လြန္ခဲ့ေသာ ႏွစ္ေပါင္း(၃၀)ခန႔္က ျဖစ္ရပ္မွန္ပါ။ လူတို႔သည္ သံသရာေႂကြးကို ေပါ့ေပါ့ေလးထားၿပီး မေၾကာက္တတ္ၾက မိမိတို႔ယူထားေသာ
အေႂကြးမွန္သမွ် က်င္လည္ရသည့္ ဘဝအဆက္ဆက္၌ ႏြားေျခရာေနာက္ကို လွည္းဘီးပါသလို တေကာက္ေကာက္ လိုက္ပါသြားသည္ကို ေမ့ေလ်ာ့ေနၾက၏။
လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ေက်ာ္ခန႔္က ကိုသာေမာင္သည္ သူငယ္ခ်င္းတစ္ေယာက္ႏွင့္ အင္းတစ္ခုကို ေလလံဆြဲရန္ အတြက္ ဘႀကီးဘိုးထြန္းထံမွ ေငြႏွစ္ေထာင္ေခ်းငွားခဲ့ပါတယ္။
ဘႀကီးက အတိုးပင္မယူပဲ ေခ်းေပးခဲ့ရာ အင္းေပၚခါနီး ေဗြေဖာက္ၿပီး ေလာင္းကစား ဖက္လာရာက မရႈံးသင့္ပဲ ရႈံးခဲ့တဲ့အတြက္ အေႂကြးကိစၥကို စိတ္ပူၿပီး သာေမာင္တစ္ေယာက္ အိပ္ယာထဲ ဘုံးဘုံးလဲပါေတာ့တယ္။
ဘႀကီးဘိုးထြန္းက အေႂကြးကို ေျဖးေျဖးျခင္း ဆပ္ဖို႔နဲ႔ က်န္းမာေရးကိုသာ ဂ႐ုစိုက္ရန္ေျပာပီး ေဆးဖိုးကိုပင္ ထုတ္ေပးခဲ့ပါေသးတယ္။
ကိုသာေမာင့္ စိတ္ထဲမွာ ဒီအေႂကြးကို သူဘယ္လိုမွ မဆပ္ႏိုင္ေတာ့ဟု ယူဆၿပီး စိတ္ေလ်ာ့လိုက္တဲ့ေနာက္မွာ ဘဝတစ္ပါး ကူးေျပာင္းသြားပါတယ္ ။
(ထိုေခတ္က ေငြႏွစ္ေထာင္သည္ အလြန္တန္ဖိုးရွိပါသည္)
ကိုသာေမာင္မွာ သားသမီးေလးဦးက်န္ခဲ့ၿပီး ဇနီးျဖစ္သူမွာလည္း စိတ္ေထာင္း ကိုယ္ေၾကျဖစ္ကာေသဆုံးသြားခဲ့ျပန္ပါတယ္။
သားအႀကီးဆုံးကိုစိုးႏွင့္ ညီျဖစ္သူတို႔ဟာ ညီ မေလးႏွစ္ေယာက္ကို ဆက္လက္ ေစာင့္ေရွာက္ခဲ့ရာက ေမာင္ႏွမမ်ား အသီးသီးအိမ္ေထာင္က်ၿပီ းစီးပြါးေရး တိုးတက္ေကာင္းမြန္ လာခဲ့ပါတယ္။
တစ္ေန႔မွာေတာ့ ကိုစိုးႏွင့္ေမာင္ႏွမမ်ားဟာ ဘႀကီးဘိုးထြန္းကို အလြန္ေဒါသျဖစ္စရာ ေပၚေပါက္ခဲ့ပါတယ္ ။
ဘႀကီးဘိုးထြန္းဟာ သူ႔အိမ္ကႏြားေလးကို သာေမာင္လို႔ ေခၚဆိုတာေၾကာင့္ ျဖစ္ပါတယ္ ။
ေမာင္ႏွမေတြမေက်နပ္တာနဲ႔ ဘႀကီးဘိုးထြန္းအိမ္ သြားၿပီး ေမးျမန္းၾကတဲ့ခါ …ေအးကြာ… ငါလည္း စိတ္မေကာင္းတာ အမွန္ပဲ ဒီႏြားေပါက္ေလးကို ပန္းဘဲစုမွာ
ေႂကြးသြားေတာင္းရင္း ႀကိဳက္လို႔ ငါ့ညီဆီကေန ဝယ္ခဲ့တာ ဝယ္ၿပီး ငါ့သူငယ္ခ်င္းအိမ္မွာ ႏြားေလးကိုခ်ည္ထားခဲ့တယ္။
ငါ ျပန္လာေတာ့ ခ်ည္တိုင္မွာ မရွိေတာ့ဘူး လိုက္ရွာေတာ့လည္း မေတြ႕တာနဲ႔ အိမ္ကိုျပန္လာခဲ့တယ္။ အံ့ၾသစရာေကာင္းတာက ငါ အိမ္ကိုေရာက္ေတာ့ ႏြားေလးက ႏြားတင္းကုပ္မွာ ေရာက္ေနတယ္။
စဝယ္ကတည္းက ငါ့ကိုလည္းေတြ႕ေရာ ပေယာပရီလုပ္ေနတာ ငါလည္း မင္းတို႔အေဖမ်ား ဝင္စားသလားဆိုၿပီး ေဟ့ေကာင္ သာေမာင္ႀကီးလို႔လည္းဆိုေရာ ငါ့ဆီကို တန္းေျပးလာတာပဲ။
ဟာဗ်ာ…ဘိုးေလးကလဲ… မျဖစ္ႏိုင္တာဗ်ာ အေဖက ႏြားဘဝေရာက္မလားဗ် …ေအးပါကြာ ငါကလည္း အျဖစ္ကို ေျပာျပတာပါ ငါလည္းစိတ္မေကာင္းပါဘူး မင္းတို႔အေဖက သိပ္႐ိုးတာ
ဒါေၾကာင့္ သူပိုက္ဆံလာေခ်းေတာ့ လြယ္လြယ္ကူကူ ငါ ေခ်းေပးခဲ့တာေပါ့။ ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ ဘိုးေလးရာ…ဒီႏြားကို အေဖ့နာမည္ မေခၚပါနဲ႔ဗ်ာ
ေအး… ငါလည္း တျခားနာမည္ေပးၿပီး ေခၚပါတယ္ မလႈပ္ဘူးကြ သာေမာင္လို႔ ေခၚလိုက္လို႔ကေတာ့ ၾကားတဲ့ေနရာက ေျပးလာတာပဲ။ ဆက္ေျပာလွ်င္ ေမာင္ႏွမေတြ ေဒါသပါလာေတာ့မွာသိတဲ့တြက္ စကားျဖတ္ၿပီး ျပန္လာခဲ့ၾကပါတယ္ ။
ညီမျဖစ္သူကေတာ့ လုံးဝမေက်နပ္ အေဖ့နာမည္ႏြားကို ေပးထားတာ ဒါ အေဖ့သိကၡာကို ခ်ေနတာ သမီးအေနနဲ႔ အေဖ့ဂုဏ္သိကၡာကိုျပန္ဆယ္ရမွာပဲ ။
ကဲ… ဒါဆို နင္တို႔ ဒီေလာက္ေတာင္ ျဖစ္ေနၾကတာေက်း႐ြာ တရားသူႀကီးအဖြဲ႕ကို တိုင္ၾကရေအာင္..ေက်း႐ြာလူႀကီးႏွင့္အဖြဲ႕ဟာ ကိုသာေမာင့္ကိစၥကို အမ်ိဳးမ်ိဳး တိုင္ပင္ပီးတဲ့ခါ
လယ္ထဲသြားၿပီး ကိုစိုးတို႔ ေမာင္ႏွမေတြ ဘႀကီးဘိုးထြန္းနဲ႔ ကိုသာေမာင္ဝင္စားတဲ့ ႏြားေလးကိုပါေခၚၿပီး ေျဖရွင္းပါတယ္ ။
ႏွစ္ဦးႏွစ္ဖက္ ေက်း႐ြာလူႀကီးမ်ား၏ အဆုံးအျဖတ္ကို နာခံပါမယ္လို႔ ကတိျပဳပီးတဲ့ခါမွာ ဦးဘိုးထြန္းကို ပထမဆုံး ႏြားေလးကို ေခၚခိုင္းေစပါတယ္။
အထူးစိတ္ဝင္စားၾကတဲ့အတြက္ လာၾကည့္တဲ့လူေတြကလည္း အနီးနားက႐ြာေတြပါ အုံးအုံးထေနေအာင္ပါပဲ ။ ဦးဘိုးထြန္းက ေ႐ႊနီေရ လာလာ … ထိပ္ကြက္ေရလာခဲ့ လာခဲ့ စသျဖင့္ ႏြားနာမည္ေတြကို ဘယ္လိုပဲ ေခၚေခၚ ႏြားေလးက တုပ္တုပ္မွ် မလႈပ္။
သာေမာင္ေရလို႔ေခၚလိုက္တာနဲ႔ ခ်က္ခ်င္း အေျပးအလႊားေရာက္လာတာကို ၾကည့္ေနတဲ့သူေတြအား လုံး အံ့ၾသစြာ ျမင္ေတြ႕ၾကရပါတယ္ ။
သည့္ေနာက္ ကိုသာေမာင္ရဲ႕သားသမီး ေမာင္ႏွမေလးေယာက္ကို အျပင္လူ (၂၀)နဲ႔ေရာၿပီး တန္းစီ ခိုင္းထားလိုက္ပါတယ္ ။
ကဲ မင္း သာေမာင္ႀကီး ဝင္စားတာမွန္လွ်င္ တန္းစီထားတဲ့အထဲက မင္းရဲ႕သားႀကီးဆီ သြားနမ္းစမ္းလို႔ ေျပာလိုက္တဲ့ခါမွာ ႏြားေလးဟာ သူ႔သား ကိုစိုးေရွ႕ တည့္တည့္သြားပီး နမ္းပါေတာ့တယ္။
သား ကိုတရႈံ႕ရႈံ႕နမ္းရင္း မ်က္ရည္ေတြပါ တၿဖိဳင္ၿဖိဳင္ စီးက်လာပါတယ္ ။လာၾကည့္ၾကတဲ့ ပရိသတ္ႀကီးလည္း ကိုသာေမာင့္အျဖစ္ကိုျမင္ပီး ဝမ္းနည္းလြန္းလို႔ မ်က္ရည္က်တဲ့လူကက် ငိုတဲ့လူက ငို …
အဲသည္ေနာက္ ႏြားေလးဟာ လူအမ်ားႀကီး ၾကားထဲက သမီးျဖစ္သူထံကို စိုက္စိုက္မတ္မတ္သြားပီး နမ္းရႈံ႕လိုက္တဲ့ အခါမွာေတာ့ေအာင္မေလး အေဖရဲ႕… သမီး ရင္ကြဲပါၿပီ ျဖစ္မွျဖစ္ရေလ အေဖရယ္ဆိုပီး ခ်ဳံးပြဲခ် ငိုပါေတာ့တယ္။
ႏြားေလးကိုဖက္ၿပီး ငိုေႂကြးလိုက္တဲ့ အသံဟာျမင္ရသူအေပါင္းရဲ႕ ရင္ထဲမွာ ဆို႔တက္သြားၿပီး ေယာက်ာ္းရင့္မာႀကီးေတြေတာင္ မ်က္ရည္ေတြစီးက် လာေစခဲ့ပါတယ္ ။
ဤအျဖစ္အပ်က္ဟာ သံေဝဂယူစရာေကာင္းသလိုကိုသာေမာင္ဟာ ဖခင္တစ္ဦးအေနျဖင့္ မိသားစုရဲ႕ စားဝတ္ေနေရးအတြက္ ႐ုန္းကန္ရင္း အေႂကြးမေပးႏိုင္တဲ့တြက္ အပါယ္ဘုံသို႔ က်ေရာက္ရျခင္း။
အကုသိုလ္ကံ ေပးဆပ္ရတဲ့ခါ ျပဳလုပ္သူသာလွ်င္ ေပးဆပ္ရျခင္း။ အဆိုပါ အတိတ္က အကုသိုလ္ကံသည္ ဘဝေပါင္း မည္မွ်ထိ လိုက္လံ အက်ိဳးေပးမည္ကို မသိျခင္း။
ဒါေၾကာင့္… သူတစ္ပါးအေႂကြးယူၿပီး ျပန္မဆပ္သူသူမ်ားအေနနဲ႔ သံေဝဂနဲ႔ ဆင္ျခင္ႏိုင္ေစဖို႔အတြက္ တင္ျပလိုက္ပါတယ္။
credit#တရားရတနာ
unicode
လွန်ခဲ့သော နှစ်ပေါင်း(၃၀)ခန့်က ဖြစ်ရပ်မှန်ပါ။ လူတို့သည် သံသရာကြွေးကို ပေါ့ပေါ့လေးထားပြီး မကြောက်တတ်ကြ မိမိတို့ယူထားသော အကြွေးမှန်သမျှ ကျင်လည်ရသည့်
ဘဝအဆက်ဆက်၌ နွားခြေရာနောက်ကို လှည်းဘီးပါသလို တကောက်ကောက် လိုက်ပါသွားသည်ကို မေ့လျော့နေကြ၏။
လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ခန့်က ကိုသာမောင်သည် သူငယ်ချင်းတစ်ယောက်နှင့် အင်းတစ်ခုကို လေလံဆွဲရန် အတွက် ဘကြီးဘိုးထွန်းထံမှ ငွေနှစ်ထောင်ချေးငှားခဲ့ပါတယ်။
ဘကြီးက အတိုးပင်မယူပဲ ချေးပေးခဲ့ရာ အင်းပေါ်ခါနီး ဗွေဖောက်ပြီး လောင်းကစား ဖက်လာရာက မရှုံးသင့်ပဲ ရှုံးခဲ့တဲ့အတွက် အကြွေးကိစ္စကို စိတ်ပူပြီး သာမောင်တစ်ယောက် အိပ်ယာထဲ ဘုံးဘုံးလဲပါတော့တယ်။
ဘကြီးဘိုးထွန်းက အကြွေးကို ဖြေးဖြေးခြင်း ဆပ်ဖို့နဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်ရန်ပြောပီး ဆေးဖိုးကိုပင် ထုတ်ပေးခဲ့ပါသေးတယ်။
ကိုသာမောင့် စိတ်ထဲမှာ ဒီအကြွေးကို သူဘယ်လိုမှ မဆပ်နိုင်တော့ဟု ယူဆပြီး စိတ်လျော့လိုက်တဲ့နောက်မှာ ဘဝတစ်ပါး ကူးပြောင်းသွားပါတယ် ။
(ထိုခေတ်က ငွေနှစ်ထောင်သည် အလွန်တန်ဖိုးရှိပါသည်)
ကိုသာမောင်မှာ သားသမီးလေးဦးကျန်ခဲ့ပြီး ဇနီးဖြစ်သူမှာလည်း စိတ်ထောင်း ကိုယ်ကြေဖြစ်ကာသေဆုံးသွားခဲ့ပြန်ပါတယ်။
သားအကြီးဆုံးကိုစိုးနှင့် ညီဖြစ်သူတို့ဟာ ညီ မလေးနှစ်ယောက်ကို ဆက်လက် စောင့်ရှောက်ခဲ့ရာက မောင်နှမများ အသီးသီးအိမ်ထောင်ကျပြီ းစီးပွါးရေး တိုးတက်ကောင်းမွန် လာခဲ့ပါတယ်။
တစ်နေ့မှာတော့ ကိုစိုးနှင့်မောင်နှမများဟာ ဘကြီးဘိုးထွန်းကို အလွန်ဒေါသဖြစ်စရာ ပေါ်ပေါက်ခဲ့ပါတယ် ။
ဘကြီးဘိုးထွန်းဟာ သူ့အိမ်ကနွားလေးကို သာမောင်လို့ ခေါ်ဆိုတာကြောင့် ဖြစ်ပါတယ် ။
မောင်နှမတွေမကျေနပ်တာနဲ့ ဘကြီးဘိုးထွန်းအိမ် သွားပြီး မေးမြန်းကြတဲ့ခါ …အေးကွာ… ငါလည်း စိတ်မကောင်းတာ အမှန်ပဲ ဒီနွားပေါက်လေးကို ပန်းဘဲစုမှာ ကြွေးသွားတောင်းရင်း ကြိုက်လို့ ငါ့ညီဆီကနေ ဝယ်ခဲ့တာ ဝယ်ပြီး ငါ့သူငယ်ချင်းအိမ်မှာ နွားလေးကိုချည်ထားခဲ့တယ်။
ငါ ပြန်လာတော့ ချည်တိုင်မှာ မရှိတော့ဘူး လိုက်ရှာတော့လည်း မတွေ့တာနဲ့ အိမ်ကိုပြန်လာခဲ့တယ်။ အံ့သြစရာကောင်းတာက ငါ အိမ်ကိုရောက်တော့ နွားလေးက နွားတင်းကုပ်မှာ ရောက်နေတယ်။
စဝယ်ကတည်းက ငါ့ကိုလည်းတွေ့ရော ပယောပရီလုပ်နေတာ ငါလည်း မင်းတို့အဖေများ ဝင်စားသလားဆိုပြီး ဟေ့ကောင် သာမောင်ကြီးလို့လည်းဆိုရော ငါ့ဆီကို တန်းပြေးလာတာပဲ။
ဟာဗျာ…ဘိုးလေးကလဲ… မဖြစ်နိုင်တာဗျာ အဖေက နွားဘဝရောက်မလားဗျ …အေးပါကွာ ငါကလည်း အဖြစ်ကို ပြောပြတာပါ ငါလည်းစိတ်မကောင်းပါဘူး မင်းတို့အဖေက သိပ်ရိုးတာ ဒါကြောင့် သူပိုက်ဆံလာချေးတော့ လွယ်လွယ်ကူကူ ငါ ချေးပေးခဲ့တာပေါ့။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘိုးလေးရာ…ဒီနွားကို အဖေ့နာမည် မခေါ်ပါနဲ့ဗျာ
အေး… ငါလည်း တခြားနာမည်ပေးပြီး ခေါ်ပါတယ် မလှုပ်ဘူးကွ သာမောင်လို့ ခေါ်လိုက်လို့ကတော့ ကြားတဲ့နေရာက ပြေးလာတာပဲ။ ဆက်ပြောလျှင် မောင်နှမတွေ ဒေါသပါလာတော့မှာသိတဲ့တွက် စကားဖြတ်ပြီး ပြန်လာခဲ့ကြပါတယ် ။
ညီမဖြစ်သူကတော့ လုံးဝမကျေနပ် အဖေ့နာမည်နွားကို ပေးထားတာ ဒါ အဖေ့သိက္ခာကို ချနေတာ သမီးအနေနဲ့ အဖေ့ဂုဏ်သိက္ခာကိုပြန်ဆယ်ရမှာပဲ ။
ကဲ… ဒါဆို နင်တို့ ဒီလောက်တောင် ဖြစ်နေကြတာကျေးရွာ တရားသူကြီးအဖွဲ့ကို တိုင်ကြရအောင်..ကျေးရွာလူကြီးနှင့်အဖွဲ့ဟာ ကိုသာမောင့်ကိစ္စကို အမျိုးမျိုး တိုင်ပင်ပီးတဲ့ခါ လယ်ထဲသွားပြီး ကိုစိုးတို့ မောင်နှမတွေ ဘကြီးဘိုးထွန်းနဲ့ ကိုသာမောင်ဝင်စားတဲ့ နွားလေးကိုပါခေါ်ပြီး ဖြေရှင်းပါတယ် ။
နှစ်ဦးနှစ်ဖက် ကျေးရွာလူကြီးများ၏ အဆုံးအဖြတ်ကို နာခံပါမယ်လို့ ကတိပြုပီးတဲ့ခါမှာ ဦးဘိုးထွန်းကို ပထမဆုံး နွားလေးကို ခေါ်ခိုင်းစေပါတယ်။
အထူးစိတ်ဝင်စားကြတဲ့အတွက် လာကြည့်တဲ့လူတွေကလည်း အနီးနားကရွာတွေပါ အုံးအုံးထနေအောင်ပါပဲ ။ ဦးဘိုးထွန်းက ရွှေနီရေ လာလာ … ထိပ်ကွက်ရေလာခဲ့ လာခဲ့ စသဖြင့် နွားနာမည်တွေကို ဘယ်လိုပဲ ခေါ်ခေါ် နွားလေးက တုပ်တုပ်မျှ မလှုပ်။
သာမောင်ရေလို့ခေါ်လိုက်တာနဲ့ ချက်ချင်း အပြေးအလွှားရောက်လာတာကို ကြည့်နေတဲ့သူတွေအား လုံး အံ့သြစွာ မြင်တွေ့ကြရပါတယ် ။
သည့်နောက် ကိုသာမောင်ရဲ့သားသမီး မောင်နှမလေးယောက်ကို အပြင်လူ (၂၀)နဲ့ရောပြီး တန်းစီ ခိုင်းထားလိုက်ပါတယ် ။
ကဲ မင်း သာမောင်ကြီး ဝင်စားတာမှန်လျှင် တန်းစီထားတဲ့အထဲက မင်းရဲ့သားကြီးဆီ သွားနမ်းစမ်းလို့ ပြောလိုက်တဲ့ခါမှာ နွားလေးဟာ သူ့သား ကိုစိုးရှေ့ တည့်တည့်သွားပီး နမ်းပါတော့တယ်။
သား ကိုတရှုံ့ရှုံ့နမ်းရင်း မျက်ရည်တွေပါ တဖြိုင်ဖြိုင် စီးကျလာပါတယ် ။လာကြည့်ကြတဲ့ ပရိသတ်ကြီးလည်း ကိုသာမောင့်အဖြစ်ကိုမြင်ပီး ဝမ်းနည်းလွန်းလို့ မျက်ရည်ကျတဲ့လူကကျ ငိုတဲ့လူက ငို … အဲသည်နောက် နွားလေးဟာ လူအများကြီး ကြားထဲက သမီးဖြစ်သူထံကို စိုက်စိုက်မတ်မတ်သွားပီး နမ်းရှုံ့လိုက်တဲ့ အခါမှာတော့အောင်မလေး အဖေရဲ့… သမီး ရင်ကွဲပါပြီ ဖြစ်မှဖြစ်ရလေ အဖေရယ်ဆိုပီး ချုံးပွဲချ ငိုပါတော့တယ်။
နွားလေးကိုဖက်ပြီး ငိုကြွေးလိုက်တဲ့ အသံဟာမြင်ရသူအပေါင်းရဲ့ ရင်ထဲမှာ ဆို့တက်သွားပြီး ယောကျာ်းရင့်မာကြီးတွေတောင် မျက်ရည်တွေစီးကျ လာစေခဲ့ပါတယ် ။
ဤအဖြစ်အပျက်ဟာ သံဝေဂယူစရာကောင်းသလိုကိုသာမောင်ဟာ ဖခင်တစ်ဦးအနေဖြင့် မိသားစုရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်း အကြွေးမပေးနိုင်တဲ့တွက် အပါယ်ဘုံသို့ ကျရောက်ရခြင်း။
အကုသိုလ်ကံ ပေးဆပ်ရတဲ့ခါ ပြုလုပ်သူသာလျှင် ပေးဆပ်ရခြင်း။ အဆိုပါ အတိတ်က အကုသိုလ်ကံသည် ဘဝပေါင်း မည်မျှထိ လိုက်လံ အကျိုးပေးမည်ကို မသိခြင်း။ ဒါကြောင့်… သူတစ်ပါးအကြွေးယူပြီး ပြန်မဆပ်သူသူများအနေနဲ့ သံဝေဂနဲ့ ဆင်ခြင်နိုင်စေဖို့အတွက် တင်ပြလိုက်ပါတယ်။
credit#တရားရတနာ