အခ်စ္ေရး

သင့္ခ်စ္သူနဲ႔ ေရရွည္လက္တြဲမယ္ဆိုရင္ ဒီအခ်က္ေတြလိုက္နာပါ

သင့္ခ်စ္သူနဲ႔ ေရရွည္လက္တြဲမယ္ဆိုရင္ ဒီအခ်က္ေတြလိုက္နာပါ

သင့္ခ်စ္သူနဲ႔ ႏွစ္ေတြအၾကာႀကီး ခိုင္ၿမဲတဲ့ဆက္ဆံေရးတစ္ခု တည္ေဆာက္ခ်င္ပါသလား။

Relationship တစ္ခုအခ်ိန္ၾကာၾကာတည္ၿမဲဖို႔ဆိုတာ မလြယ္ဘူးဆိုေပမယ့္ အခုေျပာျပမယ့္အခ်က္ေလးေတြ လိုက္နာမယ္ဆိုရင္ သင့္တို႔ ခ်စ္သူႏွစ္ဦးသားဆက္ဆံေရး ပိုမိုခိုင္ၿမဲေစမွာျဖစ္ၿပီး ႏွစ္ေတြအၾကာႀကီး ခိုင္မာၿမဲၿမံတဲ့အခ်စ္ေရးတစ္ခုကို ပုံေဖာ္သြားႏိုင္မွာျဖစ္ပါတယ္။

(၁) ပြင့္လင္းမႈရွိပါ

ပြင့္ပြင့္လင္းလင္းရွိတဲ့ဆက္ဆံေရးက ခ်စ္သူႏွစ္ဦး တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ယုံၾကည္စိတ္ခ်မႈပိုရေစပါတယ္။ ေနာက္ထပ္ေကာင္းတဲ့အခ်က္တစ္ခု ရွိပါေသးတယ္။ ပြင့္လင္းျမင္သာမႈရွိတဲ့ ဆက္ဆံေရးက တစ္ဦးအေပၚတစ္ဦး သံသယစိတ္နည္းသြားေစတာပါပဲ။ သံသယကင္းၿပီး ယုံၾကည္စိတ္ခ်ရမယ္ဆိုရင္ ေရရွည္လက္တြဲသြားဖို႔ မခက္ခဲေတာ့ပါဘူး။

(၂) နားလည္ေအာင္ႀကိဳးစားပါ

ကိုယ့္ခ်စ္သူက ဘယ္လိုပုံစံရွိတယ္ဆိုတာကို ေကာင္းေကာင္းနားလည္ထားဖို႔ လိုပါတယ္။ တစ္ခါတစ္ေလမွာ မိန္းကေလးေတြက နည္းနည္းပေဟဠိဆန္တက္ၾကပါတယ္။ သူတို႔ျဖစ္ခ်င္တာ လုပ္ခ်င္တဲ့အရာေတြကို တည့္တည့္မေျပာေပမယ့္ နားလည္ေစခ်င္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္အေနနဲ႔ လိမ္မာပါးနပ္မႈရွိဖို႔လိုၿပီး သူတို႔ကိုနားလည္ေအာင္ႀကိဳးစားသင့္ပါတယ္။

(၃) Surprise ေလးေတြဖန္တီးေပးပါ

တစ္ခါတစ္ေလ သာမာန္႐ိုးက်ပုံစံထဲက ခြဲထြက္ၿပီး သူမအတြက္အံ့ဩေစမယ့္ အရာေလးေတြဖန္တီးေပးဖို႔လည္း လိုအပ္ပါတယ္။ တန္ဖိုးအရမ္းႀကီးတဲ့အရာေတြေပးမွ မဟုတ္ပါဘူး။ ဥပမာ သူမဖတ္ခ်င္တယ္လို႔ ေျပာဖူးတဲ့ စာအုပ္ေလးတစ္အုပ္ကို ရေအာင္ဝယ္ၿပီး လက္ေဆာင္ေပးတာမ်ိဳးပါ။

(၄) အရႈပ္ေတြရွင္းပါ

Relationship တစ္ခုေရရွည္လက္တြဲသြားႏိုင္ဖို႔ အရႈပ္အရွင္းကင္းကင္း သစၥာရွိဖို႔ကလည္း အေရးႀကီးတာပဲ မဟုတ္လား။ ဒါေၾကာင့္ ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္သူမအေပၚ သစၥာရွိမႈကိုေစာင့္ထိန္းသြားရမွာျဖစ္ပါတယ္။ တစ္ခါတစ္ေလ အေပ်ာ္ဆိုတာမ်ိဳးေတြ ၊ ရည္စားေဟာင္းက႑ေတြစတဲ့ အရႈပ္ေတြမရွိဖို႔ ကိုယ့္ကိုယ့္ကိုတားျမစ္ထားသင့္ပါတယ္။

Credit

unicode

သင့်ချစ်သူနဲ့ ရေရှည်လက်တွဲမယ်ဆိုရင် ဒီအချက်တွေလိုက်နာပါ

သင့်ချစ်သူနဲ့ နှစ်တွေအကြာကြီး ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်ပါသလား။

Relationship တစ်ခုအချိန်ကြာကြာတည်မြဲဖို့ဆိုတာ မလွယ်ဘူးဆိုပေမယ့် အခုပြောပြမယ့်အချက်လေးတွေ လိုက်နာမယ်ဆိုရင် သင့်တို့ ချစ်သူနှစ်ဦးသားဆက်ဆံရေး ပိုမိုခိုင်မြဲစေမှာဖြစ်ပြီး နှစ်တွေအကြာကြီး ခိုင်မာမြဲမြံတဲ့အချစ်ရေးတစ်ခုကို ပုံဖော်သွားနိုင်မှာဖြစ်ပါတယ်။

(၁) ပွင့်လင်းမှုရှိပါ

ပွင့်ပွင့်လင်းလင်းရှိတဲ့ဆက်ဆံရေးက ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်စိတ်ချမှုပိုရစေပါတယ်။ နောက်ထပ်ကောင်းတဲ့အချက်တစ်ခု ရှိပါသေးတယ်။ ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေးက တစ်ဦးအပေါ်တစ်ဦး သံသယစိတ်နည်းသွားစေတာပါပဲ။ သံသယကင်းပြီး ယုံကြည်စိတ်ချရမယ်ဆိုရင် ရေရှည်လက်တွဲသွားဖို့ မခက်ခဲတော့ပါဘူး။

(၂) နားလည်အောင်ကြိုးစားပါ

ကိုယ့်ချစ်သူက ဘယ်လိုပုံစံရှိတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ မိန်းကလေးတွေက နည်းနည်းပဟေဠိဆန်တက်ကြပါတယ်။ သူတို့ဖြစ်ချင်တာ လုပ်ချင်တဲ့အရာတွေကို တည့်တည့်မပြောပေမယ့် နားလည်စေချင်ကြပါတယ်။ ဒါကြောင့် ကိုယ်အနေနဲ့ လိမ်မာပါးနပ်မှုရှိဖို့လိုပြီး သူတို့ကိုနားလည်အောင်ကြိုးစားသင့်ပါတယ်။

(၃) Surprise လေးတွေဖန်တီးပေးပါ

တစ်ခါတစ်လေ သာမာန်ရိုးကျပုံစံထဲက ခွဲထွက်ပြီး သူမအတွက်အံ့ဩစေမယ့် အရာလေးတွေဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။ တန်ဖိုးအရမ်းကြီးတဲ့အရာတွေပေးမှ မဟုတ်ပါဘူး။ ဥပမာ သူမဖတ်ချင်တယ်လို့ ပြောဖူးတဲ့ စာအုပ်လေးတစ်အုပ်ကို ရအောင်ဝယ်ပြီး လက်ဆောင်ပေးတာမျိုးပါ။

(၄) အရှုပ်တွေရှင်းပါ

Relationship တစ်ခုရေရှည်လက်တွဲသွားနိုင်ဖို့ အရှုပ်အရှင်းကင်းကင်း သစ္စာရှိဖို့ကလည်း အရေးကြီးတာပဲ မဟုတ်လား။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်သူမအပေါ် သစ္စာရှိမှုကိုစောင့်ထိန်းသွားရမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ အပျော်ဆိုတာမျိုးတွေ ၊ ရည်စားဟောင်းကဏ္ဍတွေစတဲ့ အရှုပ်တွေမရှိဖို့ ကိုယ့်ကိုယ့်ကိုတားမြစ်ထားသင့်ပါတယ်။

Credit