အဖြစ်ကဒီလိုပါ ကျွန်တော်တို့မောင်နှမတွေရန်ကုန်ကိုဘုရားဖူးပြီး ညနေ၃နာရီထွက်သောဂျပန်ရထားခေါ်သောထိုရထားနဲ့လိုက်ခဲ့ပါသည်။ ပဲခူးဘူတာသို့ညနေ၆နာရီ၃၀တွင်ရောက်ပါသည် လိုရင်းကိုခနနေဆက်ပါမည်ဘူတာတိုင်းတွင်ဈေးသည်များနှင့်ဈေးဆိုင်များမရှိတော့ပါ။ ဘူတာထဲဈေးမရောင်းရလို့စည်းကမ်းထုတ်ထားတယ် ထင်သည်ဟုတွေးရင်းဈေးသည်လေးများဘာလုပ်စားကြပါလ်မ့်လို့ စဉ်းစားပြီးသနားမိသည်။ သို့သော် ဘူတာတိုင်းမှာသန့်ရှင်းသွားတာကိုတော့ြကိုဆိုပါသည် လိုရင်းကိုဆက်ပါမည် ပဲခူးဘူတာတွင် ၃မိနစ်ရပ်နားပါသည် ရထားပေါ်သို့ဒူးရင်းသီးများရောင်းသော ဈေးသည်များတက်လာပါသည်။ အလာတုန်းကလဲ အချိန်လုပြီးလာရပါသဖြင့်မန်းတလေးမှမိတ်ဆွေများအတွက် လက်ဆောင်မပါသဖြင့် အတော်ပဲဟုစဉ်းစားပြီး ဈေးနှုန်းများကိုမေးကြည့်သောအခါ ၃လုံးတစ်တွဲ အသေးဆိုရင်၄ထောင်ကျပ် အကြီးလုံးဆိုရင် ၇ထောင်ကျပ်ဟုပြောပါသည်။ နောက်ဆုံးအကြီး၃လုံးတစ်တွဲကို၅ထောင်ကျပ်ပဲပေးပါဟုပြောပါသည် မန်းလေးမှာတစ်လုံးကို ၅ထောင်ကျပ် လောက်ရှိတာတန်လှချည်လားဟု လက်ဆောင်ပေးချင်တဲ့စိတ်ရယ်ရထားကလည်း၃မိနစ်ပြည့်လို ထွက်ဖို့ခရာသံကြားတာရယ်ကြောင့် မြန်မြန်လေးဝယ်လိုက်ပါသည်။ နံနက်အိမ်ကိုရောက်ပီး လက်ဆောင်တွေလည်းပေးလိုက်ပါသည် အမတွေရဲ့အိမ်ဘက်ကို ပစ္စည်းတခုမေ့ကျန်နေ၍သွားယူသောအခါ အမမှ မင်းဒူးရင်းသီးတွေခွဲပြီးပြီလားဟုမေးပါသည် လက်ဆောင်တော့ပေးပြီးပြီ ကိုယ့်စားဖို့တော့ နေ့လည်မှခွဲစားတော့မည်ဟုပြောသောအခါအမကရီပါတော့သည် ငါ့မောင်ရေ မခွဲနဲ့တော့အကုန်လွှတ်ပစ်လိုက်တော့ဟုပြောပါသည်။ ဘာဖစ်လို့လဲဟုမေးသောအခါ ဒူးရင်းသီးတွေကအခွံနွှာပြီးသားတွေကို စားပြီးသားအစေ့တွေနဲ့ပုတ်နေတဲံအသားတွေထည့်ထားတာ ငါတော့အကုန်လွှတ်ပစ်လိုက်ရသည်ဟုပြောပါသည်။ ဟာ ငါတော့ဒုက္ခပဲ လက်ဆောင်တွေလည်းပေးပြီးပြီ အိမ်မြန်မြန်ပြန်ပြီးကျန်တဲံအလုံးတွေကို ကြည့်အုံးမှာပဲဆိုပီး အလုံးများကိုခုံပေါ်တင်ပီး တစ်လုံးချင်း ကျွတ်ကျွတ်အိတ်ကြိုးကိုဖြည်လိုက်သောအခါ ခွဲစရာမလိုတော့ပါ […]
Day: August 11, 2022
မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်တဲ့ ယနေ့ည ၁၁ နာရီဝင်မည့် မုန်တိုင်းသတင်း…
မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်တဲ့ ယနေ့ညဝင်မည့် မုန်တိုင်းသတင်း… မုန်တိုင်းငယ် “MULAN”သည် ယနေ့ည၁၁နာရီ အချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိ လာနိုင်သောကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှာ မနက်ဖြန် ၁၂ရက်နေ့တွင် မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်” ၁၁.၈.၂၀၂၂ ည ၇ နာရီ ၂၇ မိနစ် ယနေ့မြန်မာစံတော်ချိန် ည ၇ နာရီအချိန် မိတ္ထီလာ လေကြောင်းမိုးလေဝသရုံး၏ တိုင်းထွာချက် များအရ မုန်တိုင်း”MULAN”သည် ယခင်ကြိုတင် ခန့်မှန်းခဲ့တဲ့အတိုင်း ယနေ့ည မုန်တိုင်းငယ်အဆင့် မှကုန်းတွင်းပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့ကာ ယနေ့ည၁၁နာရီအချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာနိုင်သောကြောင့် ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများမှာ မနက်ဖြန် ၁၂ရက်နေ့တွင်မိုးနှင့်အတူ လေပြင်းအန္တရာယ်ပါရှိလာနိုင်ပါတယ်။ ထိုဖြစ်စဉ်ကြောင့် နောက်၂၄နာရီအတွင်း ရှမ်းပြည် နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ […]
မလေးရှားရှိ ရာနဲ့ချီတဲ့ တရားမဝင် မြန်မာအလုပ်သမားများရဲ့ စိတ်မကောင်းစရာ သတင်းအပြည့်အစုံ
မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်းတွင် တရားမဝင်နေထိုင်နေကြတဲ့မြန်မာ အလုပ်သမားများ ရာနဲ့ချီ အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ မြန်မာအလုပ်သမားများကိုဩဂုတ်လ ၉ ရက် ညသန်းခေါင်အချိန်က ဝင်ရောက်ဖမ်းဆီး ခဲ့တာလို့ သိရပြီး စုစုပေါင်း မြန်မာ အလုပ်သမား ၁၁၅ဦး အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ သတင်းပေးမှုကြောင့် ဧည့်စာရင်းစစ်ရင်း ဝင်ရောက် ဖမ်းဆီးခံခဲ့ရတာလို့ သိရပြီး ဖမ်းဆီးခံရသူ အများစုမှာ စက်ရုံဝန်ထမ်း ၊ သန့်ရှင်းရေးအလုပ်သမားနဲ့ ၊ ဆိုင်အလုပ်သမားများ အများစုဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးခံ တရားမဝင် မြန်မာ အလုပ်သမားများကို မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။Credit Unicode မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်းတွင် တရားမဝင်နေထိုင်နေကြတဲ့မြန်မာ အလုပ်သမားများ ရာနဲ့ချီ အဖမ်းခံခဲ့ရတယ်လို့ […]
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသည့် လည်ဆွဲဒီဇိုင်း၏ဖန်တီးရှင် မအေးငြိမ်းဖြူ ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပြိုင်ပွဲတွင် တတိယဆုရ
ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ဖူးသည့် လည်ဆွဲဒီဇိုင်း၏ဖန်တီးရှင် မအေးငြိမ်းဖြူ ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပြိုင်ပွဲတွင် တတိယဆုရ အီတလီနိုင်ငံ၊ Lake Como မြို့တွင်ကျင်းပသည့် ကမ္ဘာ့နာမည်ကျော် A’ Design Award 2022 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဒီဇိုင်နာ မအေးငြိမ်းဖြူက တတိယဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်းဆုသည် ကမ္ဘာ့ဒီဇိုင်း အနုပညာရှင်များအကြား တန်ဖိုးအထားဆုံး ဆုတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံတွင် နေထိုင်သည့် မြန်မာအမျိုးသမီး မအေးငြိမ်းဖြူက ရရှိခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ကမ္ဘာ့နာမည်ကျော် ဒီဇိုင်းပညာရှင် (၂၂၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရွေးချယ်ရေးအဖွဲ့က အကဲဖြတ်ရွေးချယ်ရာတွင် “ Midnight Garden ” ဟု အမည်ပေးထားသည့် ဆွဲသီးနှင့်ရင်ထိုး နှစ်မျိုး သုံးနိုင်သော မအေးငြိမ်းဖြူ၏ ပြိုင်ပွဲဝင် ရတနာပစ္စည်းက တတိယဆုအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။ မအေးငြိမ်းဖြူသည် […]
ကျွန်ုပ်တို့သည် ၎င်းကို 594 ရရှိခဲ့ပြီး ယခု 2022 ခုနှစ် သြဂုတ်လ 16,08, 2022 ခုနှစ်ကတည်းက အများဆုံးကစားခဲ့သည်။
16/8/65 တွင် ဤကာလအတွင်း ကံကောင်းစေမည့်ဂဏန်းများ လမ်းညွှန်ချက်များ၊ ထိုင်းအစိုးရထီ၊ ၂ စုံ၊ အထက်နှင့်အောက် ဂဏန်း ၃ လုံး၊ ကံစမ်းမဲများအတွက် ဂဏန်းများ ဩဂုတ်လ 16 ရက်၊ 2022 နေ့၏ကာလ၊ ဤကာလကို ကြည့်ကြပါစို့ ဘယ်ဂဏန်းတွေက စိတ်ဝင်စားစရာကောင်းလဲ။ ကံစမ်းမဲ များကို ကြည့်ရှုဖို့ ဖိတ်ခေါ် လိုက်ပါတယ်။ ကျွန်ုပ်တို့သည် ၎င်းကို 594 ရရှိခဲ့ပြီး ယခု 2022 ခုနှစ် သြဂုတ်လ 16,08, 2022 ခုနှစ်ကတည်းက အများဆုံးကစားခဲ့သည်။ ကျွန်ုပ်တို့သည် ၎င်းကို 594 ရရှိခဲ့ပြီး ယခု 2022 ခုနှစ် သြဂုတ်လ 16,08, 2022 ခုနှစ်ကတည်းက အများဆုံးကစားခဲ့သည်။ 3UP SET Pass […]
မိုင်းဖုန်းဆရာတော် အားနည်းကာကျန်းမာရေးမကောင်းဖြစ်နေ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်းကာ တရားဘာဝနာ ကျင့်ကြံပြီးနောက် သြဂုတ်လ(၁) ရက်တွင် ဂူမှထွက်လာပြီး လာရောက်ဖူးမျှော်ကြသည့် ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမများအား (၃) ရက် (၃) ည တရားဟောကြားပေးခဲ့သည့်အပြင် ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ သာသနာပြုခရီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။ သြဂုတ်လ (၈) ရက်နနက်အစောပိုင်း ကျိုင်းတောင်းမှ နမ့်စန်မြို့သို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်း နမ့်စန်မှ မိုင်းဖုန်းသို့ မရပ်မနားဘဲ ခရီးထွက်လာခဲ့ရာ အားနည်း၍ ကျန်းမာရေးမကောင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဆရာတော်အနေဖြင့် ဂူမှထွက်လာပြီးနောက် သြဂုတ်လ (၄) ရက်ညနေပိုင်းတွင် မိုင်းကျက်ဂူမှ မိုင်းဆတ်မြို့သို့ […]
ဦးနှောက်ခွဲစိတ်ဖို့အတွက် ခွဲခန်းထဲမဝင်ခင်မှာ ခွဲစိတ်မှုမအောင်မြင်ခဲ့ပါက ဝမ်းနည်းမနေဘဲ ကလေးနောက်တစ်ယောက်မွေးပြီး ဘဝကိုပျော်ရွင်စွာဖြတ်သန်းသွားရန် မိခင်ကိုမှာနေခဲ့သည့် ၉နှစ်အရွယ်သားငယ်လေး
ပစ္စည်းတွေပို့ပေးရန် လူငယ်တစ်ယောက်ကိုငှားရမ်းခဲ့ပြီးနောက်တွင် အလုပ်ကိုအရင်မခိုင်းဘဲ သူမနှင့်အတူတူ…see more
၈၈၈၈ ကာလ ယနေ့ဩဂုတ်လ(၁၀)ရက်နေ့မှာ နှလုံးကျည်ထိကျဆုံးခဲ့တဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းသားတစ်ဦး……See More
၈၈၈၈ ကာလ ယနေ့ဩဂုတ်လ(၁၀)ရက်နေ့မှာ နှလုံးကျည်ထိကျဆုံးခဲ့တဲ့ စက်မှုအင်ဂျင်နီယာ ကျောင်းသားတစ်ဦး……see more ကိုအောင်မွန်၏ နောက်ဆုံးနေ့ ရန်ကုန်စက်မှုတက္ကသိုလ်၊ စက်မှုအင်ဂျင်နီယာကျောင်းသား ကိုအောင်မွန်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ၊ ရှစ်လေးလုံးအရေးတော်ပုံအတွင်း ကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦးဖြစ်သည်။ ဖြစ်စဉ်မှာ စစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများဖြစ်ပေါ်နေသည့် ၁၉၈၈၊ ဩဂုတ်လ ၁၀ ရက်နေ့၊ နေ့လည်(၁၂)နာရီ၊ မိနစ်(၄၀)အချိန်၌ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း၊ ဖျာပုံလမ်းထိပ်တွင်ရှိနေစဉ် ရှမ်းလမ်းထိပ်ရှိ ဓါတ်ဆီဆိုင်ရှေ့သစ်ပင်အကွယ်မှ တပ်မ ၂၂ ဗိုလ်ကြီးအဆင့်ရှိသူ၏ ပစ်ခတ်မှုကြောင့် နှလုံးကိုကျည်ထိမှန်လျက် နေရာတွင်ပင် ကျဆုံးသွားခဲ့သည်။ ၎င်း၏သူငယ်ချင်းဖြစ်သူ ကိုဇော်ဇော်အောင်သည်လည်း နဖူးကိုကျည်ထိမှန်ခဲ့သည့်ဒဏ်ရာဖြင့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ဘ၀တပါးကူးပြောင်းသွားခဲ့ရသည်။ လေ့လာပြုစုရရှိသောစာရင်းများအရ စက်မှုတက္ကသိုလ်ခေတ်က စစ်တပ်၏အကြမ်းဖက်မှုကြောင့် စက်မှုကျောင်းသား(၃)ဦးထိ အသက်ဆုံးရှုံးခဲ့ရပြီး ယခုကာလတွင်လည်း မြို့ပြကျောင်းသားတစ်ဦး အသက်ပေးထားရပြီးဖြစ်သည်။ စစ်အာဏာရှင်စနစ်ဆိုးကြောင့် […]
ရန်ကုန်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော
From Zero To Hero ကာကွယ်ရေးအဖွဲ့မှ ခေါင်းဆောင် အပါအဝင် ၃ ဦး ဖမ်းဆီးခံရပြီးနောက် ၂ဦး သေဒဏ်ချမှတ်ခံရ OAK ရန္ကုန္(မဇၨ်ိမ)။ ။ ရန်ကုန်အခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော From Zero To Hero အဖွဲ့မှ ခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦး၊ ယာဉ်မောင်းတစ်ဦးတို့အား မေလ ၂၄ ရက်နေ့ မနက်ပိုင်းအချိန်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ လက်နက်ဝယ်ယူပြီးအပြန် အမြန်လမ်း ဇီးရိုးမိုင်တွင် ၎င်းတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ “သူတို့လက်နက်သွားယူပြီး အပြန်မှာ ဖမ်းမိတာ နှစ်ယောက်ကတော့ သေဒဏ်ချခံရတယ်။ ကားသမားကတော့ သေဒဏ်မဟုတ်ဘူး။ တစ်ယောက်က ခေါင်းဆောင်မှန်းလည်းသိရော အသေနှိပ်စက်ထားကြတယ်လို့ ကြားတယ်။ ပြီးတော့ သူတို့က ရန်ကုန်ကလည်းမဟုတ်တော့ ကူညီပေးမည့်လူကလည်း မရှိဘူးဖြစ်နေတယ်။ […]