လက်သည်းရှည်ရှည်လေး ထားချင်ပေမယ့် ခဏခဏကျိုးပဲ့နေတော့ ညှပ်ပစ်လိုက်ရတာလား
ဒါမှမဟုတ်လက်သည်းအရှည်တော့ ထားချင်ပါရဲ့အရောင်က ဝါဝါညစ်ညစ်ကြီးဖြစ်
နေတော့လည်း ကြည့်မလှပြန်ပါဘူးလက်သည်းရှည်ရှည်လေးဆိုရင်
မိန်းကလေးတွေအနေနဲ့ လက်သည်းဆိုးဆေးတွေဆိုးတဲ့အခါမှာလည်း
ကြိုက်တဲ့ပုံဖော်လု့ိရသလို လက်ချောင်း ရှည်ရှည်လေးဖြစ်သွားစေပါတယ်
ယောကျ်ားလေးတွေအတွက်ကျတော့လည်း လက်သည်းရှည်ရှည်နဲ့ဆိုရင်
စတိုင်ထုတ်လို့ရသလို ဂစ်တာတီးတဲ့အခါမှာ ပက်ထရွန်လိုက်ရှာနေစရာမလိုတော့ဘူးပေါ့နော်
ဒါပေမယ့် လက်သည်းအရှည်ထားတဲ့သူတွေအနေနဲ့ လက်သည်းကျန်းမာလှပဖို့အတွက်
သေချာဂရုစိုက်သင့်ပါတယ်
လက်သည်းကျိုးပဲ့သွားခြင်းမရှိဘဲ သဘာဝအတိုင်း ပန်းရောင်သမ်းတဲ့
လက်သည်းရှည်ရှည်လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့
အခုဖော်ပြပေးမယ့်နည်းလမ်းလေးတွေအတိုင်း ပြုလုပ်ကြည့်လိုက်ပါနော်လိုအပ်သော
ပစ္စည်းများလိမ္မော်ရည်ကြက်သွန်ဖြူသံလွင်ဆီအသုံးပြုပုံကလည်း ရိုးရှင်းပါတယ်
လက်သည်းစိမ်ဖို့အတွက် ပန်းကန်လုံးတစ်လုံးယူလိုက်ပါ
လိမ္မော်ရည် ပန်းကန်လုံးရဲ့လေးပုံတစ်ပုံ
နုတ်နုတ်စင်းထားတဲ့ကြက်သွန်ဖြူတစ်မွှာနဲ့သံလွင်ဆီအနည်းငယ်တို့ကိုရောစပ်ပြီး ၁၅မိနစ်ခန့်စိမ်ပါ
ထို့နောက်ရေနဲ ဆေးကြောသန့်စင်ပြီး သံလွင်ဆီလေးသုတ်လိမ်းပေးပါ
ဒီနည်းလမ်းအတိုင်းတစ်ပတ်ကို ၃ကြိမ်ခန့်ပြုလုပ်ပေးပါ
လိမ္မော်ရည်မှာပါဝင်တဲ့ဗီတာမင်ဓာတ်ကလက်သည်းအရှည်မြန်စေပြီ
းကြက်သွန်ဖြူက လက်သည်းကျိုးခြင်းနဲ့လက်သည်းအရောင်မလှခြင်းတို့မှ
ကင်းဝေးစေပြီးသံလွင်ဆီက လက်သည်းကျန်းမာဖို့အတွက်အားဖြည့်ပေးပါလိမ့်မယ်
Crd;
ကြိုက်တဲ့ပုံဖော်လို့ရသလို လက်ချောင်း ရှည်ရှည်လေးဖြစ်သွားစေပါတယ်
ယောက်ျားလေးတွေအတွက်ကျတော့လည်း လက်သည်းရှည်ရှည်နဲ့ဆိုရင်
Crd;