”လက်ပံတွေ ပွင့်ပြန်ပြီရော… ကျွန်တော်ချစ်သော မြို့လေးဆီ ပြန်လာဖို့ အခွင့်မသာတော့ဘူး ထင်ပါရဲ့ ” ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က သူ့ဖေ့စ်ဘုတ်ပို့စ်မှာ ဒီ စတေးတပ်ကို ရေးခဲ့တဲ့ CDM သူနာပြုဆရာမလေး မဇာလီနိုင်ဟာ အခုတော့ တကယ်ကိုပဲ သူ့အိမ်ပြန်ဖို့ အခွင့်မသာတော့ပါဘူး။ ပြီးတော့ သူ အရမ်းစားချင်ခဲ့တဲ့ ပီဇာ ကိုလည်း စားခွင့်မရှိတော့ပါဘူး။ ရုပ်ရှင်မင်းသမီးဖွေးဖွေးကို သဘောကျအားပေးသူ တစ်ယောက်အနေနဲ့ ဖွေးဖွေး နဲ့ဆုံတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့သလို ဖွေးဖွေးပုံလေးတွေလည်း သူ့ ဖေ့စ်ဘုတ်မှာ တင်ဖြစ်မှာ မဟုတ်တော့ပါဘူး။ စာအုပ်တွေကို ချစ်တဲ့ သူနာပြုဆရာမလေးဟာ အခုတော့ သူကြိုက်တဲ့ စာရေးဆရာတွေဖြစ်တဲ့ မင်းလူ၊ ငြိမ်းကျော်၊ ဂျူးနဲ့ ခင်ခင်ထူး တို့ရဲ့ စာတွေကိုလည်း ဖတ်ခွင့်မရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်တဲ့ […]
Day: July 17, 2022
အဖေ့ရဲ့လက်ဝါး (အရမ်းကောင်းလို့ အချိန်ခဏပေးပြီးဖတ်ကြည့်ပါ)
တခါကကုမ္ပဏီကြီးတစ်ခုတွင် မန်နေဂျာရာထူးအတွက် လူတွေ့စစ်ဆေးပွဲကို ကျင်းပပြုလုပ်နေသည်၊၊ လူငယ်လေးတစ်ယောက်ကို ဒါရိုက်တာအဖွဲ့က နောက်ဆုံးအဆင့်အနေဖြင့် အင်တာဗျူးရန် ခေါ်တွေ့သည် ၊၊ ဒါရိုက်တာတစ်ဦးက လူငယ်လေး၏ စီဗွီဖောင်အားဖတ်လိုက်ပြီး သဘောကျသွားသည် ထိုလူငယ်လေး၏ ပညာအရည်အချင်းနဲ့ ကြိုးစားအားထုတ်ခဲ့မှုများမှာ ဘာမှအပြစ်ပြောစရာမရှိ အလယ်တန်းအဆင့်မှသည် ဘွဲ့ရပြီးသည့်တိုင် သူ၏ပညာအရည်အချင်းက ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်၊၊ ဒါရိုက်တာကြီးတစ်ဦးက ဒါနဲ့မောင်ရင်က ပညာတော်တော့ ပညာသင်ဆုတွေဘာတွေများ ရခဲ့ဖူးလား ထောက်ပံ့ကြေးတွေ ဘာတွေရခဲ့ဖူးလား မင်းတင်ပြထားတဲ့အချက်တွေထဲမှာ အဲဒါတွေ မပါလို့ ကျနော်ထောက်ပံ့ကြေးတွေ တစ်ခါမှမရခဲ့ဖူးပါဘူးခင်ဗျာ ဒါဆိုမင်းအဖေက ချမ်းသာလို့လား ဒီမှာတော့အလုပ်သမားလို့ပဲတွေ့တယ်၊၊ သူကဘာလုပ်လဲ ဘွဲ့ရပြီးတဲ့အထိ သူကပဲ မင်းကို ထောက်ပံ့ခဲ့တာပေါ့ ဟုတ်ပါတယ်ဗျ အမေဆုံးသွားပြီးကတည်းက အဖေကပဲ ထောက်ပံ့ပြီး ကျောင်းထားခဲ့တာပါ မင်းအဖေကဘာလုပ်သလဲ ပန်းရံဆရာတစ်ယောက်ပါ ထိုစဉ်ဒါရိုက်တာ တစ်ဦးက ဒီရှေ့ကိုခဏလောက်လာပါအုံး ဟုပြောလိုက်သည်၊၊ လူငယ်လေးက […]
နာမည်ကတော့ ရန်ကုန် ဖြစ်နေတာက ရန်စုံ ပညတ်သွားရာ ဓာတ်သတ်မပါတော့တဲ့ ရန်ကုန်
ရန်ကုန်တွင် လုယက်မှု များပြားလာသဖြင့် သတိပေးစာများ ချိတ်ဆွဲ ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ လုယက်တာတွေများပြားနေတဲ့အတွက် သတိထားသွားလာကြဖို့ လျှပ်စစ်ဓာတ်ကြိုးတွေမှာ သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲပြီး သတိပေး တာတွေကို ပြည်သူတွေက ပြုလုပ်နေကြပါတယ်။ စစ်ကောင်စီက အုပ်ချုပ်နေတဲ့ တနှစ်ကျော်ကာလအတွင်းမှာ တရားဥပဒေစိုးမိုးမှု လျော့ကျလာပြီးတော့ ကုန်းဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် ခိုးဆိုးလုနှိုက်တွေဟာ ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ တရားစီရင်ရေးထက် အခုလို ပြည်သူအချင်းချင်း သတိပေးတာတွေပြုလုပ်လာရတာလို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။ ရန်ကုန်မှာ ယခင်က မြို့စွန်တွေလောက်မှာပဲ လုယက်မှုတွေရှိနေပေမယ့် အခုအခါ လူသွား လူလာများပြားတဲ့ နေရာတွေမှာပါ အသက်အန္တရာယ်ထိခိုက်စေလောက်တဲ့ လုယက်မှုတွေကို ကျူးလွန်လာကြပေမယ့် စစ်ကောင်စီရဲ့ ရဲဌာနကတော့ ပြည်သူတွေ အားကိုးအားထား ထိုက်ပြုလောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ လုယက်မှုတွေဟာ ရန်ကုန်မြို့ လှည်းတန်းလို […]
အိမ်ခြေမဲ့အမျိုးသားကို ထမင်းကျွေးပြီး သမီးဖြစ်သူကို သနားကြင်နာတက်တဲ့ သူတစ်ယောက်ဖြစ်အောင် သင်ကြားပေးတဲ့ ဖခင်ကောင်း
အိမ်ခြေမဲ့အမျိုးသားကို ထမင်းကျွေးပြီး သမီးဖြစ်သူကို သနားကြင်နာတက်တဲ့ သူတစ်ယောက်ဖြစ်အောင် သင်ကြားပေးတဲ့ ဖခင်ကောင်း အဖေတစ်ဦးက သူ့သမီးကို မေတ္တာနဲ့သနားကြင်နာမှု သင်ပေးတာကြောင့် မကြာသေးခင်က ပျံ့နှံ့ မှုဖြစ်ပွားခဲ့ပါတယ် ။ Netizen Willy Chong က သူဟာ မလေးရှားနိုင်ငံရက Bak Kut Teh ဆိုင်မှာ မျက်မြင်တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။ Chong ရဲ့ အဆိုအရ အင်္ကျီအနီးရောင်နဲ့ ဖခင်တစ်ဦးနဲ့ သူ့သမီးတို့က ဆိုင်အပြင်ဘက်မှာ ညစာစားနေစဉ် အိမ်ခြေမဲ့အမျိုးသားတစ်ဦးက တစ်ခုတစ်ခုစားချင်တဲ့ပုံနဲ့ သူတို့နားချဉ်းကပ်လာခဲ့ပါတယ် ။ ထိုအိမ်ခြေမဲ့အမျိုးသားကို လျစ်လျူရှုမယ့်အစား ဒီဖခင်က အိမ်ခြေမဲ့လူကို သူတို့နဲ့အတူ စားဖို့ဖိတ်လိုက်တာပါ ။ သူက စားကြွင်းစားကျန်တွေမပေးဘဲ သူ့အတွက် အပိုအစားအစာကို မှာကြားခဲ့ပါတယ် ။ Chong က […]
မြန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက် ကုဋေ ပြီးရင် ဘာလာလဲ။
မန်မာ့ ဂဏန်းသင်္ချာမှာ ကုဋေ ပြီးရင် ဘာလာလဲ မသိသေးသူများအတွက် ကုဋေ ပြီးရင် ဘာလာလဲ။ ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ ကုဋေ ဆိုပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက ဆိုခဲ့ကြဖူးတယ်။ ကုဋေ ပြီးရင် အစဉ်လိုက်လာတဲ့ ဂဏန်းအခေါ်အဝေါ်တွေကို မင်မင်က ဗဟုသုတအနေနှင့် ဖော်ပြပေးလိုက်ရပါတယ်။ ငယ်၊စဉ်၊ကြီး၊လိုက် ဆိုရသော်ခု ၊ ဆယ် ၊ ရာ ၊ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ၊ကုဋေ ၊ ကောဋိ ၊ ပကောဋိ ၊ […]
ဝက်ခြံကို မညှစ်သင့်တဲ့အကြောင်းအရင်း (၄) ချက်
မျက်နှာပေါ်က ဝက်ခြံတွေကို ဘယ်သူမှ သဘောမကျကြပါဘူး။ ဒါပေမယ့် အချို့က မျက်နှာမှာ ဝက်ခြံတွေပေါ်လာတဲ့အခါ ညှစ်တတ်ကြပါတယ်။ တကယ်တော့ ဝက်ခြံညှစ်တာက ပိုပြီးတော့ ဆိုးဝါးသွားစေပါတယ်။ အဲဒါကြောင့် ဝက်ခြံမညှစ်သင့်တဲ့ အကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။ ဟော်မုန်းအပြောင်းအလဲ သို့မဟုတ် အသားအရေမှာ အဆီတွေအရမ်းများတဲ့အခါတွေမှာ ဝက်ခြံတွေ ပေါက်လာပါတယ်။ ဆယ်ကျော်သက်တွေအပြင် အရွယ်ရောက်ပြီးသူတွေမှာလည်း ဝက်ခြံပေါက်ကြပါတယ်။ အစားအသောက်၊ စိတ်ဖိစီးမှုတွေကြောင့်လည်း ဝက်ခြံတွေက ပိုဆိုးလာတတ်ပါတယ်။ ဝက်ခြံမညှစ်သစ်တဲ့နေရာများ နှာခေါင်းနဲ့ နှုတ်ခမ်းတစ်ဝိုက်ကို တြိဂံပုံဆွဲလိုက်ပါ။ အဲဒီတြိဂံနေရာမှာ ဝက်ခြံပေါက်လာရင် မညှစ်သင့်ပါဘူး။ သွေးကြောလေးတွေက အဲဒီတြိဂံနေရာမှာ ရှိတာကြောင့် အခြားကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်ပေါ်စေနိုင်လို့ပါ။ ဝက်ခြံမညှစ်သင့်တဲ့အကြောင်းအရင်းများ ၁။ ဝက်ခြံညှစ်လိုက်လို့ ဝက်ခြံတွေက မပျောက်သွားပါဘူး။ ဝက်ခြံညှစ်တာက ချွေးပေါက်တွေကို ပွင့်သွားစေပြီး ဘက်တီးရီးယားတွေကို […]
ရန်ပြုမယ့်နွားကို သီချင်းဆိုပြခဲ့တဲ့အမျိုးသမီး နွားဝှေ့တာကို ပြင်းထန်စွာခံခဲ့ရ
အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ဟာ နွားဝှေ့တာကို ပြင်းထန်စွာ ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သူမဟာ အဆိုပါ နွားသိုးကြီးကို သီချင်းဆိုပြခဲ့တာဖြစ်ပြီး၊ သူမ ဆိုပြခဲ့တဲ့သီချင်းကတော့ Black Eyed Peas ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “My Humps”လို့ အမည်ရပါတယ်။ အဆိုပါသီချင်းဟာ ဥရောပတစ်ခွင်မှာ ပြဲပြဲစင်အောင် အောင်မြင်မှုရခဲ့ပြီး၊ Hump ဆိုတဲ့ အဓိပ္ပါယ်ဟာကလည်း နွား၊ ကလားအုတ်တို့ရဲ့ ဘို့တွေကို ရည်ညွှန်းလို့လည်း ရပါတယ်။ နွားဝှေ့တာ ခံခဲ့ရသူရဲ့ နာမည်ကတော့ Melissa Meville ဖြစ်ပြီး အသက်ကတော့ (၂၄)နှစ်ပါ။ သူမဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အိန္ဒိယကို ရောက်နေတာပါ။ ရာဂျာစသန်ပြည်နယ်မှ သူမရဲ့ ဟိုတယ်ကို ပြန်အလာလမ်းမှာ ဘို့ထောင်ထောင် နွားသိုးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိခဲ့ပါတယ်။ သူမဟာမှင်သေသေနဲ့ […]
ကျောင်းသူတစ်ဦးအား ဆယ်တန်းအောင်ဆေး ပေးမယ် ဆေးကအရမ်းစွမ်းတယ်ပြောပြီး အိပ်ခန်းထဲသို့ ဆွဲခေါ်ကာ… See more
Zawgyi ကျောင်းသူတစ်ဦးအား ဆယ်တန်းအောင်ဆေး ပေးမယ် ဆေးကအရမ်းစွမ်းတယ်ပြောပြီး အိပ်ခန်းထဲသို့ ဆွဲခေါ်ကာ… See more စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ပြင်ဦးလွ င်ရပ်ကွက်တွင် လွန်ခဲ့တဲ့နေ့လည်(၁)နာရီခွဲအချိန်က ဆယ်တန်းကျောင်းသူ မခင်မာ(အမည်လွဲ) သည်နေအိမ်၌ ရေချိုးပြီး သနပ်ခါးလိမ်းနေစဉ် ခြံဝင်းကပ်လျက်နေထိုင်သူ ဦးအောင်ထွန်းလွင်ရောက်လာပြီး ဆယ်တန်းအောင်ဆေးရှိတယ်၊ ဆေးကအရမ်းစွ မ်းတယ်၊ ဒီဆေးကြောင့် ဆယ်တန်းအောင်သွားသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုပါသည်။ငါတူမ ရချင်ရင် အိမ်ကိုလာယူလေ၊ ခုအားတယ်မို့လား၊ မကြာပါဘူး မိနစ်(၂၀)လောက်ဘဲကြာမယ်ဟုပြောဆိုပြီးပြန်သွားပါသည်။ မခင်မာ(အမည်လွဲ)သည် ကျေ ာင်းသွားရန် ကျောင်းလွယ်အိတ်ကိုယူပြီး ဦးအောင်ထွန်းလွင်နေအိမ်ဘက်သို့ ဆယ်တန်းအောင်ဆေးယူရန် သွားခဲ့ပါသည်။ ဦးအောင်ထွန်းလွင်မှ အိမ်ပေါ်ခေါ်ပြီး အရည်အဆီအဖြူရောင်နှင့် အကြည်ပလပ်စတစ်ဘူးအားပြသပြီး ဒါဆယ်တန်းအောင်တဲ့ ဆေးရည်ဟုပြောပြသည်။ ၄င်းဆေးအား ဘယ်လိုလိမ်းရမည်လည်းဟုမေးရာ ဦးအောင်ထွန်းလွင်မှ မိန်းမအင်္ဂါထဲမှာ လိမ်းရမည်ဟုပြောရာ၊ ဒါဆိုရင် မလိမ်းချင်ပါဘူးဟုပြောဆိုပြီး ပြန်မည်ဆိုပြီး ထွက်ခဲ့ရာ […]
ရွှံ့ဗွက်တွေနှင့် တောတောင်ကြားထဲကနေ ၁နာရီကျော်ကြာ စက်ဘီးစီးပြီး ကျောင်းတက်ခဲ့ရသော ကောင်လေး
ရွှံ့ဗွက်တွေနှင့် တောတောင်ကြားထဲကနေ ၁နာရီကျော်ကြာ စက်ဘီးစီးပြီး ကျောင်းတက်ခဲ့ရသော ကောင်လေး မည်သို့သော ခက်ခဲကြမ်းတမ်းသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ ကိုယ်လိုချင်သည့် ပန်းတိုင်ကို ရောက်အောင်သွားသည့်သူများမှာ အလွန်လေးစားဖွယ် ကောင်းလှသည်။ ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Lang Sonခရိုင် တောင်ပေါ်ကုန်းမြင့်ဒေသတွင် နေထိုင်သော Quyetအမည်ရှိ ၁တန်းကျောင်းသားအရွယ် ကောင်လေးသည် နေ့စဥ် သွားရခက် လာရခက်သည့် ရွှံ့ဗွက်တွေနှင့်အတူ အရမ်းချော်သော လမ်းများကို ဖြတ်ပြီး ကျောင်းတက်ခဲ့ရသည်။ ကောင်လေးဧ။် အိမ်သည် စာသင်ကျောင်းနှင့် အလှမ်းဝေးကာ ကျောင်းသွားသည့် လမ်းတစ်လျှောက်လုံးမှာပဲ ချောချောချူချူမျိုးမဟုတ်ပဲ ကျောက်ဆောင်များရှိသည့်ကြားက ရွှံ့ဗွက်ထူထူနှင့် ဖြစ်နေတာကြောင့် ၁နာရီကျော် စက်ဘီးနင်းခဲ့ရသည်။ ကောင်လေးသည် ကျောပိုးအိတ်လေးတစ်လုံးလွယ်ကာ အထဲတွင် ကျောင်းစာအုပ်နှင့်တကွ ဘောင်းဘီတစ်ထည်ပါအပိုအဖြစ် ယူဆောင်သွားလေ့ရှိသည်။ ကောင်လေးသည် နေ့စဥ်ဆိုးရွားသည့် လမ်းကြမ်းတမ်းမှုအခက်အခဲများ ကြုံတွေ့ရသော်လည်း စိတ်ဓာတ်ကျခြင်းမရှိ […]
ဖြစ်ကြောင်းကုန်စင် အညာတခွင် အစီအစဉ်ရဲ့ သတင်းကြေညာသူ လွှတ်တော်ကိုယ်စားလှယ်
အညာတခွင် စစ်သတင်းကြေညာသူ လွှတ်တော်ကိုယ်စားလှယ် စောဖိုးခွား (ဝါရှင်တန်ဒီစီ) ■ အသက် ၃၆ နှစ်အရွယ် မသန့်ဝေကျော်ဟာ ၂ဝ၁၅ နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ဆက်တိတိ NLD ပါတီကိုယ်စားပြု အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ကနေ ရွေးကောက်ခံခဲ့ရတဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ သူဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ သတင်းဌာနက ထုတ်လွှင့်တဲ့ ဖြစ်ကြောင်းကုန်စင် အညာတခွင် အစီအစဉ်ရဲ့ သတင်းကြေညာသူဖြစ်လာပါတယ်။ အညာဒေသလို့ ဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်း မကွေး၊ စစ်ကိုင်းနဲ့ မန္တလေး ကိုဆိုလိုတာဖြစ်ပါတယ်။ မသန့်ဝေကျော်ကတော့ စစ်ကိုင်းတိုင်းထဲက အညာသူစစ်စစ်ပါ။ မသန့်ဝေကျော်တို့လို အညာဒေသကသူတွေဟာ များသောအားဖြင့် ထန်းတက်၊ ပဲပြောင်းနှမ်းစိုက်၊ ယက္ကန်းခတ်စတဲ့ အလုပ်တွေကိုပဲ […]