ဒုတိယဝါဆိုလအတွက်အကောင်းဆုံးယတြာ (20.7.2020)မှ (18.8.2020) အထိ
ဒုတိယဝါဆိုလအတွက်အကောင်းဆုံးယတြာ
ဒုတိယဝါဆိုလဆန်း(၁)ရက်နေ့(20.7.2020)မှ ဒုတိယဝါဆိုလကွယ်နေ့(18.8.2020)အထိတစ်လတာလုံး
“ကျောက်ပြင်အသေးတစ်ချပ်ပေါ်တွင် “ဧ” အက္ခရာကို ဆော့ပင်အပြာရောင်ဖြင့် ထင်းနေအောင်ရေးရပါမည်။
“ဧ”အက္ခရာရေးထားသောကျောက်ပြင်ပေါ်တွင် နေ့စဉ် နေ့လည်10:30Am မှ 11:15Am အတောအတွင်း၌ သောက်တော်ရေ တစ်ခွက် တင်ထားပြီး မိမိအိမ်ဘုရား ကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား ရိုသေစွာဖြင့် ကပ်လှူပေးရပါမယ် ခင်ဗျ…….။”
အောက်ပါ ဂါထာတော်ကို (၈)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
ဒုတိယဝါဆိုလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အခိုက် များ မှန်သမျှ ကင်းရှင်းပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့်အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။
သောက်တော်ရေကို နေ့စဉ် အသစ်ပြန်လည် လှဲလှယ် ကပ်လှူပေးရပါတယ်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက် သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ဒုတိယဝါဆိုလ တစ်လတာလုံး စီးပွားလာဘ်လာဘပွင့်လန်းစေပြီး မည်သည့်အခက်အခဲများ မဆို ပြေလည်စေပြီး ကောင်ခြင်းမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေသား။
၇ရက်သားသမီးများအားလုံး ကြီးပွားချမ်းသာကြပါစေ🙏 ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း 09776478912
Zawgyi
ဆုတောင်းစာ