ၾကားသိရသမွ်

ချွေးမကို ယုံကြည်လို့ ဆံပင်ဆိုးဆေး ဝယ်ခိုင်းပြီး ဆိုးလိုက်တဲ့အခါမှာ ဆံပင်တွေ ပန်းခရမ်းရောင်ပြောင်းသွားတဲ့ ယောက္ခမကြီး

အသက်ကြီးသူ အတော်များများက သူတို့ရဲ့ဆံပင်ဖြူကို ဖုံးဖို့ ဆိုးဆေးများ ဆိုးရတာကို နှစ်သက်လာပြီး ဆိုးဆေးများဆိုးရင် ပိုနုပျိုတောက်ပြောင်တဲ့ အနက်ရောင်ဆံပင်ကို ဖန်တီးပေးပါတယ် ။ ဒါပေမယ့် ဆံပင်ဆိုးဆေးတွေက အရောင် အမျိုးမျိုးရှိတာကြောင့် ဒါကို အဘိုးအဖွားတွေက မသိခဲ့ပေ ။ မကြာသေးမီက ယောက္ခမကြီးတစ်ယောက်ဟာ အသက်ကြီးနေပြီဖြစ်တာကြောင့် ဆံပင်တွေ ဖြူကုန်ပြီး အမဲရောင်ဆိုးဆေးများဆိုးရန် သူ့ချွေးမကို ခိုင်းလိုက်ပါတယ် ။ ချွေးမဖြစ်သူကလည်း သူ့ရဲ့ ယောက္ခမကို စနောက်ချင်တာကြောင့် အမဲရောင်မဆ်ုးပေးဘဲ ပန်းခရမ်းအရောင်ကို ဆိုးပေးခဲ့ပါတယ် ။ ရလဒ်မှာ ယောက္ခမဖြစ်သူက သူ့ရဲ့ချွေးမကို ယုံကြည်လွန်းကြောင့် သူမရဲ့ ဆံပင်များဟာ ခရမ်းရောင်နဲ့ ပန်းရောင် ပြောင်းသွားခဲ့ပါတယ် ။

ချွေးမက အဘွားကြီးစိတ်ဆိုးမယ်လို့ ခင်ခဲ့ပေမဲ့ မျှဝေထားတဲ့ ပုံအရတော့ တစ်မိသားစုလုံးက အရမ်းပျော်နေပြီး ဒါက မိသားစုရဲ့ ရယ်စရာကောင်းတဲ့ အမှတ်တရလို့ မှတ်ယူပါတယ် ။ အင်တာနက်သုံးစွဲသူအများစုက ယောက္ခမရဲ့ ပန်းရောင်ဆံပင်ကို စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ် ။ သက်ကြီးရွယ်အိုတစ်ဦးက လူငယ်များရဲ့ ရေပန်းစားတဲ့ ဆံပင်အရောင်ကို ဆိုးတဲ့အခါမှာ အဆိုပါအဘွားနဲ့ လိုက်ဖက်ပြီး နုပျိုသွားသလို အလွန်ချစ်စရာကောင်းသွားတယ်လို့ မှတ်ချက်ပေးကြပါတယ် ။

JRose (KB Chimmy One)

Reference : bestie

Zawgyi

အသက္ႀကီးသူ အေတာ္မ်ားမ်ားက သူတို႔ရဲ႕ဆံပင္ျဖဴကို ဖုံးဖို႔ ဆိုးေဆးမ်ား ဆိုးရတာကို ႏွစ္သက္လာၿပီး ဆိုးေဆးမ်ားဆိုးရင္ ပိုႏုပ်ိဳေတာက္ေျပာင္တဲ့ အနက္ေရာင္ဆံပင္ကို ဖန္တီးေပးပါတယ္ ။ ဒါေပမယ့္ ဆံပင္ဆိုးေဆးေတြက အေရာင္ အမ်ိဳးမ်ိဳးရွိတာေၾကာင့္ ဒါကို အဘိုးအဖြားေတြက မသိခဲ့ေပ ။ မၾကာေသးမီက ေယာကၡမႀကီးတစ္ေယာက္ဟာ အသက္ႀကီးေနၿပီျဖစ္တာေၾကာင့္ ဆံပင္ေတြ ျဖဴကုန္ၿပီး အမဲေရာင္ဆိုးေဆးမ်ားဆိုးရန္ သူ႔ေခြၽးမကို ခိုင္းလိုက္ပါတယ္ ။ ေခြၽးမျဖစ္သူကလည္း သူ႔ရဲ႕ ေယာကၡမကို စေနာက္ခ်င္တာေၾကာင့္ အမဲေရာင္မဆ္ုးေပးဘဲ ပန္းခရမ္းအေရာင္ကို ဆိုးေပးခဲ့ပါတယ္ ။ ရလဒ္မွာ ေယာကၡမျဖစ္သူက သူ႔ရဲ႕ေခြၽးမကို ယုံၾကည္လြန္းေၾကာင့္ သူမရဲ႕ ဆံပင္မ်ားဟာ ခရမ္းေရာင္နဲ႔ ပန္းေရာင္ ေျပာင္းသြားခဲ့ပါတယ္ ။

ေခြၽးမက အဘြားႀကီးစိတ္ဆိုးမယ္လို႔ ခင္ခဲ့ေပမဲ့ မွ်ေဝထားတဲ့ ပုံအရေတာ့ တစ္မိသားစုလုံးက အရမ္းေပ်ာ္ေနၿပီး ဒါက မိသားစုရဲ႕ ရယ္စရာေကာင္းတဲ့ အမွတ္တရလို႔ မွတ္ယူပါတယ္ ။ အင္တာနက္သုံးစြဲသူအမ်ားစုက ေယာကၡမရဲ႕ ပန္းေရာင္ဆံပင္ကို စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၾကပါတယ္ ။ သက္ႀကီး႐ြယ္အိုတစ္ဦးက လူငယ္မ်ားရဲ႕ ေရပန္းစားတဲ့ ဆံပင္အေရာင္ကို ဆိုးတဲ့အခါမွာ အဆိုပါအဘြားနဲ႔ လိုက္ဖက္ၿပီး ႏုပ်ိဳသြားသလို အလြန္ခ်စ္စရာေကာင္းသြားတယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္ ။

JRose (KB Chimmy One)