အချိန် နှစ်မိနစ်ထဲနဲ့ သွားတွေကိုဖြူဖွေးတောက်ပလာအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း လှပတဲ့အပြုံးတပွင့်ဟာ လူတစ်ယောက်ရဲ့ အဓိကကျတဲ့လက်နက်တစ်ခုပါပဲ။ ဒီလိုလှပတဲ့ အပြုံးတပွင့်ကို ပိုင်ဆိုင်ဖို့ဆိုတာ သွားတွေရဲ့အလှတရား မပါပဲ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ တကယ်လို့ သင့်ရဲ့သွားတွေလှပလာစေဖို့အတွက် သွားဆေးခန်းမှာ ပိုက်ဆံတွေအများကြီး မသုံးချင်ဘူးဆိုရင် အိမ်မှာပဲသွားတွေကို ဖြူဖွေးလှပလာအောင် ပြုလုပ်လို့ရပါတယ်။ ကော်ဖီသောက်ခြင်းနဲ့ ဆေးလိပ်၊ ကွမ်း စတာတွေဟာ သွားတွေကိုဝါစေတဲ့ အဓိကပြဿနာတွေဖြစ်ပြီး သွားတွေရဲ့ကြွေလွှာကိုသာမက အတွင်းသွားရိုးရဲ့ သဘာဝအရောင်ကိုပါ ထိခိုက်စေပါတယ်။ ဒါ့ကြောင့် သွားတွေကိုဖြူဖွေးတောက်ပစေဖို့ သွားဆေးခန်းမှာဂျီးချွတ်တာတွေ သွားခြစ်တာတွေပြုလုပ်ရင်တောင်မှ ခဏတာပဲဖြူဖွေးတောက်ပစေသလို သွားကျင်ခြင်းဝေဒနာကိုလည်း ခံစားရစေနိုင်ပါတယ်။ ဒီလိုငွေကြေးကုန်ကျမှုနည်းပါးပြီး သဘာဝအတိုင်း သွားတွေကို လှပလာစေဖို့အတွက်ဆိုရင် ပါဝင်ပစ္စည်းနှစ်မျိုးတည်းပါတဲ့ အိမ်တွင်းကုထုံးတစ်ခုနဲ့ စမ်းကြည့်စေချင်ပါတယ်။ ၁။ မုတ်ဖုတ်ဆိုဒါ ၂။ အုန်းဆီ နည်းလမ်းက ရိုးရှင်းပါတယ် မုတ်ဖုတ်ဆိုဒါကို အုန်းဆီနဲ့ခပ်ပျစ်ပျစ်လေး ရောနှောလိုက်ပါ။ […]
Author: Achawlaymyar
အားရပါးရစိတ်ပူရတော့မယ် အယောက် ၃၀ တဲ့ဗျာ
အားရပါးရစိတ်ပူရတော့မယ် အယောက် ၃၀ တဲ့ဗျာ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀)နာရီ ၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၅) ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၄၉) ခု၊ – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့် […]
သံပရာသီးက ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါတယ်
(Zawgyi) လူတော်တော်များများ ကြိုက်ကြတဲ့ အချဉ်ဓာတ်ကို ကောင်းကောင်းပေးနိုင်တဲ့ သံပရာသီးက ဆေးဖက်ဝင်အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ သံပရာဖျော်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပေးနိုင်တဲ့အပြင် နေ့စဉ်သောက်သင့်တဲ့ ဖော်ျရည်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ယနေ့မှာ သင်သိပ်မသိသေးတဲ့ သံပရာသီးရဲ့ ကောင်းကျိုးတွေကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။ (၁) အစာကြေစနစ်ကို ကောင်းမွန်စေခြင်း သံပရာသီးမှာပါဝင်တဲ့ soluble fiber က သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် တကယ့်ကို အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ (၂) နှလုံးရောဂါ ကိုကာကွယ်ပေးနိုင်ခြင်း သံပရာသီးမှာ pectin တစ်မျိုးထဲသာမက ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မောပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ (၃) ကင်ဆာ ဆဲလ်တွေကို လျော့ချပေးနိုင်ခြင်း ကင်ဆာရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ […]
NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ ၃ ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ်
NLD ပါတီ တံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ ၃ ဦး နယ်ပြောင်းရွှေ့ အရေးယူခံရကြောင်း သတင်းများထွက်ပေါ် NLD ပါတီတံဆိပ်ပါ Mask တပ်ဆင်ခဲ့သည့် ရဲအရာရှိ (၃)ဦးကို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ နယ်ပြောင်းရွှေ့၍ အရေးယူလိုက်ကြောင်း ရဲအရာရှိ အသိုင်းအဝိုင်း၌ သတင်းများ ထွက်ပေါ်လျက်ရှိသည်။ အဆိုပါသတင်းဖြစ်စဉ်အပေါ် အတည်ပြုနိုင်ရန် People Media က သြဂုတ်လ(၂၅)ရက်နေ့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကို ဆက်သွယ်မေးမြန်းခဲ့သည်။ “ရဲတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံဝန်ထမ်းဖြစ်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာရသလို ရဲစည်းကမ်း ထိန်း သိမ်းရေးဥပဒေတွေကိုလည်းလိုက်နာရပါတယ်။ သတ်မှတ်ပြဋ္ဌာန်းထားသောစည်းမျဉ်း၊ စည်းကမ်းများကျင့်ဝတ်များ၊ ညွှန်ကြားချက်များကိုမလိုက်နာပါက အရေးယူခြင်းခံရနိုင်ပါတယ်’’ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်၌ တာဝန်ကျ ရဲအရာရှိ ၃ ဦးသည် […]
တာမွေမြို့နယ်ရှိ ဘော်ဒါဆောင်တခု၌ မီးလောင်မှုဖြစ်ပွား
တာမွေမြို့နယ်ရှိ ဘော်ဒါဆောင်တခု၌ မီးလောင်မှုဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် Super One Shopping Center ဘေးရှိ ဘော်ဒါဆောင်တခု၌ ယနေ့ သြဂုတ်လ (၂၅) ရက် နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။ ဝါယာလျှော့မှတဆင့်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကနဦးသိရပြီး၊ လူထိခိုက်မှုများမရှိကြောင်း တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။ “လောင်တာက သစ်သားနဲ့ဆောက်လုပ်ထားတဲ့ နှစ်ထပ်ဘော်ဒါဆောင်ပါ။ ဒုတိယအထပ်ကနေ ဝါယာကြိုးလျှော့ဖြစ်ပြီး လောင်တာလို့တော့ အဲဒီကလူတွေက ပြောတယ်။ဒါကလည်း အတိအကျတော့ မဟုတ်ပါဘူး။ မီးသတ်ဌာနနဲ့လျှပ်စစ်ဌာနက တာဝန်ရှိသူတွေ စစ်ဆေးပါလိမ့်မယ်။ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းက ပြောသည်။ မီးလောင်မှုစတင်ဖြစ်ပွားစဉ်က ကြိတ်ပြီးငြှိမ်းသတ်ခဲ့ကြကာ မီးအလွန်များလာမှ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားကြကြောင်း […]
သူများနဲ့ မတူတဲ့ အချက်တွေ ရှိနေတတ်တဲ့ ဗုဒ္ဓဟူး သားသမီးများအကြောင်း
လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလို ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူတွေကလည်း သူများထက်ကို ထူးခြားနေတတ်ပါတယ်။ သူများနဲ့ မတူတဲ့ အချက်တွေ ရှိနေသလို သူတို့က သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ သူတွေလည်း ဖြစ်ပါတယ်။ သူတို့မှာ ရှိနေတဲ့ ပင်ကို အကျင့်လေးတွေ ကတော့ ချစ်စရာလည်း ကောင်းနေသလို တစ်မျိုးလေးလည်း ထူးခြားနေတတ် ပါတယ်။ သူတို့မှာ ရှိနေတဲ့ အရာတွေကတော့… (၁) စိတ်ကောက်တတ်တယ် သူတို့က ခဏခဏ စိတ်ကောက်တတ်ပါတယ်။ အကြောင်း မရှိဘဲ ကောက်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ စိတ်ကောက်တိုင်းမှာ အကြောင်း ရှိပါတယ်။ သူတို့ စိတ်ကောက်ပြီဆိုရင် ချစ်ဖို့ ကောင်းနေတတ်ပြီး စကားမပြောတော့တာနဲ့ အဖက်မလုပ်တော့တာတွေအပြင် သူတို့ စိတ်ကောက်နေကြောင်းပါ အသိပေးတတ်ကြပါသေးတယ်။ အချော့ ကြိုက်ကြပေမယ့် မချော့လည်း […]
ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး
ရှမ်းပြည်နယ်အတွင်း အထက်တန်းကျောင်းခွဲတစ်ခု မီးလောင်မှုဖြစ်ပွား/ ရှို့မီးဟုယူဆရပြီးငွေကျပ် ၆၄ ဒသမ ၈သန်းကျော်ဆုံးရှုံး ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မဘိမ်းမြို့နယ်၊ လ၀ါကျေးရွာတွင် ကျောင်းပြန်လည်ဖွင့်လှစ်ခွင့် ရရှိကာ စာသင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းခွဲတစ်ခုတွင် ယနေ့(သြဂုတ်လ ၂၅ )ရက် နံနက် တစ်နာရီအချိန်ခန့်က ရှို့မီးဟုယူဆရသည့် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း မဘိမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ပြည်မြန်မာ ကိုပြောကြားသည်။ မီးလောင်ကျွမ်းမှုကြောင့် အဆိုပါ အထက်တန်းကျောင်းခွဲရှိ ကျောင်းဆောင်နှစ်ဆောင်ဖြစ်သည့် ချယ်ရီ ဆောင်နှင့် အင်ကြင်းဆောင် နှစ်ဆောင်တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ချယ်ရီဆောင်မှာ ၂၀၁၄-၂၀၁၅ ခုနှစ်၌ နိုင်ငံတော်အစိုးရဘက်ဂျက် ကျပ်ငွေ ၆၄ ဒဿမ ၈ သန်းဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းဆောင်မှာ ရပ်ရွာလူထု၏ ပံ့ပိုးငွေ ကျပ်သိန်း သုံးရာ့လေးဆယ် ဖြင့် […]
ကရင်ပြည်နယ် အာရှလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရ
ကရင်ပြည်နယ် အာရှလမ်းမကြီးပေါ်တွင် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုဖြစ်ပွား၍ နှစ်ဦး ပြင်းထန်ဒဏ်ရာရ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း အာရှလမ်းမကြီးပေါ်ရှိ နတ်စင်ကွေ့နှင့် ရင်ကွဲတောင်ကြား၌ မြ၀တီဘက်မှ ကော့ကရိတ်ဘက်သို့ မောင်းနှင်လာသော VIGO မော်တော်ယာဉ်နှင့် ကော့ကရိတ်မှ မြ၀တီဘက်သို့ မောင်းနှင်လာသော HONDA Fit မော်တော်ယာဉ်တို့ ယနေ့(သြဂုတ်၂၅) ရက် နံနက် ၁၁ နာရီအချိန်ခန့်က မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် HONDA Fit မော်တော်ယာဉ် ပါလာသည့်သူနှစ်ဦးအနက် တစ်ဦးမှာ ညာဘက် ပေါင်းရိုးကျိုးပြီး ကျန်တစ်တစ်ဦးမှာ ညာဘက်ခြေသလုံးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အတွက် ပုလဲဖြူလူမှု ကယ် ဆယ်ရေးအဖွဲ့က ကော့ကရိတ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ “မြ၀တီက ဆင်းလာတဲ့ VOGO ကားက အဆင်းကွေ့မှာ […]
ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ်
ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းက ၆ ဘာသာဂုဏ်ထူးရှင် ၁ ဦး ထွက်ပေါ် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကန်ပြားအရှေ့ရွာမှာဖွင့်လှစ်ထားတဲ့ ယသဇေယျာရုံ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကနေ ၆ ဘာသာဂုဏ်ထူးရှင်တစ်ဦး ထွက်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ၂၀၀၁ ခုနှစ်လောက်က စတင်ဖွင့်လှစ်ပေးခဲ့ကာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က ၅ ဘာသာ၊ ၄ ဘာသာ၊ ၃ ဘာသာ ဂုဏ်ထူးရှင်တွေထွက်ပေါ်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ၆ ဘာသာ ဂုဏ်ထူးရှင်ကျောင်းသူတစ်ဦး ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ယသဇေယျာရုံ ဘုန်းတော်ကြီးမှာ ပညာသင်ယူခဲ့တဲ့ မအိမွန်အောင် ဆရာ ဆရာမတွေနဲ့ ဘုန်းကြီးတွေရဲ့ သင်ကြားမှုနဲ့ အမှတ်ပေါင်း ၅၂၄ မှတ်၊၆ ဘာသာဂုဏ်ထူးနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တာ ဖြစ်ပြီး မကွေးတိုင်းမှာ အမှတ်အများ […]
ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ
ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ ဧရာဝတီဘဏ် ATM ငွေထုတ်စက်ကို ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းတာဝန်ရှိသူက ပြည်မြန်မာကို ယနေ့ (သြဂုတ်လ ၂၄ ရက်)ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက် နံနက် ၂ နာရီအချိန်ခန့်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း ရှိ City Express Convenience Store အရှေ့တွင် တပ်ဆင်ထား သည့် ဧရာဝတီဘဏ် ATM စက်အ မျိုးအစား (Wincor 280 xe) အတွင်းမှ ငွေသားများကို လူရွယ်အမျိုးသား နှစ်ဦးက ခိုးယူရန် […]









