ဆံပင် တစ်ခါမှ မဖြောင့်ဖူ းပါဘူး၊ ဒါပေမယ့် ဆံပင်က ဖြောင့်ထားတဲ့ သူတွေလို ပျော့တယ် ဆံသား ပြောင်တယ် စင်းတယ် ။
ဘာမှ မလုပ်မှတော့ ဘယ်ပျက်ဆီ းမလဲ လို့တော့ မထင်နဲ့ ဆံပင် ဆေးဆိုးတာတော့ ရက်ရက်စက်စက် ဆိုးတယ် အရောင် မကြိုက်ရင် တစ်လ တည်းကို ၃ ခေါက် ၄ ခေါက် လောက် ထိ အရောင် ပြောင်းတယ် ဒါတောင် မပျက်ဆီး ပါဘူး ။
အရှည်သန်တယ် ခေါင်းလေးပြီး ဇာတ်ကြော တက်တတ်လို့ အရှည် သိပ်မထားေ့တာ့ဘူး ။ တစ်ခြားပေါင်းဆေး သိပ် သုံးစရာ လည်း မလိုပါဘူး။ ဘာမှလည်း မလိမ်းဘူး ဆိုင်မှာ လည်း ဆေးတွေနဲ့ လုပ်စရာ မလိုပါဘူး ။
တစ်ပါတ် တစ်ခါ ကြက်ဥ ရှားစောင်းဂျယ်လ် သံလွင်ဆီ ပျားရည်နဲ့ ပေါင်းတင် တယ် နှစ်ခွ လည်းလုံးဝ မဖြစ်ဘူး ဆံပင် ကျွတ်တဲ့ သူဆို သံပုရာရည် လေးပါ ထည့်လုပ် နော် ။
ရေမချိုးခင် နာရီဝက် ဒါမှ မဟုတ် ရေချိုးခါနီးဆို အဝတ်လျှော်တယ် အဲ့အဝတ် မလျှော်ခင် ကတည်းက လိမ်းထား လိုက်တာ အဝတ်တွေလည်း အကုန်လျှော် အပြီး လိမ်းထားတဲ့ အချိန်နဲ့ ကွက်တိပဲ တကူးတက အချိန် မပေးရဘဲ အလုပ် ၂ ခု ပြီးပါတယ် ။
အရောင် ဆိုးရင် တောင် အရောင်က ပိုပြောင်လက်ပြီး တောက်လာ ပါတယ် ။ ဒါနဲ့ ဖျော်တာ ပိုသွားရင်လည်း မျက်နှာ လိမ်းလို့လဲ ရသေးတယ်နော် ။ ပျား ရည် ဆေး ဆိုင်လမှာ ရောင်း တာ လည်း စစ် တယ် ။ စစ် မ စစ် စမ်း နည်း ပြော ပြ မယ် ။
ပျားရည် တစ်စက်ကို လက်သည်းခွံ ပေါ် တင်ကြည့်ပါ ပျားရည်စက် က အောက်ကို မကျဘူး ပိန်းကြာရွက်မှာ ရေတင်သလို အလုံးလေး ဖြစ်နေရင် အဲ့ဒါ အစစ်ပဲ ။
ကိုယ် လက်တွေ့လုပ်နေတာလေး တင်ပေးတာ သဘောကျ တယ်ဆို နောက်နေ့ အရေးအကြောင်းနဲ့ မိတ်ကပ် ဆွဲအောင်ပြီးတော့ မနက်ပိုင်း စိတ်ကြည်လင်အောင် ပိုက်ဆံမကုန်ဘဲ လုပ်တဲ့ နည်းလေး ထပ်တင်ပေး ပါ့မယ်နော် ။
Credit to original writer