လာမယ့် ဆောင်းရာသီကာလအတွင်း မုန်တိုင်းများဖြစ်ပေါ်ခြင်း ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ ၂၀၂၁ ခုနှစ် ဆောင်းရာသီကာလမှာဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေနှင့်ပတ်သက်ပြီး မိုးဇလထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ(Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့်လေထုဖြစ်စဉ်များမှာအားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ရောက်ရှိနေတယ်လို့ဆိုပါတယ်။ နိုင်ငံတကာမိုးလေဝသဌာနများ၏သင်္ချာပုံစံပြု မော်ဒယ်များခန့်မှန်းချက်အရ လာမည့်ဒီဇင်ဘာလတွင်အားအနည်းငယ်မှ အားအသင့်အတင့်ရှိသောလာနီညာအဆင့်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။ လာနီညာဖြစ်စဉ်သည်ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်းအဆိုပါ လာနီညာဖြစ်စဉ်ကြောင့်အကျိုးသက်ရောက်မှုမှာယေဘုယျအားဖြင့်ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင်မုန်တိုင်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်းအရှေ့မြောက်မုတ်သုံလေအားကောင်းမှုကြောင့်မြန်မာနိုင်ငံတွင်ညအပူချိန်များလျော့နည်းခြင်း၊အအေးပိုခြင်း၊အရှေ့ဘက်မှလေပွေလှိုင်းများတိုက်ခတ်ခြင်း၊အချိန်အခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်းစသည့် ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ လာနီညာဖြစ်ပေါ်မှုနှင့်ပတ်သက်သည့်အခြေအနေများအားအချိန်နှင့်တစ်ပြေးညီဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့မိုးဇလမှထုတ်ပြန်ပေးထားပါတယ်။ မိုးလေဝသစေတနာရှင်မလေး စုစုစံ ခန့်မှန်းချက်မှာ ”ဒီဇင်ဘာမုန်တိုင်းစမယ်၂၀၂၁နိုဝင်ဘာလ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၃ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံးဖြစ်ပေါ်လာပါမယ်။ မြန်မာဖက်မှာ ဖိအားမြင့်လေထု High pressure များရှိနေသဖြင့် သိရိလင်္ကါနဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းကိုဦးတည်သွားမှာဖြစ်ပြီး မြန်မာနိုင်ဖက်လုံးဝမလာပါဘူး အချိန်ပြည့်လည်း စောင့်ကြည့်ပေးနေပါမယ်”ဆိုပြီး ကြိုတင်ခန့်မှန်းပေးထားပါတယ်။ ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက် ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်စေဖို့ အသိပေးနှိုးဆော်အပ်ပါသည်။ Credit zawgyi လာမယ့် ဆောင်းရာသီကာလအတွင်း မုန်တိုင်းများဖြစ်ပေါ်ခြင်း […]
မိုးလေ၀သ
လာမယ့် အပတ်မှာ မိုးကြီးမယ့်ဒေသတွေကို မိုးလေဝသပညာရှင်မလေး စုစုစံ ပြောပြီ
မိုးလေဝသ ခန့်မှန်းတွက်ချက် ရာမှာ သူတမတူအောင် ထူးချွန်ပြောင် မြောက်တဲ့ ဆရာမလေး စုစုစံရဲ့ နောက်ရက် သတ္တပတ် အတွက် ခန့်မှန်းချက် များကို တစုတစည်းထဲ ဖော်ပြ လိုက်ပါ တယ် ၁၂-၁၁-၂၀၂၁ ရက်နေ့ ည ၈ နာရီ အချိန်မှ နောက် ၂၄နာရီ အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ မိုးတွေရွာမယ်နော်၊ ပြွန်တန်ဆာ ညောင်လေးပင် ပိန်းဇလုတ် ကျွန်းကုန်း ဖတို သဌေးကုန်း ကျောက်တခါး ပဲနွယ်ကုန်း ရွှေဝါရွာ တောကျွဲအင်း ကညွှတ်ကွင်း ညောင်ပင်သာ ကျီးမနိုး ဖြူး ဇေယျဝတီ မိုးတွေ ရွာနိုင်တယ် အမျိုးတို့ရေ၊ ရက်ကြို ခန့်မှန်းချက် မိုးကြီးရေလျှံ၊ ၂၀၂၁ နိုဝင်ဘာလ ၁၄ရက် ၁၅ရက်နေ့ များတွင် […]
ဒီဇင်ဘာမုန်တိုင်းနဲ့ လာမယ့်ဆောင်းရာသီ.. မြန်မာပြည်အခြေအနေ
ဒီဇင်ဘာမုန်တိုင်းနဲ့ လာမယ့် ဆောင်းရာသီ မြန်မာပြည်အခြေအနေ ဒီဇင်ဘာမုန်တိုင်း တောင်တရုတ်ပင်လယ်ပြင်မှ အပူပိုင်းဖိအားမြင့်လှိုင်း တွေသည် ၂၀၂၁ ဒီဇင်ဘာလတွင် ထိုင်းပင်လယ်ကွေ့မှတဆင့် ထိုင်းတောင်ပိုင်း တနင်္သာရီတိုင်းတောင်ပိုင်း မလေးရှားနိုင်ငံမြောက်ပိုင်းတို့မှ ကုန်းတွင်းဖြတ်ကျော်ကာ ဘင်္ဂလားပင်လယ်အော်ကို ရောက်ရှိလာကာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်နှင့် မုန်တိုင်းငယ် ၂ လုံးဖြစ်လာနိုင်သော်လည်းပဲ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှာ ဖိအားမြင့်လေထုများရှိနေမှာဖြစ်သဖြင့် မြန်မာဖက်လာဖို့လမ်းမရှိသလို မိုးလည်းရွာမှာ မဟုတ်ပါဘူး။ တနင်္သါရီတိုင်းတောင်ပိုင်းအနီးက low pressure တွေဖြတ်စဉ်မှာတော့ တနင်္သါရီတိုင်း တောင်းပိုင်းမှာသာမိုးရွာနိုင်ပါတယ် အခြားဒေသတွေမရွာနိုင်ပါဘူး (ခန့်မှန်းချိန် ၁၇-၁၁-၂၀၂၁ ညနေ ၆ နာရီ ၃၀ မိနစ်) ၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၂ ဖေဖော်ဝါရီအထိ (၃) လပတ် ကြိုတင်ခန့်မှန်းချက် မြန်မာဆောင်းသည် ပုံမှန်ထက်အနည်းငယ် ပိုမို ပူနွေးနိုင်ပါတယ်။ ဗီယက်နမ်တောင်ပိုင်း […]
နောက်(၂၄) နာရီအတွင်းမုန်တိုင်းသတိပေးချက်…
15/11/2021 at 3:00am အချိန်မှ နောက်၂၄နာရီအတွင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီး တမူး ဖောင်းပြင် ပင်လည်ဘူး ဗန်းမောက် ဝန်းသို ကောလင်း ထီးချိုင့် တကောင်း ကသာ အင်းတော်ရွှေကူ ဗန်းမော် မိုးမောက် မံစီ မဘိမ်း မိုးမိတ် မိုးကုတ် ပြင်ဦးလွင် နောင်ချို ကျောက်မဲ သီပေါ လားရှိုး နမ္မတူ သိန်းနီ ကွတ်ခိုင် တာမိုးညဲ နမ့်ခမ်း မူဆယ် ပန်းဆိုင်း ကြူကုတ် မုံးကိုးလောက်ကိုင် ကုန်းကြမ်း ဒေသများ ရွာသွန်းမြဲထက် ၂ဆမှ ၃ဆ ပိုမိုရွာသွန်းနိုင်ပါတယ် ခန့်မှန်းချိန် 15/11/2021 at 3:10am Su Su San 𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭 […]
92B လေဖိအားနည်းလေဝဲတစ်ခုစတင်ဖြစ်ပေါ်လာ၍ ပင်လယ်ပြင်ခရီးသွားများသတိထားရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၁ မိနစ် မိုးလေဝသတိုင်းတာချက်များအရ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တောင်ဘက်တွင် 92B လေဖိအားနည်းလေဝဲတစ်ခုစတင်ဖြစ်ပေါ်လာ၍ ရေလုပ်သားများနှင့်ပင်လယ်ပြင်ခရီးသွားများသတိထားရန်အသိပေးနှိုးဆော်ထားပါတယ်။အမေရိကန်ပြည်ထောင်စုJoint Typhoone Warning Center (JTWC)မှ ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ၁၂နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ တနင်္သာရီတိုင်းဒေသကြီးဘုတ်ပြင်းမြို့ရဲ့တောင်ဘက်ရေမိုင်၁၆၄အကွာတွင် အမေရိကန်ပြည်ထောင်စု JTWCမှ အသိအမှတ်ပြု INVEST92B တစ်ခုစတင်ဖြစ်ပေါ်လာလာနေပြီ ဖြစ်တယ်လို့ဆိုပါတယ်။ ခု ဖြစ်ပေါ်နေသော INVEST92Bရဲ့ အခြေအနေကတော့ Center pressureမှာ “1007hpa”ဖြစ်ပြီး အနောက်မြောက်ဘက်ကို ၁နာရီ၁၀မိုင်နှုန်းရွေ့လျားနေပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁နာရီ ၁၅မိုင်မှ ၂၀မိုင်နှုန်းဖြစ်ပါတယ်။ အဆိုပါINVEST92Bဟာဆက်လက်အားကောင်းလာပြီး နောက်၇၂နာရီအတွင်း မုန်တိုင်းငယ် Depressionအဖြစ်သို့ ရောက်ရှိလာနိုင်တယ်လို့တော့ ကနဦးခန့်မှန်းတွက်ချက်ရရှိထားပါတယ်လို့သိရပါတယ်။ ထိုဖြစ်စဉ်ကြောင့် နိုဝင်ဘာလ […]
နောက် (၂၄)နာရီအတွင်း မုန်တိုင်းငယ်ပိုမိုအားကောင်းလာနိုင်ပြီး မိုးထစ်ချုန်းရွာသွန်းမည့် ဒေသများ
နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် ဧရာဝတီတိုင်းဒေသကြီးနှင့် မိုးထစ်ချုန်းရွာသွန်းမည့် ဒေသများ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် မိုးဇလ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းသို့ရောက်ရှိခဲ့ပြီးဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်းမုန်တိုင်းငယ်(Depression)အဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ(၁၁.၁၁.၂၀၂၁)ရက်နေ့၌ အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းထားပါတယ်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းမုန်တိုင်းငယ်အရှိကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင်နေရာကျဲကျဲနှင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ရွာရန်ရာနှုန်း(၈၀)ဖြစ်ပါသည်။ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းမည်ဟုခန့်မှန်းထားပါတယ်။ မြန်မာ့ပင်လယ်ပြင်တွင်လှိုင်းအသင့်အတင့်ရှိပြီးလှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၈)ပေခန့်ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ နေပြည်တော်၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းထားပါတယ်။ Zawgyi နောက်(၂၄)နာရီအတွင်း […]
ယနေ့မိုးလေဝသသတင်း ထုတ်ပြန်ချက်
ယနေ့မိုးလေဝသသတင်းထုတ်ပြန်ချက် နေ့စဉ်မိုးလေဝသသတင်း (၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။ယနေ့ညနေအထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးဆက်လက် ထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ […]
နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း မိုးရွာသွန်းနိုင်တဲ့ ဒေသများ
နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း တနင်္သာရီတိုင်း ကရင်ပြည်နယ် အပါအဝင် မိုးရွာသွန်းနိုင်တဲ့ဒေသများအတွက် ရိတ်သိမ်း အခြောက်လှမ်းကြမည့်သူများ ကြိုတင်သိရှိနိုင်ရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ မိုးလေဝသခန့်မှန်းချက်အရ နောက် ၂၄ နာရီမှ ၄၈ နာရီ အတွင်း တနင်္သာရီတိုင်း ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာ မိုးရွာသွန်းနိုင်တဲ့အတွက် ရိတ်သိမ်း အခြောက်လှမ်းကြမည့်သူများ ကြိုတင်ပြင်ဆင်ထားနိုင်ကြစေဖို့ ပြည်သူ့အချစ်တော် မိုးလေဝဆရာမလေး စုစုစံရဲ့ ခန့်မှန်းချက်များအတိုင်း မျှဝေပေးလိုက်ပါတယ်။ ရက်ကြိုတင်ခန့်မှန်းချက်အရ ၂၀၂၁ နိုဝင်ဘာလ ၄ ရက်န့မှ ၅ ရက်နေ့အတွင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ကယားပြည်နယ် နေပြည်တော် ပဲခူးတိုင်း […]
ပြင်းအား X-1 ရှိ နေမုန်တိုင်း ရောက်ရှိလာမည်ဟု နာဆာ သတိပေး
ပြင်းအား X-1 ရှိ နေမုန်တိုင်း ရောက်ရှိလာမည်ဟု နာဆာ သတိပေး X-1 ပြင်းအားရှိတဲ့ ဆိုလာမုန်တိုင်း တစ်ခု ကမ္ဘာကို တိုက်ရိုက် ရိုက်ခတ်ဖို့ ရှိတယ်လို့ နာဆာအဖွဲ့ကြီးရဲ့ သတိပေးချက် အရ သိရှိရပါတယ်။ အင်အား ကြီးမားတဲ့ နေမီးတောက်ကြီး တစ်ခုကို မနေ့က အောက်တိုဘာ ၂၈ ရက်နေ့က ထောက်လှမ်း ရရှိ ပြီးတဲ့နောက် နာဆာက ဒီ သတိပေးချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ဒီနှစ်အတွက် အင်အား အပြင်းထန်ဆုံး နေမုန်တိုင်း ဖြစ်တယ်လို့ သိရပါတယ်။ မနေ့က ဂရင်းနစ် စံတော်ချိန် ညနေ ၃.၃၅ အချိန်က အင်အား X-1 ရှိတဲ့ နေမီးတောက် ကြီး တစ်ခုကို တွေ့ရှိခဲ့ […]
နိုဝင်ဘာလအတွင်းလေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
နိုဝင်ဘာလအတွင်းလေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် နိုဝင်ဘာလအတွင်းလေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင် လာမယ့် နိုဝင်ဘာလအတွင်းကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာလေဖိအားနည်းရပ်ဝန်း (၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နိုဝင်ဘာလအတွက် မိုးလေဝသခန့်မှန်းချက်အရသိရပါတယ်။စစ်ကိုင်းတိုင်း(အထက်ပိုင်း)နဲ့ ကချင်ပြည်နယ်တို့မှာ မိုးရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ ပဲခူးတိုင်း(အရှေ့ပိုင်း)၊ တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာမိုးရွာသွန်းမြဲထက်ပိုနိုင်တယ်လို့သိရပါတယ်။ နေပြည်တော်၊စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း(အနောက်ပိုင်း)၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ မိုးရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်တယ်လို့သိရပါတယ်။ ယင်းအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ (၉)ရက်မှ(၁၄)ရက်ခန့်နဲ့ နေပြည်တော်၊စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(မြောက်ပိုင်း၊ အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ (၃)ရက်မှ (၈)ရက်ခန့်အထိ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ Credit နိုဝင်ဘာလအတွင်းလေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ […]









