ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3535 – 3565
ဥရောပယူရို 3730 – 3800
ဗြိတိသျှစတာလင်ပေါင် 4450 – 4650
သြစတြေးလျဒေါ်လာ 2260 – 2350
ဂျပန်ယန်း 23.50 – 24.20
တောင်ကိုရီးယားဝမ် 2.60 – 2.70
အိန္ဒိယရူပီး 42.20 – 43.30
စင်ကာပူဒေါ်လာ 2590 – 2660
မလေးရှားရင်းဂစ် 740 – 770
တရုတ်ယွမ် 470 – 485
ထိုင်းဘတ် 99.00 – 100.00
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3855,000 – 3865,000 နှင့် ဈေးစဖွင့်ထားပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3655,000 ခန့် ရှိနေသည်။
ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် ကျပ် 3835,000 – 3855,000 ဝန်းကျင်ဖြင့် ဈေးစဖွင့်ပြီး နောက်ပိုင်းတွင် 3865,000 မှ 3875,000 သို့ မြင့်တက်ကာ ဈေးပိတ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စ ဒေါ်လာ 2000 အောက် ကျသွားသော်လည်း မြန်မာ့ရွှေဈေး မကျဘဲ အမြင့်တွင် ဆက်ရှိနေခဲ့သည်
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3585,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 1992 ဒေါ်လာခန့် ဖြစ်သည်။
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။