ချစ်သူအပေါ် အရမ်းကို စိတ်နှစ်ပြီး အရူးအမူး ချစ်တဲ့သူတွေ ဖြစ်တတ်တဲ့ ဆိုးကျိုး ၅ ခု
(၁) ပူပင်သောက ရောက်ခြင်းကိုယ့်ရဲ့ အချစ်စိတ်တွေ အားလုံးက သူမှ သူဘဲ ဖြစ်နေတဲ့ အခါ သူ့ဘက်က ကိုယ့်ကို ထားသွားမှာ၊ အမှားလုပ်မိမှာ၊ကိုယ့်အပေါ် သစ္စာဖောက်မှာ စသဖြင့် အချိန်တိုင်း စိုးရိမ်ပူပန်စိတ် တွေနဲ့ ဖြတ်သန်းနေရပါလိမ့်မယ်။ဖစ်နိုင်ရင် ကိုယ့်အနားမှာဘဲ အချိန်တိုင်း ရှိချင်တဲ့ အတွက်သူ့ရဲ့ ကိုယ်ပိုင်အချိန် တွေကို ကိုယ့်ဘက်က ချုပ်ချယ်ကောင်း ချုပ်ချယ်လာမိ ပါလိမ့်မယ်။ဒီအခြေအနေတွေ အားလုံးဟာ တဖြည်းဖြည်းနဲ့ ချစ်တဲ့စိတ်ကနေ အတ္တဘက်ကို ရောက်မှန်းမသိ ရောက်သွားတတ် ပါတယ်ကိုယ့်ဘက်က ဆုံးရှုံးရမှာ ကြောက်လို့ သူ့အပေါ် ချုပ်ချယ်မှုတွေ များလာတဲ့ အခါ တဖက်သူကကိုယ့်ကို ငြီးငွေ့ပြီး ကိုယ့်အနားကထွက်သွားချင် စိတ်တွေ ဖြစ်ပေါ်တတ် ပါတယ်။ဒီလိုနဲ့ ကိုယ်တွေရဲ့ Relationship က အဆုံးသတ်တဲ့ အခြေအနေထိ ရောက်သွားတတ် ကြပါတယ်။
(၂) ရည်မှန်းချက်တွေ နောက်နှေးခြင်းလူတယောက်ကို ရာနှုန်းပြည့် သူ့အပေါ်မှာ စိတ်နှစ်ပြီး ချစ်ရတဲ့ အခါ တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေမှာ နောက်နှေး ကြံ့ကြာမှုတွေ ဖြစ်ပေါ်တတ် ပါတယ်။အချိန်တိုင်းလိုလို သူ့အပေါ် စိတ်က ရောက်နေတဲ့ အတွက် အလုပ် လုပ်တဲ့ နေရာမှာလည်းအလွဲလွဲ အချော်ချော်တွေ ဖြစ်တတ်ပြီး ထင်ထားသလောက်လည်း အောင်မြင်မှု မရရှိ နိုင်တော့ ပါဘူး ။
ကိုယ့်ဘဝ တက်လမ်း အတွက် ကိစ္စတစ်ခုခု လုပ်တော့မယ် ဆိုရင်တောင်သူက ကိုယ့်သွားမဲ့ ပန်းတိုင်းမှာ အတားအဆီး တစ်ခုလို ဖြစ်လာပါ လိမ့်မယ် …။ဒီကိစ္စကို လုပ်လိုက်လို့ အောင်မြင်မယ် ဆိုပေမဲ့သူမကြိုက်မှာ၊ သူရဲ့ အဝေးကို ရောက်သွားမှာ စသဖြင့်သူ့အတွက် သူ့အတွက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်တိုးတက်ချိန်တွေ ကုန်ဆုံးရ ပါလိမ့်မယ်။ဒါ့ကြောင့် ချစ်သူထားတဲ့ အခါ နှစ်ဦးစလုံး အပြန်အလှန် နားလည်မှု ရှိပြီးကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်းပိုး မဖြစ်အောင်ကိုယ်ဘဝ အတွက် ပေးရမဲ့ အချိန်၊ သူ့အတွက် ပေးရမဲ့ အချိန် အားလုံးကို သီးခြားပိုင်းခြား ထားနိုင်ဖို့ လိုအပ် ပါတယ်။
(၃) မိသားစုနဲ့ အဆင်မပြေဖြစ်ခြင်းစားလဲ သူ၊ သွားလဲ သူ အရာအားလုံးအပေါ် သူ့က လွှမ်းမိုးနေတဲ့ အခါ မိသားစု ရေးရာမှာလည်း ခေါင်းထဲ သိပ်မရှိတတ် ကြတော့ ပါဘူး ။အိမ်က မိသားစုအတွက် အရေးကြီးတဲ့ အချိန်တွေမှာ မိသားစုနဲ့အတူမနေပေးနိုင်ဘဲချစ်သူက ချိန်းလို့ သွားရတာမျိုး၊ချစ်သူက စိတ် ကွက်မှာဆိုလို့ သူ့အတွက် ဖြည့်ဆည်းပေး တာမျိုး စတဲ့ အဖြစ်အပျက်တွေက ကြာလာတဲ့ အခါသင်ဟာ မိသားစုဝင် ထဲကနေ အပြင်ကို ခွဲထွက်သွားပြီး မိသားစုနဲ့လည်း အဆင်မပြေဖြစ်တတ်ကြပါတယ်ချစ်သူနဲ့ မိသားစုရေးရာ ကိစ္စအချို့ ယှဉ်လာတဲ့ အခါ ဘယ်ကိစ္စက အရေးကြီးလည်း သေချာစဉ်းစားဆုံးဖြတ်ပြီးမှ ပြုလုပ်တာ အကောင်းဆုံးပါ။(အမေနေမကောင်းတဲ့ နေ့မှာ ချစ်သူနဲ့ ချိန်းထားတယ်ဆိုရင်ရော သင်သူ့ကို ရွေးချယ်မလဲ?)
(၄) အရမ်းနာကျင်ရခြင်းအချစ်ကြီးတဲ့ သူအတွက် ခံစားမှုကလည်း အတိုင်းမသိ ကြီးမားတတ် ကြပါတယ်သူ့အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်သလောက် သူ့ဘက်က တုံ့ပြန်မှုကကိုယ့်အပေါ် အသိအမှတ် မပြုတဲ့ အခါ အရမ်းကို နာကျင် ခံစားလွယ် ပါတယ်
အခြားသူတွေ အမြင်မှာတော့ ကိုယ်တွေရဲ့ အဖြစ်အပျက်က သာမန်ကိစ္စ တစ်ခုလို မြင်နေပေမဲ့ကိုယ့်ဘက်က သူ့ကို အများကြီး မျှော်လင့်ထားပြီး မျှော်လင့်ထား သလို မဖြစ်လာတဲ့ အခါဝမ်းနည်းမှုတွေ တပွေ့တပိုက်နဲ့ ရင်ဆိုင်ရတတ် ပါတယ်အရမ်းကို ဂရုစိုက်ပြီး ချစ်တတ်တဲ့ အတွဲတွေအတွက်တော့ ပြဿနာ မဟုတ်ပေမဲ့ ကိုယ်တစ်ဦးထဲ ကပဲသူ့အပေါ် အရူးအမူး ချစ်ပြနေရင်တော့ အဆုံးသတ်မှာ ကိုယ်ဘဲ နာကျင် ခံစားရမယ် ဆိုတာ မလွဲမသွေ ပါဘဲ။
(၅) နောင်တတွေနဲ့ အဆုံးသတ်ခြင်းကိုယ့်ဘက်က အချိန်ပြည့် ဂရုစိုက်ပြီး သူ့အပေါ် ချစ်ပေးနေပေမဲ့ သူ့ဘက်က တုံ့ပြန်မှုကကိုယ့်အပေါ် မကောင်းတဲ့အခါ အချိန်တွေ ကြာလာတာနဲ့ အမျှ ပူဆွေးသောက ရောက်တတ်ကြ ပါတယ်။အစပိုင်းမှာ သူ့ရဲ့ လုပ်ရပ်ကို ကြည့်ပြီး ဝမ်းနည်းရာကနေ တဖြည်းဖြည်းများလာ တဲ့အခါဒေါသစိတ်တွေ၊ ပေါက်ကွဲချင်စိတ်တွေ တဖြည်းဖြည်း ဖြစ်ပေါ်လာ ပါလိမ့်မယ်။အတိတ်တွေကို စဉ်းစားမိတိုင်းကိုယ့်ရဲ့ ပေးဆပ်မှုက သူနဲ့ မတန်ဘူး သူ့အတွက် ပေးဆပ်ခဲ့ရ တာတွေအတွက်ကိုယ့်ကိုကိုယ် ဒေါသလည်းထွက် နောင်တလည်းရ ဆိုတဲ့ အဖြစ်မျိုးနဲ့အဆုံးသတ် သွားပါလိမ့်မယ်။ဒီလို အတိတ်က ရရှိခဲ့တဲ့ အမာရွတ်တွေက ကြီးတဲ့အထိ ကိုယ့်ရဲ့ စိတ်ကို ခတ်ထန်စေ ပါတယ်။
Credit Original writter
ခ်စ္သူအေပၚ အရမ္းကို စိတ္ႏွစ္ၿပီး အ႐ူးအမူး ခ်စ္တဲ့သူေတြ ျဖစ္တတ္တဲ့ ဆိုးက်ိဳး ၅ ခု
(၁) ပူပင္ေသာက ေရာက္ျခင္းကိုယ့္ရဲ့ အခ်စ္စိတ္ေတြ အားလုံးက သူမွ သူဘဲ ျဖစ္ေနတဲ့ အခါ သူ႔ဘက္က ကိုယ့္ကို ထားသြားမွာ၊ အမွားလုပ္မိမွာ၊ကိုယ့္အေပၚ သစၥာေဖာက္မွာ စသျဖင့္ အခ်ိန္တိုင္း စိုးရိမ္ပူပန္စိတ္ ေတြနဲ႔ ျဖတ္သန္းေနရပါလိမ့္မယ္။ဖစ္နိုင္ရင္ ကိုယ့္အနားမွာဘဲ အခ်ိန္တိုင္း ရွိခ်င္တဲ့ အတြက္သူ႔ရဲ့ ကိုယ္ပိုင္အခ်ိန္ ေတြကို ကိုယ့္ဘက္က ခ်ဳပ္ခ်ယ္ေကာင္း ခ်ဳပ္ခ်ယ္လာမိ ပါလိမ့္မယ္။ဒီအေျခအေနေတြ အားလုံးဟာ တျဖည္းျဖည္းနဲ႔ ခ်စ္တဲ့စိတ္ကေန အတၱဘက္ကို ေရာက္မွန္းမသိ ေရာက္သြားတတ္ ပါတယ္ကိုယ့္ဘက္က ဆုံးရႈံးရမွာ ေၾကာက္လို႔ သူ႔အေပၚ ခ်ဳပ္ခ်ယ္မႈေတြ မ်ားလာတဲ့ အခါ တဖက္သူကကိုယ့္ကို ၿငီးေငြ႕ၿပီး ကိုယ့္အနားကထြက္သြားခ်င္ စိတ္ေတြ ျဖစ္ေပၚတတ္ ပါတယ္။ဒီလိုနဲ႔ ကိုယ္ေတြရဲ့ Relationship က အဆုံးသတ္တဲ့ အေျခအေနထိ ေရာက္သြားတတ္ ၾကပါတယ္။
(၂) ရည္မွန္းခ်က္ေတြ ေနာက္ေႏွးျခင္းလူတေယာက္ကို ရာႏႈန္းျပည့္ သူ႔အေပၚမွာ စိတ္ႏွစ္ၿပီး ခ်စ္ရတဲ့ အခါ တျဖည္းျဖည္းနဲ႔ကိုယ့္ရဲ့ ရည္မွန္းခ်က္ေတြ၊ ရည္ရြယ္ခ်က္ေတြမွာ ေနာက္ေႏွး ႀကံ့ၾကာမႈေတြ ျဖစ္ေပၚတတ္ ပါတယ္။အခ်ိန္တိုင္းလိုလို သူ႔အေပၚ စိတ္က ေရာက္ေနတဲ့ အတြက္ အလုပ္ လုပ္တဲ့ ေနရာမွာလည္းအလြဲလြဲ အေခ်ာ္ေခ်ာ္ေတြ ျဖစ္တတ္ၿပီး ထင္ထားသေလာက္လည္း ေအာင္ျမင္မႈ မရရွိ နိုင္ေတာ့ ပါဘူး ။
ကိုယ့္ဘဝ တက္လမ္း အတြက္ ကိစၥတစ္ခုခု လုပ္ေတာ့မယ္ ဆိုရင္ေတာင္သူက ကိုယ့္သြားမဲ့ ပန္းတိုင္းမွာ အတားအဆီး တစ္ခုလို ျဖစ္လာပါ လိမ့္မယ္ …။ဒီကိစၥကို လုပ္လိုက္လို႔ ေအာင္ျမင္မယ္ ဆိုေပမဲ့သူမႀကိဳက္မွာ၊ သူရဲ့ အေဝးကို ေရာက္သြားမွာ စသျဖင့္သူ႔အတြက္ သူ႔အတြက္နဲ႔ ကိုယ့္ရဲ့ ကိုယ္ပိုင္တိုးတက္ခ်ိန္ေတြ ကုန္ဆုံးရ ပါလိမ့္မယ္။ဒါ့ေၾကာင့္ ခ်စ္သူထားတဲ့ အခါ ႏွစ္ဦးစလုံး အျပန္အလွန္ နားလည္မႈ ရွိၿပီးကိုယ့္ဘဝအတြက္ ဝန္ထုပ္ဝန္းပိုး မျဖစ္ေအာင္ကိုယ္ဘဝ အတြက္ ေပးရမဲ့ အခ်ိန္၊ သူ႔အတြက္ ေပးရမဲ့ အခ်ိန္ အားလုံးကို သီးျခားပိုင္းျခား ထားနိုင္ဖို႔ လိုအပ္ ပါတယ္။
(၃) မိသားစုနဲ႔ အဆင္မေျပျဖစ္ျခင္းစားလဲ သူ၊ သြားလဲ သူ အရာအားလုံးအေပၚ သူ႔က လႊမ္းမိုးေနတဲ့ အခါ မိသားစု ေရးရာမွာလည္း ေခါင္းထဲ သိပ္မရွိတတ္ ၾကေတာ့ ပါဘူး ။အိမ္က မိသားစုအတြက္ အေရးႀကီးတဲ့ အခ်ိန္ေတြမွာ မိသားစုနဲ႔အတူမေနေပးနိုင္ဘဲခ်စ္သူက ခ်ိန္းလို႔ သြားရတာမ်ိဳး၊ခ်စ္သူက စိတ္ ကြက္မွာဆိုလို႔ သူ႔အတြက္ ျဖည့္ဆည္းေပး တာမ်ိဳး စတဲ့ အျဖစ္အပ်က္ေတြက ၾကာလာတဲ့ အခါသင္ဟာ မိသားစုဝင္ ထဲကေန အျပင္ကို ခြဲထြက္သြားၿပီး မိသားစုနဲ႔လည္း အဆင္မေျပျဖစ္တတ္ၾကပါတယ္ခ်စ္သူနဲ႔ မိသားစုေရးရာ ကိစၥအခ်ိဳ႕ ယွဥ္လာတဲ့ အခါ ဘယ္ကိစၥက အေရးႀကီးလည္း ေသခ်ာစဥ္းစားဆုံးျဖတ္ၿပီးမွ ျပဳလုပ္တာ အေကာင္းဆုံးပါ။(အေမေနမေကာင္းတဲ့ ေန႔မွာ ခ်စ္သူနဲ႔ ခ်ိန္းထားတယ္ဆိုရင္ေရာ သင္သူ႔ကို ေရြးခ်ယ္မလဲ?)
(၄) အရမ္းနာက်င္ရျခင္းအခ်စ္ႀကီးတဲ့ သူအတြက္ ခံစားမႈကလည္း အတိုင္းမသိ ႀကီးမားတတ္ ၾကပါတယ္သူ႔အေပၚ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္သေလာက္ သူ႔ဘက္က တုံ႔ျပန္မႈကကိုယ့္အေပၚ အသိအမွတ္ မျပဳတဲ့ အခါ အရမ္းကို နာက်င္ ခံစားလြယ္ ပါတယ္
အျခားသူေတြ အျမင္မွာေတာ့ ကိုယ္ေတြရဲ့ အျဖစ္အပ်က္က သာမန္ကိစၥ တစ္ခုလို ျမင္ေနေပမဲ့ကိုယ့္ဘက္က သူ႔ကို အမ်ားႀကီး ေမၽွာ္လင့္ထားၿပီး ေမၽွာ္လင့္ထား သလို မျဖစ္လာတဲ့ အခါဝမ္းနည္းမႈေတြ တေပြ႕တပိုက္နဲ႔ ရင္ဆိုင္ရတတ္ ပါတယ္အရမ္းကို ဂ႐ုစိုက္ၿပီး ခ်စ္တတ္တဲ့ အတြဲေတြအတြက္ေတာ့ ျပႆနာ မဟုတ္ေပမဲ့ ကိုယ္တစ္ဦးထဲ ကပဲသူ႔အေပၚ အ႐ူးအမူး ခ်စ္ျပေနရင္ေတာ့ အဆုံးသတ္မွာ ကိုယ္ဘဲ နာက်င္ ခံစားရမယ္ ဆိုတာ မလြဲမေသြ ပါဘဲ။
(၅) ေနာင္တေတြနဲ႔ အဆုံးသတ္ျခင္းကိုယ့္ဘက္က အခ်ိန္ျပည့္ ဂ႐ုစိုက္ၿပီး သူ႔အေပၚ ခ်စ္ေပးေနေပမဲ့ သူ႔ဘက္က တုံ႔ျပန္မႈကကိုယ့္အေပၚ မေကာင္းတဲ့အခါ အခ်ိန္ေတြ ၾကာလာတာနဲ႔ အမၽွ ပူေဆြးေသာက ေရာက္တတ္ၾက ပါတယ္။အစပိုင္းမွာ သူ႔ရဲ့ လုပ္ရပ္ကို ၾကည့္ၿပီး ဝမ္းနည္းရာကေန တျဖည္းျဖည္းမ်ားလာ တဲ့အခါေဒါသစိတ္ေတြ၊ ေပါက္ကြဲခ်င္စိတ္ေတြ တျဖည္းျဖည္း ျဖစ္ေပၚလာ ပါလိမ့္မယ္။အတိတ္ေတြကို စဥ္းစားမိတိုင္းကိုယ့္ရဲ့ ေပးဆပ္မႈက သူနဲ႔ မတန္ဘူး သူ႔အတြက္ ေပးဆပ္ခဲ့ရ တာေတြအတြက္ကိုယ့္ကိုကိုယ္ ေဒါသလည္းထြက္ ေနာင္တလည္းရ ဆိုတဲ့ အျဖစ္မ်ိဳးနဲ႔အဆုံးသတ္ သြားပါလိမ့္မယ္။ဒီလို အတိတ္က ရရွိခဲ့တဲ့ အမာရြတ္ေတြက ႀကီးတဲ့အထိ ကိုယ့္ရဲ့ စိတ္ကို ခတ္ထန္ေစ ပါတယ္။
Credit Original writter