ကလေးတွေက အသက် ၃ နှစ်ကျော်ဝန်းကျင်ခန့်ဆိုရင် လိမ်ညာပြီး ပြောတတ်နေပါပြီ။ ကလေးတွေက တမင်လိမ်ပြောတာ ဖြစ်နိုင်သလို အခြားသောအကြောင်းအရင်းတွေကြောင့်လည်း လိမ်ပြောတာဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေ လိမ်ပြောရတဲ့ အဓိကအကြောင်းအရင်းတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။ ၁။ အပြုအမူအသစ်ကို စမ်းသပ်လိုခြင်း အမှန်တရားကို လိမ်ညာပြီးပြောလိုက်တာက ကလေးတွေအတွက် အသစ်အဆန်းတစ်ခုဖြစ်နေပြီး လိမ်ပြောပြီးနောက် ဘာတွေဖြစ်လာမလဲ ဆိုတာကိုလည်း ကလေးတွေက သိချင်ကြပါတယ်။ အဲဒါကြောင့် အပြုအမူအသစ်အဖြစ် လိမ်ပြောကြည့်ကြပါတယ်။ ဒါပေမယ့် ကလေးတွေက အသက် ၃ နှစ်ကျော်အရွယ်အထိ လိမ်ပြောတယ်ဆိုတဲ့ စကားအဓိပ္ပါယ်ကို နားမလည်သေးပါဘူး။ ၂။ လူကြီးတွေဆီကနေ အပြုအမူတွေကို လေ့လာခြင်း ကလေးတွေ လိမ်ပြောတတ်လာရခြင်းထဲက အကြောင်းအရင်းတစ်ချက်ကတော့ လူကြီးတွေ လိမ်ပြောတာကို ကြားနေလို့ပါ။ ကလေးအနီးမှာရှိတဲ့လူကြီးတွေက လိမ်ပြောတာကို ကြားပြီးနောက် […]
Day: August 13, 2022
ပုဂံခေတ် ဒညင်းသီးရဲ့ ရာဇဝင်…
ဒညင်းသီးရဲ့ ဖြစ်ပုံကတော့ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်မှာ ဘုရင်က တိုင်းခန်းလှည့်လည်ရင်း ကောင်မလေး တစ်ယောက်ကို တော်ကောက်လာရာမှ အစပြုခဲ့ပါတယ်။ နန်းတော်ရောက်လို့ ညဖက်ဆောင်တော်ကူးတော့ကောင်မလေးက သူ့ရည်းစားက လွဲရင် No ပါ၊ ဘုရင်လည်း မပေးနိုင်ဘူး ဆိုပီး ဇွတ်ငြင်းလေတော့ ဘုရင်ကြီးခမျာ ဒေါသတွေထွက် ၊ အရှက်တွေကွဲပြီး လက်မရွံ့တွေကို ချက်ချင်းခေါ် သူ့ကို ငြင်းတဲ့ နေရာကို ဓားနဲ့ကွက်လှီးပီး သတ်စေ အမိန့်ပေးတော့တာဘဲ။ လက်မရွံ့တွေက အလောင်းကို မြို့ပြင်မှာ မြှုပ်နှံပြီး ပြန်ခဲ့တော့မှ သူတို့ဓားနဲ့ ကွက်လှီးထားတဲ့ ပစ္စည်းက နန်းတော်ထဲမှာမေ့ ကျန်ရစ်ခဲ့တာကို ပြီးမှ သိလိုက်ကြတယ်။ ဒါနဲ့ မထူးပါဘူးကွာ ဆိုပြီး နန်းတွင်းထဲက ဒေါင့်တနေရာမှာ မြှုပ်နှံလိုက် ကြပါတော့တယ်။လအတန်ကြာတဲ့အခါ အဲဒီနေရာက အပင်တစ်ပင် ပေါက်လာပါတယ်။ […]
လက်တွေ့မပါတဲ့ စာတွေ့ပဲ သင်ခဲ့ရတဲ့ ပညာရေးရဲ့ အကျိုးဆက်see More…..
(၉) တန်း ဓာတုဗေဒမှာ ကာဘွန်မိုနောက်ဆိုဒ်အကြောင်းသင်တော့ ဒီဓာတ်ငွေ့ဟာ Poisonous Gas လို့သင်ပြီး နမူနာတွေကို အကျယ်တဝင့် သင်ပေးခဲ့ပေမယ့်လည်း ကလေးအတော်များများကတော့ စာမေးပွဲဖြေဖို့ပဲကျက်ပြီး ခေါင်းထဲက ထုတ်ပစ်လိုက်ကြတယ်။ ကာဘွန်က လေအနည်းမှာ မီးလောင်ရင် ကာဘွန်မိုနောက်ဆိုဒ်ဖြစ်တယ်။ လေအများမှာ မီးလောင်ရင် ကာဘွန်ဒိုင်အောက်ဆိုဒ်ဖြစ်တယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ရှူမိရင် သေစေလောက်တဲ့အထိ မဖြစ်ပေမယ့် ကာဘွန်မိုနောက်ဆိုဒ်ရှူမိရင် ပစ်လဲကျသွားပြီး ဆေးရုံကို အချိန်မီ မပို့နိုင်ရင် အသက်ပါဆုံးရှုံးသွားနိုင်တယ်။ ကာဘွန်ဆိုရာမှာ ဓါတ်ဆီ ရေနံဆီ ဒီဇယ်ဆီ ဖယောင်းတိုင် စတဲ့ ကာဘွန်ပါဝင်တဲ့ အရာများလောင်ကျွမ်းတာကို ပြောတာပါ။ အသိတစ်ယောက် အပြင်ကပြန်လာတယ်။ ကားကို ဂိုထောင်ထဲမောင်းဝင်တယ်။ စက်မသပ်ရသေးခင် ဂိုထောင်တံခါးငုံ့ပိတ်တာ ဝုန်းဆိုလဲကျ အိတ်ဇောပိုက်ကထွက်တဲ့အငွေ့တွေကို ရှူမိလို့ပြောတယ်။ သူ့ဇနီးက နားလည်တော့ ဂိုထောင်တံခါးကို အရင်ဖွင့် လူကိုသယ်ဆေးရုံပို့တာ အသက်မီသွားတယ်။ […]
“ကိုယ်ဝန် လအနုဆုံးသက်တမ်းနဲ့မွေးဖွားလာတဲ့ ခလေးငယ်တစ်ဦးအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်ခံခဲ့ရသူ”
အမေရိကန်နိုင်ငံက Curtis Means အမည်ရှိတဲ့ခလေးငယ်တစ်ဦးကို၊ပီးခဲ့တဲ့(2020) July လမှာမွေးဖွားခဲ့ပေမဲ့၎င်းဟာမိခင်ဝမ်းကနေရက်ပေါင်း(132)သာသန္ဓေတည်ခဲ့ပီးမှ၊ကိုယ်ဝန်သက်တမ်းအနုဆုံးမှာမွေးဖွားပီးအသက်ရှင်လျက်ကြီးထွားနိုင်ခဲ့တဲ့ခလေးငယ်အဖြစ်ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင်ခံရတယ်လို့သိရပါတယ်။ယခုအခါမှာတော့ Curtish ဟာအသက်တနှစ်လေးလရှိပီပဲဖြစ်ပါတယ်။ Curtis ရဲ့မိခင်ပြောပြချက်အရ Curtish မှာအမွှာတစ်ယောက်ရှိခဲ့ပေမဲ့၊လမစေ့ပဲမွေးဖွားခဲ့တဲ့ဝေဒနါကြောင့် Curtis တစ်ယောက်သာအသက်ရှင်ခဲ့ပီး၊ Curtis ရဲ့အမွှာကတော့မွေးပီးနောက်တနေ့မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ များသောအားဖြင့်ကတော့လမစေ့ပဲမွေးဖွားတဲ့ခလေးတွေရဲ့အသက်ရှင်မှုနှုန်းဟာမသေချာသလောက်ရှိကြပေမဲ့၊ Curtis ကတေ့ာကမ္ဘာပေါ်မှာလအစေ့ပဲမွေးဖွားတဲ့ခလေးငယ်တွေထဲက၊အသက်ရှည်ကြာဆုံးအသက်ရှင်လျက်နေထိုင်နိုင်ခဲ့တဲ့ခလေးဖြစ်လို့၊ကမ္ဘာ့ဂင်းနစ်စံချိန်ကယခုလိုမှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Curtis ရဲ့ကျန်းမာရေးအရဆေးအကူညီအနေနဲ့၊အောက်ဆီဂျင်ပိုက်နဲ့အစာစားဖို့ပိုက်ကိုတပ်ဆင်ပေးထားရပီး၊၎င်းကိုကုသပေးတဲ့ဆရာဝန်များကတေ့ာ Curtis ကိုကျန်းမာရေးဒေါင်ဒေါင်မြည်ဖြစ်လာမဲ့ကောင်လေးတစ်ယောက်ဖြစ်လာမယ်လို့ယုံကြည်ကြကြောင်းယခုလိုပဲပြောပြခဲ့ပါတယ်။ Bam Bam (Cele Angle) Unicode ကိုယ်ဝန်လေးလခွဲနဲ့မွေးဖွားခဲ့ပီးလက်ရှိအသက်(16)လအရွယ်ထိအသက်ရှင်လျက်နေထိုင်နိုင်လျက်ရှိပီး၊လအနုဆုံးသက်တမ်းနဲ့မွေးဖွားလာတဲ့ခလေးငယ်တစ်ဦးအဖြစ်ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင်ခံခဲ့ရ အမေရိကန်နိုင်ငံက Curtis Means အမည်ရှိတဲ့ခလေးငယ်တစ်ဦးကို၊ပီးခဲ့တဲ့(2020) July လမှာမွေးဖွားခဲ့ပေမဲ့၎င်းဟာမိခင်ဝမ်းကနေရက်ပေါင်း(132)သာသန္ဓေတည်ခဲ့ပီးမှ၊ကိုယ်ဝန်သက်တမ်းအနုဆုံးမှာမွေးဖွားပီးအသက်ရှင်လျက်ကြီးထွားနိုင်ခဲ့တဲ့ခလေးငယ်အဖြစ်ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင်ခံရတယ်လို့သိရပါတယ်။ယခုအခါမှာတော့ Curtish ဟာအသက်တနှစ်လေးလရှိပီပဲဖြစ်ပါတယ်။ Curtis ရဲ့မိခင်ပြောပြချက်အရ Curtish မှာအမွှာတစ်ယောက်ရှိခဲ့ပေမဲ့၊လမစေ့ပဲမွေးဖွားခဲ့တဲ့ဝေဒနါကြောင့် Curtis တစ်ယောက်သာအသက်ရှင်ခဲ့ပီး၊ Curtis ရဲ့အမွှာကတော့မွေးပီးနောက်တနေ့မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ များသောအားဖြင့်ကတော့လမစေ့ပဲမွေးဖွားတဲ့ခလေးတွေရဲ့အသက်ရှင်မှုနှုန်းဟာမသေချာသလောက်ရှိကြပေမဲ့၊ Curtis ကတေ့ာကမ္ဘာပေါ်မှာလအစေ့ပဲမွေးဖွားတဲ့ခလေးငယ်တွေထဲက၊အသက်ရှည်ကြာဆုံးအသက်ရှင်လျက်နေထိုင်နိုင်ခဲ့တဲ့ခလေးဖြစ်လို့၊ကမ္ဘာ့ဂင်းနစ်စံချိန်ကယခုလိုမှတ်တမ်းတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ Curtis ရဲ့ကျန်းမာရေးအရ ဆေးအကူညီအနေနဲ့၊ အောက်ဆီဂျင်ပိုက်နဲ့ အစာစားဖို့ပိုက်ကို တပ်ဆင်ပေးထားရပီး၊ ၎င်းကိုကုသပေးတဲ့ဆရာဝန်များကတေ့ာ […]
“တက်စီ အငှားမောင်းခဲ့တဲ့ (၁၅) နှစ်အတွင်း ကွမ်းယာဖိုးအတွက် ကားတစ်စီးတန်ဖိုးနဲ့ ညီတဲ့ငွေကို သုံးစွဲခဲ့သူတစ်ဦးရဲ့ မလှပတဲ့ ဘ၀နိဂုံး”
ဦးလေးဆီမှာ တက္ကစီငှားမောင်းတဲ့လူ ဒီနေ့ဆုံးသွားတယ် တက္ကစီမောင်းခဲ့တာ (၁၅)နှစ်ရှိခဲ့တယ်တဲ့… လွန်ခဲ့တဲ့ ၂၀၀၇ ထည်းက တက္ကစီမောင်း ရင်း #ကွမ်းအရမ်းစားတယ် အခုမဆုံးခင် နောက်ဆုံးလတွေမှာ ကွမ်းယာဆိုင်က သူ့ဆီကလကုန်မှရှင်းတာ တလ နှစ်သိန်း တနေ့(၇၀၀၀)ဖိုးစားတာ ရက်မပျက်ဘူး နှစ်သိန်းတသောင်းကျတာကို တသောင်း လျော့ပေးတဲ့သဘော။ ၂၀၀၇ ကနေ ၂၀၂၂ အထိ ကွမ်းယာစျေး က တရစ်ခြင်းတက်လာတော့ ပျမ်းမျှ တလတသိန်းနဲ့တွက်ရင် လပေါင်း ၁၈၀ သိန်း ၁၈၀ ဆိုရင် ကိုယ်ပိုင်တက္ကတစီး ကောင်းကောင်းရတယ် ကားကလည်း သေတဲ့အထိ အငှားမောင်းဘဝပဲ။ ညအိပ်ရင်တောင်ကွမ်းငုံပြီးအိပ်တော့ပါးစောင်ပေါက်ထွက်ပြီး ကင်ဆာကနေ အသက်ပါနုတ်သွားတာရောဂါကိုကုလိုက် ရတဲ့မိသားစုခင်မြာရှာလည်းဖတ်ဖတ်မော ပညာရေး ကျမ်းမာရေး လူမူရေး အရာရာ ကွမ်းစရိတ်ထဲရေစုန်မျောခဲ့တာ။ ကွမ်းတရာကိုတွက်ကြည့်ရင် ကွမ်းရွက် ကလွဲလို့ အားလုံးဟာ ဓာတုအရောအနှော […]
“မီးခဏခဏ ပြတ်တဲ့ အခုလိုအချိန်မှာ အလွန်အသုံးဝင်တဲ့ ၁၅ မိနစ်အမြန် ထမင်းချက်နည်း”
ချက်ရေးပြုတ်ရေးမှာ အချိန်ကုန်မခံချင်တဲ့ ကျနော်တို့လို့ အိမ်ရှင်ထီးတွေအတွက်တော့ ဒီနည်းက အရမ်းအလုပ်ဖြစ်ပါတယ်။ နောက်တစ်ခု ကောင်းတာက ဒီနည်းအတိုင်း ချက်ပြုတ်ရင် ရေငှဲ့မှာဖြစ်လို့ ထမင်းကြောင့် ကိုယ်အလေးချိန် ဝိတ်တက်တာကိုလည်း ထိန်းပေးနိုင်ပါတယ်။ ထမင်းပေါင်းအိုးနဲ့ပဲ တည်ရတာဖြစ်လို့ အရမ်းလွယ်ကူပါတယ်။ ပထမဆုံး လျှပ်စစ်ရေနွေးအိုးကို လည်ရစ်ထိ ရေဖြည့်ပြီး တည်ထားပါ။ အဲဒီအချိန်မှာ ပေါင်းအိုးထဲ ဆန်ထည့်၊ ဆန်ဆေးပါ။ (အေးဆေးလုပ်ပါ)။ ဆန်ဆေးပြီးရင် ရေကို ဆန်မြှုပ်ရုံပဲထည့်ပြီး ပေါင်းအိုးထဲထည့် ထမင်းချက်တဲ့ခလုတ် နှိပ်ပါ။ (ရေနွေး ဆူခါနီးပါပြီ) (အိုးပတ်ချာလည်ကို ရေသုပ်ဖို့ မမေ့နဲ့နော်) (ပုံတွေပြထားပါတယ်) ထမင်းပေါင်းအိုးထဲက ရေနွေးပြီး ဆူစပြုလာပြီဆိုရင် ရေနွေးအိုးထဲက ဆူပြီးသားရေနွေးကို ဆန်အနဲများပေါ်လိုက်ပြီး ထမင်းအိုးထဲ ဖြည့်ချလိုက်ပါ။ (ရေငှဲ့မှာပါ) ချက်ခြင်းနီးပါး ထမင်းအိုး ဆူလာပါလိမ့်မယ်။ တစ်ကြိမ် နှစ်ကြိမ် မွှေပေးပါ။ […]
တိကျသော၊ ကံကောင်းစေသောဂဏန်းများ၊ အောက်နှစ်ကောင်၊ မဲနှိုက်မည့်ရက်စွဲ၊ သြဂုတ် ၁၆ ရက်၊ ၂၀၂၂ ခုနှစ်၊
16/8/65 တွင် ဤကာလအတွင်း ကံကောင်းစေမည့်ဂဏန်းများ လမ်းညွှန်ချက်များ၊ ထိုင်းအစိုးရထီ၊ ၂ စုံ၊ အထက်နှင့်အောက် ဂဏန်း ၃ လုံး၊ ကံစမ်းမဲများအတွက် ဂဏန်းများ ဩဂုတ်လ 16 ရက်၊ 2022 နေ့၏ကာလ။ ဤကာလကို ကြည့်လိုက်ရအောင်။ ဘယ်ဂဏန်းတွေက စိတ်ဝင်စားစရာကောင်းလဲ။ ကံစမ်းမဲ များကို ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ VDO၊ တိကျသော၊ ကံကောင်းစေသောဂဏန်းများ၊ အောက်နှစ်ကောင်၊ မဲနှိုက်မည့်ရက်စွဲ၊ သြဂုတ် ၁၆ ရက်၊ ၂၀၂၂ ခုနှစ်၊ ဤဇာတ်လမ်းများသည် ကိုယ်ပိုင်ယုံကြည်ချက်မျှသာဖြစ်ကြောင်း အချင်းချင်း သတိပေးနေသေးသည်။ ထီပေါက်သော ညီအကို မောင်နှမများ ၊ အချက်အလက်များ ကို သတိရှိရှိ ကြည့်ရှုခြင်းနှင့် လက်ခံခြင်းတွင် သင့်ဆုံးဖြတ်ချက်ကို အသုံးပြုပါ။ ဤကံကောင်းဂဏန်းများ လောင်းကစားအတွက် လမ်းညွှန်ချက်အဖြစ် […]
ထိုင်းမှာ ဆေးကုသမှုခံယူနေသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေး….
ထိုင်းမှာ ဆေးကုသမှုခံယူနေသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေးကောင်းမွန် မကြာမီ ပြန်ကြွလာပြီး တရားပြန်လည် ဟောမည် ဩဂုတ် ၁၂ ပင်ပန်းပြီး ကျန်းမာရေးအားနည်းလို့ ထိုင်းနိုင်ငံသို့သွားရောက် ဆေးကုသမှု ခံယူနေသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေးကောင်းမွန်တယ်လို့ အနီးရှိ တပည့်ဒါယိကာတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ မိုင်းဖုန်းဆရာတော်အနီးရှိ တပည့် ဒါယိကာ တစ်ဦးက “ဘန်ကောက်မြို့မှာဆေးကုသမှု ခံယူနေသည့် မိုင်းဖုန်းဆရာတော်ကြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်တိုး တက်လာပါပြီ။ သိပ်လည်း စိတ်မပူကြပါနဲ့ ။ မကြခင်မှာ ပြန်ကြွလာပြီး တရားပြန်လည်ဟောကြားပေးပါတော့မယ်” လို့ ပြောကြားထားပါတယ်။ ထိုင်းမှာ ဆေးကုသမှုခံယူနေသည့် မိုင်းဖုန်းဆရာတော် ကျန်းမာရေးကောင်းမွန် မကြာမီ ပြန်ကြွလာပြီး တရားပြန်လည် ဟောမည် ဩဂုတ် ၁၂ ပင်ပန်းပြီး ကျန်းမာရေးအားနည်းလို့ ထိုင်းနိုင်ငံသို့သွားရောက် ဆေးကုသမှု ခံယူနေသည့် မိုင်းဖုန်းဆရာတော် […]
“မင်းက ဝက်သားဟင်း စော စား ခဲ့တာကိုး”(အရမ်းကောင်းလို့ လူတိုင်းဖတ်ကြည့်သင့်တဲ့ ပို့စ် လေးပါ) အကြော်စုံကိုတစ်နေ့(၃)သိန်းဖိုးရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီးအိမ်ပိုင်တာတို့၊ငပိရည် ကြက်သားသုပ်ရောင်းပြီးတိုက်ဆောက်တာတို့၊ ကွမ်းယာရောင်းပြီးနိုင်ငံခြားမှာ သားသမီးကိုေ ကျာင်းထားတာတို့၊ဘေထုတ်ရောင်းပြီးကား ဝယ်တာတို့စတာတွေကို လိုင်းပေါ်မှ ချီးကျုးတာထက်ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်……. ၂၀၁၈ ခုနှစ်လောက်က ထင်တယ် express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့… ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှအကုန်ကြားနေရတာ။ ဒရိုင်ဘာကငြီးငြူနေတာ… ငါတစ်လ(၁၅)သိန်းကျော်ရတယ်… အခုထိအဖတ်တင်တာ ဘာမှမရှိဘူးတဲ့။ ငါ့စပယ်ယာက တစ်လ(၁)သိန်းခွဲဘဲရတယ်။ အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ဝယ်ပြီးပြီတဲ့။ အဲ့ဒီကောင်ကွာ နဲနဲနောနော တွက်ကပ်တဲ့ကောင်မဟုတ်ဘူးတဲ့။ ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး။ အပြင် မုန့်ပဲသရေစာ ဘာမှမစားဘူး။ အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်။ ဂိတ်ရောက်ရင် ကျွေးတာစားတယ်၊ […]
နေမကောင်းဖြစ်နေသော မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးခဲ့သော ကောင်လေး
နေမကောင်းဖြစ်နေသော မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးခဲ့သော ကောင်လေး ဗီယက်နမ်နိုင်ငံမှ အသက် ၁၂နှစ်အရွယ် ကောင်လေးသည် ကံဆိုးစွာဖြင့် မိခင်ဖြစ်သူမှာ ဦးနှောက်အကြိတ်ရောဂါသည်ဖြစ်ကာ ဖခင်ဖြစ်သူကလည်း ဒူးဆစ်ရိုးရောင် ရောဂါဖြစ်နေ၍ အရွယ်နှင့်မလိုက်အောင် ဘဝကိုပင်ပန်းခက်ခဲစွာ ဖြတ်သန်းခဲ့ရသည်။ ကောင်လေးသည် နေမကောင်းဖြစ်နေလို့ဆိုပြီး မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ နေ့စဉ် နွေးထွေးကြင်နာစွာ ပြုစုဂရုစိုက်ပေးခဲ့သည်။ ကောင်လေးသည် ကျောင်းတက်ရင်းတစ်ဖက် အိမ်အလုပ်များကို လုပ်ခဲ့ကာ အခြားကလေးတွေလို ဆော့ကစားခြင်းမျိုးလည်း မရှိပဲ အားတဲ့ချိန်လေးကို စာကိုကြိုးစားလေ့လာခဲ့၍ အတန်းထဲတွင်လည်း အမြဲတမ်း ပထမဆုရခဲ့သည်။ မိဘနှစ်ပါးမှာ အလုပ်လည်းမလုပ်နိုင်ကြ၍ ဆေးကုသဖို့ရာ ငွေကြေးမတတ်နိုင်သည့်အပြင် စားဝတ်နေရေးပါ ခက်ခဲလာသဖြင့် လူမှုကွန်ယက်တွင် အကူအညီတောင်းခံခဲ့သည်။ Zawgyi နေမကောင်းဖြစ်နေသော မိဘနှစ်ပါးကို ငြိုငြင်ခြင်းမရှိပဲ ကြင်နာစွာ ပြုစုစောင့်ရှောက်ပေးခဲ့သော ကောင်လေး ဗီယက်နမ်နိုင်ငံမှ အသက် […]









