News

Dollar price for today Monday (10.6.2024) Gold prices and foreign exchange rates

ဇွန် ၁၀ ၊ ၂၀၂၄ (တနင်္လာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 4220 – 4300
ဥရောပယူရို 4530 – 4690

ဗြိတိသျှစတာလင်ပေါင် 5320 – 5510
သြစတြေးလျဒေါ်လာ 2770 – 2870
ဂျပန်ယန်း 26.25 – 27.20

တောင်ကိုရီးယားဝမ် 3.05 – 3.20
အိန္ဒိယရူပီး 50.25 – 52.10

စင်ကာပူဒေါ်လာ 3120 – 3210
မလေးရှားရင်းဂစ် 890 – 925
တရုတ်ယွမ် 580 – 598
ထိုင်းဘတ် 114.25 – 118.35

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် (..) ဝန်းကျင်ဟု သိရသော်လည်း အခြေအနေအရ အတည်ပြုနိုင်ခြင်း မရှိပါ။

ပြီးခဲ့သော (စနေနေ့) က ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေးကို 4793,100 ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ရွှေဆိုင်များကိုလည်း ထိုဈေးအတိုင်း ရောင်းဝယ်ရန်နှင့် ဆိုင် ပိတ်မထားကြရန် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 4655,047 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2293 ဒေါ်လာခန့် ဖြစ်သည်။

YGEA အသင်းက သတ်မှတ်သော နေ့စဉ်ရွှေဈေးဖြင့် ရွှေဆိုင်ကြီးအချို့က ဖြတ်စများကို တစ်ဦးလျှင် ၂ ပဲ၊ ၃ ပဲ ခန့်စီ ရောင်းချပေးနေသည်ဟု သိရသော်လည်း လိုသလောက် ဝယ်မရဘဲ တန်းစီရသည်ဟု ဆိုသည်။