ဆန္ဒနဲ့ဘဝဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်လိုက်တာတွေလဲ..၊
အတိတ်မှာ အများကြီးပါ ယခုလက်ရှိမှာလဲ အများကြီးပါပဲ နောက်လဲ ထပ်ရှိချင် ရှိလာဦးမှာ ပြင်းပြင်းပြပြဖြစ်ချင်တဲ့ ဆန္ဒသာရှိရင် ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတဲ့စကားဟာ အမြဲတမ်းတော့ မမှန်နိုင်ဘူးထင်တယ်..။
ကိုယ့်မှာ ပြင်းပြတဲ့ဆန္ဒတွေ ရှိပေမယ့် အနောက်မှာ ရပ်နေတဲ့ဘဝတွေကို ငဲ့ကွက်ဖို့လိုသေးတယ် ကိုယ်တစ်ယောက်တည်း ကိုယ်လွတ်ရုန်းထွက်လိုက်မျိုး မဖြစ်ချင်ဘူးလေ..၊
ပြီးတော့ ကိုယ်တစ်ဦးတည်း အဆင်ပြေရပ်တည်နေရတာမျိုးလဲ မဖြစ်သင့်ဘူးလေ ဒီလိုပါပဲ ဘဝဆိုတာတစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့စိတ်နဲ့ အိပ်မက်တွေကို ရင်နာနာနဲ့ မေ့ပစ်လိုက်တာပါ..။
ဘဝက အမြဲတမ်း ဖြစ်ချင်တာ နဲ့ ဖြစ်သင့်ကို ရွေးချယ်ခွင့်မပေးဘူး ရွေးချယ်ခွင့်ပေးခဲ့တဲ့အခါတောင် ကိုယ်ဖြစ်ချင်နေတာတွေကိုမေ့ပြီး..။
ဖြစ်သင့်ဖြစ်ထိုက်တာလေးတွေကို ဦးစားပေးရတာက များတယ် လူတွေပြောသလို ဖြစ်သင့်တာလေးကို လုပ်ပြီး ဖြစ်ချင်တာလေးကို လုပ်ပါတဲ့..၊
ပြောသလောက်မှ လွယ်မှ မလွယ်ခဲ့ပဲ အိပ်မက်တွေသာ ရှိပြီး ဖြစ်သင့်တာတွေကိုပဲ ဦးစားပေးရတဲ့ ဘဝမှာ တစ်ခါတစ်ခါ ကိုယ်ဖြစ်ချင်ခဲ့တဲ့အရာတွေတောင် ခပ်မေ့မေ့ဖြစ်တတ်လာတယ်..။
ဝါသနာနဲ့ ဘ၀ ထပ်တူကျနေတဲ့လူတွေကိုတော့ အရမ်းကို အားကျပါတယ် ကိုယ်ကတော့ ကိုယ်လုပ်နေတဲ့အလုပ်ကို ဝါသနာ မပါပါအောင်ထည့်ပြီး စိတ်နှစ်ထားရတာ..၊
တစ်ခါတစ်ခါကျ အရမ်းပင်ပန်းတယ်လေ ပျော်ရာမှာမနေရ တော်ရမှာ နေနေရတဲ့ဘဝမှာ ပျော်သလိုသာနေရင်း တချိန်က မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်း ပြန်ပြီးအစဖော်ကြည့်တယ် အရာရာဟာ ဝေဝေဝါးဝါးပါပဲ..၊
ဖြစ်နေတာနဲ့ ဖြစ်ချင်ခဲ့တာ ဆန့်ကျင်ဖက်တွေ ဖြစ်နေတတ်တဲ့ဘဝမှာ ဘယ်အရာကိုမှ အပြစ်မတင်ချင်တော့ပါဘူး..။
တချို့အိပ်မက်တွေကိုတော့ ဆက်ပြီး ဆုပ်ကိုင်ထားဆဲပါ အချိန်တန်လို့ ဖြစ်ခွင့်ရှိခဲ့ရင် ဒါမှမဟုတ် ဖြစ်သင့်ဖြစ်ထိုက်တာတွေ အားလုံး လုပ်ပြီးသွားတဲ့အခါကျရင် လောကကြီးရေ ကိုယ်ဖြစ်ချင်တာလေး တစ်ခုကိုပဲ ဖြစ်ခွင့်ပေးရင် ကျေနပ်ပါတယ်..။
PStar
Credit
Unicode
ဆန္ဒနဲ့ဘဝဟာ အမြဲတစ်ထပ်တည်းမကျနိုင်ဘူးလေ ဖြစ်ချင်တဲ့ အိပ်မက်တွေရှိပေမယ့် ကိုယ်ကိုယ်တိုင် ရင်နာနာနဲ့ မေ့ပစ်လိုက်တာတွေလဲ အတိတ်မှာ အများကြီးပါ