Life Style

“ ေဖာက္ျပန္ သြားတဲ့ ရည္းစားကို ပညာေပးဖို႔”

ေဖာက္ျပန္ သြားတဲ့ ရည္းစားကို ပညာေပးဖို Facebook ေပၚ တက္ အရွက္ခြဲ ေနစရာ မလိုပါဘူး “

ဘာလို႔ မလိုတာလဲ ဆိုေတာ့ – သူ စိတ္ညစ္သြား တာထက္ မင္း ရဲ႕ ေပ်ာ္႐ႊင္မႈက ပိုအေရးႀကီးလို႔ သူ႔သိကၡာထက္ မင္းရဲ႕ သိကၡာက ပိုတန္ဖိုး ရွိလို႔

ခ်စ္သူ သက္တမ္းေတြ Anniversaryေတြ ျဖတ္သန္း ခဲ့ၾက တယ္။ သူ႔အေၾကာင္း ကိုယ့္ထက္ ဘယ္သူမွ ပိုမသိ ႏိုင္ ခဲ့တဲ့ နားလည္ျခင္းေတြ ၊ အမွတ္တရေတြ အမ်ားႀကီးနဲ႔ ႏွစ္ဖက္ မိဘေတြ ေပးသိတဲ့ အထိ အခ်စ္ေတြ ခိုင္ၿမဲ ခဲ့ၾက တယ္။

လူတိုင္း နီးပါး အားက်ခဲ့ၾကတဲ့ မင္းတို႔ အတြဲကို အားလုံးအျမင္မွာ တေန႔ လက္ထပ္ျဖစ္မွာပဲ ထင္ခဲ့ၾကတာ

သစ္တုံးႀကီးျဖစ္တုန္းက “ ထင္း” လုပ္ဖို႔ ပဲ ျမင္ခဲ့ၾကတဲ့ ခ်ိန္ ကိုယ္တိုင္ ရင္းႏွီး ထြင္ထု ထားၿပီး ပန္းပု ႐ုပ္ထုေလး ျဖစ္လာခါ မွ တစ္စုံ တစ္ေယာက္က အလြယ္တကူ ျဖတ္လု သြားတာ ခံရတဲ့ အခါ မင္း ရဲ႕ နာက်င္မႈ ကိုယ္ခ်င္းစာေပး လို႔ရတယ္.. ဒါေပမဲ့ … ဘယ္သူမွ ဝင္ခံစားေပးလို႔မရဘူး

အခ်စ္ နဲ႔ အမုန္း ဒြန္တြဲတဲ့ အခါ မသိစိတ္ထဲက ကိုယ့္ကို မခ်စ္တဲ့ သူ႔ ကို နားၾကည္တဲ့ စိတ္ရယ္၊ အခ်စ္ခံ ခ်င္တဲ့ စိတ္ရယ္ ႏွစ္ခု အားၿပိဳင္ေတာ့ –

ဦးေႏွာက္ ရဲ႕ အေျဖက အ႐ိုင္းဆန္ၿပီး “ ကိုယ္ ပူေလာင္ သလို သူ႔ကိုပါ ပူေလာင္ေစခ်င္တယ္၊ အ႐ိုးထဲ ထိ ေလာင္ၿမိဳက္ၿပီး ကိုယ့္ ေရွ႕မွာ “ မွားပါၿပီ “လို႔ ဒူးေထာက္ထိုင္ငိုေနတာကို ျမင္ခ်င္တယ္

ႏွလုံးသားက ေတာ့ “ တဆစ္ဆစ္နဲ႔ ေႂကြပဲ့ရင္း နာၾကည္းတဲ့စိတ္က ဒီသစၥာ မရွိတဲ့ ခ်စ္သူကို မရက္စက္ခ်င္လည္း သူ႔ဘဝနဲ႔ သိကၡာ ကို ခ်နင္းၿပီးအရွက္ခြဲ ဖ်က္စီးဖို႔ စတင္ ႀကံစည္မိၾက မွာပါ

အထူးသျဖင့္ Facebook လိုမ်ိဳး Social media မွာ ကိုယ့္ personal ပိုင္းဆိုင္ရာ ( relationship) အခ်စ္ေရး နဲ႔ ပတ္သက္ၿပီး ခ်စ္သူက သစၥာေဖာက္ သြားလို႔ အရွက္ခြဲေတာ့မယ္ ဆိုရင္

အရင္ဆုံး သူ သိကၡာက်ဖို႔ ကိုယ့္ သိကၡာပါ ရင္းရမယ္ … ကိုယ့္က်င့္တရား နဲ႔ သမာဓိေၾကာင့္ တန္ဖိုးခ်င္း ကြာသြားတဲ့ မင္း နဲ႔သူ ရဲ႕ သိကၡာ ႏွစ္ခုလုံးရင္းရတာေတာင္ မင္းဘက္ကေတာ့ မတန္ဘူးေပါ့ေလ။ သူ နဲ႔ ဘယ္ အတိုင္းအတာ ပတ္သက္ ခဲ့တယ္ စေျပာျပ ရမယ္၊

ကိုယ့္က ဘယ္လို ခ်စ္ၿပီး ဘယ္လိုေပးဆပ္ေပမဲ့ ဘယ္လို လုပ္ရက္တယ္ စသျဖင့္ စသျဖင့္ ဘယ္သူမွ စ မေမးခဲ့ တဲ့ ဒီ ဇာတ္ထုပ္တခုကို ဇာတ္ရည္လည္ေအာင္ ရွင္းျပရေတာ့မွာပါ

ဘာ အက်ိဳးအျမတ္ က်န္မလဲ ဆိုေတာ့ အခ်ိန္ ကုန္မယ္၊ အရွက္ကြဲမယ္၊ သိကၡာက်မယ္ ကိုယ့္ မတတ္သာလို႔ မၿမဲႏိုင္ ခဲ့တဲ့ ဒီ အခ်စ္ေရးတစ္ ခု မွာ ေဖာက္ျပန္ ခံရလို႔ ျပန္အရွက္ခြဲခဲ့ တဲ့ သူတစ္ေယာက္ အျဖစ္ အနည္းအက်ဥ္း လူ သိသြားၾကမယ္။

တိုင္းသိျပည္သိ ႏွစ္ဦးႏွစ္ဖက္ Social Media မွာ အရွက္ကြဲခံရင္း ကိုယ့္ရဲ႕ အခ်စ္ေရးကို ဒီလို ေျဖရွင္းတာဟာ လူေတြ ဘက္က ၾကည့္ရင္ေတာ့ အေနသာႀကီး ပါ ။

ကိုယ့္ရဲ႕ မလိုသူေတြ ႀကိတ္ ဝမ္းသာၾက မယ္ ။ မနာလိုသူေတြက လာႏွစ္သိမ့္မယ္ ၿပီးရင္ ကြယ္ရာ အတင္းျပန္တုတ္ၾကမယ္ ။ ႀကိတ္ၿပဳံးၾက မယ္

လူေတြ ေျပာေျပာတဲ့ “ ပြဲ ေဟ့ … ပြဲ ” ဆိုသလို မင္းရဲ႕ ခံစားခ်က္နဲ႔ ဒီ အခ်စ္ေရးႀကီး က သူတို႔ အပ်င္းေျပ ဖတ္ဖို႔ Facebook Post တစ္ခု သာသာျဖစ္ သြားလိမ့္ မယ္။ မင္းတို႔အေၾကာင္း ကို တခဏပဲ ေျပာၾကမယ္ ၊ ဝင္ေမးၾကမယ္ ၊ သနားၾကမယ္ ႏွစ္သိမ့္ၾကမယ္။

ဘယ္သူမွ ကိုယ့္ရဲ႕ ဘဝ နဲ႔ ရင္ထဲထိ လႈက္လႈိက္လဲလဲ လိုက္ခံစား ေပး မေနဘူးေနာ္။ လာႏွစ္သိမ့္လိုက္ၾကတယ္ သနားလိုက္ၾကတယ္ အခ်ိန္တန္ေတာ့ လည္း ၿပီးသြားတာပဲ

ဒီကိစၥတစ္ခုကို ၾကာေတာ့ အားလုံး ေမ့ေမ့ေပ်ာက္ေပ်ာက္ျဖစ္သြားၾကတာပဲ အဲ့လို လုပ္လိုက္တိုင္း မင္း ရင္ထဲက ဒဏ္ရာကေတာ့ မေပ်ာက္သြားဘူး။

မင္းႏွလုံးသားရဲ႕ ဒဏ္ရာကို ဒီလို လုပ္လိုက္ တိုင္း လုံးဝ မကုစားေပး ႏိုင္ပါဘူး။ တစ္ခ်ိန္မွာ ျပန္ေတြးၾကည့္ လို႔ ကိုယ့္ဘဝရဲ႕ ရယ္စရာ အစိတ္ အပိုင္း တခုျဖစ္လာမဲ့ ဒီ ျပားကိုးဆယ္ အခ်စ္ေရး ကို ကိုယ့္ သိကၡာေတြ အက်ခံၿပီး ဘာလို႔ အရွက္ခြဲ မွာလဲ။

ဘာလို႔ အရွက္ခြဲ မွာလဲ ?

အမ်ားႀကီး သေဘာထားႀကီးခိုင္းတာ မဟုတ္ပါဘူး။ သူက တစ္ခ်ိန္က ကိုယ္ခ်စ္ခဲ့ ဖူးတဲ့ လူတစ္ေယာက္ ပဲေလ ။ ေနာက္ တစ္ေယာက္ေၾကာင့္ ကိုယ့္ကို မခ်စ္ေတာ့တာ ကိုယ့္အမွား မဟုတ္ဘူး။ မခ်စ္ေတာ့တာ က မခ်စ္ေတာ့ တာပါပဲ။

Relationship တစ္ခုမွာ တခုမွ ညႇိမ ရသလို ဘာမွ အဆင္မေျပေတာ့ဘူး လို႔ ခံစားမိရင္ သူ႔ဘက္ကိုယ့္ဘက္ စြန္႔လြတ္ ႏိုင္ဖို႔ႀကိဳးစားပါ။ “အခ်စ္ခံရဖို႔ ဘယ္ေတာ့မွ အသနား မခံပါနဲ႔ “ ။ မ်က္ရည္ခံလဲ မထိုးပါနဲ႔ ။ ၿခိမ္းလဲ မၿခိမ္းေျခာက္ပါနဲ႔

အတင္းေတြ ကပ္တြယ္ ၿပီး အခ်စ္ခံ / ဂ႐ုစိုက္ ခံရဖို႔ ဆြဲထားတဲ့ ဒီအခ်စ္ေရးဟာ (90%) ေလာက္ ေဖာက္ျပန္ဖို႔ အလားအလာရွိေနတာပါ။ တဘက္က “ Unconditional love “ နဲ႔ blind ျဖစ္ေနတဲ့ အခါ တဖက္ကေတာ့ အရမ္းကို ေအးခဲၿပီး သံေယာဇဥ္နဲ႔ သနားညာတာစိတ္ေၾကာင့္

ကိုယ္ေဘးမွာေတာ့ ရွိေနမွာပါ။

ကိုယ့္ကို မခ်စ္ေတာ့တဲ့ ႏွလုံးသားအသစ္ နဲ႔ ကိုယ့္ခ်စ္သူ က ေနာက္ထပ္ သေဘာက်မိတဲ့ လူ ေတြ႕တဲ့အခါ ကိုယ့္မ်က္ကြယ္ရာမွာ သူရင္ခုန္တဲ့ ဘက္ကို တိတ္ တိတ္ေလး ေျခလွမ္းမွာပါ။

အသက္ ဘယ္ေလာက္ရရ ႏွလုံးသားေတြက ေတာ့ လတ္ ဆတ္တယ္။ ရင္ခုန္တဲ့ဘက္ကို ႏွလုံးသား က ဆက္သြားေနမွာပဲ ။ ဒါက ႏွလုံးသားေၾကာင့္ ေဖာက္ျပန္တာ လို႔ ေခၚတယ္။ တခ်ိဳ႕က်ေသြးသားဆႏၵေၾကာင့္ ေဖာက္ျပန္သြားၾကမယ္။

မင္းရဲ႕ ဘဝထဲ မွာ လူေတြက ဝင္လာလိုက္ ထြက္သြားလိုက္နဲ႔ “ လူတေယာက္ ကို ဆုံးရႉံးဖူးတာလဲ တစ္ႀကိမ္ မကခဲ့ဘူး “ ဒီလူ နဲ႔မွ ကိုယ္လည္း

ေနာက္ထပ္ မခ်စ္ႏိုင္ေတာ့ဘူး ထင္ရင္ တိုင္နဲ႔ ေခါင္း သာ ေျပးေဆာင့္ပါ

အခ်စ္ဆိုတဲ့ အရာ က အၿမဲ အသစ္ေမြးဖြားေန တာမို႔ တခါ သစၥာေဖာက္ခံရတိုင္း ဘဝ တခုလုံး ပ်က္စီးသြားသလို မ်ိဳး သူ နဲ႔ ပဲ ကိုယ့္ဘဝႀကီးက လမ္းဆုံးသြား သလို မ်ိဳး သူ႔ထက္ ခ်စ္ႏိုင္သူ ေနာက္ထပ္ မရွိေတာ့ဘူး လိုမ်ိဳးဒီ အေတြးေတြနဲ႔ ကေယာင္ေျခာက္ ခ်ားေတြ ျဖစ္ေနတဲ့အခါ …

သခ်ၤာ က်က် ႀကိဳတင္ တြက္ဆ ၾကည့္ပါ။ သူ မရွိေတာ့လည္း ကိုယ့္က အခ်စ္နဲ႔ တသက္တာ ခပ္ကင္းကင္း ေနႏိုင္ မွာမို႔လို႔ လား ?

“မ်က္ကန္း တေစၦ မေၾကာက္ “ သလိုမ်ိဳး.. တခါ အထိနာရင္ကြဲခဲ့ဖူးေတာ့ အခ်စ္ခံ ခ်င္တယ္။ အခ်စ္မွာ တခါ တန္ဖိုးေလ်ာ့ ဆက္ဆံခံရဖူးေတာ့ ႏွလုံးသားက ပူေပါင္းလို ပိုႏူးညံ့လာၿပီး အခ်စ္စစ္ ကို ပိုလို႔ တပ္မက္ လာတယ္။

ေနာက္ထပ္ အခ်စ္သစ္ ေတြ႕တဲ့ အခါ တခ်ိန္ ေနာင္တ ကင္းမဲ့ တဲ့ အတိတ္ မ်ိဳး ရခ်င္ရင္ ေဖာက္ျပန္ခံရတိုင္း အရွက္ခြဲခ်င္စိတ္ကို ထိန္းပါ။

အခ်စ္ နဲ႔ ႏွလုံးသား က ေနာက္ထပ္ခ်စ္ဖို႔ အခြင့္အေရးထပ္ ေပးလာတဲ့ အခါ … အေကာင္းဆုံး လူသား တေယာက္ ကိုယ့္အနား ထပ္ ေရာက္လာဖို႔

ခါးခါးသီးသီး နဲ႔ အက်ိဳးမရွိ အလုပ္ေတြ ကို ခုထဲက ရွင္းထားပါ။ မင္းက မင္း ထင္တာထက္ ပိုထိုက္တန္တယ္ ဆိုတာ သတိရပါ။

ခ်စ္မိခဲ့ တာ ရႉံးတယ္လို႔ ခံစားရတိုင္း သူ႔ နဲ႔ ပတ္သက္တဲ့ အတိတ္ေတြကို ျပန္လွည့္ၾကည့္ပါ၊

မင္း ခ်စ္သမွ် လိပ္ျပာလုံရဲ႕လား ျပန္ေမး ပါ ေနာင္တနဲ႔ အမွားမရွိတဲ့ မင္းကို တကယ္ တန္ဖိုးထားေပးမဲ့ အေႏြးဆုံး ေနာက္ထပ္ ရင္ခြင္သစ္ ေရာက္လာတဲ့အခါ အတိတ္ေတြထဲ မွာ ပိတ္မိေနျခင္း မရွိပဲ

ျပတ္ျပတ္ သားသားနဲ႔ အျမန္ဆုံး အေရာက္သြားႏိုင္ဖို႔ မင္း သစၥာေဖာက္ခံ လိုက္ရတဲ့ ဒီအခ်စ္ေရးမွာ လိပ္ျပာလုံဖို႔ လိုတာမို႔ပါ ။

Credit

Unicode,

“ ဖောက်ပြန် သွားတဲ့ ရည်းစားကို ပညာပေးဖို့”

ဖောက်ပြန် သွားတဲ့ ရည်းစားကို ပညာပေးဖို Facebook ပေါ် တက် အရှက်ခွဲ နေစရာ မလိုပါဘူး “

ဘာလို့ မလိုတာလဲ ဆိုတော့ – သူ စိတ်ညစ်သွား တာထက် မင်း ရဲ့ ပျော်ရွှင်မှုက ပိုအရေးကြီးလို့ သူ့သိက္ခာထက် မင်းရဲ့ သိက္ခာက ပိုတန်ဖိုး ရှိလို့

ချစ်သူ သက်တမ်းတွေ Anniversaryတွေ ဖြတ်သန်း ခဲ့ကြ တယ်။ သူ့အကြောင်း ကိုယ့်ထက် ဘယ်သူမှ ပိုမသိ နိုင် ခဲ့တဲ့ နားလည်ခြင်းတွေ ၊ အမှတ်တရတွေ အများကြီးနဲ့ နှစ်ဖက် မိဘတွေ ပေးသိတဲ့ အထိ အချစ်တွေ ခိုင်မြဲ ခဲ့ကြ တယ်။

လူတိုင်း နီးပါး အားကျခဲ့ကြတဲ့ မင်းတို့ အတွဲကို အားလုံးအမြင်မှာ တနေ့ လက်ထပ်ဖြစ်မှာပဲ ထင်ခဲ့ကြတာ

သစ်တုံးကြီးဖြစ်တုန်းက “ ထင်း” လုပ်ဖို့ ပဲ မြင်ခဲ့ကြတဲ့ ချိန် ကိုယ်တိုင် ရင်းနှီး ထွင်ထု ထားပြီး ပန်းပု ရုပ်ထုလေး ဖြစ်လာခါ မှ တစ်စုံ တစ်ယောက်က အလွယ်တကူ ဖြတ်လု သွားတာ ခံရတဲ့ အခါ မင်း ရဲ့ နာကျင်မှု ကိုယ်ချင်းစာပေး လို့ရတယ်.. ဒါပေမဲ့ … ဘယ်သူမှ ဝင်ခံစားပေးလို့မရဘူး

အချစ် နဲ့ အမုန်း ဒွန်တွဲတဲ့ အခါ မသိစိတ်ထဲက ကိုယ့်ကို မချစ်တဲ့ သူ့ ကို နားကြည်တဲ့ စိတ်ရယ်၊ အချစ်ခံ ချင်တဲ့ စိတ်ရယ် နှစ်ခု အားပြိုင်တော့ –

ဦးနှောက် ရဲ့ အဖြေက အရိုင်းဆန်ပြီး “ ကိုယ် ပူလောင် သလို သူ့ကိုပါ ပူလောင်စေချင်တယ်၊ အရိုးထဲ ထိ လောင်မြိုက်ပြီး ကိုယ့် ရှေ့မှာ “ မှားပါပြီ “လို့ ဒူးထောက်ထိုင်ငိုနေတာကို မြင်ချင်တယ်

နှလုံးသားက တော့ “ တဆစ်ဆစ်နဲ့ ကြွေပဲ့ရင်း နာကြည်းတဲ့စိတ်က ဒီသစ္စာ မရှိတဲ့ ချစ်သူကို မရက်စက်ချင်လည်း သူ့ဘဝနဲ့ သိက္ခာ ကို ချနင်းပြီးအရှက်ခွဲ ဖျက်စီးဖို့ စတင် ကြံစည်မိကြ မှာပါ

အထူးသဖြင့် Facebook လိုမျိုး Social media မှာ ကိုယ့် personal ပိုင်းဆိုင်ရာ ( relationship) အချစ်ရေး နဲ့ ပတ်သက်ပြီး ချစ်သူက သစ္စာဖောက် သွားလို့ အရှက်ခွဲတော့မယ် ဆိုရင်

အရင်ဆုံး သူ သိက္ခာကျဖို့ ကိုယ့် သိက္ခာပါ ရင်းရမယ် … ကိုယ့်ကျင့်တရား နဲ့ သမာဓိကြောင့် တန်ဖိုးချင်း ကွာသွားတဲ့ မင်း နဲ့သူ ရဲ့ သိက္ခာ နှစ်ခုလုံးရင်းရတာတောင် မင်းဘက်ကတော့ မတန်ဘူးပေါ့လေ။ သူ နဲ့ ဘယ် အတိုင်းအတာ ပတ်သက် ခဲ့တယ် စပြောပြ ရမယ်၊

ကိုယ့်က ဘယ်လို ချစ်ပြီး ဘယ်လိုပေးဆပ်ပေမဲ့ ဘယ်လို လုပ်ရက်တယ် စသဖြင့် စသဖြင့် ဘယ်သူမှ စ မမေးခဲ့ တဲ့ ဒီ ဇာတ်ထုပ်တခုကို ဇာတ်ရည်လည်အောင် ရှင်းပြရတော့မှာပါ

ဘာ အကျိုးအမြတ် ကျန်မလဲ ဆိုတော့ အချိန် ကုန်မယ်၊ အရှက်ကွဲမယ်၊ သိက္ခာကျမယ် ကိုယ့် မတတ်သာလို့ မမြဲနိုင် ခဲ့တဲ့ ဒီ အချစ်ရေးတစ် ခု မှာ ဖောက်ပြန် ခံရလို့ ပြန်အရှက်ခွဲခဲ့ တဲ့ သူတစ်ယောက် အဖြစ် အနည်းအကျဉ်း လူ သိသွားကြမယ်။

တိုင်းသိပြည်သိ နှစ်ဦးနှစ်ဖက် Social Media မှာ အရှက်ကွဲခံရင်း ကိုယ့်ရဲ့ အချစ်ရေးကို ဒီလို ဖြေရှင်းတာဟာ လူတွေ ဘက်က ကြည့်ရင်တော့ အနေသာကြီး ပါ ။

ကိုယ့်ရဲ့ မလိုသူတွေ ကြိတ် ဝမ်းသာကြ မယ် ။ မနာလိုသူတွေက လာနှစ်သိမ့်မယ် ပြီးရင် ကွယ်ရာ အတင်းပြန်တုတ်ကြမယ် ။ ကြိတ်ပြုံးကြ မယ်

လူတွေ ပြောပြောတဲ့ “ ပွဲ ဟေ့ … ပွဲ ” ဆိုသလို မင်းရဲ့ ခံစားချက်နဲ့ ဒီ အချစ်ရေးကြီး က သူတို့ အပျင်းပြေ ဖတ်ဖို့ Facebook Post တစ်ခု သာသာဖြစ် သွားလိမ့် မယ်။ မင်းတို့အကြောင်း ကို တခဏပဲ ပြောကြမယ် ၊ ဝင်မေးကြမယ် ၊ သနားကြမယ် နှစ်သိမ့်ကြမယ်။

ဘယ်သူမှ ကိုယ့်ရဲ့ ဘဝ နဲ့ ရင်ထဲထိ လှုက်လှိုက်လဲလဲ လိုက်ခံစား ပေး မနေဘူးနော်။ လာနှစ်သိမ့်လိုက်ကြတယ် သနားလိုက်ကြတယ် အချိန်တန်တော့ လည်း ပြီးသွားတာပဲ

ဒီကိစ္စတစ်ခုကို ကြာတော့ အားလုံး မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြတာပဲ အဲ့လို လုပ်လိုက်တိုင်း မင်း ရင်ထဲက ဒဏ်ရာကတော့ မပျောက်သွားဘူး။

မင်းနှလုံးသားရဲ့ ဒဏ်ရာကို ဒီလို လုပ်လိုက် တိုင်း လုံးဝ မကုစားပေး နိုင်ပါဘူး။ တစ်ချိန်မှာ ပြန်တွေးကြည့် လို့ ကိုယ့်ဘဝရဲ့ ရယ်စရာ အစိတ် အပိုင်း တခုဖြစ်လာမဲ့ ဒီ ပြားကိုးဆယ် အချစ်ရေး ကို ကိုယ့် သိက္ခာတွေ အကျခံပြီး ဘာလို့ အရှက်ခွဲ မှာလဲ။

ဘာလို့ အရှက်ခွဲ မှာလဲ ?

အများကြီး သဘောထားကြီးခိုင်းတာ မဟုတ်ပါဘူး။ သူက တစ်ချိန်က ကိုယ်ချစ်ခဲ့ ဖူးတဲ့ လူတစ်ယောက် ပဲလေ ။ နောက် တစ်ယောက်ကြောင့် ကိုယ့်ကို မချစ်တော့တာ ကိုယ့်အမှား မဟုတ်ဘူး။ မချစ်တော့တာ က မချစ်တော့ တာပါပဲ။

Relationship တစ်ခုမှာ တခုမှ ညှိမ ရသလို ဘာမှ အဆင်မပြေတော့ဘူး လို့ ခံစားမိရင် သူ့ဘက်ကိုယ့်ဘက် စွန့်လွတ် နိုင်ဖို့ကြိုးစားပါ။ “အချစ်ခံရဖို့ ဘယ်တော့မှ အသနား မခံပါနဲ့ “ ။ မျက်ရည်ခံလဲ မထိုးပါနဲ့ ။ ခြိမ်းလဲ မခြိမ်းခြောက်ပါနဲ့

အတင်းတွေ ကပ်တွယ် ပြီး အချစ်ခံ / ဂရုစိုက် ခံရဖို့ ဆွဲထားတဲ့ ဒီအချစ်ရေးဟာ (90%) လောက် ဖောက်ပြန်ဖို့ အလားအလာရှိနေတာပါ။ တဘက်က “ Unconditional love “ နဲ့ blind ဖြစ်နေတဲ့ အခါ တဖက်ကတော့ အရမ်းကို အေးခဲပြီး သံယောဇဉ်နဲ့ သနားညာတာစိတ်ကြောင့်

ကိုယ်ဘေးမှာတော့ ရှိနေမှာပါ။

ကိုယ့်ကို မချစ်တော့တဲ့ နှလုံးသားအသစ် နဲ့ ကိုယ့်ချစ်သူ က နောက်ထပ် သဘောကျမိတဲ့ လူ တွေ့တဲ့အခါ ကိုယ့်မျက်ကွယ်ရာမှာ သူရင်ခုန်တဲ့ ဘက်ကို တိတ် တိတ်လေး ခြေလှမ်းမှာပါ။

အသက် ဘယ်လောက်ရရ နှလုံးသားတွေက တော့ လတ် ဆတ်တယ်။ ရင်ခုန်တဲ့ဘက်ကို နှလုံးသား က ဆက်သွားနေမှာပဲ ။ ဒါက နှလုံးသားကြောင့် ဖောက်ပြန်တာ လို့ ခေါ်တယ်။ တချို့ကျသွေးသားဆန္ဒကြောင့် ဖောက်ပြန်သွားကြမယ်။

မင်းရဲ့ ဘဝထဲ မှာ လူတွေက ဝင်လာလိုက် ထွက်သွားလိုက်နဲ့ “ လူတယောက် ကို ဆုံးရှူံးဖူးတာလဲ တစ်ကြိမ် မကခဲ့ဘူး “ ဒီလူ နဲ့မှ ကိုယ်လည်း

နောက်ထပ် မချစ်နိုင်တော့ဘူး ထင်ရင် တိုင်နဲ့ ခေါင်း သာ ပြေးဆောင့်ပါ

အချစ်ဆိုတဲ့ အရာ က အမြဲ အသစ်မွေးဖွားနေ တာမို့ တခါ သစ္စာဖောက်ခံရတိုင်း ဘဝ တခုလုံး ပျက်စီးသွားသလို မျိုး သူ နဲ့ ပဲ ကိုယ့်ဘဝကြီးက လမ်းဆုံးသွား သလို မျိုး သူ့ထက် ချစ်နိုင်သူ နောက်ထပ် မရှိတော့ဘူး လိုမျိုးဒီ အတွေးတွေနဲ့ ကယောင်ခြောက် ချားတွေ ဖြစ်နေတဲ့အခါ …

သချင်္ာ ကျကျ ကြိုတင် တွက်ဆ ကြည့်ပါ။ သူ မရှိတော့လည်း ကိုယ့်က အချစ်နဲ့ တသက်တာ ခပ်ကင်းကင်း နေနိုင် မှာမို့လို့ လား ?

“မျက်ကန်း တစ္ဆေ မကြောက် “ သလိုမျိုး.. တခါ အထိနာရင်ကွဲခဲ့ဖူးတော့ အချစ်ခံ ချင်တယ်။ အချစ်မှာ တခါ တန်ဖိုးလျော့ ဆက်ဆံခံရဖူးတော့ နှလုံးသားက ပူပေါင်းလို ပိုနူးညံ့လာပြီး အချစ်စစ် ကို ပိုလို့ တပ်မက် လာတယ်။

နောက်ထပ် အချစ်သစ် တွေ့တဲ့ အခါ တချိန် နောင်တ ကင်းမဲ့ တဲ့ အတိတ် မျိုး ရချင်ရင် ဖောက်ပြန်ခံရတိုင်း အရှက်ခွဲချင်စိတ်ကို ထိန်းပါ။

အချစ် နဲ့ နှလုံးသား က နောက်ထပ်ချစ်ဖို့ အခွင့်အရေးထပ် ပေးလာတဲ့ အခါ … အကောင်းဆုံး လူသား တယောက် ကိုယ့်အနား ထပ် ရောက်လာဖို့

ခါးခါးသီးသီး နဲ့ အကျိုးမရှိ အလုပ်တွေ ကို ခုထဲက ရှင်းထားပါ။ မင်းက မင်း ထင်တာထက် ပိုထိုက်တန်တယ် ဆိုတာ သတိရပါ။

ချစ်မိခဲ့ တာ ရှူံးတယ်လို့ ခံစားရတိုင်း သူ့ နဲ့ ပတ်သက်တဲ့ အတိတ်တွေကို ပြန်လှည့်ကြည့်ပါ၊

မင်း ချစ်သမျှ လိပ်ပြာလုံရဲ့လား ပြန်မေး ပါ နောင်တနဲ့ အမှားမရှိတဲ့ မင်းကို တကယ် တန်ဖိုးထားပေးမဲ့ အနွေးဆုံး နောက်ထပ် ရင်ခွင်သစ် ရောက်လာတဲ့အခါ အတိတ်တွေထဲ မှာ ပိတ်မိနေခြင်း မရှိပဲ

ပြတ်ပြတ် သားသားနဲ့ အမြန်ဆုံး အရောက်သွားနိုင်ဖို့ မင်း သစ္စာဖောက်ခံ လိုက်ရတဲ့ ဒီအချစ်ရေးမှာ လိပ်ပြာလုံဖို့ လိုတာမို့ပါ ။

Credit