ၾကားသိရသမွ်
ရန်ကုန်နေပြည်သူများ လုံခြုံရေးအတွက် သတိပေးထုတ်ပြန်ကြေငြာခြင်
ရန်ကုန်နေပြည်သူများ လုံခြုံရေးအတွက် သတိပေးထုတ်ပြန်ကြေငြာခြင် ခိုးဆိုးလုယက်နေသူများကို ရန်ကုန်UGသတိပေး ဇွန် ၆၊ ၂၀၂၂ ပြည်သူတွေဆီကနေ ခိုးဆိုးလုယက်ရမ်းကားနေသူတွေအနေနဲ့ လုပ်ရပ်တွေကိုရပ်တန့်ကြဖို့ ရန်ကုန် မြေပြင်လှုပ်ရှားရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Soul Takers Yangon Underground Force က ဒီနေ့ဇွန်(၆)ရက် မှာသတိပေးပြောဆိုလိုက်ပါတယ်။ ကားမှတ်တိုင်၊ YBS ကား၊လမ်းသွားလမ်းလာလူမြင်ကွင်းတွေမှာ ပေါ်ပေါ်တင်တင်အုပ်စုဖွဲ့ကာ ရမ်းကား နေတဲ့လူဆိုးလူမိုက်များကြောင့် လူကြီး၊လူငယ်၊ ကျားမ မရွေးလုယက်ခံရခြင်း တို့ဆေးမိခြင်းနဲ့ ပြန်ပေးဆွဲခြင်းတို့ကို နေ့စဉ်ကြုံတွေ့နေရတဲ့အတွက် ရန်ကုန်နေပြည်သူတွေရဲ့လုံခြုံရေးနဲ့ပက်သက်ပြီး အခုလိုသတိပေးချက်ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စုဖွဲ့လုယက်ရမ်းကားနေသူတွေအနေနဲ့ လုပ်ရပ်တွေကိုရပ်တန်းကရပ်ကြဖို့နဲ့ တောမီးလောင်တောကြောင်လက်ခမောင်းခတ်တဲ့ အပြုအမူမျိုးတွေမလုပ်ကြဖို့ သတိပေးထားပါတယ်။ အခုလိုသတိပေးတာကိုမလိုက်နာဘူးဆိုပါက ပြည်သူကိုနှောက်ယှက်တဲ့အဖွဲ့အစည်းလို့သတ်မှတ်ပြီး သတိပေးကာလကျော်လွန်သွားရင် လိုအပ်တာစီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။ ထိပါးစော်ကားခံရတဲ့ပြည်သူတွေအနေနဲ့လည်း သတိပေးကာလကျော်သွားတဲ့အခါ တိုင်တန်းနိုင်တယ်လို့လည်း ‌ဖော်ပြထားပါတယ် Crd- Burma VJ ခိုးဆိုးလုယက်နေသူများကို ရန်ကုန်UGသတိပေး […]
ဗဟုသုတ
အီတလီနိုင်ငံမှ ဂေါတမီရတနာ ရည်ရွယ်ချက်ပြည့်မြောက်ပြီဖြစ်၍ ဇာတိကို ပြန်ပါပြီ
အီတလီနိုင်ငံမှ ဂေါတမီရတနာ ရည်ရွယ်ထားသည့်အတိုင်း ရက်သတ္တပတ် ပြည့်မြောက်ခဲ့ပြီ ဖြစ်လို့ ဆရာလေးအဖြစ်မှ စွန့်ပြီး နေရပ်ကို ပြန်လည်ထွက်ခွာသွားပါပြီ ကြိုဆိုမှု၊ ကူညီမှုနှင့် ကြင်နာမှုတို့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။ ဤလှပသော မြန်မာနိုင်ငံ ခရီးစဉ်ကို စီစဉ်ပေးပြီး သီလရှင်ဖြစ်လိုသော ဘဝအိပ်မက်ကို ချီးမြှောက်ပေးသော ကျွန်ုပ်၏ ကျေးဇူးတော်အရှင် ဉာဏဒီပအား ကျေးဇူးတင်ရှိပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ် မြန်မာပြည်က ခွဲခွာရမှမို့ နှလုံးသားက နာကျင်နေပေမယ့် ဒါဟာ သာမန်လူသားတွေရဲ့ သဘာဝပါပဲ  မကြာခင်ပြန်ဆုံကြမယ်ဆိုပြီး သူမရဲ့ လူမှုကွန်ယက်မှာ တင်ထားပါတယ် အီတလီနိုင်ငံမှ ဂေါတမီရတနာ Gotami Yadanar ရိပ်သာမှာ ဆရာလေး သဒ္ဓါမုနိထေရီ ဘွဲ့အမည် နာမခံယူ၍ သာသနာ့အနွယ်ဝင် သီလရှင် ဆရာလေးအဖြစ် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး ရည်ရွယ်ထားသည့်အတိုင်း ရက်သတ္တပတ် ၃ […]
ၾကားသိရသမွ်
ဖိုးခင်နဲ့ အတွေ့မှာ ခံလိုက်ရတဲ့ ဆရာမရဲ့ အဖြစ်…
ဖိုးခင်နဲ့ အတွေ့မှာ ခံလိုက်ရတဲ့ အတန်းပိုင် ဆရာမရဲ့ အဖြစ်… စာသင်ခန်း တစ်ခန်းမှာ ဖြစ်သည်။။ ” ဖိုးခင် … ဘာဖြစ်လို့ စာသင်တာနဲ့ ငိုက်နေတာလဲ ” ” အဖေက ရဲစခန်းရောက်၊ အမေက ဆေးရုံရောက် ဆိုတော့” ” ဒါဆိုလည်း နားလေ သား ၊ စောစော နားလိုက်တော့ ” ဆရာမက သနားသွားပြီး စိန်ဖိုးခင်ကို နားခွင့်ပြုလိုက်တယ်။ စိန်ဖိုးခင် ထွက်သွားတာနဲ့ ဆရာမမှ တပည့်များအား ” သူ့အဖေအမေ သနားပါတယ်နော်၊ ဘယ်သူသိလည်း၊ ဘာတွေ ဖြစ်လို့လဲ” ကျောင်းသားတယောက် ပြန်ဖြေတယ်။ “ဆရာမရယ် ၊ သူ့အဖေက ရဲ ။ သူ့အမေက သူနာပြုလေ ” ” […]
ကြားသိရသမျှ
မြန်မာပြည်အတွက် အတိတ်ကောင်း နိမိတ်ကောင်းတွေ ရောက်လာပြီ (ရုပ်သံ)
ကြားသိရသမျှ
မအေကို ဓားနဲ့ထောက် ပိုက်ဆံအိတ်လုတော့ သူ့အမေကို ဓားနဲ့ထိုးတယ်ထင်ပြီး 15 နှစ်အရွယ်ကလေးက ဝင်ကာကွယ်တာကို ရက်ရက်စက်စက် ဓားနဲ့အချက်ပေါင်းများစွာ ထိုးသတ်ခဲ့
ကလေးရဲ့ အမေ ရေးခဲ့တဲ့ စာလေး ဖတ်ရင်း ရင်ထဲမှာ မကောင်းဖြစ်မိတယ် ဒီ ကလေးအရွယ်က မင်းတို့ကို ဘယ်လောက် ဒုက္ခပေးနိုင်မှာမို့ အဲ့လောက် ရက်ရက်စက်စက် လုပ်ခဲ့ရတာလဲကွာ သူ့မိခင်ကို ဓားနဲ့ထောက် ပိုက်ဆံအိတ်လုတော့ သူ့အမေကို ဓါးနဲ့ထိုးတယ်ထင်ပြီး အသက် ၁၅နှစ်သာရှိသေးတဲ့ ငါ့သားလေးက သူ့လက်ကလေးနဲ့ ရှိတဲ့ခွန်အားလေးနဲ့ကာကွယ်မိတာကို ရက်ရက်စက်စက် ဓားနဲ့အချက်ပေါင်းများစွာခုတ်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့နင်တို့တွေ ငါ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့သလိုမျိုး ပြန်အသတ်မခံရပါစေနဲ့… ငါတို့မိသားစုရဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေး အသိုက်အမြုံလေးပြိုကျပျက်စီးခဲ့ရသလိုမျိုး နင်တို့မိသားစုဘဝတွေပြိုကျပျက်စီးခြင်းမျိုး မကြုံရပါစေနဲ့ သူ့မိခင်ရှေ့မှာ သူ့သားလေးကိုရက်ရက်စက်စက် သတ်ခဲ့သလိုမျိုး နင်တို့မွေးထားတဲ့ မွေးလာမဲ့ နင်တို့ သားသမီးကို နင်တို့ရှေ့မှာတင် ရက်ရက်စက်စက် အသတ်ခံရတာမျိုး မကြုံရပါစေနဲ့ သူတပါး ကြိုးစားရှာဖွေစုဆောင်းထားတဲ့ ဥစ္စာပစ္စည်းကို ခိုးဆိုး လုယက် ဓားပြတိုက်မှ သုံးရ စားရတဲ့နင်တို့ ဘဝတွေ […]
ၾကားသိရသမွ်
လင်မယားနှစ်ဦး ညတိုင်း ဖုန်းအားသွင်းပြီးမှ အိပ်ကြရာမှ မနက်မိုးလင်းခါနီးတွင်… See more
လင်မယားနှစ်ဦး ညတိုင်း ဖုန်းအားသွင်းပြီးမှ အိပ်ကြရာမှ မနက်မိုးလင်းခါနီးတွင်… See more ထိုင်းနိုင်ငံက အိမ်ထောင်သည် အမျိုးသမီးငယ်တစ်ဦးဟာ ညအိပ်ပျော်နေစဉ် သစ်သားပျဉ်ထောင်အိမ် မီးစွဲလောင်ခဲ့တာကြောင့် အရှင်လတ်လတ် မီးလောင်ခံရပြီး အသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ရကြောင်း သိရပါတယ်။ သေဆုံးသူ အမျိုးသမီးရဲ့အမည်ကတော့ Nisachol Sawasdiwong ဖြစ်ပါတယ်။ Nisachol ဟာ အသက်(၃၃)နှစ်ဖြစ်ပြီး၊ ခင်ပွန်း Yothin (၃၆)နှစ်နဲ့အတူ ညဘက်အိပ်ပျော်နေစဉ် အားသွင်းထားတဲ့ဖုန်းက အပူလွန်ကဲ ပေါက်ကွဲမှုဖြစ်ပြီး၊ နေအိမ်ကို မီးစွဲလောင်ခဲ့တာပါ။ နှစ်ယောက်သား အိပ်မောကျနေလို့ မီးအတော်အရှိန်ရသည်အထိ အိပ်ရာက မနိုးခဲ့ကြပါဘူး။ အခင်းဖြစ်ရာအိမ်ကတော့ Nakhon Si Thammarat မှာတည်ရှိပြီး၊ ပြီးခဲ့တဲ့(၂၆)ရက် ကြာသပတေးနေ့ မိုးလင်းပိုင်း အိပ်ကောင်းချိန်မှာ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ ခင်ပွန်းဖြစ်တဲ့ Yothin ကတော့ မီးလောင်အိမ်ထဲကနေ […]
ဗဟုသုတ
(ဘာ့ကြောင့်ဖေါက်ပြန်သလဲ) အိမ်ထောင်ရေးဖေါက်ပြန်ခြင်း၏ ပင်မ သော့ခ်ချက်လေးတခု
“စုဖုရားလတ်သည် သီပေါ မင်းကို မင်းသားဘဝ ထဲက တွေ့ဖူး သဖြင့် အရိုအသေ မရှိချေ ။ဒိုင်းခင်ခင် သည် သီပေါမင်းကို ဘုရင်ဖြစ်မှ တွေ့ရခြင်းကြောင့် လေးစား ကြောက်ရွံ့မှု့ရှိသည် ။ ထို ၂ ချက်သည် မိုးနှင့် မြေလို အကွာကြီး ကွာ၏ ။စုဖုရားလတ်ထံတွင် မတွေ့ရသော မိန်းမတယောက်၏ အရေးပေး လေးစားခြင်းကို ဒိုင်းခင်ခင် ဆီမှ ရ၏ ။ဒိုင်းခင်ခင်နှင့် တွေ့ရသည့်အခါ သိမ်ငယ်စိတ်များ လျော့ပါးစေသည်။ မိန်းမတယောက် ၏ အလေးမြတ် ပြုခြင်း ကြောင့် ယောက်ကျားတယောက်အတွက် လိုအပ်သော မိမိကိုယ်မိမိ ယုံကြည်စိတ်ချ ခြင်းကို ခံစား ရ၏ ထို့ကြောင့် အလွန် မြတ်နိုး လေသည်။စုဖုရားလတ်သိ ချိန်တွင် ဒိုင်းခင်ခင် သည် […]
ၾကားသိရသမွ်
မိခင်ဖြစ်သူကွယ်လွန်သွားတဲ့ သရက်ကင်သည်ကလေးလေးရဲ့ရှေ့ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ စည်သူပလတ်ကျွတ်ရဲ့ဗီဒီယို
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို သီချင်းတွေလည်း သီဆိုတဲ့ စည်သူပလတ်ကျွတ်ကိုတော့ ပရိသတ်ကြီးရင်းနှီးပြီးသားဖြစ်မှာပါ စည်သူပလတ်ကျွတ်ဟာ အမိုက်စားပွဲတက်ဝတ်စုံတွေကြောင့်လည်း လူသိများသူဖြစ်ပြီး ဘဝကို ဟန်ဆောင်မှုကင်းကင်းနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူပလတ်ကျွတ်ဟာ အများအကျိုးကိုသယ်ပိုးဆောင်ရွက်ပေးရင်း သူ့ရဲ့ဘဝကို ကုသိုလ်တွေပြုပေးရင်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း လူမှုကွန်ယက်စာမျက်နှာမှာ နာမည်ကြီးနေတဲ့ သရက်ကင်သည်မိန်းကလေးအတွက် အလှူငွေတွေလက်ခံလှူဒါန်းပေးနေတဲ့ စည်သူပလတ်ကျွတ်ဟာ အဆိုပါမိန်းကလေးရဲ့မိခင်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့ စည်သူပလတ်ကျွတ်ဟာ နာရေးကူငွေတွေလည်း ကောက်ခံပေးခဲ့ ရတာဖြစ်ပါတယ်။ မနေ့က ဇွန်လ (၅) ရက်နေ့မှာတော့ စည်သူပလတ်ကျွတ်ဟာ သရက်ကင်သည်မိန်းကလေးနဲ့ သူမရဲ့ဖခင်တို့နဲ့အတူတူ အလှူငွေစာရင်းရှင်းတန်းပြုလုပ်ခဲ့ပြီး သူတို့မိသားစုလေးရဲ့ ရှေ့ရေးကို ဆွေးနွေးပေးခဲ့တာကို အခုလိုပဲ Live လွှင့်ပေးခဲ့ပါတယ်။ စည်သူပလတ်ကျွတ်ကတော့ သူ့ကိုယ်ကျိုးအတွက်မပါပဲနဲ့ သရက်ကင်သည်မိန်းကလေးရဲ့ဘဝကို စာနာစွာနဲ့ ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကူညီတတ်တဲ့ စည်သူပလတ်ကျွတ်လည်း အခုထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ Source: စည်သူ ဘီးကျဲ […]
ကြားသိရသမျှ
ခုကာလကျောင်းဖွင့်ချိန် ကျောင်းမှာ ဘာတွေသင်ကြားနေသလဲ သွားနားစွင့်မိတဲ့အခါ
ကျောင်းဖွင့်ချိန် ကျောင်းမှာ ဘာတွေသင်ကြားနေသလဲ ကျောင်းပေါက်ဝမှာ သွားနားစွင့်မိတဲ့အခါ.. မနက် ဈေးက အပြန် စာသင်ကျောင်း‌အရှေ့က ဖြတ်ပြန်တော့ ကျောင်းဖွင့်တာတွေ့တယ်..။ အင်း.. ကျောင်းမှာ ဘာတွေများသင်ကြားနေတာလဲပေါ့..။ သိချင်စိတ်ကို ထိန်းမရတာနဲ့ ကျောင်း ပေါက်နားမှာဈေးခြင်းတောင်းချပြီး.. ကျောင်းသား အကိုယောင်ယောင် ကျောင်းဆရာမ ရည်းစားယောင်ယောင် ရစ်သီရစ်သီနဲ့ နားစွင့်နေမိတယ်။ ကျောင်းပေါက်ဝမှာလဲ သိတဲ့အတိုင်း ဒိုင်းညောင့်ကိုင် ထွန်းညွန့်ကိုင်တွေက စောင့်နေကိုး..။ အဲ့လိုမှ ဟန်မဆောင်ရင် စွဲစိမှာလေ..။ “ကြာအုံးမှာလား မသိဘူး” ကျောင်းဝန်းထဲကို လှမ်းကြည့်ပြီး ပါးစပ်က ပေါက်ကရ ပြောလိုက်တယ်။ နို့မို့ဆို ဟို မသာတွေက စစ်လားဆေးလား လုပ်နေမှာလေ..။ “အင်္ဂလိပ် ဆရာမလာပြီ!!” ကျောင်းသားတစ်ယောက်ရဲ့ အော်သံကြောင့်.. အိုး.. အင်္ဂလိပ်စာ သင်မှာပါလား? ဘာတွေ သင်မှာပါလိမ့်..။ နားစွင့်နေမိတယ်..။ “စာအုပ်ထုတ်!!” […]
ၾကားသိရသမွ်
ဝက်အတွက် စိတ်မကောင်းပေမဲ့ 😁မိနစ်ပိုင်းလေး ပျော်တယ်ဆိုရင်တောင် ဝမ်းသာရပါတယ်ဆိုတဲ့ပန်ဆယ်လို
ရှေ့ရက်က စိတ်ပိုင်းဆိုင်ရာ အထိအခိုက်တွေများလာတော့ မိတ်ဆွေစာရေးဆရာတစ်ယောက်ကို ရင်ဖွင့်ဖြစ်တယ်။ သူက စိတ်ထားနည်း၊ နေနည်းထိုင်နည်းလေးတွေကို စာအရှည်ကြီး ရေးပို့ရှာတယ်။ သူညွှန်တဲ့နည်းလမ်းထဲမှာ တော်လှန်ရေးအတွက် ထောက်ပို့မှုတွေအပြင် စိတ်ပိုင်းဆိုင်ရာ ကြည်နူးစေတဲ့ ကူညီမှုလေးတွေကိုပါ အလျင်းသင့်သလို လုပ်ပါလို့ ပါဝင်တယ်။ ကိုယ် Fund Raise လုပ်လို့ရရှိတဲ့ငွေတွေက တိုက်ပွဲဝင်လူငယ်တွေအတွက်လို့ ပြောပြီးကောက်ခံထားတာဖြစ်တဲ့အတွက် အခြားကိစ္စရပ်တွေမှာ သုံးစွဲလို့မဖြစ်ပါဘူး။ ဒါ့ကြောင့် ဒီရက်ထဲ ကိုယ့်လုပ်အားနဲ့ စျေးရောင်းလို့ ရတဲ့အမြတ်ငွေလေးထဲက စစ်ဘေးရှောင်ပြည်သူတွေအတွက် စိတ်ပျော်ရွှင်စေမယ့် စားနပ်ရိက္ခာလေး ပေးပို့ဖြစ်ပါတယ်။ အခြား အသားငါးတွေက ဝယ်လို့တော့ ရနိုင်ချေရှိပေမယ့် ဝက်သားက ဒီလိုနေရာမျိုးမှာ အခုလိုမှ အကောင်လိုက်မဝယ်နိုင်ရင် ရစရာမရှိတဲ့။ အားလုံးကလည်း တောင့်တနေကြတယ်တဲ့။ ကိုယ်ဆိုသည်မှာ ဝက်သားကြိုက်သူချင်းဆိုတော့ အရမ်းကိုယ်ချင်းစာတာပဲ။ တစ်ကောင်ပို့ဖြစ်လိုက်ပါတယ်။ ဝက်အတွက်တော့ စိတ်မကောင်းပါဘူးလေ။ ဒါပေမယ့် မတတ်နိုင်ဘူး။ […]