွဲကျင်းပတော့မည် အချိန်မှာ သတိုးသားကို သွားခေါ်ခဲ့ရာမှ သတိုးသားက ကားထဲတွင် အခြားကောင်မလေးနှင့် ဖောက်ပြန်နေတာကို မျက်မြင်တွေ့လိုက်ရတဲ့ သတိုးသမီး ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည် အိမ်ထောင်စု တစ်ခု၏ သာယာစိုပြေသော ပျော်ရွင်ဖွယ်မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ရန်အတွက် သစ္စာတရားဆိုသော အရာသည် အလွန်အရေးပါသော အရာတစ်ခုလည်း ဖြစ်ပါတယ်။ ယခုတွင် အမျိုးသမီး တစ်ဦးဟာ မင်္ဂလာပွဲ မစခင်တွင် ပြုလုပ်သော သတိုးသား၏ အပြုအမူကြောင့် အတော်လေး စိတ်ထိခိုက်ကာ ဝမ်းနည်းခဲ့ရ တာဖြစ်ပါတယ်။ လတ်တလော အချိန်တွင်ဝမ်းနည်း စိတ်ထိခိုက် နေရသော်လည်း ထိုအမျိုးသမီးအတွက်တော့ ကံကောင်းခဲ့သည်ဟု ဆိုရမှာဖြစ်ပါတယ်။ အကြောင်းကတော့ မင်္ဂလာပွဲ ကျင်းပတော့မည့် အချိန်တွင် အမျိုးသမီးက သတိုးသမီးဝတ်စုံကို ဝတ်ဆင်ပြီး သတိုးသားကို ခန်းမသို့သွားရန် ကားထဲသို့သွားခေါ်ခဲ့ပါတယ်။ ထိုအချိန်တွင် သတိုးသားဟာ […]

ကြားသိရသမျှ

မနက်ဖြန်၂၄ရက်နေ့မှာအသက် ၄၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ပြည်သူ့မင်းသမီးလေးအိန္ဒြာကျော်ဇင်………..

မနက်ဖြန်၂၄ရက်နေ့မှာအသက် ၄၅ နှစ်ပြည့်သွားပြီဖြစ်တဲ့ ပြည်သူ့မင်းသမီးလေးအိန္ဒြာကျော်ဇင်…………မအူဝဲလို့ လူသိများတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာဆိုရင် ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ အသက် ၄၅ နှစ်ပြည့်သွားပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကို ၁၉၇၇ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မအူဝဲဟာ သူမချစ်ရတဲ့သူ သရုပ်ဆောင် ပြေတီဦးနဲ့ လူသိရှင်ကြား လက်ထပ်ခဲ့ပြီး ချစ်စရာ သမီးလေးတစ်ယောက် ၊ သားလေးတစ်ယောက် မွေးဖွားခဲ့ပါတယ်။ အရင်နှစ် ၄၄ နှစ်ပြည့်မွေးနေ့လေးမှာတော့ ပြည်သူချစ်မင်းသမီးလေး အိန္ဒြာကျော်ဇင် က အကျဉ်းထောင်ထဲမှာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။အခု ၄၅ နှစ်ပြည့် မွေးနေ့လေးမှာတော့ လွတ်မြောက်သွားပြီဖြစ်လို့ များစွာ ဝမ်းသာရပါတယ်။နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံကအကျဉ်းထောင်ထဲကနေ လွတ်လာကြတဲ့အချိန်ကနေ အခုအချိန်အထိ ပရိသတ်မြင်ကွင်းရှေ့ကို ထွက်ရှိလာခြင်းမရှိသေးပါဘူး။ ပရိသတ်တွေကတော့ […]

ၾကားသိရသမွ်

ပြင်ဦးလွင်မှာ ဖြစ်သွားတဲ့ အိမ်သာရေ မဆေးလို့ဆိုပြီး ရန်ဖြစ်ရာမှ…

ပြင်ဦးလွင်မှာ ဖြစ်သွားတဲ့ အိမ်သာရေ မဆေးလို့ဆိုပြီး ရန်ဖြစ်ရာမှ… ၂၀၂၂ဧပြီ ၂၃ရက်နေ့ နံနက် ၈:၃၀အချိန်ခန့်တွင်မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ရ ကက မင်္ဂလာတိုက်ခန်း အမှတ် ၅ တွင်နေထိုင်သူ ယဉ်မောင်းအလုပ်လုပ်ကိုင်သောအသက် (၄၈)နှစ်အရွယ်ဦးစောမိုးလှိုင်သည်နေအိမ်၌ရှိနေစဉ်ုပြင်ဦးလွင်မြို့ရကက (၄) ၄၁လမ်း ဗလီ၊ ၆ရပ်ကွက် ဗလီပိုင် အဆောက်အအုံအပေါ်ထပ်တွင် အိမ်ငှားနေထိုင်သော အကြော်ရောင်းသည့်အလုပ်လုပ်ကိုင်သူအသက် (၅၈)နှစ်အရွယ် ယောက်ဖတော်စပ်သူဦးခင်မောင်ထူးနှင့်၎င်း၏ သမီးဖြစ်သူ အသက်(၂၇ )နှစ်အရွယ်မိုးသူဇာလှိုင်၊ သားဖြစ်သူအသက် (၁၈ )နှစ်အရွယ် ဟိန်းထက်အောင်တို့နှင့်လိပ်စာတူ တစ်အိမ်တည်းတွင်အောက်ထပ်၌ အိမ်ငှားနေထိုင်သူဖိနပ်ချုပ်လုပ်ငန်းလုပ်ကိုင်သူ အသက် (၄၅)နှစ်အရွယ် နေလင်းထွန်းသည်အိမ်သာတစ်လုံးတည်းတွင် အတူအသုံးပြုကြပြီး၎င်းအိမ်သာတွင်မစင်စွန့်ပြီးနောက်ပြန်လည်ဆေးကြောခြင်းမရှိတဲ့ကိစ္စနှင့် ပတ်သတ်ပြီး တစ်ယောက်တစ်ခွန်း စကားများရာမှ နေအိမ်ရှေ့လမ်းပေါ်တွင်နေလင်းထွန်းမှဦးခင်မောင်ထူးနှင့် မိုးသူဇာလှိုင်တို့နှစ်ဦးအား ဓားဖြင့်ခုတ် thet ပြီး ဟိန်းထက်အောင်အားဓါးဖြင့်ထပ်မံခုတ်ရာ ဓားဒဏ်ရာများရရှိသွားကြောင်းသိရပါသည်။ ယောက်ဖဖြစ်သူဦးခင်မောင်ထူးနှင့် တူမဖြစ်သူမမိုးသူဇာလှိုင်တို့အား tay ဆုံးသွားတဲ့အထိ […]

ဗဟုသုတ

ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်

ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီးချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ လူပေါင်းစုံရှိတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကိုချစ်မယ့်သူ ထပ်ရှိဖို့ ဆိုတာ မသေချာပါဘူး။ ကိုယ့်ရဲ့ အစစအရာရာကို ကိုယ်ကမှ မချစ်ရင် တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင် ဒါက အဓိပ္ပာယ်မရှိတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေက မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ (၁) ကျန်းမာရေးကို ဂရုစိုက်ပါ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်ကျန်းမာရေး ကောင်းအောင် နေဖို့၊ […]

ဗဟုသုတ

မိုးကြိုး ပစ်ပုံ ပစ်နည်း (၄) မျိုးနှင့် မိန်းမတွေထက် ယောက်ျားတွေဟာ အပစ်ခံရနိုင်ခြေ ပိုများ…

မိုးကြိုး ပစ်ပုံ ပစ်နည်း (၄) မျိုးနှင့် မိန်းမတွေထက် ယောက်ျားတွေဟာ အပစ်ခံရနိုင်ခြေ ပိုများ… မိုးကြိုးပစ်ခံရတယ်ဆိုတာက… ရာသီဥတုအပေါ် အများစု အခြေခံပြီး တစ်ခါတလေမှာတော့ အကြောင်းပြချက်မဲ့ ကွင်းထဲ၊ လမ်းထဲမှာ ပစ်ခံရတတ်ပါတယ်။ အဓိက အနေနဲ့ အပူ၊ အအေး ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးဟာ ဖြစ်ပေါ်တာဖြစ်ပြီး ဖြစ်ပွားချိန်မှာ လျှပ်စစ်ဓာတ်အနေနဲ့ မြေပြင်ကို ပစ်လွှတ်ပါတယ်။ လူတွေကို မိုးကြိုးပစ်တဲ့အခါ နည်းပေါင်းဘယ်နှမျိုးနဲ့ ပစ်လေ့ရှိကြလဲ ဆိုတာ မှတ်တမ်းတစ်ခုရှိပါတယ်။ ပြီးတော့ အခု စာရင်းပြုဖော်ပြလိုက်တဲ့ မိုးကြိုးပစ်ပုံ အမျိုးအစားတွေထဲက ဘယ်ပုံစံနဲ့ပဲ ပစ်ခဲ့ပစ်ခဲ့ သေစေနိုင်ပါတယ်။ အကယ်၍ မိုးကြိုးပစ်ခံရတဲ့ အခြေအနေတစ်ခုနဲ့ တွေ့ကြုံခဲ့ရရင်လည်း မိုးကြိုးပစ်ခံခဲ့ရသူကို အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက် ဆေးဝါးကုသစောင့်လျှောက်မှု ပြုလုပ်ပေးနိုင်မယ့် ဌာနဆိုင်ရာတွေကို ချက်ချင်းအကြောင်းကြားပေးသင့်ပါတယ်။ ၁။ တိုက်ရိုက် […]

ကြားသိရသမျှ

စီးလာတဲ့ဖိနပ်အား လမ်းဘေးမှကလေးကိုပေးပြီး ခြေဗလာဖြင့်လမ်းလျှောက်ခဲ့တဲ့ ၂နှစ်အရွယ်ကလေးလေးရဲ့ (ရုပ်သံ)

အသက် ၂နှစ်သာရှိသေးတဲ့ Cheikh Faizal ဆိုတဲ့ ကလေးလေးဟာ ဖခင်ဖြစ်သူနဲ့အတူ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မှာရှိတဲ့ MRT ဘူတာရုံအနီးမှာ လမ်းလျှောက်လာခဲ့ပါတယ်။ လမ်းလျှေက်လာရင်း Faizal ဟာလမ်းဘေးမှာထိုင်နေတဲ့ အိုးမဲ့အိမ်မဲ့ သားမိ ၂ယောက်ကို တွေ့လိုက်ပါတယ်။ လမ်းဘေးမှာ ထီးလေးကိုအကာအကွယ်ယူပြီးထိုင်နေတဲ့ အသက်ရွယ်တူ လမ်းဘေးကလေးလေးကိုတွေ့တော့ Faizal ဟာထိုကလေးအနားကို သွားခဲ့ပါတယ်။ ကလေးကလေးနားရောက်တော့ ဖိနပ်မရှိတာကို Faizal တစ်ယောက်တွေ့လိုက်ရပါတယ်။ အဲ့ဒါနဲ့ သူ့ဆီမှာပါလာတဲ့ ဖိနပ်နဲ့ ခြေအိတ်ကို မဆိုင်းမတွပဲချွတ်ကာ ထိုကလေးလေးရှေ့မှာ ဒူးထောက်ချလိုက်ပြီး သေသေချာချာ စီးပေးခဲ့ပါတယ်။ Faizal နဲ့ ထိုကလေးလေးဟာ အသက်အရွယ်အားဖြစ် သိပ်မကွာပေမဲ့ ညီကိုအရင်းအချာတစ်ယောက်လို တရင်းတနှီးနဲ့ ပွေ့ဖက်ပြီး နှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီနောက် Faizal တစ်ယောက် ခြေဗလာနဲ့ လမ်းဆက်လျှောက်ခဲ့ပါတယ်။ လမ်းတစ်လျှောက် အိုးမဲ့ […]