အလွပေရးရာ

အသက္ ဘယ္လိုပဲ ႀကီးလာလာ အျမဲ အသက္၂၀ ေက်ာ္ ရုပ္ရည္လို နုပ်ိဳေနမယ့္ နည္းလမ္းမ်ား

အသက္ေတြ ႀကီးလာတာနဲ႔ ရုပ္ရည္က ရင့္လာတာမ်ိဳး ျဖစ္လာတာ သဘာဝပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရုပ္ရည္ ႏုပ်ိဳေနတယ္ဆိုတာ ကိုယ့္အေပၚလည္း မူတည္ေနပါေသးတယ္။

ေတာင္ကိုရီးယား သရုပ္ေဆာင္ေတြကို ၾကည့္လိုက္ရင္ အသက္ေတြေတာင္ ေမ့တဲ့အထိ ႏုပ်ိဳေနတာကို ေတြ႔ရမွာပါ။ ဒါေၾကာင့္ အသက္ႀကီးလာရင္ေတာင္မွ ႏုပ်ိဳေနႏိုင္တာ အေသအခ်ာပဲေပါ့။

ဒါေၾကာင့္ အျမဲ အသက္ ၂၀ ေက်ာ္ ရုပ္ရည္လို ႏုပ်ိဳေနေစမယ့္ နည္းလမ္းေလးေတြကို ၾကည့္လိုက္ပါအံုးေနာ္။

စိတ္ခ်မ္းသာေအာင္ ေနပါ

လွပမႈေတြရဲ႕ ေနာက္ကြယ္မွာ စိတ္ခ်မ္းသာမႈဆိုတာ ရွိေနတတ္ပါတယ္။

စိတ္ပ်ိဳလို႔ ကိုယ္ႏုတယ္ဆိုတဲ့ စကားေတြလည္း ရွိထားလို႔ ကိုယ္က ႏုပ်ိဳခ်င္တယ္ဆိုရင္ေတာ့ စိတ္ညစ္စရာေတြ သိမ္းဆည္းမထားဖို႔ လိုအပ္သလို စိတ္္ဖိစီးမႈေတြကိုလည္း ေလွ်ာ့ခ်ပစ္ဖို႔ လိုအပ္ပါတယ္။

ဒါ့အျပင္ ကိုယ့္အတြက္ ရယ္ေမာရမယ့္ အခ်ိန္ေတြလည္း ေပးရမွာ ျဖစ္ပါတယ္။

အသားအေရကို ဂရုစိုက္ပါ

ႏုပ်ိဳတဲ့ ရုပ္ရည္အတြက္ အလိုအပ္ဆံုးက အသားအေရရဲ႕ ႏုပ်ိဳက်န္းမာတဲ့ အသြင္အျပင္ပဲ ျဖစ္ပါတယ္။

ဒီအတြက္ အသားအေရ အိုမင္း ရင့္ေရာ္မႈေတြ ျဖစ္မလာေအာင္ ကိုလာဂ်င္ ပံုမွန္ ေသာက္သံုးေပးတာမ်ိဳး၊ ေန႔တိုင္း မပ်က္မကြက္ Skincare လုပ္ေပးတာမ်ိဳး လုပ္ေပးဖို႔ လိုအပ္ပါတယ္။

အသားအေရက ႏုပ်ိဳေနမွ ကိုယ့္ရဲ႕ ရုပ္ရည္ကလည္း ႏုပ်ိဳေနမွာ ျဖစ္ပါတယ္။

ကိုယ္ လုပ္ခ်င္တာေတြလည္း လုပ္ပါ

ကိုယ္လုပ္ခ်င္တာ လုပ္ရတာေလာက္ ေပ်ာ္ဖို႔ ေကာင္းတဲ့အရာ မရွိပါဘူး။ ကိုယ့္အတြက္ စိတ္က်န္းမာဖို႔ေရာ၊ ကိုယ္ က်န္းမာဖို႔ေရာ၊ လူငယ္တစ္ေယာက္လို ႏုပ်ိဳေနဖို႔ေရာမွာ ကိုယ္ လုပ္ခ်င္တဲ့ အရာကို လုပ္ေနႏိုင္မႈလည္း ပါဝင္ေနပါတယ္။
ကိုယ္က သီခ်င္းဆိုရတာကို ႀကိဳက္ရင္ သီခ်င္းဆိုေနတာမ်ိဳး၊ ရုပ္ရွင္ေတြကို ၾကည့္ေနတာမ်ိဳး၊ ကိုယ္ႏွစ္သက္တဲ့ အလုပ္အကိုင္မွာ လုပ္ခြင့္ ရေအာင္ ႀကိဳးစားၿပီး လုပ္ေနတာမ်ိဳးေတြကလည္း သင့္ရဲ႕ ႏုပ်ိဳမႈ ျဖစ္လာေအာင္ ေဆာင္ယူေပးႏိုင္ပါတယ္။

က်န္းမာေရးကို ဂရုစိုက္ပါ

မက်န္းမာတဲ့ သူတစ္ေယာက္က အသက္ေတြ ႀကီးလာတာနဲ႔ ဇရာရဲ႕ ဒဏ္ကို သူမ်ားထက္ပိုၿပီး ခံစားရမွာပါ။ ဒါေၾကာင့္ က်န္းမာေနေစဖို႔ အစားအေသာက္နဲ႔ အေနအထိုင္ကို ဆင္ျခင္ေပးဖို႔ လိုအပ္ပါတယ္။

ႏုပ်ိဳေနတဲ့ သူေတြကို ၾကည့္လိုုက္ရင္ အျမဲ က်န္းမာေရးနဲ႕ ကိုက္ညီတဲ့ ေနထိုင္မႈ ပံုစံ ရွိေနတာကို ေတြ႔ရမွာပါ။

ဒါေၾကာင့္ က်န္းမာေရးကို ဂရုစိုက္ေပးရင္းနဲ႔ အသားအေရအတြက္ လိုအပ္တဲ့ အသီးေဖ်ာ္ရည္ေတြလည္း ေသာက္ေပးႏုိင္ရင္ ပိုအေကာင္းဆံုးေပါ့။

ဖက္ရွင္ကို သတိထားပါ

လူငယ္ဆိုတာ အခ်ိန္ ခဏ အပိုင္းအျခား ဆုိေပမယ့္ ႏုပ်ိဳေနတဲ့သူက ရယ္စရာ ဖက္ရွင္မ်ိဳး မဟုတ္ရင္ လူငယ္ဆန္တဲ့ ဖက္ရွင္မ်ိဳးေတြ ဝတ္လို႔ ရပါတယ္။

ဖက္ရွင္က လူတစ္ေယာက္ရဲ႕ အသြင္အျပင္ကို လံုးဝ ေျပာင္းလဲေစႏိုင္လို႔ လူႀကီးဆန္လြန္းတဲ့ ဖက္ရွင္ကို ေရြးခ်ယ္ရင္ ကိုယ့္ရုပ္ရည္ကလည္း ရင့္ေနတယ္လို႔ ျမင္ရေစမွာ ျဖစ္ပါတယ္။ ဒီအတြက္ ကိုယ့္ရဲ႕ ႏုပ်ိဳမႈကို ေပၚလြင္ေစေအာင္ ဝတ္စားတတ္ဖို႔ လိုပါတယ္။

Kham

Unicode,

အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ

အသက်တွေ ကြီးလာတာနဲ့ ရုပ်ရည်က ရင့်လာတာမျိုး ဖြစ်လာတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရည် နုပျိုနေတယ်ဆိုတာ ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ်။

တောင်ကိုရီးယား သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် အသက်တွေတောင် မေ့တဲ့အထိ နုပျိုနေတာကို တွေ့ရမှာပါ။ ဒါကြောင့် အသက်ကြီးလာရင်တောင်မှ နုပျိုနေနိုင်တာ အသေအချာပဲပေါ့။

ဒါကြောင့် အမြဲ အသက် ၂၀ ကျော် ရုပ်ရည်လို နုပျိုနေစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ပါအုံးနော်။

စိတ်ချမ်းသာအောင် နေပါ

လှပမှုတွေရဲ့ နောက်ကွယ်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနေတတ်ပါတယ်။

စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားတွေလည်း ရှိထားလို့ ကိုယ်က နုပျိုချင်တယ်ဆိုရင်တော့ စိတ်ညစ်စရာတွေ သိမ်းဆည်းမထားဖို့ လိုအပ်သလို စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပစ်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ကိုယ့်အတွက် ရယ်မောရမယ့် အချိန်တွေလည်း ပေးရမှာ ဖြစ်ပါတယ်။

အသားအရေကို ဂရုစိုက်ပါ

နုပျိုတဲ့ ရုပ်ရည်အတွက် အလိုအပ်ဆုံးက အသားအရေရဲ့ နုပျိုကျန်းမာတဲ့ အသွင်အပြင်ပဲ ဖြစ်ပါတယ်။

ဒီအတွက် အသားအရေ အိုမင်း ရင့်ရော်မှုတွေ ဖြစ်မလာအောင် ကိုလာဂျင် ပုံမှန် သောက်သုံးပေးတာမျိုး၊ နေ့တိုင်း မပျက်မကွက် Skincare လုပ်ပေးတာမျိုး လုပ်ပေးဖို့ လိုအပ်ပါတယ်။

အသားအရေက နုပျိုနေမှ ကိုယ့်ရဲ့ ရုပ်ရည်ကလည်း နုပျိုနေမှာ ဖြစ်ပါတယ်။

ကိုယ် လုပ်ချင်တာတွေလည်း လုပ်ပါ

ကိုယ်လုပ်ချင်တာ လုပ်ရတာလောက် ပျော်ဖို့ ကောင်းတဲ့အရာ မရှိပါဘူး။ ကိုယ့်အတွက် စိတ်ကျန်းမာဖို့ရော၊ ကိုယ် ကျန်းမာဖို့ရော၊ လူငယ်တစ်ယောက်လို နုပျိုနေဖို့ရောမှာ ကိုယ် လုပ်ချင်တဲ့ အရာကို လုပ်နေနိုင်မှုလည်း ပါဝင်နေပါတယ်။
ကိုယ်က သီချင်းဆိုရတာကို ကြိုက်ရင် သီချင်းဆိုနေတာမျိုး၊ ရုပ်ရှင်တွေကို ကြည့်နေတာမျိုး၊ ကိုယ်နှစ်သက်တဲ့ အလုပ်အကိုင်မှာ လုပ်ခွင့် ရအောင် ကြိုးစားပြီး လုပ်နေတာမျိုးတွေကလည်း သင့်ရဲ့ နုပျိုမှု ဖြစ်လာအောင် ဆောင်ယူပေးနိုင်ပါတယ်။

ကျန်းမာရေးကို ဂရုစိုက်ပါ

မကျန်းမာတဲ့ သူတစ်ယောက်က အသက်တွေ ကြီးလာတာနဲ့ ဇရာရဲ့ ဒဏ်ကို သူများထက်ပိုပြီး ခံစားရမှာပါ။ ဒါကြောင့် ကျန်းမာနေစေဖို့ အစားအသောက်နဲ့ အနေအထိုင်ကို ဆင်ခြင်ပေးဖို့ လိုအပ်ပါတယ်။

နုပျိုနေတဲ့ သူတွေကို ကြည့်လိုက်ရင် အမြဲ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ နေထိုင်မှု ပုံစံ ရှိနေတာကို တွေ့ရမှာပါ။

ဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်ပေးရင်းနဲ့ အသားအရေအတွက် လိုအပ်တဲ့ အသီးဖျော်ရည်တွေလည်း သောက်ပေးနိုင်ရင် ပိုအကောင်းဆုံးပေါ့။

ဖက်ရှင်ကို သတိထားပါ

လူငယ်ဆိုတာ အချိန် ခဏ အပိုင်းအခြား ဆိုပေမယ့် နုပျိုနေတဲ့သူက ရယ်စရာ ဖက်ရှင်မျိုး မဟုတ်ရင် လူငယ်ဆန်တဲ့ ဖက်ရှင်မျိုးတွေ ဝတ်လို့ ရပါတယ်။

ဖက်ရှင်က လူတစ်ယောက်ရဲ့ အသွင်အပြင်ကို လုံးဝ ပြောင်းလဲစေနိုင်လို့ လူကြီးဆန်လွန်းတဲ့ ဖက်ရှင်ကို ရွေးချယ်ရင် ကိုယ့်ရုပ်ရည်ကလည်း ရင့်နေတယ်လို့ မြင်ရစေမှာ ဖြစ်ပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ နုပျိုမှုကို ပေါ်လွင်စေအောင် ဝတ်စားတတ်ဖို့ လိုပါတယ်။

Kham