Life Style


ချစ်သူသက်တမ်းလေးနှစ်မှာ သိန်းသုံးဆယ်စုမိခဲ့သော ချစ်သူနှစ်ဦးရဲ့ဘဏ်စာအုပ်လေး

ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ် အဲ့ဒါနဲ့စုမယ်ဆိုပြီး

ငွေစစုဖြစ်သွားတာပေ့ါ တစ်လတစ်ခါ ဘဏ်ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး

(၃ပုံ၁ပုံလောက်ပေ့ါ) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့

အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ ဘယ်လိုပြောရမလဲ

(တအားမများပေမယ့် မိန်းကလေးမို့လားတော့မသိစာအုပ်ထဲက ဂဏန်းခုနှစ်လုံးကို ကြည့်နေရတာနဲ့ကို အရမ်း စိတ်ချမ်းတေ သာနေပါပြီနော်) ချစ်သက်တမ်းတွေတိုးလာတာလည်း သက်သေတစ်ခုပဲပေ့ါနော် (ရန်ဖြစ်တိုင်း ပြတ်ရင် ဘဏ်စာအုပ် ငါမယူဘူး နင်ယူလိုက်ဆိြုပီး တယောက်တလှည့်ပြော ရန်တေသတ်တာ ပြီးရင် တကယ်လည်းမပြတ်နိုင်ကြတော့ ပျော်စရာကြီး ဟီးဟီး အဲ့တော့အကြံပေးချင်တာက လက်ထပ်ဖို့ရည်ရွယ်ထားရင် ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်ပါ

တစ်နေ့တစ်နေ့ တစ်လတစ်လ ကနေ ရက်ပေါင်းများသွားရင် စုငွေတွေ တိုးလာမှာ အမှန်ပါပဲစစုတုန်းကတော့မဖြစ်စလောက်ပေမယ့် ခုလိုနှစ်နဲ့ချီလာတော့ ချစ်သူ၂ယောက်သား ဖြစ်ချင်တာလေးတစ်ခုခုလုပ်လို့ရတာပေ့ါ