ဗေဒင်

(25.9.21)အတွက် တရက်စာ ဗေဒင်ဟောစာတန်း

တနင်္ဂနွေ အလုပ်အတွက် ခရီးထွက်ရကိန်းလေးရှိပြီး သတင်းကောင်းတွေလည်းကြားရမည်။စိတ်ကူးယာဥ်အိပ်မက်တွေကို သံယောဇဥ်တွယ်တာမနေပဲ လက်တွေ့ဘဝမှာ အကောင်အထည်ဖော်လုပ်ဆောင်သင့်တဲ့နေ့ဖြစ်ပြီး အစပိုင်း မကျွမ်းကျင်မှု့အတွက်အခက်အခဲလေးတွေရှိသော်လည်းနောက်ပိုင်းအဆင်ပြေပါွလိမ့်ွမယ်ရန်လိုနေတက်တဲ့စိတ်တေ​ွ ဖြစ်ပေါ်နေပြီးစိတ်လိုက်မာန်ပါလုပ်ခြင်းကိုလျှော့ပါ။ ဇာတ်ကြောတက် ခါးအထက်ပါနာကျင်ကိုက်ခဲနေမယ်။ အချစ်ရေးမှာ စန်းပွင့်နေပြီး အိမ်ထောင်ရေးမှာတော့ အခက်အခဲများကြားမှ သာယာမှု့လေးတွေရှိနေပါလိမ့်မယ်။ ၅ထောင်၅သောင်း၅သိန်းဝင်ကိန်းလေးရှိပါတယ်။ အိမ်ရှိဘုရားတွင် ထန်းညွှန့် လှူဒါန်းပါ။ အပြာနုရောင်ဝတ်ဆင်ပါ။ တနင်္လာ ဒီနေ့လေးမှာ စိတ်ကူးယာဥ်မှု့လေးတွေများနေပြီး တရားဘာဝနာအားထုတ်ချင်စိတ်လေးအထူးတလည်ဖြစ်နေပါလိမ့်မယ်။အလုပ်တွေကို ခနနားပြီး မိမိလုပ်ချင်တဲ့အရာများကိုလုပ်ရင်း နာနားနေနေအပန်းဖြေသင့်တဲ့နေ့လေးဖြစ်ပါတယ်။အလုပ်လုပ်လျှင်လည်းအထူးသတိထားလုပ်ကိုင်ရမယ့်နေ့ဖြစ်နေပါလိမ့်မယ်။ ချောင်းဆိုးချွဲ ကြပ်ပြီး မောပန်းနေပါလိမ့်မယ်။ အချစ်ရေးမှာတော့ ကြားလူကြောင့် တစ်ဦးပေါ်တစ်ဦးအထင်အမြင်လွှဲမှားနေပါလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ အရင်ထက်ပိုကောင်းတဲ့ဆက်ဆံရေးလေးဖြစ်နေပါလိမ့်မယ်။ ၂ထောင်၂သောင်း၂သိန်းဝင်ကိန်းလေးရှိပါတယ်။ အိမ်ရှိဘုရားတွင် ယို လှူဒါန်းပါ။လိမ္မော်ရောင်ဝတ်ဆင်ပါ။ အင်္ဂါ သတင်းစကားတွေကြားရပြီး ခရီးထွက်ရကိန်းလေးလည်းရှိနေပါလိမ့်မယ်။ မိသားစုအတွင်းကြုံတွေ့နေရတဲ့ ပြသနာ အနည်းကလည်း မကြာခင်ပြေလည်သွားပါလိမ့်မယ်။မိမိရဲ့အမှားအယွင်းအနည်းငယ်ကြောင့် အဆူခံရကိန်းလေးရှိပါတယ်။ ကျန်းမာရေးအနည်းငယ်ညံ့နေပါသော်လည်းတိုင်းရင်းဆေးသောက်ရုံဖြင့်ပျောက်ကင်းပါလိမ့်မယ်။ sgများ အချစ်ရေးမှာ ဖွင့်ပြောလျှင်အဆင်ပြေနိုင်ပြီး အိမ်ထောင်သည်များကတော့ မိသားစုသာယာစိုပြေနေပါလိမ့်မယ်။ ၂ထောင်၂သောင်း၂သိန်းဝင်ကိန်းလေးရှိပါတယ်။ […]

ဗဟုသုတ

(၅) ရက်တာ အကောင်းမြင်လေ့ကျင့်ခန်းတစ်ခု လုပ်ကြည့်ရအောင်

ဒီတစ်ခါ စခန်းသွင်း လေ့ကျင့်ရမှာက စိတ်ဓါတ်အကောင်းမြင်မှုအကြောင်းပါပဲ။ အကောင်းမြင်စိတ်မွေးဖို့အတွက် ဝိတ်တုံးတွေ ၊ ပြေးစက်တွေ ဘာကိရိယာမှ မလိုပါဘူး။ စိတ်ကိုလေ့ကျင့်ဖို့ ရိုးရှင်းတဲ့ စိတ်လေ့ကျင့်ခန်းတွေပဲ လိုပါတယ်။ ဒီဆောင်းပါးမှာ ၅ ရက်တာ စိတ်ဓါတ်ပြုပြင်ရေးလေ့ကျင့်ခန်းတွေကို မိတ်ဆက်သွားမှာပါ။ (၁) ပထမရက် အပြုသဘောဆောင်တဲ့ အကောင်းဆုံးလုပ်ဆောင်ချက်ကို လေ့ကျင့်ပါမယ်။ Positive Perfectionism လို့ ဆိုနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တဲ့ အကောင်းဆုံးအပိုင်းကို အာရုံစိုက်တာ ဖြစ်ပါတယ်။ ကိုယ်ရရှိပိုင်ဆိုင်ခဲ့တဲ့ ချီးကျူးစရာ လုပ်ဆောင်ချက်တွေကို ပြန်တွေးဖို့ပါ။ အမှားတွေကိုလည်း ချန်မထားပါနဲ့။ ပြန်တွေးပါ။ ဒါပေမယ့် အမှားတွေနဲ့ကျရှုံးမှုကို ပြန်သုံးသပ်ချိန်မှာ ဒီတစ်ခါ ပိုကောင်းအောင် လုပ်မယ်လို့ မှတ်ချက်ချဖို့ မမေ့ပါနဲ့။ (၂) ဒုတိယနေ့ ဒုတိယနေ့ကတော့ အံ့ဩဖွယ်ရာတွေကို အသေးစိတ် ပြန်လေ့လာဖို့ ဖြစ်ပါတယ်။ အကောင်းမြင်တတ်ဖို့ […]

ဗဟုသုတ

တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ

တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေ လူတိုင်းလူတိုင်း မိမိဘဝနဲ့ ပတ်သတ်ပြီး လှပတဲ့အနာဂတ်သစ် တစ်ခုကို ဖန်တီးချင်ကြမှာပါ။အနာဂတ်မှာအဆင်ပြေချောမွေ့ တဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် လက်ရှိအချိန်မှာကတည်းက အများကြီးကြိုးစားအားထုတ်ဖို့လိုအပ်ပါတယ်။တစ်ချို့ကလည်းကိုယ့်မျှော့်လင့်ထားတဲ့အနာဂတ်ပန်းတိုင်ကိုဖြောင့်ဖြောင့်တန်းတန်းလျောက်လှမ်းနိုင်ကြသလို တစ်ချို့ကျတော့လမ်း တစ်ဝက်မှာတင် လမ်းပျောက်သွားတာမျိုးတွေ ရှိတက်ကြပါတယ်။ဒီနေ့မှာတော့ တောက်ပတဲ့အနာဂတ်သစ်တစ်ခုရရှိအောင် ကြိုးစားနေချိန်မှာ ရှောင်ရှားသင့်တဲ့ အချက်တွေကိုပြောပြ ပေးချင်ပါတယ်။ (၁) မိုက်ရူးရဲမဆန်ပါနဲ့ တစ်ခါတစ်လေမှာ ကျွန်တော်တို့အနေနဲ့ ကိစ္စတစ်ခုခုလုပ်ဆောင်ရာမှာ မိုက်ရူးရဲဆန်စွာပဲ လုပ်မိတက်ကြပါတယ်။အမှားအမှန်ကိုခွဲခြားသိမြင်နိုင်ခြင်းက အောင်မြင်မှုရဲ့ လမ်းစတစ်ခုဖြစ် တာကြောင့်ဘာပဲလုပ်လုပ် အရင်ဆုံးစဉ်းစားဆင်ခြင်မိဖို့အရေးကြီးပါတယ်။ကောင်းတဲ့အရာတစ်ခုအတွက် ရှေ့ကိုဆက် တိုးတာဟာ မှန်ကန်ပေမယ့် မှားနေတယ် မကောင်းဘူးဆိုတဲ့ အရာတွေအတွက်တော့ မိုက်ရူးဆန်စွာမလုပ်ဆောင်သင့်ပါဘူး။ မိုက်ရူးရဲဆန်စွာအမှားကိုလုပ်ဆောင်ခြင်းဟာ သာမာန်အမှားလုပ်တာထက်နှစ်ဆပိုခံရနိုင်ပါတယ်။ဒါကြောင့်ဘယ်အရာပဲလုပ်လုပ်အရင်ဆုံးစဉ်းစားပါတွေးခေါ်ပါအကြံဉာဏ်တောင်းပါ။ (၂) အချစ်ကိုမရူးသွပ်ပါနဲ့ ကမ္ဘာပေါ်ကသက်ရှိတိုင်းအတွက် ချစ်ခြင်းမေတ္တာဆိုတာလိုအပ်ပေမယ့် ၁၅၀၀ အချစ်ကတော့ တစ်ခါတစ်လေမှာ ကျွန်တော် တို့ရဲ့ ဘဝတွေကို အောက်ဆုံးအထိဆွဲချသွားတက်ပါတယ်။အနာဂတ်အတွက်ကြိုးစားနေချိန်မှာ ပိုပြီးတောင်အချစ်ကို လိမ်မာပါးနပ်စွာကိုင်တွယ်သင့်ပါတယ်။လုံးဝမချစ်နဲ့လို့မပြောချင်ပါဘူး။ချစ်ပါ။ […]

ဗဟုသုတ

ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ

ဘဝမှာပျော်ရွှင်ချင်ရင် ဒီအလေ့အကျင့်တွေကို စွန့်လွှတ်လိုက်ပါ (Unicode) ၁။ အလွန်အကျွံအလုပ်လုပ်ခြင်း ဟုတ်ပါတယ်။ အချိန်ပိုလုပ်ရင် ငွေပိုရတာ မှန်ပါတယ်။ ဒါပေမယ့် ဘဝမှာပျော်ရွှင်ချင်တယ်ဆိုရင်တော့ အလုပ်ချည်းပဲ လုပ်နေလို့မဖြစ်ပါဘူး။ အလုပ်တွေပဲ တောက်လျှောက်လုပ်နေခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာစေနို်င်ပါတယ်။ စိတ်ကျဝေဒနာနဲ့ စိုးရိမ်သောကတွေ များလာစေပါတယ်။ အလုပ်နဲ့ ဘဝကို မျှတနေဖို့ လိုပါတယ်။ ၂။ မိမိကိုယ်ကို မကောင်းတဲ့စကားတွေပြောခြင်း လူတိုင်း မိမိကိုယ်ကို စကားပြောတတ်ကြပါတယ်။ တစ်မိနစ်ကို စကားလုံးပေါင်း (၃၀၀)ကနေ (၁၀၀၀)လောက်အထိ ပြောကြပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို မ ကောင်းတဲ့စကားတွေ ပြောမယ်ဆိုရင် ပျော်ရွှင်မှုနဲ့ ဝေးနေပါလိမ့်မယ်။ မိမိကိုယ်ကို အားပေးတဲ့စကားတွေ၊ တွန်းအားဖြစ်စေတဲ့ စကားတွေ ပြောပေးရမှာဖြစ်ပါ တယ်။ ၃။ ထိန်းချုပ်မှုလွန်ကဲခြင်း အရာအားလုံး စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်လို့မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ […]

က်မၼာေရး ဗဟုသုတ

အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း

အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း Grace Tun Shein ဂျပန်မှာ ရထားစီးရင်းအစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန်အဖွားကြီးတယောက်က ရပ်တဲ့ဘူတာက mini market ထဲခေါ်သွားပြီး ကုသပေးလိုက်တဲ့ အရေးပေါ်ဆေးနည်းလေး ပါ။ဂျပန်လူမျိုးများရဲ့ ရိုးရာဆေးနည်းတစ်ခုလို့ သိရပါတယ်။ ဆေးနည်း ကြက်ဥ သို့ ဘဲဥတစ်လုံးကို ပန်းကန်လုံးထဲ ဖောက်ထည့်၊ အနှစ်ကို ဖယ်ထားပြီး အကာထဲကို ဆိုးဆေးမပါတဲ့ သဘာဝ သကြားညို အနည်းငယ်ထည့်၍ သောက်လိုက်ပါ။ အစာအိမ်ကြောင့် ဗိုက်အောင့်ဗိုက်နာ ချက်ချင်းပျောက်ပါတယ်။ အရေးပေါ် ဆေးနည်းလေးပါရှင်​့​။ Crd ,Copy by La Wone Eain အစာအိမ်အောင့်လာရင် အရေးပေါ်ဆေးနည်း Grace Tun Shein ဂျပန်မှာ ရထားစီးရင်းအစာအိမ်အောင့်လာလို့ မခံမရပ်နိုင်ဖြစ်လာတော့ ဂျပန်အဖွားကြီးတယောက်က ရပ်တဲ့ဘူတာက mini market […]

ကြားသိရသမျှ

တစ်လ သိန်းတစ်ထောင်ဝင်နေတဲ့ ပယောဂဆရာမ

စင်ကာပူမှာ တစ်လသိန်းတစ်ထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူတစ်ယောက်အကြောင်းပြောပြအုံးမယ်။ Bambi Leong Kai Mei ဆိုတဲ့ကလေးမအကြောင်းကို ခေတ်သစ်စုန်းပယောဂဆရာမအဖြစ် ဟိုနားဒီနားမှာဖတ်ရတာကြာပြီ။ သူ့ကို online မှာ DarkWitchBambi လို့ခေါ်ကြတယ်။ ဒီတစ်ခေါက် Sim Lim Square ရောက်မှသူ့ဆိုင်ရှေ့သွားပြီး ကေပိုးအုံးမယ်။ #02-28 မှာတဲ့။ ဆိုင်နာမည်က The Love Witch တဲ့။ သူ့မှာ online shop ရော၊ ဗေဒင်ဟောခန်းရောရှိတယ်။ Bambi Leong Kai Mei ဟာ ဟယ်ရီပေါ်တာတို့လို ဟော့ဝပ်စ်စုန်းဝိဇ္ဇာမှော်ပညာ သင်ကျောင်း The Hogwarts School of Witchcraft and Wizardry ထွက်မဟုတ်ဘူး။ Bambi က National University of Singapore […]

အသိပညာ

လမ်းခွဲပြီးနောက်ပိုင်း လုံးဝမလုပ်သင့်တော့တဲ့ အချက် (၁၀) ခု

၁။ ကလဲ့စား ချေမယ်လို့ စိတ်ကူး မနေပါနဲ့ မိမိကို လမ်းခွဲခဲ့တဲ့သူကို ရန်သူအဖြစ် သဘောထားမယ်လို့လည်း တွေးမနေပါနဲ့ ။ ဒီအတိုင်းသာ ထားလိုက်ပါ ။ သင့်ကို သူက ကျောသွားတယ်လို့ တွေးပြီး တနုံ့နုံ့ ဒေါသတွေ ထွက်ပြီး ကလဲ့စားချေဖို့ ပလန် ချမနေပါနဲ့ ။ သင်သိထားရမှာက ကျွန်တော်တို့ ဖြတ်သန်းနေတာ တကယ့် လက်တွေ့ဘဝကြီးပါ ။ တရုတ်သိုင်းကား ရိုက်ကူးနေတာ မဟုတ်ပါဘူး ။ ဒီတော့ ဘာမှ ထွေထွေထူးထူး တွေးတောမနေပါနဲ့ ။ သင့်အပေါ်မှာ သူ အမှားတွေ လုပ်ခဲ့ရင်တောင် ခွင့်လွှတ်ပေးလိုက်ပြီး သင်ဟာ သဘောထားကြီးသူ တစ်ယောက်ဖြစ်ကြောင်း သက်သေ ပြလိုက်ပါ ။ ၂။ အဆင်ပြေပါတယ် ဆိုပီး မညာပါနဲ့ […]

ၾကားသိရသမွ်

ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကိုတားမရ၍ မခံနိုင်တဲ့အဆုံးရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့အဖြစ်

ကိုယ်ဝန်ကြီးနဲ့မို့ မလုပ်ပါနဲ့ပြောတာကို တားမရ၍ မခံနိုင်တဲ့အဆုံး ရပ်ကွက်ရုံး တိုင်ကြားခဲ့ရတဲ့ အဖြစ်“မရဘူး….ရှင့်ကို ရာအိမ်မှူးနဲ့ကို တိုင်မှာ” “မိန်းမကလည်းကွာ… ငါက ချစ်လို့စတာကို လာပါ ပြန်ရအောင်” “မပြန်ဘူး မပြန်ဘူး… ရှင့်ကို တိုင်ကိုတိုင်မှာ အဲဒါမှ ရှင် နောက်မလုပ်ရဲမှာ”ရုံးရှေ့က ဆူဆူညံညံ အသံတွေကြောင့် ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်မိတော့ မျိုးချစ်နဲ့ သူ့မိန်းမ ပေါက်ကြီးပေါက်ကြီးဆိုတာက တစ်နှစ်တစ်ယောက် မှန်မှန်မွေးနေကျမို့ ပေါက်ကြီးလို့ခေါ်တာ။ အမြဲတမ်း လင်မယားတကျက်ကျက်နဲ့ ရန်ဖြစ်နေတာတောင် ပေါက်ကြီးတို့လင်မယားက တစ်နှစ်တစ်သားတော့ပုံမှန်ပေါက်နေကျအခုလည်း ကလေးတစ်ယောက်က လက်မှာ တွဲလောင်းဆွဲလို့ ဗိုက်ထဲမှာက တစ်ယောက်နဲ့…အဲဒါလည်း ခုထိ အဖြေထုတ်လို့ မရသေးတဲ့ ပုစ္ဆာ “ရာအိမ်မှူးရေ… ရာအိမ်မှူးတပည့်နဲ့ကျွန်မကို ကွာရှင်းပေးပါ” “ဘာဖြစ်လာပြန်ပြီလဲဟာ နင်တို့လင်မယားကလည်း အမြဲတမ်းရန်ဖြစ်မယ်လို့များ တွေးထားသလား… ကဲ ကဲ….ရုံးခန်းထဲလာခဲ့ကြ” လင်မယားနှစ်ယောက် […]

ၾကားသိရသမွ်

Crush ကို ဖွင့်ပြောဖို့ ရှက်နေတဲ့သူတွေကို ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီ

Crush ကို ဖွင့်ပြောဖို့ ဆိုတာ ရင်တုန်ပန်းတုန် ဖြစ်စရာကိစ္စပါပဲ။ အထူးသဖြင့် သင့် crush က ဘယ်လို သဘောထားရှိလဲ ဆိုတာ မသေချာတဲ့ အချိန်မျိုးမှာပေါ့။ crush က ငြင်းလိုက်မယ်ဆိုရင် သင်ဟာ အသည်းတွေလည်း ကွဲ၊ အရှက်တွေလည်း ကွဲနိုင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် အသည်းကွဲတဲ့ ခံစားချက်က ကမ္ဘာပေါ်မှာ မကောင်းဆုံး ခံစားချက်ပါပဲ။ အဲဒါကြောင့် crush ကို ဖွင့်ပြောရာမှာ အောင်မြင်တဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ဖို့နဲ့ ကျဉ်းကျပ်တဲ့ အခြေအနေကနေ ထွက်နိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ဂျပန်နိုင်ငံမှာ ရှိပါတယ် ။ ကုမ္ပဏီရဲ့နာမည်က Kokunavi လို့ခေါ်ပြီး ” အချစ်ကို ဖွင့်ပြောခြင်း ” ဆိုတဲ့ အဓိပ္ပါယ်နဲ့ […]

ၾကားသိရသမွ်

အောင်လရဲ့ သူငယ်ချင်း မာတင်ငုယင်ကတော့ ပထမအချီမှာတင် အလဲထိုးခံရ (ရုပ်သံ)

မာတင်ငုယင် ပထမအချီမှာတင် အလဲထိုးခံရ အောင်လရဲ့ သူငယ်ချင်း မာတင်ငုယင်ကတော့ ပထမအချီမှာတင် အလဲထိုးခံရ မာတင်ငုယင်ရဲ့ ညာလက်သီးဟာ သူ့ကို နှစ်ထပ်ကွမ်းချန်ပီယံဖြစ်စေခဲ့သလို ခုညာလက်သီးကဘဲ သူ့ကို ဒုက္ခပေးလာတာလားလို့တောင် ထင်မိပါတယ်။ မာတင်ဟာ သူ့ရဲ့အားပြင်းတဲ့ ညာလက်သီးကို အမြဲသေချာ set up လုပ်ပြီး ထိုးတတ်တဲ့ဖိုက်တာပါ။ ဒါပေမယ့်အရင်ပွဲမှာလည်း ညာလက်သီးနဲ့ လောပြီး ပွဲသိမ်းဖို့ ကြိုးစားရင်း အလဲထိုးနိုင်ခဲ့တာပါ။ ဒီပွဲမှာတော့ မာတင်ငုယင်ကမလောပေမယ့် ပြိုင်ဖက်က မာတင်ရဲ့ ထိုးတဲ့ပုံစံကို ချိန်သားကိုက်အမိဖမ်းနိုင်ခဲ့ပါတယ်။ မာတင်ဟာ ဘယ်အယောင်ပြပြီး ညာလက်သီးအပြင်းစားထိုးဖို့ ကြံခဲ့ပေမယ့် ကင်ဂျယ်ဝေါင်က ချိန်သားကိုက် ညာလက်သီးကြိုထိုးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ကင်ဂျယ်ဝေါင်ဟာ စိတ်ရှည်ရှည်နဲ့ မာတင်ရဲ့ ဟာကွက်ဖြစ်သွားတဲ့ နေရာကို အမိဖမ်းနိုင်ခဲ့တယ်လို့ဘဲ ဆိုရပါမယ်။ မာတင်ရဲ့ game plan ကောင်းကောင်းအလုပ်ဖြစ်နေခဲ့ပေမယ့် […]