အသိပညာ

အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အဖေ့မေတ္တာကို မေ့မထားကြပါနဲ့ (ရင်ထဲထိတဲ့ ဖြစ်ရပ်လေးတစ်ခု)

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ ဟယ်လို အဖေ အဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့ ၂ သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီ အေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလိုက်မယ် ဟုတ် အဖေ ဒါပဲနော် သား ဘွဲ့ရအောင်…..တီတီတီ ဖုန်းချသွားလေပြီ သားရီး မနက်ဖြန် ငဝိုင်းပို့ပေးဖို့ အဖေ့ကို ပြောလိုက်ပြီ ၂ဆက်ရှင်လောက်တော့ ဒိုးကြရအောင် လုပ်လိုက်လေ ကြာသလားလို့ ဟား ငါ့သားလေး ဘွဲ့ရအောင်တော့ ဖျစ်ညှစ်ပြီး ထားပေးရမယ် ငါ့လိုတော့ အဖြစ်မခံနိုင်ဘူး အဲ့ဒါမှ သူ့ဘဝရှေ့ရေး သာယာ ဖြောင့်ဖြူးနိုင်မှာ… ကိုဘမောင် ဘယ်ကနေဘယ်လို မျက်စိလည်လာတာလဲရှင် ဒီကိုပဲ သက်သက်လာခဲ့တာ အစ်မ ရှင့်သားဆီက ငွေတောင်းပြန်ပြီလား ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လေး အစ်မဆီမှာ […]

ၾကားသိရသမွ်

“သားရှိရာ စခန်းထိလိုက်သွားပြီး ထမင်းဟင်းချက်ကျွေးတဲ့ PDF သူရဲကောင်းလေးရဲ့ မိခင်”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းစစ်တပ်ကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြသူတွေ ရှိပေမဲ့ ကိုယ့်သားသမီးကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အထိ အားပေးတိုက်တွန်းတဲ့ မိဘမျိုးကတော့ ရှားပါလိမ့်မယ်။ အသက် ၂၁ အရွယ် ကိုသန့်စင်လင်းထက်ကတော့ ဖခင်ရော၊ မိခင်ရောက လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ အားပေးကြရုံသာမက အခုဆို မိခင် ကိုယ်တိုင်က သားဖြစ်သူရှိရာ ပြည်သူ့ ကာကွယ်ရေးတပ် စခန်းအထိ လိုက်နေပြီး တတ်နိုင်တဲ့ဘက်က ပံ့ပိုးကူညီပေးနေပါတယ်။ အသက် ၄၅ နှစ်အရွယ် သူ့မိခင်က…အာဏာသိမ်းပြီလို့ သိလိုက်ရတဲ့ အချိန်က ပေါက်ကွဲမိတယ်၊ သားဖြစ်သူက သပိတ်မှောက်မယ်လို့ စပြောခဲ့တဲ့ အချိန်မှာ သူ မတားခဲ့ဘူးလို့ ပြောပါတယ်။ သူ့အနေနဲ့ ၁၉၈၈ ခုနှစ်က အာဏာသိမ်းမှုကိုလည်း ကြုံခဲ့ဖူးတယ်၊ အခုလည်း တခါ ထပ်ကြုံရပြန် တဲ့အတွက် ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူးလို့ […]

ၾကားသိရသမွ်

ဘန်ကောက်မှာဆေးရုံတက်နေရတဲ့ ပြည်သူချစ်မင်းသမီးကြီး အန်တီချိုပြုံး

မင်းသမီးကြီးချိုပြုံးဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ ပြည်သူချစ် မင်းသမီးကြီးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းကို များစွာ လက်ခံရရှိထားတဲ့ အန်တီချိုပြုံးဟာ လက်ရှိမှာ လည်ပင်းအကျိတ်ရောဂါ ရပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ Photo credit to original uploader  အန်တီ ချိုပြုံးရဲ့ လည်ပင်းအကျိတ်ကို မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့မှာ ဘန်ကောက်ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူမယ်လို့ သိရပြီး အကောင်းဆုံး ခွဲစိတ်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ Photo credit to original uploader  အန်တီချိုပြုံး ဘန်ကောက်ဆေးရုံမှာ ဆေးရုံတင်ထားရတဲ့အကြောင်းကို ဆရာကြီး ဦးဝင်းငြိမ်းက “ချိုပြုံး ဆေးရုံတက်နေရပါပြီ။ မနက်ဖြန်လည်ချောင်းကအကျိတ်ခွဲရမယ်လို့သမီးမိုးမိုးကပြောပါတယ်။ Photo credit to original uploader  […]

ဗဟုသုတ

အရမ်းကြီးချွေတာစရာမလိုပဲ အသုံးစရိတ်ကိုထိန်းချုပ်နိုင်မယ့်နည်းလမ်း (၆)ခု

အရမ်းကြီးချွေတာစရာမလိုပဲ အသုံးစရိတ်ကိုထိန်းချုပ်နိုင်မယ့်နည်းလမ်း (၆)ခု ၁။ ကုန်ကျစရိတ်တွေကို အသေးစိတ် ရေးမှတ်ထားပါ။ ငွေတွေကို ဘယ်နေရာမှာ ဘယ်လိုသုံးလိုက်တယ် ဆိုတာကို သိထားရင် ငွေတွေကို အရမ်းမသုံးစေတော့ပါဘူး။ အဲဒါကြောင့် သင်သုံးလိုက်တဲ့ ငွေတွေကို စာအုပ်သို့မဟုတ် app တစ်ခုထဲမှာ ရေးမှတ်ထားပါ။ ထွက်ငွေကို ရေးမှတ်တတ်တဲ့အကျင့်က ငွေ့စုဖြစ်စေဖို့ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်။ လကုန်တဲ့အခါ ဝင်ငွေနဲ့ထွက်ငွေ ဘယ်အရာက ပိုများနေလဲဆိုတာကို ချင့်ချိန်သွားမိစေမှာပါ။ ၂။ တစ်လစာ သုံးမယ့်ငွေကို စီစဉ်ထားပါ။ သင့်ရဲ့တစ်လစာအသုံးစရိတ်ကို ခွဲတမ်းတွေချထားရင် အပိုငွေတွေ အရမ်းမကုန်တော့ပါဘူး။ သွားလာစရိတ်၊ အစားအစာ၊ ဘီလ်နဲ့ အခြားအသုံးစရိတ်တွေကို လျာထားလိုက်ပါ။ အထိရောက်ဆုံးနည်းကတော့ ငွေတွေကို ခွဲတမ်းချပြီးရင် စာအိတ်တစ်အိတ်စီမှာ ထည့်ထားလိုက်ပါ။ ၃။ အွန်လိုင်းကနေ ဈေးဝယ်ပါ။ အပြင်မှာဈေးဝယ်တာထက် အွန်လိုင်းမှာဈေးဝယ်တာက […]

ၾကားသိရသမွ်


(၁၈)နှစ်အရွယ် မိန်းကလေးတစ်ဦး မိုဘိုင်းဖုန်းကို အားသွင်းရင်း ဖုန်းစကားပြောနေစဉ် အပူလွန်ပြီး… See more လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကတည်းက မိုဘိုင်းဖုန်း ဘတ်ထရီများကြောင့် မီးလောင်မှုတွေ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးတာကြောင့် ဖုန်းအသုံးပြုသူတွေကြားမှာ ထိန့်လန့်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ဖုန်းတွေကို သုံးစွဲသူတွေအတွက် လုံခြုံစိတ်ချမှုရှိအောင် ပြုပြင်ထုတ်လုပ်လာခဲ့ကြပါတယ်။ဒါပေမယ့်လည်း လတ်တလောသတင်းတစ်ပုဒ်အရ အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး မိုဘိုင်းဖုန်းကို အားသွင်းရင်း ဖုန်းစကားပြောနေစဉ် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရပါတယ်။သတင်းအရ အသက် ၁၈ နှစ်အရွယ် Uma Oram ဆိုသူ မိန်းကလေးဟာ ဖုန်းအားသွင်းထားရင်း ဆွေမျိုးတွေဆီကို ဖုန်းဆက်စကားပြောနေစဉ် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရတာပါ။ ပေါက်ကွဲမှုကြောင့် သူမရဲ့ လက်၊ ရင်ဘတ်နဲ့ ခြေထောက်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပါတယ်။ […]

ၾကားသိရသမွ်

တရုတ်က ကွမ်းသီးအနု အဝယ်လိုက်နေလို့ ကွမ်းသီးဈေးကွက်ပျက်မှာ စိုးရိမ်နေရ

တရုတ်က ကွမ်းသီးအနု အဝယ်လိုက်နေလို့ မွန်ပြည်နယ် ကွမ်းသီးဈေးကွက်ပျက်မှာ စိုးရိမ်နေရ မော်လမြိုင် ၊ ဇွန် (၂၉) မွန်ပြည်နယ်ထွက် အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ဘက်က ဈေးကောင်း ပေးဝယ်ယူနေတာကြောင့် လာမယ့် ကွမ်းသီးပေါ်ချိန်မှာ ကွမ်းသီး အရင့်ရှားပြီး ဈေးကွက် ပျက်မှာကို စိုးရိမ်နေရတယ်လို့ ကွမ်းသီးပွဲရုံလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရည်သောက်အရွယ် ကွမ်းသီးအနုတွေကို တရုတ်ကုန်သည်တွေက ဒီနှစ်ပိုင်းအတွင်း ကျေးရွာတွေ အထိ ဆင်းပြီး ဈေးကောင်းပေး ဝယ်ယူလာတဲ့အတွက် မွန်ပြည်နယ် ကွမ်းသီးဈေးကွက်မှာ ကွမ်းသီး အရင့်တွေ ရှားပြီး ဈေးနှုန်း မြင့်တက်လာပါတယ်။ လက်ရှိမှာတော့ ဈေးကွက်အတွင်း ကွမ်းသီးအရင့် လက်ကျန်နည်းနေတဲ့အတွက် ကွမ်းသီး တစ်ပိဿာကို ကျပ် ၄၉၀၀ ကနေ ၆၀၀၀ ကျော်ထိ ဈေးနှုန်း မြင့်တက်လာတာ […]

ဗဟုသုတ

ကျိုက်ကလော့ဘုရားပေါ်က ထူးဆန်းသောဖြစ်ရပ်နဲ့ ဘုရင့်နောင်မင်းရဲ့မိဖုရား ယိုးဒယားမင်းသမီး တို့အကြောင်း

ရန်ကုန်ပြည်လမ်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက်(ဝါယာလက်ဈေး)အနီးရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလော့စေတီတော်မြတ်ကြီးကို အိမ်နဲ့နီးသော်လည်း သိပ်မရောက်ဖြစ်ပါ။ အခါကြီးရက်ကြီးလောက်သာ ရောက်ရှိဖူးမျှော်ဖြစ်ပါတယ်။ ထိုကဲ့သို့ရက်များတွင် ပျားပန်းခတ်မျှလူစည်ကားသလို အထူးသဖြင့် ဘာကြောင့်မှန်းမသိ ရုပ်ရှင်လောက မင်းသမီးအများစုက ဒီဘုရားမှာဆွမ်းကပ်ခြင်း အလှူ ဒါနပြုခြင်း အများပြည်သူဘုရားဖူးလာသူများကို ပံ့သကူဝတ္တု ပစ္စည်းပေးဝေလှူဒါန်းခြင်းများကိုအခါကြီးရက်ကြီးများတွင်ပြုလုပ်လေ့ရှိပါသည်။ ဒီနေ့တော့ ကြားရက်ဖြစ်သဖြင့် ဘုရားပေါ်တွင်လူသူရှင်းနေပါတယ်။ ဘုရားတစ်ပါတ်လှည့်သောအခါ ကျနော် အရင်ကမြင်နေကျမဟုတ်သော နတ်နန်းတစ်ခုက အမည်ပြောင်းလဲနေသည်ကိုတွေ့လိုက်ရပါတယ်။ ထိုနတ်နန်းမူလအမည်မှာ”ယိုးဒယားမင်းသမီး အမျိုးရုံမိဖုရားနတ်နန်း” ပါယခုပြောင်းလဲထားသောအမည်က”ယိုးဒယားမင်းသမီး ဆုပန်ကလျာ နတ်နန်း” တဲ့ နှစ်ပေါင်းသုံးလေးရာ ခေါ်ဆိုလာခဲ့တဲ့ အမည်တစ်ခုဆိုတာထက် ဒုတိယပြည်ထောင်မင်းကြီး ဘုရင့်နောင်ကျော်ထင်နော်ရထာရဲ့ မိဖုရားယိုးဒယားမင်းသမီး (ယိုးဒယားဘုရင် ဗြနရဇ်ရဲ့နှမတော်မင်းသမီး)နာမည်က အမျိုးရုံမင်းသမီးဆိုတာ မှန်နန်းရာဇဝင်တော်တို့ တွင်းသင်းရာဇဝင်သစ်တို့မှာအထောက်အထားမှန်ကြောင်းပါရှိပါရက်နဲ့ ဘာကြောင့် အလွယ်တကူ ဗြုံးစားကြီးပြောင်းပစ်ကြတာလဲမသိ။ စိတ်ထဲဝယ်သိပ်မကျေနပ်ပါ။သိခြင်စူးစမ်းခြင်စိတ်နဲ့အတူ ကျနော်ဘုရားဂေါပကအဖွဲ့ဝင်တွေကိုလှည့်ပါတ်မေး ဒုက္ခပေးတော့တာပါဘဲ။ နိဒါန်းဇတ်လမ်း ပြန်အစဖေါ်ရလျင် ဒီဘုရားမှာ […]

ၾကားသိရသမွ်

YBS အမျိုးသမီး ယာဉ်မောင်း မယဉ်ယဉ်အေး နှင့် ခဏတာ…

“YBS ကားမောင်းလာတာ (၅) နှစ် ရှိပါပြီ။ ကားမပျက်ဘူး ဆိုရင် တစ်လ ဝင်ငွေ​ (၅) သိန်း ဝန်းကျင်လောက် ရပါတယ်။ အသက် (၁၅) နှစ်လောက်မှာ အိမ်ထောင်ကျခဲ့တယ်။ ခင်ပွန်းက စောင့်ရှောက်မှုတွေ မပေးနိုင်တော့ မိဘဆီ ပြန်လာနေခဲ့ပြီး Single Mom/ တစ်ခုလပ် ဘဝနဲ့ ရပ်တည် ခဲ့တယ်။ ကိုယ့်အား ကိုယ်ကိုးရင်း ကြိုးစားခဲ့တာ အခုဆို မိသားစုကို အိုးပိုင်အိမ်ပိုင်နဲ့ ထားနိုင်ပါပြီ” လို့ ပြောလာတဲ့ အမျိုးသမီး ယာဉ်မောင်း မယဉ်ယဉ်အေး နှင့် ခဏတာ။ “YBS ကားမောင်းလာတာ (၅) နှစ် ရှိပါပြီ။ ကားမပျက်ဘူး ဆိုရင် တစ်လ ဝင်ငွေ​ (၅) သိန်း ဝန်းကျင်လောက် ရပါတယ်။ […]

ကြားသိရသမျှ

လူမှုကွန်ယက်ဖေ့စ်ဘုတ်တွင် “ထပ်တူပြန်ခံစားရပါစေ” ဟူသည့် မှတ်ချက်ကြောင့် ကိုယ်ဝန်အရင့်အမာ အမျိုးသမီးကို စစ်ကောင်စီက…See more

လူမှုကွန်ယက်ဖေ့စ်ဘုတ်တွင် “ထပ်တူပြန်ခံစားရပါစေ” ဟူသည့် မှတ်ချက်ကြောင့် ကိုယ်ဝန်အရင့်အမာ အမျိုးသမီးကို စစ်ကောင်စီက…See more လူမှုကွန်ယက်ဖေ့စ်ဘုတ်တွင် “ထပ်တူပြန်ခံစားရပါစေ” ဟူသည့် မှတ်ချက် (comment)ပေးခဲ့သည့် ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို ယမန်နေ့ ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွာင်း သိားကြေရသည်။ သတင်းဌာနတစ်ခုတွင် ဇွန်လ ၂၂ ရက်နေ့က ဖော်ပြခဲ့သည့် “ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးကာ ၃ ဦးအဖမ်းခံရမှုတွင် အဓိကလက်သည် စစ်ကောင်စီတပ်ဘက်က တပ်မှူး” ဖြစ်ကြောင်း ရေးသားထားသည့် သတင်းတွင် ထိုသို့မှတ်ချက်ပေးမိရာမှ ဖမ်းဆီးခံခဲ့ရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ “မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက် အရပ်ဝတ်တွေနဲ့ ကားတွေ ပါတယ်။ ရဲလား၊ […]

ကျမ္မာရေး ဗဟုသုတ


Zawgyi သုံးနှစ်သုံးမိုးအမြဲကိုက်နေတဲ့ကျွန်တော်ခြေထောက်လေး ဒီနည်းနဲ့မှပျောက်တော့တယ်ဗျာ… ကဲဗျာချစ်မိတ်ဆွေတိုဒီတစ်ခါ အလွှယ်ဆုံးနည်းလေ ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်းပြောပြချင်တယ်ဗျ။ သုံးနှစ်သုံးမိုးအမြဲကိုက်နေတဲ့ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်းခဏပဲ သက်သာတာ အကိုက်ပျောက်ဆေး ထိုးလည်းခဏပဲသက်သာတာ….. အခုတော့ခရမ်းသီးကို အရေညစ်ပြီးကိုက်တဲ့နေရာကို လိမ်းတာအခုတော့ ပျောက်နေပြီဗျ… ကျွန်တော် ပျောက်သလိုကျွန်တော့လို ခံစားနေရတဲ့ဝေဒနာရှင်တွေလည်း ပျောက်စေချင်တဲ့ စေတနာမေတ္တာနဲ့ ဒီဆေးနည်းလေး ပြောပြပါရစေ။ အရင်ဆုံးခရမ်းသီးကိုလေးစိပ်စိပ်ပါ။လေးစိပ်စိပ်ပြီးရင်ခရမ်းသီးကိုသံပုရာသီးညစ်သလိုညစ်ပါ။ ညစ်လို့ထွက်လာတဲ့ခရမ်းသီး အရေကိုမိတ်ဆွေညောင်းညာ ကိုက်ခဲနေတဲ့နေရာကိုလိမ်းပေးပါ။ ခရမ်းသီးရေလိမ်းတဲ့နေရာကိုခဏအဝတ်လေးနဲ့ စီးထားပါ… မကြာခင်မှာအညောင်းပြေလို့ အကိုက်သက်သာစေပါတယ်ဗျာ။ လက်တွေ့သုံးကြည့်ပါ။ ၇ ရက်သားသမီးများချမ်းသာလို့ ကျမ်းမာကြပါစေခင်ဗျာ။ ။ Kyaw Khaing OO Unicode သုံးနှစ်သုံးမိုးအမြဲကိုက်နေတဲ့ကျွန်တော်ခြေထောက်လေး ဒီနည်းနဲ့မှပျောက်တော့တယ်ဗျာ… ကဲဗျာချစ်မိတ်ဆွေတိုဒီတစ်ခါ အလွှယ်ဆုံးနည်းလေ ဝယ်ရလွယ်တဲ့ မြန်မာဆေးနည်း ခရမ်းသီးလေး အကြာင်းပြောပြချင်တယ်ဗျ။ သုံးနှစ်သုံးမိုးအမြဲကိုက်နေတဲ့ကျွန်တော်ခြေထောက်လေး ဆေးသောက်လည်းခဏပဲ သက်သာတာ အကိုက်ပျောက်ဆေး ထိုးလည်းခဏပဲသက်သာတာ….. […]