လည်ပင်းယားပြီး မနေနိုင်အောင် ချောင်းတွေဆိုးနေရင်
ရာသီဥတု အမျိုးမျိုး ပြောင်းလဲမှု တို့ကြောင့် ချောင်းဆိုးလျှင် အောက်ပါ သဘာဝနည်းဖြင့် ကုသနိုင်ကြပါတယ်။
ဒီဆေးနည်းကတော့ သိမ်ဖြူဆရာတော်ရေးသားထားတဲ့ ဆေးအဘိဓမ္မာကျမ်းထဲမှာလည်း ပါဝင်ပါတယ်။
သင်္ဘောသီး၊ သင်္ဘောရွက်ဆို့ဟာ အလွန်ဆေးဖက်ဝင်ပါတယ်။
အထူးသဖြင့် ကင်ဆာရောဂါအမျိုးမျိုးအတွက် အသုံးပြုကြတာ များပါတယ်။
၁။ သင်္ဘောသီး အစိမ်ပေါ်ကို ဓါးဖျားဖြင့် အနည်းငယ်ဖောက်၍
အစေးများကို (၁၅) စက်ခန့် ခွက်ကလေးဖြင့် ရအောင်ယူပါ။
၂။ ၎င်းသင်္ဘောသီးအစေးများကို ရေနွေး အနေတော်ခန့်ဖျော်၍ သောက်ပါ။
၃။ မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ပေးပါ။
၎င်းဆေးကို (၂) ရက်ခန့် သောက်ပါက ချောင်းဆိုးကင်းစင်ပြီး သက်သာပျောက်ကင်းသွားပါမည်။
သတိပြုရန် – သင်္ဘောသီး၊ သင်္ဘောရွက်၊ သင်္ဘောစေးတို့ကို စားသုံးပြီးလျှင်
ဂျင်းပါတဲ့အစားအစာကို ချက်ချင်းမစားပါနှင့်။
အနည်းဆုံး ၁ နာရီခန့်ခြားပြီးမှ စားပါ။ အဆိပ်အတော်ကို ဖြစ်စေလို့ပါ။
ငွေကုန်သက်သာပြီး အလွယ်တကူရနိုင်သော ဆေးမြီးတိုနည်းဖြင့်
ချောင်းဆိုးဝေဒနာခံစားရသူများ သက်သာပျောက်ကင်းနိုင်ကြပါစေ ။
crd
>>>>><<<<<
zawgyi
လည္ပင္းယားၿပီး မေနႏိုင္ေအာင္ ေခ်ာင္းေတြဆိုးေနရင္
ရာသီဥတု အမ်ိဳးမ်ိဳး ေျပာင္းလဲမႈ တို႔ေၾကာင့္ ေခ်ာင္းဆိုးလွ်င္ ေအာက္ပါ သဘာဝနည္းျဖင့္ ကုသႏိုင္ၾကပါတယ္။
ဒီေဆးနည္းကေတာ့ သိမ္ျဖဴဆရာေတာ္ေရးသားထားတဲ့ ေဆးအဘိဓမၼာက်မ္းထဲမွာလည္း ပါဝင္ပါတယ္။
သေဘၤာသီး၊ သေဘၤာ႐ြက္ဆို႔ဟာ အလြန္ေဆးဖက္ဝင္ပါတယ္။
အထူးသျဖင့္ ကင္ဆာေရာဂါအမ်ိဳးမ်ိဳးအတြက္ အသုံးျပဳၾကတာ မ်ားပါတယ္။
၁။ သေဘၤာသီး အစိမ္ေပၚကို ဓါးဖ်ားျဖင့္ အနည္းငယ္ေဖာက္၍
အေစးမ်ားကို (၁၅) စက္ခန႔္ ခြက္ကေလးျဖင့္ ရေအာင္ယူပါ။
၂။ ၎သေဘၤာသီးအေစးမ်ားကို ေရေႏြး အေနေတာ္ခန႔္ေဖ်ာ္၍ ေသာက္ပါ။
၃။ မနက္တစ္ခြက္၊ ညတစ္ခြက္ ေသာက္ေပးပါ။
၎ေဆးကို (၂) ရက္ခန႔္ ေသာက္ပါက ေခ်ာင္းဆိုးကင္းစင္ၿပီး သက္သာေပ်ာက္ကင္းသြားပါမည္။
သတိျပဳရန္ – သေဘၤာသီး၊ သေဘၤာ႐ြက္၊ သေဘၤာေစးတို႔ကို စားသုံးၿပီးလွ်င္
ဂ်င္းပါတဲ့အစားအစာကို ခ်က္ခ်င္းမစားပါႏွင့္။
အနည္းဆုံး ၁ နာရီခန႔္ျခားၿပီးမွ စားပါ။ အဆိပ္အေတာ္ကို ျဖစ္ေစလို႔ပါ။
ေငြကုန္သက္သာၿပီး အလြယ္တကူရႏိုင္ေသာ ေဆးၿမီးတိုနည္းျဖင့္
ေခ်ာင္းဆိုးေဝဒနာခံစားရသူမ်ား သက္သာေပ်ာက္ကင္းႏိုင္ၾကပါေစ ။
crd