Knowledge

အိမ်ထဲမှာတစ်ယောက်ထဲ TV ကြီးဖွင့်ပြီး လုပ်ချင်ရာလုပ်နေတဲ့ အမေ့ကို မကြည့်ဘဲဖွင့်နေတဲ့ အကြောင်းမေးကြည့်တဲ့အခါ…

တီဗွီ ဖွင့်ထားပေးပါ ။

ကျွန်တော့်အမေမှာ အကျင့်တစ်ခုရှိပါတယ်

TV ကို ၂၄နာရီ ဖွင့်ထားတတ်တာပါ ။

ထိုင်ကြည့်နေတာမျိုးမဟုတ်ဘဲနဲ့ ဖွင့်ထားပြီး လုပ်စရာရှိတာကို လုပ်နေတာမျိုးပါ ။

ကျွန်တော်အိမ်ရောက်တဲ့အခါ ကြည့်မယ့်သူမရှိဘဲ ဖွင့်ထားတာမို့ ကျွန်တော်က ပိတ် ,အမေက ပြန်ဖွင့်နဲ့ မကြာခဏ စကားများလေ့ရှိပါတယ်…

အဲဒါနဲ့ ပတ်သတ်ပြီးနောက်ဆုံး အမေ ပြောနေကျက

“နင် တို့နားမလည်ပါဘူး” တဲ့

ကျွန်တော်အဲဒီတုန်းကတကယ်နားမလည်ခဲ့တာပါ ။

တစ်ရက် …ကိစ္စတစ်ခုနဲ့ တစ်ယောက်ထဲ ခရီးထွက်ဖြစ်တယ်မိုင် (၄၀၀) လောက်ဝေးတဲ့ခရီးကို အသွားမှာ မောင်းနေတုန်းကဘာမှမဖြစ်ပေမယ့် အပြန်ခရီးမှာတော့ တစ်ယောက်ထဲ ကားမောင်းရတာဟာ သိပ်ငြီးငွေ့လာပါတယ် ။

အပျင်းပြေလို ပြေငြား ပီကေဝါးပေမယ့်လည်း ကားမောင်းနေရတာဟာသိပ်အထီးကျန်လွန်းပါတယ် ။

နောက်ဆုံး FM တွေဖွင့်တယ်။ဟုတ်တယ် ။ FM က ဘာနေနေ ဘာသီချင်းသံပဲလာလာ

အနည်းဆုံး လူတစ်ယောက် အသံကြားနေရတယ် ကိုယ်တစ်ယောက်ထဲ အထီးကျန်သလိုဖြစ်နေတယ်လို့မခံစားရတော့ဘူး ။

FM က ဘာပဲလာလာ ကျွန်တော့်အတွက် အရေးမကြီးဘူး.. ။

ဘယ်လို အသံပဲထွက်နေနေ အနည်းဆုံး ကျွန်တော့်မှာ အဖော် ရှိတယ်လို့ ခံစားစေရတယ် ။တွေးမိ စဉ်းစားနေရင်းကျွန်တော့် စိတ်ထဲမှာ ဖျတ်ခနဲ တစ်ယောက်ယောက်ကို အပြေးအလွှား သတိရသွားမိတယ် . .

အ မေ .. မိုင်ပေါင်း ၄၀၀ လောက်လေးကို တစ်ယောက်ထဲ ဖြတ်နေရတဲ့ ကျွန်တော်လို လူလတ်ပိုင်းအရွယ်တောင် ငြီးငွေ့အထီးကျန်လွန်းနေရင်

နှစ်ပေါင်းများစွာ အိမ်ထဲမှာ တစ်ယောက်ထဲ နေရှာတဲ့ အသက် ၇၀ ကျော်အမေဟာ

ဘယ်လောက်များ အထီးကျန်ရှာ လိမ့်မလဲ ???

TV ကစကားသံတွေနားထောင်ပြီး အ၀တ်တွေလျှော်နေတဲ့TV က ကြော်ငြာသံတွေကြားပြီးတံမြတ်စည်းတွေ လှည်းနေတဲ့TV က ဟာသ တွေ ကြည့်ပြီး မှ ရယ်နေတဲ့ အမေ

TV က TV ထဲက အမေရယ် ဘယ်အချိန်ကတည်းကဘယ်လောက်တောင်

အထီးကျန်ဖြစ်နေခဲ့တာလဲ အမေရယ် ။

Credit

Zawgyi

တီဗြီ ဖြင့္ထားေပးပါ ။

ကြၽန္ေတာ့္အေမမွာ အက်င့္တစ္ခုရွိပါတယ္

TV ကို ၂၄နာရီ ဖြင့္ထားတတ္တာပါ ။

ထိုင္ၾကည့္ေနတာမ်ိဳးမဟုတ္ဘဲနဲ႔ ဖြင့္ထားၿပီး လုပ္စရာရွိတာကို လုပ္ေနတာမ်ိဳးပါ ။

ကြၽန္ေတာ္အိမ္ေရာက္တဲ့အခါ ၾကည့္မယ့္သူမရွိဘဲ ဖြင့္ထားတာမို႔ ကြၽန္ေတာ္က ပိတ္ ,အေမက ျပန္ဖြင့္နဲ႔ မၾကာခဏ စကားမ်ားေလ့ရွိပါတယ္…

အဲဒါနဲ႔ ပတ္သတ္ၿပီးေနာက္ဆုံး အေမ ေျပာေနက်က…

“နင္ တို႔နားမလည္ပါဘူး” တဲ့

ကြၽန္ေတာ္အဲဒီတုန္းကတကယ္နားမလည္ခဲ့တာပါ ။

တစ္ရက္ ကိစၥတစ္ခုနဲ႔ တစ္ေယာက္ထဲ ခရီးထြက္ျဖစ္တယ္မိုင္ (၄၀၀) ေလာက္ေဝးတဲ့ခရီးကို အသြားမွာ ေမာင္းေနတုန္းကဘာမွမျဖစ္ေပမယ့္ အျပန္ခရီးမွာေတာ့ တစ္ေယာက္ထဲ ကားေမာင္းရတာဟာ သိပ္ၿငီးေငြ႕လာပါတယ္ ။

အပ်င္းေျပလို ေျပျငား ပီေကဝါးေပမယ့္လည္း ကားေမာင္းေနရတာဟာသိပ္အထီးက်န္လြန္းပါတယ္ ။

ေနာက္ဆုံး FM ေတြဖြင့္တယ္။ဟုတ္တယ္ ။ FM က ဘာေနေန ဘာသီခ်င္းသံပဲလာလာ

အနည္းဆုံး လူတစ္ေယာက္ အသံၾကားေနရတယ္ ကိုယ္တစ္ေယာက္ထဲ အထီးက်န္သလိုျဖစ္ေနတယ္လို႔မခံစားရေတာ့ဘူး ။

FM က ဘာပဲလာလာ ကြၽန္ေတာ့္အတြက္ အေရးမႀကီးဘူး ။

ဘယ္လို အသံပဲထြက္ေနေန အနည္းဆုံး ကြၽန္ေတာ့္မွာ အေဖာ္ ရွိတယ္လို႔ ခံစားေစရတယ္ ။ေတြးမိ စဥ္းစားေနရင္းကြၽန္ေတာ့္ စိတ္ထဲမွာ ဖ်တ္ခနဲ တစ္ေယာက္ေယာက္ကို အေျပးအလႊား သတိရသြားမိတယ္ . .

အ ေမ..မိုင္ေပါင္း ၄၀၀ ေလာက္ေလးကို တစ္ေယာက္ထဲ ျဖတ္ေနရတဲ့ ကြၽန္ေတာ္လို လူလတ္ပိုင္းအ႐ြယ္ေတာင္ ၿငီးေငြ႕အထီးက်န္လြန္းေနရင္

ႏွစ္ေပါင္းမ်ားစြာ အိမ္ထဲမွာ တစ္ေယာက္ထဲ ေနရွာတဲ့ အသက္ ၇၀ ေက်ာ္အေမဟာ

ဘယ္ေလာက္မ်ား အထီးက်န္ရွာ လိမ့္မလဲ ???

TV ကစကားသံေတြနားေထာင္ၿပီး အ၀တ္ေတြေလွ်ာ္ေနတဲ့TV က ေၾကာ္ျငာသံေတြၾကားၿပီးတံျမတ္စည္းေတြ လွည္းေနတဲ့TV က ဟာသ ေတြ ၾကည့္ၿပီး မွ ရယ္ေနတဲ့ အေမ

TV က TV ထဲက အေမရယ္ ဘယ္အခ်ိန္ကတည္းကဘယ္ေလာက္ေတာင္

အထီးက်န္ျဖစ္ေနခဲ့တာလဲ အေမရယ္..။

Credit