ႂကြက္ႏို႔မ်ားကို မနာမက်င္ပဲ လက္ေတြ႕ေပ်ာက္ခဲ့တဲ့နည္း..
ႂကြက္ႏို႔၏ သေဘာသဘာဝမွာ တစ္ကိုယ္ရည္သန႔္ရွင္းမႈအေပၚ ဂ႐ုစိုက္မႈနည္းပါး၍ လက္ေျခေထာက္၊ ခႏၶာကိုယ္အေရျပားတို႔ေပၚတြင္ ေပါက္ေလ့ ရွိၿပီး ေပ်ာက္ ကင္းေအာင္ ကုသရန္ ခက္ခဲလွပါသည္။
ေငြေၾကးတတ္ႏိုင္သူတို႔ကႂကြက္ႏို႔ကို မီးရႈိ႕ေသာနည္းျဖင့္ ကုၾကသည္။အဆင္ေျပလွသည္မရွိပါ။အခ်ိဳ႕မွာမူ ဓားျဖင့္လွီးျဖတ္၍ ေသြးသံရဲရဲျဖစ္ကာ တျခားေဝဒနာေတြ ဝင္ေရာက္ျခင္းကိုပင္ ခံစားရသည္။
အခ်ိဳ႕ က လည္း လမ္းၫႊန္သူမ်ား၏ စကားကို နားေယာင္လ်က္ လမ္းေဘး ပလက္ေဖာင္းေပၚ၌ ႂကြက္ႏို႔ကို ကုျဖတ္ကာ ေဆး ထည့္ေပးသည့္ ထံသြားေရာက္ၿပီး ကုသမႈခံယူၾကျပန္သည္။
ေပါ့ေစလို၍ ေၾကာင္႐ုပ္ထိုးကာမွ ေဆးအတြက္ႏွင့္ ေလး ၾကရေသာအျဖစ္မ်ားကား မေရမတြက္ႏိုင္။သို႔ဆိုလွ်င္ ႂကြက္ႏို႔တည္းဟူေသာ အေရျပားေရာဂါေဝဒနာ အျမန္ဆုံး သက္သာေပ်ာက္ကင္းသြားေစဖို႔ မည္သို႔ေသာျမန္မာေဆးၿမီးတိုႏွင့္ ကုသရပါမည္နည္း။
ေၾကာင္လွ်ာပင္ရွိလွ်င္ အဆင္ေျပၿပီဟုသာ မွတ္ယူလိုက္ပါေတာ့။ ေၾကာင္လွ်ာပင္မွ အေခါက္ကို ဖဲ့ခြာလွ်င္ ေက်ာက္ ပ်ဥ္၌ ေရျဖင့္ ခပ္ပ်စ္ပ်စ္ကေလးေသြးလိုက္ပါ။ထိုေသြးထားေသာ အရည္ကို “ပထမဦးဆုံးေပါက္ေသာ ႂကြက္ႏို႔ေပၚတြင္ အၿမဲမျပက္လိမ္း လိမ္းေပးပါ။
တစ္ရက္ထက္ တစ္ရက္ ႂကြက္ႏို႔မွာ ျပားခ်ပ္ေပ်ာ့ေပ်ာင္းလာၿပီး.. မၾကာခင္ ကာလအတြင္းမွာပင္ ေပ်ာက္ကင္းသြားပါလိမ့္မည္။မွတ္ခ်က္။ ။ သုေတသီဆရာၿငိမ္း ေလ့လာျပဳစုထားသည့္ လက္ေတြ႕အသုံးခ် (႐ြက္-ေခါက္-ျမစ္-သီး) ျမန္မာ့ေဆးၿမီးတိုမ်ား မွ ေဖာ္ျပပါသည္။
ဂ်င္းအတက္ေလးကို ထံးုနဲ႔ ႂကြက္ႏို႔ေပၚကေနာ္ ပြတ္ေပးရင္ အလြန္ဆုံးမိနစ္သုံးဆယ္ေလာက္ဆို ကြၽတ္သြားပါတယ္ နည္းတမ်ိဳးေပါ့ ဗ်ာ ကြၽန္ေတာ္ကိုယ္တိုင္လုပ္ဖူးတာေလးပါ.
ၾကက္သြန္နီဥကိုထက္ျခမ္းျခမ္းၿပီး ပထမေပါက္ေသာႂကြက္ႏို႔ကို ေသြးထြက္အျမစ္ကြၽတ္ေအာင္ ပြတ္ေပးပါၿပီလွ်င္ၾကက္နီထက္ျခမ္း ေလအုပ္ထားေပးလိုက္ပါက်ေနာ္လက္ေတြ႕ေပ်ာက္ေသာနည္းပါ။
ခရစ္ဒစ္
Unicode
ကြွက်နို့များကို မနာမကျင်ပဲ လက်တွေ့ပျောက်ခဲ့တဲ့နည်း..
ကြွက်နို့၏ သဘောသဘာဝမှာ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် ဂရုစိုက်မှုနည်းပါး၍ လက်ခြေထောက်၊ ခန္ဓာကိုယ်အရေပြားတို့ပေါ်တွင် ပေါက်လေ့ ရှိပြီး ပျောက် ကင်းအောင် ကုသရန် ခက်ခဲလှပါသည်။
ငွေကြေးတတ်နိုင်သူတို့ကကြွက်နို့ကို မီးရှို့သောနည်းဖြင့် ကုကြသည်။အဆင်ပြေလှသည်မရှိပါ။အချို့မှာမူ ဓားဖြင့်လှီးဖြတ်၍ သွေးသံရဲရဲဖြစ်ကာ တခြားဝေဒနာတွေ ဝင်ရောက်ခြင်းကိုပင် ခံစားရသည်။
အချို့ က လည်း လမ်းညွှန်သူများ၏ စကားကို နားယောင်လျက် လမ်းဘေး ပလက်ဖောင်းပေါ်၌ ကြွက်နို့ကို ကုဖြတ်ကာ ဆေး ထည့်ပေးသည့် ထံသွားရောက်ပြီး ကုသမှုခံယူကြပြန်သည်။
ပေါ့စေလို၍ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်နှင့် လေး ကြရသောအဖြစ်များကား မရေမတွက်နိုင်။သို့ဆိုလျှင် ကြွက်နို့တည်းဟူသော အရေပြားရောဂါဝေဒနာ အမြန်ဆုံး သက်သာပျောက်ကင်းသွားစေဖို့ မည်သို့သောမြန်မာဆေးမြီးတိုနှင့် ကုသရပါမည်နည်း။
ကြောင်လျှာပင်ရှိလျှင် အဆင်ပြေပြီဟုသာ မှတ်ယူလိုက်ပါတော့။ ကြောင်လျှာပင်မှ အခေါက်ကို ဖဲ့ခွာလျှင် ကျောက် ပျဉ်၌ ရေဖြင့် ခပ်ပျစ်ပျစ်ကလေးသွေးလိုက်ပါ။ထိုသွေးထားသော အရည်ကို “ပထမဦးဆုံးပေါက်သော ကြွက်နို့ပေါ်တွင် အမြဲမပြက်လိမ်း လိမ်းပေးပါ။
တစ်ရက်ထက် တစ်ရက် ကြွက်နို့မှာ ပြားချပ်ပျော့ပျောင်းလာပြီး.. မကြာခင် ကာလအတွင်းမှာပင် ပျောက်ကင်းသွားပါလိမ့်မည်။မှတ်ချက်။ ။ သုတေသီဆရာငြိမ်း လေ့လာပြုစုထားသည့် လက်တွေ့အသုံးချ (ရွက်-ခေါက်-မြစ်-သီး) မြန်မာ့ဆေးမြီးတိုများ မှ ဖော်ပြပါသည်။
ဂျင်းအတက်လေးကို ထံးုနဲ့ ကြွက်နို့ပေါ်ကနော် ပွတ်ပေးရင် အလွန်ဆုံးမိနစ်သုံးဆယ်လောက်ဆို ကျွတ်သွားပါတယ် နည်းတမျိုးပေါ့ ဗျာ ကျွန်တော်ကိုယ်တိုင်လုပ်ဖူးတာလေးပါ.
ကြက်သွန်နီဥကိုထက်ခြမ်းခြမ်းပြီး ပထမပေါက်သောကြွက်နို့ကို သွေးထွက်အမြစ်ကျွတ်အောင် ပွတ်ပေးပါပြီလျှင်ကြက်နီထက်ခြမ်း လေအုပ်ထားပေးလိုက်ပါကျနော်လက်တွေ့ပျောက်သောနည်းပါ။
ခရစ်ဒစ်