မတ်လ ၈ ၊ ၂၀၂၄ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင်
နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3600 – 3640
ဥရောပယူရို 3850 – 3960
ဗြိတိသျှစတာလင်ပေါင် 4520 – 4640
သြစတြေးလျဒေါ်လာ 2330 – 2390
ဂျပန်ယန်း 23.80 – 24.50
တောင်ကိုရီးယားဝမ် 2.65 – 2.75
အိန္ဒိယရူပီး 42.80 – 43.90
စင်ကာပူဒေါ်လာ 2650 – 2720
မလေးရှားရင်းဂစ် 760 – 775
တရုတ်ယွမ် 485 – 505
ထိုင်းဘတ် 100.20 – 102.10
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4015,000 – 4035,000 ကျပ်ဝန်းကျင်နှင့် ဈေးစဖွင့်ခဲ့ပြီး ယခုအခါ 4040,000 သို့ ဆက်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3790,000 ခန့် ရှိနေသည်
ယမန်နေ့ (ကြာသပတေးနေ့) က ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4025,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4010,000 – 4020,000 ကြားတွင် လည်ပတ်ကာ 4027,000 ကျပ်ဖြင့် ဈေးပိတ်ခဲ့သည်ဟု သိရသည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3799,100 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2156 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး မြင့်နေသည်)
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။