Vaseline ဟာ အမွှေးအမျှင်များကို ၂မိနစ်အတွင်း ဘေးထွက်ဆိုးကျိုးမရှိဘဲ ဖယ်ရှားပေးနိုင်တယ်ဆိုတာ သိပါသလား… အမျိုးသမီးများအတွက် မျက်နှာ၊ လက်၊ ခြေထောက်၊ ချိုင်း နှင့်အချို့သောနေရာတွေမှာ အမွှေးအမျှင်တွေ ပေါက်တဲ့ကိစ္စက တော်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပါ။ရိတ်ဖို့ကျပြန်တော့လည်း တချို့နေရာတွေက အဆင်မပြေပါဘူး။ နောက်ပြီး ချွေးပေါက်တွေကျယ်ကာ အမွှေးကြမ်းကြမ်းတွေ ပေါက်လာမှာလည်း ကြောက်ရပါတယ်။ အဲ့အတွက်တော့ လုံးဝစိတ်မပူပါနဲ့။ Vaseline ရှိရုံနဲ့ မလိုချင်တဲ့ အမွှေးအမျှင်တွေကို အပြောင်ရှင်းလို့ရပါပြီ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ပဲမှုန့်အစိမ်း၊ မကျိုချက်ရသေးသောနို့အစိမ်း၊ နနွင်းမှုန့် နှင့် Vaseline တို့ပဲဖြစ်ပါတယ်။ ပထမဦးစွာ ခွက်တစ်ခုထဲသို့ ပဲမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် နနွင်းမှုန့် ဇွန်းတစ်ဝက်ခန့်ကို ထည့်ပါ။ နောက်ပြီး နွားနို့လက်ဖက်ရည်ဇွန်း ၃ဇွန်းခန့် ထည့်ပြီး သေချာမွှေလိုက်ပါ။ အနေအထားက အရမ်းကြီးပျစ်လို့လည်းမရသလို […]
Month: June 2022
စားစရာမရှိလို့ တောင်းစားတာ မပေးလို့ နောက်ရက် ထမင်းချက်နေစဉ် နေအိမ်ပေါ်တက်ကာ… See more
Zawgyi စားစရာမရှိလို့ တောင်းစားတာ မပေးလို့ နောက်ရက် ထမင်းချက်နေစဉ် နေအိမ်ပေါ်တက်ကာ… See more ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့နယ် ၊ ဆံတော်ရပ်ကွက် ၊ ကန်လည်ရွှေဟင်္သာလမ်းရှိ နေအိမ်တစ်အိမ်တွင်နံနက်ပိုင်းက လုယက်မှုတခု ဖြစ်ပွားကြောင်း သိရသည်။အဆိုပါ ဆံတော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွှန့်နိုင်က အခုလို ပြောပါတယ်.. “မနေ့က အဲ့ဒီလူက အဲ့ဒီအိမ်မှာ ဝင်ပြီးတော့ တောင်းတယ်ပြောတယ်။ ပိုက်ဆံဝင်တောင်းတော့ အဲ့ဒီအိမ်က လူက ကောလွတ်လိုက်တယ်..” “နင် ခြေကောင်းလက်ကောင်းနဲ့ ဘာလို့တောင်းစားနေတာလဲ အလုပ်လုပ်စားပါလား” ပြောလိုက်တယ်ပေါ့။ ဒီနေ့ မနက်တော့ အဲ့ဒီလူလို့ပြောတယ်။ အဘိုးကြီးနဲ့ အမျိုးသမီး တစ်ယောက်ရှိတုန်းကို ရှေ့မှာ ထမင်းချက်နေတုန်း နောက်ကနေ ပုခက်တုတ်နဲ့ ရိုက်ပြီးတော့ ပစ္စည်းတွေ ယူသွားတယ်လို့ သိရတယ်” အခင်းဖြစ်နေအိမ်သည် မြန်မာတိုင်းရင်းဆေးဆိုင် ဖွင့်လှစ်ထားပြီး […]
အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်ရာ ငွေပမာဏက အလွန်များသဖြင့် ဘဏ်မန်နေဂျာက မေးမိသောအခါ
ဘဏ်မန်နေဂျာကို ဘောင်းဘီချွတ်ခိုင်းပြီး ပါးပါးလေးပုတ်ပြီး ပညာပြသွားတဲ့ အဘွားအို အဖွားအိုတစ်ဦး ဘဏ်တွင်ငွေလာအပ်သည်။ ငွေပမာဏ က အလွန်များသဖြင့် ဘဏ်မန်နေဂျာကမေးသည်။ “အဘွား အဲ့လောက်ငွေအများကြီး ဘယ်လိုရှာလာတာလဲ” “ေဩာ်..လောင်းကစားလုပ်လို့ နိုင်လာတာပါ” “အာ..မဖြစ်နိုင်ပါဘူး..လူတစ်ယောက်က အမြဲကံကောင်းပါ့မလား” “မယုံရင် မင်းနဲ့ငါနဲ့လောင်းမလား…တနင်္လာနေ့ ဘဏ်ဖွင့်ချိန်ရောက်ရင် မင်းဖင်မှာ tattoo ထိုးပြီးသားဖြစ်နေရမယ်” “အာ..ဘာလို့ tattoo ထိုးရမလဲ..လောင်းမယ်ဗျာ ဘာကြေးလဲ” “ဒေါ်လာ ၅၀၀ ကြေးလောင်းမယ်” “ရတယ် စိန်လိုက်…” တနင်္လာနေ့ မနက်စောစော အဖွားအို ဘဏ်သို့ရောက်လာသည်။ မြို့မျက်နှာဖုံး လူကြီး ၂ ယောက်ခန့်လည်း ပါလာသည်။ “ကဲ..မန်နေဂျာ မင်းဖင်မှာ တက်တူးထိုးထားတယ်မဟုတ်လား” “ဘာမှ မထိုးထားဘူး ဒီမှာကြည့်” မန်နေဂျာက ဘောင်းဘီကို ချွတ်ပြရင်းပြောသည်။ထိုစဉ် အဖွားအိုနှင့် အတူပါလာသည့် လူတစ်ဦး မူးလဲ […]
ကျောင်းဖွင့်ပြီး တလနီးပါး ကြာတဲ့အထိ တိုင်ပတ်နေဆဲဖြစ်တဲ့ စကစကျောင်းတွေနဲ့ ပုံနှိပ်စာအုပ် ဂယက်
ကျောင်းဖွင့်ပြီး တလနီးပါး ကြာတဲ့အထိ တိုင်ပတ်နေဆဲဖြစ်တဲ့ စကစကျောင်းတွေနဲ့ ပုံနှိပ်စာအုပ် ဂယက် စကစက တည်ငြိမ်အေးဆေးနေပါပြီ ဆိုတဲ့အကြောင်း လိမ်လည် ဝါဒဖြန့်ဖို့ ဖွင့်လှစ်ခဲ့တဲ့ ကျောင်းတွေမှာ ကျောင်းဖွင့်ချိန် တလနီးပါး ရှိလာပေမယ့် အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။ မူလတန်းတွေမှာ ကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ သင်ကြားပေမယ့် ဆရာ၊ ဆရာမ မရှိခြင်းတို့ကြောင့် တတန်းထဲမှာပဲ ကျောင်းချိန်ကုန်တဲ့အထိ စုပြုံထိုင်ခိုင်းနေရတယ်လို့ ကြားသိရပါတယ်။ သင်ကြားမှုလည်း သေသေချာချာ မလုပ်နိုင်တာကြောင့် မိဘတွေက ဆရာမတွေကို ကလေးထိန်းခိုင်းထားသလို ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ ဆရာမတဦးက ပြောပါတယ်။ ပုံနှိပ်စာအုပ်နဲ့ ဗလာစာအုပ်တွေကလည်း ကျောင်းတက်တဲ့ ကျောင်းသားဦးရေနဲ့ ညီတူညီမျှ မပေးနိုင်သေးဘဲ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သိရပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး ဧရာတီတိုင်းက […]
ကိုယ့်အိမ်ကမီတာ အရမ်းလည်မြန်နေလို့ စိတ်ပူနေလား စမ်းသပ်နည်းရှိတယ် မီတာခနဲ့ ချိန်ပြီး သုံးချင်လား ဒါလေးသိမှဖြစ်မယ်
ဥပမာ တစ်ယူနစ်ကို ၅၀ကျပ်ဆိုရင်အဲ့၅၀ဖိုးပဲသုံးချင်တယ် အိမ်ကမီးချောင်းဘယ်နှစ်နာရီ ဖွင့်ခံမလဲ ဆိုတာမျိုးပေါ့မီတာမှာ တစ်ယူနစ်တက်အောင်ဒီပစ္စည်းလေးကို ဘယ်လောက်ကြာကြာသုံးရင် တက်လဲ သုံးရမလဲ ပေးလိုက်ရတဲ့မီတာခ ဟုတ်မှဟုတ်ရဲ့လားTVလေးတစ်နေ့မှှတစ်နာရီလောက်ကြည့့်တာ ငွေအားဖြင့်ဘယ်လောက်ကုန်သွားလဲစက်ပြင်ဆရာတွေ တစ်နေကုန် ခဲဂေါက်ထိုးထားတယ် unit ဘယ်လောကတက်သွားမလဲ တစ်ချို့ ဆိုင်ခန်းငှါးတဲ့ အဒေါ်ကြီးတွေကစက်ပြင်ဆိုင်ဆို မီတာခ အရမ်းကျတယ်ထင်နေတာ ဘယ်လိုပြန်ပြောပြရပါ.မလဲစတာတွေကို လူအများရှင်းအောင်နည်းပညာပိုင်းကို သိပ်အလေးမပေးဘဲပြောကြည့်ချင်ပါတယ် မီးပူကို တစ်နာရီ ဆက်တိုက် တိုက်ရင်မီတာမှာ တစ်ယူနစ် 1 unit တက်မယ် (အော်တိုပိတ်ပိတ်သွားချိန်မပါ)ဘာဖြစ်လို့လဲဆိုတော့ မီးပူဟာWatt 1000 ရှိလို့ Watt 1000 ရှိတဲ့ပစ္စည်းကို တစ်နာရီကြာအောင်သုံးရင်တစ်ယူနစ် တက်တယ်အဲ့ဒါက ဖော်မြူလာပဲ 1000 watt × တစ္နာရီ = 1 unitတစ္နာရီကိုunit ဘယ်လောက်တယ်တယ် သိရင်နှစ်နာရီသုံးတယ်ဆို ၂ နဲ့မြောက်ပေါ့ သုံးနာရီသုံးတယ်ဆို […]
မီးသွေးသည် နဲ့ မျှစ်သည်ကို လုံးဝဈေးမစစ်သင့်တဲ့ အကြောင်းအရင်း
ထုံးတို့ မီးသွေးတို့ မျှစ်တို့များ ဘယ်တော့မှ ဈေးမဆစ်ပါနဲ့… ကိုယ့်အဖေလည်းပြောဖူးတယ်..ထုံးတို့မီးသွေးတို့ မျှစ်တို့များဘယ်တော့မှ ဈေးမဆစ်ပါနဲ့သမီးရယ်.တဲ့၊ မဝယ်နိုင်ရင်မဝယ်ပဲနေလိုက်ပါတဲ့..ထုံးဖုတ်မီးသွေးဖုတ်အလုပ်ဆိုတာပူပူလောင်လောင်နဲ့ လုပ်ကိုင်ရလို့..သိပ်ပင်ပန်းဆင်းရဲကြတာ ကိုယ်ချင်းစာပါသမီးရယ်တဲ့၊ ”မဆစ်နဲ့”မောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ပက်သက်လို့ ဖေဖေ့စိတ်ထဲမှာစွဲသွားတာလေးတခုက “မဆစ်နဲ့” ဆိုတဲ့ စကားလေး သမီးရဲ့။ ဟုတ်တယ် သူပြောဖူးတယ်…… ” မဆစ်နဲ့”လို့။ခရီးတစ်ခုတော့ ခရီးတစ်ခုပဲ သမီးရဲ့။ မကွေးဘက်လား၊ မုံရွာဘက်လား၊ဒါမှမဟုတ် မတ္တရာဘက်လား၊ ဖေဖေကောင်းကောင်း မမှတ်မိတော့ဘူး။ အဝေးပြေးကားကြီးနဲ့သွားကြရာက..တစ်နေရာ ကားခဏထိုးရပ်လိုက်တဲ့အခါရေသန့်ဘူးရောင်းတဲ့ ကလေးမ ကလေးတစ်ယောက် ကားအနားကို ကပ်လာပါလေရောလို့ ဆိုပါတော့။ ရေခဲစိမ်ထားလို့ထင်ပါရဲ့၊ သူ့လက်ထဲက ရေသန့်ဘူး သုံးလေးဘူးဟာ ရေတွေသီးလို့..ခြစ်ခြစ်တောက်အောင်ပူတဲ့ အညာနေရဲ့ အောက်မှာ “ရေသန့်ဘူး၊ ရေသန့်ဘူး”ဆိုတဲ့ အသံလေးဟာ စာ နေတာပဲ။ နဂိုမူလ ညိုတဲ့အသားကလေးဟာ နေအရှိန်မှာ ခြောက်နွမ်းလို့ပေါ့။ထုံးစံအတိုင်း ဆရာချစ်ဦးညိုက ရေသန့်ဘူးဝယ်ဖို့ ပြင်ဆင်ပါတယ်။ […]
အကြောညပ်၊အဆစ်လွဲ၊ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအပြင် လေဖြတ်လူနာတောင် နှစ်ပတ်မကြာ လမ်းပြန်လျှောက်နိုင်တဲ့နည်း ညောင်းညာကိုက်ခဲလို့ပဲဖြစ်စေ ၊ အကြောညပ်လို့ပဲဖြစ်စေ ၊ အရိုးအကြောအဆစ်အမြစ် ကိုက်ခဲနာကျင်ခြင်းပဲဖြစ်စေ ခန္ဓာကိုယ်အတွင်းပိုင်းနာကျင်မှုဟူသမျှအတွက် အထူးကောင်းမွန်တဲ့အိမ်တွင်းသုံးလိမ်းဆေးလေးပါ။ ကျွန်တော့််အဖေ လေဖြတ်တာ သုံးခါ။ လေဖြတ်တာကိုသိတာနဲ့ အဲ့ဒီဆေးဖော်ပြီးလိမ်းပေးပါတယ်။ နှစ်ပတ်မကြာဘူး။ လမ်းပြန်လျှောက်နိုင်ပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ပြုစုဖို့တော့လိုပါလိမ့်မယ်။ ထိခိုက်ပြတ်ရှဒဏ်ရာတွေ သွေးထွက်လွန်ရင်လည်း ဆေးရည်အနည်းငယ်လောင်းရုံနဲ့ သွေးတိတ်နိုင်ပါတယ်။ အိမ်တွင်းသုံး ဘက်စုံလိမ်းဆေးကြီးပြုလုပ်ပုံကတော့… အရက်ဆီ ၊ဒီဇယ်ဆီ ၊နှမ်းဆီ ၊ရှောက်သီး….. အရည်ကိုညှစ်ယူရပါမယ်။ အထက်ပါအရည်များကို ဆတူရောနှောပါ။ ရှောက်သီးမှာပါတဲ့ အခွံကအစ အစေ့အဆုံး လွှင့်မပစ်ရပါ။ ထိုအရည်ထဲတွင်ရောထည့်ပါ။ ထိုအရည်များကို အဝကျယ်ဖန်ပုလင်းအတွင်းကိုထည့်ပါ။ အဝတ်ချုပ်အပ်ကလေးငါးချောင်းထည့်လိုက်ပါဦး။ ထို့နောက်နေပူူလှန်းပါ။ ပုလင်းထဲမှအပ်ကလေးအရည်ပျော်သွားချိန်တွင် စတင်အသုံးပြုလို့ရပါပြီ။ ပုလင်းအဝကျယ်သုံးစေခြင်းမှာ ပုလင်းထဲရှိရှောက်ခွံများကိုနှိုက်ယူနိုင်ရန်ဖြစ်သည်။ ဆေးလိမ်းလျှင် ထိုရှောက်ခွံကလေးများနှင့် နာကျင်သည့်နေရာကို အသားထဲစိမ့်ဝင်အောင် ပွတ်ပေးရပါမည်။ အကိုက်အခဲကြောင့် ဝေဒနာခံစားရသူများ အမြန်ဆုံးသက်သာပျောက်ကင်းကြပါစေ။ […]
ရှဲယူထားပြီး တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ သင့်အတွက် အခက်အခဲဆိုတာ မရှိတော့ပါ (သိကြားမင်း ဂါထာတော်)
Zawgyi ရှဲယူထားပြီး တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ သင့်အတွက် အခက်အခဲဆိုတာ မရှိတော့ပါ (သိကြားမင်း ဂါထာတော်) တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်။ အခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင်ဒီဂါထာလေး ရွတ်ကြည့်ပါလား… #သိကြားမင်း ဂါထာတော် တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်။ ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည် …. ဒါ = ဝေးစွာသော အရပ်သို့ …. သာ = လျင်စွာ …. […]
ဆယ်တန်းကျောင်းသား ၁ ဦးကို အတန်းဖော် ၃ ဦးက ကြိုးတုပ် ကာ…
ဆယ်တန်းကျောင်းသား ၁ ဦးကို အတန်းဖော် ၃ ဦးက ရခိုင်ပြည်နယ်၊ မောင်တောမြို့ အ.ထ.က (၂) ကျောင်းမှာ ဇွန်လ ၂၁ ရက်က ဆယ်တန်းကျောင်းသား တယောက်ကို အတန်းတူကျောင်းသားသုံးယောက်က ကြိုးနဲ့တုပ်ဖမ်းဆီး အနိုင်ကျင့်ခဲ့တယ်လို့ ကျောင်းသားရဲ့ ဖခင်ဖြစ်သူက ပြောပါတယ်။ ချုပ်နှောင်ဖမ်းဆီးခံရသူဟာ ရွှေဇားကျေးရွာနေ ကျောင်းသား အာဇိမ်ခါန်း ဖြစ်ပြီး သူ့ကို ကြိုးနဲ့တုပ်ခဲ့သူတွေကတော့ မြို့မတောင်ရပ်ကွက်နေ အဒူရော်မန်နဲ့ သူ့ရဲ့ သူငယ်ချင်း နှစ်ယောက်တို့ ဖြစ်ကြပါတယ်။ စာမသင်တဲ့ ကျောင်းခန်းအလွတ်ထဲမှာ အဒူရော်မန် အပါအဝင် သူငယ်ချင်း ၃ ယောက်က အာဇိမ်ခါန်းကို ဖမ်းဆီးပြီး ပါးစပ်၊ ခြေ၊ လက်တွေကို ကြိုးနဲ့ချည်နှောင်ကာ ဆာလာအိတ်ထဲ ထည့်ပြီး ဝှက်ထားကြတာဖြစ်တယ်လို့ ကာယကံရှင်ဖြစ်သူက ပြောပါတယ်။ အာဇိမ်ခါန်းရဲ့ ဖခင်ဖြစ်သူ […]
လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ်
လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ် ရေ တွင်း ရေကန်ကရေကိုခပ်စရာမလို စုပ်ယူစရာစက်ပစ္စည်းမလိုဘဲ သဘာဝနည်းနဲ့ သုံးရေရယူ စိုက်ခင်းရေဖြန်း ၂၄ နာရီရေတက်နေတဲ့နည်းလမ်းလေးဖြစ်ပါတယ်၊၊ ရိပ်သာထဲရှိ စိမ့်ရေတွင်းထဲကရေကို လုမ္ပနီဥယျာဉ်စိုက်ခင်းအတွက် အလိုအလျောက်ရေတင်နိုင်အောင် စမ်းသပ်ရန်Youtube မှလေ့လာရှာဖွေထားတာပါ၊၊ နည်းပညာကို အားလုံးစမ်းသပ်အသုံးပြုနိုင်ကြစေဖို့ မျှဝေလိုက်ပါတယ်၊၊လေလုံတဲ့သံတိုင်ကီရယ်၊ ပလပ်စတစ်ရေပိုက်နဲ့ ပိုက်ဆက်ပစ္စည်း ရေဘားတွေရယ်၊ ရေစင် ဒီလောက်ပဲလိုပါတယ်၊၊ ပုံမှာပြထားတဲ့အတိုင်း ဉာဏ်ရှိသလိုတပ်ဆင်နိုင်ပါတယ်၊၊အရေးကြီးတာက ရေကန်ကလာတဲ့အဝင်ပိုက်ကအလုံးသေးပြီး အပေါ်ဖက်ကတပ်ရပါမယ်၊၊ ရေထွက်ပိုက်က နည်းနည်းလုံးပတ်ကြီးပြီး တိုင်ကီအောက်ဖက်ကထွက်ရမယ်၊၊တပ်ဆင်ပြီးရင်တိုင်ကီထဲရေပြည့်အောင်ထည့်ပါ၊ အောက်ကပိုက်ထဲလည်းရေပြည့်နေပါစေ၊ ရေဘားနဲ့ထိန်းထားပါ၊ရေကန်ထဲချထားတဲ့ရေပိုက်နဲ့ တိုင်ကီထဲရေပြည့်အောင်ရေချူဘားကနေရေဖြည့်ပါ၊၊ကန်ထဲကပိုက်အဖျားမှာ ရေထိန်းအောင်ဘီလူးခေါင်းတပ်ထားပါ၊၊ တိုင်ကီအောက်ဖက်က ရေပိုက်ဘားဖွင့်လိုက်ရင် တိုင်ကီထဲကရေပမာဏဖိအားကြောင့် ကန်ထဲကရေကိုစုပ်ယူပြီးတိုင်ကီထဲကို ရေတွေအပေါ်ကကျလာစေပါတယ်၊၊ ရေသွယ်တန်းပိုက်တစ်လျောက်ရေဖိအားပိုများဖို့ ပိုက်လုံးအထောင်လေးတွေတပ်ထားရင် ရေပိုသွက်တယ်လို့ဆိုပါတယ်၊၊ထိုင်းမှာသုံးနေတဲ့နည်းပညာပါ၊၊ ရေသန့်ဗူးလေးနဲ့စမ်းတာတော့ အဆင်ပြေပါတယ်၊၊လောင်စာချွေတာ ပတ်ဝန်းကျင်လည်းထိန်းသိမ်းပြီးသားအဆင်ပြေကြပါစေ။ Credit zawgyi လုံးဝလျှပ်စစ်မလို အင်ဂျင်မလိုဘဲ အလိုလို ရေတင်နည်းလေးမျှဝေပေးလိုက်ပါတယ် […]









