ဗဟုသုတ

မိန်းမကို စိတ်မဆင်းရဲစေတဲ့ ယောကျ်ားဆိုတာ

မိန်းမကို စိတ်မဆင်းရဲစေတဲ့ ယောကျ်ားဆိုတာ အိမ်ထောင်တစ်ခုမှာ ရှိရှိသမျှအိမ်အလုပ် အိမ်ကမိန်းမအလုပ်လို့ သတ်မှတ်ထားတဲ့ ယောကျ်ားများ အဓိကထားပြီး ဖတ်စေချင်ပါတယ်… လူတွေက ဘယ်လိုပဲ သတ်မှတ် သတ်မှတ်၊ ယောက်ျားတစ်ယောက် အိမ်အလုပ် လုပ်တယ်ဆိုတာနဲ့ မိန်းမကို ကူတယ်လို့ ယောကျ်ားအတော်များများက သတ်မှတ်ကြတာ (၁) ပြန်တွေးကြည့် တစ်အိမ်လုံး အလုပ်တွေ သူတစ်ယောက်ထဲ အကုန် လုပ်ရမယ်ဆို မျှတပါ့မလား (၂) ငါ့မိန်းမကို အိမ်ရှင်းကူတာ မဟုတ်ဘူး။ ဒီအိမ်မှာ ငါလဲနေလို့ ငါလဲအိမ်ရှင်းသင့်လို့ ရှင်းတာ (၃) ငါ့မိန်းမကို ထမင်းဟင်းချက် ကူတာ မဟုတ်ဘူး။ ငါလဲစားချင်လို့ ချက်တာ (၄) ငါ့မိန်းမကို ပန်းကန်ဆေး ကူတာ မဟုတ်ဘူး။ ငါလဲ ဒီပန်းကန်တွေ သုံးထားလို့ ဆေးတာ (၅) ငါ့မိန်းမကို […]

ၾကားသိရသမွ်

၁ ဒေါ်လာကို ကျပ် ၂၃၀၀ ကျော် နှင့် ကျပ် ၂၁ သိန်း ကျော်အထိမြင့်တက်သွားတဲ့ ရွှေဈေး

ရွှေဈေး နှင့် ဒေါ်လာဈေး ဆက်တိုက်တက်နေ ဧရာဝတီ၊ ဇူလိုင် ၁၈၊ ၂၀၂၂ ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာကို ထိန်းချုပ်ကန့်သတ်သော ညွှန်ကြားချက်များထွက်ပေါ်လာပြီးနောက် ယနေ့ ဈေးကွက်ဖွင့်ချိန်တွင် အမေရိကန်ဒေါ်လာဈေးနှုန်းသည် ၁ ဒေါ်လာကို ကျပ် ၂၃၀၀ ကျော် နှင့် ရွှေဈေးနှုန်းသည် ၁ ကျပ်သားကို ကျပ် ၂၁ သိန်း ကျော်အထိ ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာလျက်ရှိကြောင်း သိရသည်။ အမေရိကန်ဒေါ်လာဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုကြောင့် ရန်ကုန်မြို့ရှိ ပြင်ပငွေလဲကောင်တာတချို့က ကောင်တာသို့ လူကိုယ်တိုင်လာရောက်မှသာ ယနေ့ ဈေးနှုန်းပြောကြားနိုင်မည်ဖြစ်သလို တချို့ကသည် ယနေ့အတွက် ဈေးနှုန်းမဖွင့်နိုင်သည်အထိ ဖြစ်နေလျက်ရှိကြောင်း ပြင်ပငွေလဲကောင်တာလုပ်ငန်း၂ ခုက ဧရာဝတီသို့ ပြောသည်။ “ဒေါ်လာကတော့ လိုသလောက်တော့ ဝယ်လို့ရမှာမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ဈေးနှုန်းက အခုဆိုရင် ၂၃၀၀ ပတ်ချာလည်လောက်ရှိတယ် […]

Uncategorized

ပင်စည်ရဲ့အလယ်ပိုင်းမှာ အသီးထွက်ပေါ်လာတဲ့ ထူးဆန်းဖွယ်ငှက်ပျောပင်ကို တွေ့ရှိခဲ့တဲ့ ရွာသားများ

ထိုင်းနိုင်ငံ၊ Nakhon Nayok ရှိ Khao Phra ဒေသမှာ ရွာသားတွေက ငှက်ပျောပင်စည်ရဲ့ အလယ်မှာ ငှက်ပျောသီးတွေ သီးနေတာကို တွေ့ရှိခဲ့ပြီး facebook ပေါ်မှာတင်ခဲ့ပါတယ် ။ ဒီအကြောင်းဝေမျှပြီးနောက်သတင်းထောက်က ထိုရွာမှ ရွာသား Mr.Prasang Saengsawat ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ် ။ Huai Prue ရေလှောင်ကန်သို့ သွားရာလမ်းဘေးရှိ စပါးခင်းအနီးမှာ ထိုဒေသရှိ ရွာသားများကထူးဆန်းတဲ့ ငှက်ပျောပင်များကိုကြည့်ရန် သတင်းထောက်များကို ခေါ်သွားလိုက်ပါတယ် ။ ဘေးနားမှာတန်းစီစိုက်ထားတဲ့ ငှက်ပျောပင်များစွာကိုတွေ့ရပြီးအများစုကပုံမှန်အားဖြင့်အဖူးလေးထွက်ပြီးအသီးသီးကြတယ်ဆိုပေမဲ့အခြားအပင်တွေထက်ထူးဆန်းတာတစ်ခုကပင်စည်အလယ်မှာငှက်ပျောသီးရှိပြီး ငှက်ပျောဖူးတွေ မရှိခဲ့ပါဘူး ။ ရွာသားများနဲ့အတူ သတင်းထောင်တွေက ငှက်ပျောပင်တွေကို ကြည့်ပြီး ပင်စည်ရဲ့အလယ်မှာသီးတဲ့ ငှက်ပျောသီးတွေကို ရေတွက်တဲ့အခါမှာ ငှက်ပျောသီး ၁၃ လုံး တွေ့ခဲ့ပါတယ် ။ သို့သော်လည်း ရွာသားများက ၎င်းနံပါတ်များကို ချရေးပြီး […]

ဗဟုသုတ

ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေနိုင်မယ့် အစားအသောက် (၈) မျိုး

တချို့အစားအသောက်တွေက လူကို မျက်လုံးကြောင်စေပြီးတော့ အိပ်ပျော်ဖို့ ခက်စေပါတယ်။ ဒါပေမယ့်လည်း အခွံမာသီးလိုမျိုး သာမန်အစားအစာကတောင် သင့်ကို မြန်မြန် အိပ်ပျော်စေဖို့ အမှန်တကယ် ကူညီပေးနိုင်ပါတယ်။ ဒါတင်မကဘဲ အိပ်မပျော်တာကို ကုသနိုင်ပြီး ညလယ်မှာ မနိုးဘဲ အေးချမ်းစွာ အိပ်စက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။ ၁။ ဆယ်လ်မွန်ငါး ဆယ်လွန်ငါးက အဆီများတဲ့ငါးဖြစ်ပြီးတော့ အိုမီဂါ 3 ဖက်တီးအက်ဆစ်နှင့် ဗီတာမင် D ကြွယ်ဝပါတယ်။ ဒီထူးခြားတဲ့ပေါင်းစပ်မှုက အိပ်မပျော်ခြင်းကို ကုသဖို့အတွက် အလွန်အကျိုးရှိပါတယ်။ ဒီအရာ ၂ ခုက serotonin များများထွက်အောင် ကူညီပေးတာကြောင့် အိပ်ပျော်ဖို့ ပိုလွယ်ကူစေတယ်လို့ သက်သေပြထားပါတယ်။ ဗီတာမင် D ချို့တဲ့သူတွေက အိပ်ရေးပျက်နိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆယ်လ်မွန်ငါးမှာက ဗီတာမင် D အကြွယ်ဝဆုံးဖြစ်တာကြောင့် အိပ်မပျော်တဲ့သူတွေစားဖို့ အရမ်းကို […]

ဗဟုသုတ

မြတ်စွာဘုရားခြေတော်ရာ ချခဲ့သည့်နေရာ ၁၀ နေရာများ…

မြတ်စွာဘုရားခြေတော်ရာ ချခဲ့သည့်နေရာ ၁၀ နေရာ၊၊ ၁/ အိန္ဒိယပြည်၊ဘုံဘိုင်နယ်မြောက်ပိုင်း နမ္မာဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ၊၊ ၂/ အိန္ဒိယပြည်၊ဘုံဘိုင်နယ်မြောက်ပိုင်း နမ္မာဒါမြစ်အထက် သစ္စာပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ၊၊ ၃/ အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ (တရုတ် ဘုန်းတော်ကြီး ဖာဟီယန် မှတ်တမ်းအရ) ခြေတော်ရာတစ်ဆူ၊၊ ၄/ အိန္ဒိယပြည်၊ ပါဋလိပုတ်မြိ့တော်ရဲ့ တောင်ဘက် သုံးမီတာအကွာ၌ ခြေတော်တစ်ဆူ၊၊ (ဖာဟီယန် မှတ်တမ်း) ၅/ သီရိလကာင်္နိုင်ငံ (သီဟိုဌ်ကျွန်း) သုမနကုဋသီရိပါဒ ( Sripada ) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ၊၊ ၆/ မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်မြောက်ပိုင်း မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ကျေးရွာ အနီး၌ ခြေတော်ရာတစ်ဆူ၊၊ ၇/ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြိ့ ကုလားတန်မြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း ဆံတေါ်ရှင်ဓါတ်ပေါင်းတေါ်အနီး၌ ခြေတော်ရာတစ်ဆူ၊၊ ၈/ မြန်မာနိုင်ငံ၊ […]

အထွေအထွေဗဟုသုတ

မြန်မာ့ရိုးရာနှစ်သစ်အခါသမယမှာ ချစ်သူနဲ့ဖူးစာဆုံကိန်း ရှိ၊ မရှိ အလွယ်တကူတွက်ချက်နည်း

ချစ်သူနဲ့ ဒီနှစ်ဖူးစာဆုံနိင်မှာလားလို့ ဗေဒင်ဆရာတွေ မကြာခဏ အမေးခံရတတ်ပါတယ်။ဗေဒင်ပညာကို လေ့လာချင်ရင်ဒီတွက်နည်းကို သိထားသင့်ပါတယ်။ တွက်နည်းက လွယ်ပါတယ် မြန်မာ့ရိုးရာ တွက်နည်းပါပဲ။ဒီတွက်နည်းကို လက်တွေ့ ဟောပြောတဲ့အခါ အခက်အခဲလေးတွေ ရှိပါတယ် နားလည်အောင် ရှင်းပြပေးပါ့မယ် နားမလည်တာရှိခဲ့ရင် ပြန်လည်မေးမြန်းပါ။ရှင်းပြပေးပါ့မယ်။ တွက်နည်း အသက်၃၄နှစ်ရှိတဲ့ ကြာသာပတေးသမီးက ဒီနှစ်ထဲမှာ ချစ်သူနဲ့ အိမ်ထောင်ကျကိန်း ရှိမရှိမေးလာတယ်။မေးသူရဲ့အသက်ကိုတည် နေ့နံနဲ့ပေါင်း အမျိုးသားရဲ့ နေ့နံနဲ့ထပ်ပေါင်းပြီး ရလဒ်ကို၈နဲ့စား ဥပမာ=မေးသူအသက် ၃၄ နေ့နံ=ကြာသာပတေး ၅ ချစ်သူနေ့နံ=တနလာ ၤ၂ ပေါင်းခြင်းရလဒ် ၃၄+၅+၂=၄၁ ၄၁ကို၈နဲ့ပြန်စား၄၁÷၈=၁ကြွင်း ကြွင်း၁၊၃၊၅၊ဝကြွင်းရင် မရသေးပါဘူး။အစီအစဉ်လေးတွေ နောက်ရွှေ့ရမယ်။ချစ်သူဘဝမှာဘဲ တင်းတိမ်ကြပါဦး။နှစ်ယောက်ကြားမှာ ရှိတဲ့ အဖုအထစ်လေးတွေ ပြေလည်အောင် ဖြေရှင်းကြပါဦး တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဘေးစကား အနှောက်အယှက်တွေ ရှိနေပါတယ်။အိမ်ထောင်ပြုဖို့ စီစဉ်ပါက ပျက်ရွင်းတတ်ပါတယ်။ ၂၊၄၊၆ကြွင်းရင် […]

ၾကားသိရသမွ်

ကိုယ်လည်း တော်လှန်ရေးနဲ့ ပတ်သက်ရင် တကယ့်ဆိုက်ကိုပဲ ဆိုတဲ့ ပန်ဆယ်လို

ကိုယ်လည်း တော်လှန်ရေးနဲ့ ပတ်သက်ရင် တကယ့်ဆိုက်ကိုပဲ။ ပြီးခဲ့တဲ့၆ လပိုင်းအကုန်အထိ တစ်ပတ်တစ်ခါ Fund Raise ခရီးတွေ ဆက်တိုက်သွားတယ်။ July 1 မှာ စတဲ့ Project NAN HTIKE AUNG ကိုတောင် လမ်းမှာ စခဲ့ရတာ။ 10 ရက်နေ့မှာ Project ပြီးတယ်။ 13ရက်နေ့မှာ စာရင်းတွေ အချောသတ်ပြီးတယ်။ ငွေစီးဆင်းရေးတွေ လုပ်တယ်။ နိုင်ငံပေါင်းစုံက FR တွေ၊ ဘဏ်အကောင့်တွေက ငွေလွှဲတဲ့စာရင်းတွေ လုပ်တယ်။ အခုအချိန်ထိ မပြီးပြတ်သေးဘူး။ ဒီကြားထဲမှာကို နောက်ထပ် ကိစ္စသုံးခု ပလန်ဆွဲပြီးနေပြီ။ ဒီနေ့ လေဆန်ဇာတ်ကားကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံသလိုလို တာဝန်မကျေသလိုလို ခံစားချက်ရပြန်တယ်။ တနေ့တနေ့ ဒီစိတ်ကြီးနဲ့ နေရတာ နှစ်ချီလာပြီဆိုတော့ မွန်းကြပ်တယ်။ တခါတရံ […]

ဗဟုသုတ

“အရေးကြီးပါတယ်” ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ

“အရေးကြီးပါတယ်” ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ မြန်မာနိုင်ငံရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။ လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လို လာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်။ လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။ ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော် သာမာန်လုပ်ငန်းရှင် အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏ အများကြီး မရှိကြ […]

ၾကားသိရသမွ်

ပဲခူးတိုင်းအနောက်ခြမ်းက ကုန်စိမ်းတွေ ထိုင်းနိုင်ငံအထိ တင်ပို့ရတာကြောင့် ဝယ်လိုအားမြင့်တက်

ပဲခူးတိုင်းအနောက်ခြမ်းက ကုန်စိမ်းတွေ ထိုင်းနိုင်ငံအထိ တင်ပို့ရတာကြောင့် ဝယ်လိုအားမြင့်တက် ပဲခူး၊ ဇူလိူင် ၁၈၊ ၂၀၂၂။ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စိုက်ပျိုးထားတဲ့ သီးနှံအချို့ကို ထိုင်းနိုင်ငံအထိတင်ပို့ရတာကြောင့် ဝယ်လိုအားကောင်းနေတယ်လို့ ကုန်စိမ်းရောင်းဝယ်ရေးဒိုင်မှ ပိုင်ရှင်တဦးက မြေလတ်အသံကို ပြောပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်းက သီးနှံတွေကို ပွဲစားတွေက မြဝတီမြို့မှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ပို့ဆောင်ကြတာလို့ သိရပါတယ်။ “ပွဲစားတွေက မဲဆောက်အထိ ပို့ပေးတာပါ၊ အဓိကကတော့ ပဲခူးတိုင်းအနောက်ခြမ်းထဲက ကုန်စိမ်းတွေပေါ့၊ ကားခကလည်း ၂ ဆ တက်တယ်၊ အရင်က ဘားအံအထိ ကားခ ၅ သိန်းခွဲ အခု ၁၁ သိန်းခွဲအထိပေးနေရတယ်၊ အဓိကကတော့ ဖရုံသီး၊ ကျောက်ဖရုံသီး၊ ငရုတ်သီးနဲ့ ခရမ်းသီးတွေ တင်ပို့ရတယ်၊ ” လို့ ကုန်စိမ်းဒိုင်ရဲ့ ပိုင်ရှင်ကပြောပါတယ်။ […]

ၾကားသိရသမွ်

(၁၀)တန်း ကျောင်းသူတစ်ဦး အိပ်ယာထ စာကျက်ပြီး ထင်းပုံဘေးသို့ အပေါ့သွားစွန့်စဉ်… See more

Zawgyi (၁၀)တန်း ကျောင်းသူတစ်ဦး အိပ်ယာထ စာကျက်ပြီး ထင်းပုံဘေးသို့ အပေါ့သွားစွန့်စဉ်… See more ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ အသရော်အုပ်စု၊ ပြည်တော်သာရွာတွင် လွန်ခဲ့တဲ့ နံနက် ၆နာရီ အချိန်တွင် ဆယ်တန်းကျောင်းသူ တစ်ဦး အိပ်ယာထ စာကျက်ပြီး အိမ်ဘေးထင်းပုံဘေး အပေါ့ သွားရာ မြွေဟောက်ကိုက်၍ သေဆုံးသွားကြောင်း ပြည်တော်သာကျေးရွာ ရပ်မိရပ်ဖ တစ်ဦးကပြောသည်။ အဆိုပါသေဆုံးသူသည် ပြည်တော်သာကျေးရွာတွင်နေထိုင် သူ မပွင့်ဦးဝေ အသက်(၁၆)နှစ် ဖြစ်ပြီး ဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ကြောင်း မြွေကိုက်ခံရ၍ အသရော်ကျေးလက်ကျန်းမာရေးဆေးခန်းသို့ ပို့ဆောင်စဉ် လမ်းတဝက်အရောက်တွင် သေဆုံးသွားကြောင်း မိခင်ဖြစ်သူ ဒေါ်မြစန်းက ပြောသည်။ ဓါတ္ပုံ – Waddykhin Khin Lay Unicode (၁၀)တန်း ကျောင်းသူတစ်ဦး အိပ်ယာထ စာကျက်ပြီး ထင်းပုံဘေးသို့ […]