အခက်အခဲကြားကပွင့်တဲ့ အောင်ပန်း (သို့) ဈေးဗန်းထဲက အောင်ပန်းတစ်ပွင့်…..












လူတင်

unicode

အခက်အခဲကြားကပွင့်တဲ့ အောင်ပန်း ဟင်္သာတမြို့ ပဒေသာဈေးထဲ မှာ-

အမေဖြစ်သူနဲ့ အတူတူ အစွန်းချွတ်ဆေး – ရောင်းရင်း-

ဆယ်တန်းစာမေးပွဲဖြေဆိုခဲ့သူ မနီနီထွန်း မှ တစ်ဘာသာဂုဏ်ထူး ( မြန်မာ) နဲ့ နှစ်ချင်းပေါက်-

အောင်မြင်ခဲ့သည်…….. ပညာရေးက တစ်ဖက် စားဝတ်နေရေးကတစ်ဖက် နဲ့ ကျုရှင်လဲမတတ်နိုင်ဘဲ-

ကြိုးကြိုးစားစား ဖြေဆိုခဲ့လို့ နှစ်ချင်းပေါက် ကို အောင်မြင်ခဲ့သည်……………. လေးစားပါတယ်-

Congratulations ပါ …အောင်သူဖြိုး-

ယခုလို ကျူရှင်တွေ ဗွက်ထအောင် ပေါတဲ့ ပညာရေးခေတ်ကြီးထဲမှာ အားမငယ်ပဲ-

ဂုဏ်မပြိုင်မဆိုင်ပဲ ပညာရေးအတွက် ဆို ရှက်ရွံ့ မနေပဲ မိဘကို ဝိုင်းကူ ထမ်းပိုးရင်း ကြိုးစား အောင်မြင်ခဲ့သော-

ညီမလေး အား လေးစား ဂုဏ်ပြုလိုက်ပါသည်…မိဘ အားကိုးထိုက်သော သားသမီး လိမ္မာကောင်းတစ်ယောက် ဖြစ်ပါစေ…-

နောက်နောင် အနာဂတ် ပန်းလေးများကိုလဲ အားပေးချီးမြှောက် တိုင်းပြည်အကျိုးသယ်ပိုးနိုင်တဲ့ နိုင်ငံ့သမီးကောင်း လေးဖြစ်ပါစေ လို့-

ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်….-

လူတင်