News

Dollar price for today Wednesday (6.3.2024) Gold prices and foreign exchange rates

မတ်လ ၆ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3590 – 3630
ဥရောပယူရို 3820 – 3910

ဗြိတိသျှစတာလင်ပေါင် 4500 – 4650
သြစတြေးလျဒေါ်လာ 2300 – 2370
ဂျပန်ယန်း 23.50 – 24.20

တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.50 – 43.75

စင်ကာပူဒေါ်လာ 2660 – 2700
မလေးရှားရင်းဂစ် 750 – 770
တရုတ်ယွမ် 480 – 505
ထိုင်းဘတ် 99.50 – 101.20

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3975,000 – 3995,000 ကျပ်ဝန်းကျင်နှင့် ဈေးဖွင့်ခဲ့ပြီး ယခုနေ့ခင်းပိုင်းတွင် 3998,000 နှင့် 4003,000 သို့ ဆက်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3760,000 ခန့် ရှိနေသည်။

ယမန်နေ့ (အင်္ဂါနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3945,000 – 3965,000 ဖြင့် ဈေးစဖွင့်ခဲ့ပြိး နောက်ပိုင်းတွင် 3970,000 မှ 3980,000 အထိ ဆက်တိုက် မြင့်တက်ကာ ဈေးပိတ်ခဲ့သည်

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3796,600 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2125 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး မြင့်နေသည်)

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။