အခ်စ္နွင့္ဘဝ

ဘဝမှာ ကိုယ့်အချစ်ကိုတန်ဖိုးမထားတဲ့ လူဘဝမှာ ကိုယ့်အချစ်ကိုတန်ဖိုးမထားတဲ့ လူတစ်ယောက်ကြောင့်ရှိုက်သံတွေ ထွက်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးမှာပါတစ်ယောက်ကြောင့်ရှိုက်သံတွေ ထွက်ခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးမှာပါ

အနည်းဆုံး လူတစ်ယောက်ကြောင့် ငိုခဲ့ဖူးမှာပါနာကျင်မှန်းသိရက်နဲ့ အနည်းဆုံးတော့လူတစ်ယောက်ကို ဖက်တွယ်ဖူးခဲ့ကြမှာပါ ဘယ်လောက်ပဲ တော်ပြီးထက်မြက်တဲ့လူတစ်ယောက် ဖြစ်နေပါစေသူတို့ရဲ့ စိတ်ခံစားမှုအတွက် ကျဆင်းနေတဲ့ မျက်ရည်တွေကခေါင်းအုံးလေးထက်မှာပဲ ရှိနေပါစေ ဖန်ခွက်တစ်ခွက် ကွဲတာနှမြောပြီး မစွန့်ပစ်ရက်လို့ ဆက်သုံးလို့ ရနေပေမယ့်ပြန်ဆတ်ထားတဲ့နေရာမှာ အက်ကြောင်းလေးတွေတော့ရှိနေမှာပဲလေ စိတ်တွေမွန်းကျပ် ပိတ်လှောင်ထားတဲ့ ခံစားချက်ကို မျက်ရည်အဖြစ် ပြောင်းလဲခဲ့ရလို့အရှုံးသမား မမည်ပါဘူးမျက်ရည်တွေက လူကိုပိုပြီး ရင့်ကျက်လာစေပါတယ် ပိုပြီး သန်မာလာစေပါတယ်ပိုပြီး ခံနိုင်ရည်ရှိလာစေပါတယ်ချစ်ခြင်းတွေ ထပ်တူမမျှလာတဲ့အခါနောက်ထပ် ဝေဒနာတွေမခံစားရဖို့ကိုယ်ရဲ့နှလုံးသားကို လွတ်မြောက်ဖို့ ကိုယ်စိတ်ကို ပျော်ရွှင်ဖို့အတွက်ကိုယ်ကို နာကျင်စေခဲ့သူအားမေ့နျုငျဖို့ ကြိုးစားရတော့မှာ မဟုတ်လား မျက်ရည်ကျပြီးရင်တော့ ကိုယ်ဘဝကိုအပြုံးနဲ့ ပြန်ပြီး ရှင်သန်ကြည့်ပါကိုယ်နဲ့ အဆင်မပြေဖြစ်နေတဲ့ပတ်ဝန်းကျင်မှာကိုယ်ဟာ အသန်မာဆုံး လူတစ်ယောက် ဖြစ်နေပါစေ Crd ကြယ်လင်းခန့်  

အခ်စ္နွင့္ဘဝ

ချစ်တို့ရေ ဘဝအတွက် လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း၅ ခုမေးကြည့်ပါဦးနော်

ဘဝအတွက် ရည်ရွယ်ထားသူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါ ချစ်တို့ရေ ဘဝအတွက် လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း၅ ခုမေးကြည့်ပါဦးနော်။ သမီးရည်းစားထားတဲ့အခါ ဘဝအတွက်ရည်ရွယ်ချက် ပြီးတော့ပဲ ရည်းစားဖြစ်တာချည်းပါပဲ ။ဒါပေမယ့် လည်းတစ်ခါတလေရည်းစားအဆင့်နဲ့ဘဝဟာအဆုံးသတ်လိုက် ပြီး ဘဝလက်တွဲမယ့်ဆိုတဲ့အဆင့်ကိူမရောက်တာတွေရှိတယ့်နော် အဲဒီလိုမဟုတ်ပဲ ကိုယ့်ရင်ထဲစိတ်ထဲမှာ တကယ့်ကိူ လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့သူလည်းရှိမှာပါ အဲဒီလို စိတ်ခံစားချက်တွေရှိနေတဲ့သူနဲ့တွေ့ရင်တော့ မေးကြည့်ရမှာတွေရှိပါတယ့် ကိုယ့်ကိုယ့်ကို မေးရမှာတွေ့ရှိသလို သူကိုလည်းမေးပါ။ သူနဲ့ဆိုရင် စိတ်ချမ်းသာမှာသေချာလား ကိုယ့်ချစ်သူနဲ့အတူနေရင်တော့စိတ်ချမ်သာမှာပေါ့လို့ ပြောမှာသေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ဘဲ လက်တွဲဖော် အဖြစ်စဉ်းစားရမှာပါ။ သူနဲ့တသက်လုံး စိတ်ချမ်းသာမှာလား တွေးပါ။ သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ်ကရော တသက်လုံးပျော်မလားတွေးပါ။ ခွင့်လွှတ်နိုင်လား အိမ်ထောင်ပြုတယ်ဆိုတာချစ်သူဘဝနဲ့ အများကြီးခြားနားတယ်ဆိုတာ သိဖို့လိုပါတယ်။ ကိုယ့်သူရဲ့အပြုအမူအကျင့်တွေကို အကုန်လုံး သေချာသိပြီလား ဒါတွေကိုရောခွင်လွတ်နိုင်လားဆိုတာပါတွေးပါ သေးသေးမွှားမွှားလေးကအစပေါ့။ ချစ်သူဘဝမို့ […]

အခ်စ္နွင့္ဘဝ

ဆုံးရူံးမှာကြောက်လေ ပိုနာကျင်ရလေပဲ

တစ်ခါတစ်ရံ ဆုံရူံးမှာကြောက်လို့ ဆုပ်ကိုင်ထားမိတတ်တဲ့ တစ်ချို့အရာတွေက ဆုပ်ကိုင်ထားလို့ ရတတ်ပေမယ့် တစ်ချို့အရာတွေကတော့ တင်းတင်းဆုပ်ကိုင်မိလေ ပိုပြီးနာကျင်တတ်လေပါပဲ။ ကိုယ်တန်ဖိုးထားမြတ်နိူးတဲ့ အရာအတွေအပေါ်မှာ ခုံမင်စိတ် အစွန်းရောက်မိလေ မက်မောတွယ်တာစတ်က တစ်ချိန်ချိန်မှာ ကိုယ့်ကို ဒဏ်ခတ်သွားတတ်ပါတယ်။ မတည်မြဲတတ်တဲ့ လူ့ဘဝမှာ အရာတော်တော်များများကို ကိုယ်က ထားပစ်ခဲ့ရမှာဖြစ်ပြီး ကိုယ်က မစွန့်ခွာချင်လည်းဘဲ သူတို့က တစ်ချိန်ချိန်မှာ ကိုယ့်ကို ချန်ထားခဲ့ကြမှာ သေချာပါတယ်။ ကိုယ်နဲ့မထိုက်တန်တော့တဲ့ ၊ ကိုယ် ထာဝရမပိုင်ဆိုင်နိူင်တဲ့ အရာတွေအပေါ်မှာလိုအပ်သည်ထက်ပိုဆုပ်ကိုင်မိလို့ မခံမရပ်နိူင်အောင် နာကျင်နေမိရင် လွှတ်သာချထားလိုက်ပါ။ အကယ်၍ မလွတ်ချမိခဲ့ရင် “နောင်တ”ဆိုတဲ့ နာကျင်မူှ တစ်ပွေ့တစ်ပိုက် နဲ့ သင် ဆုပ်ကိုင်ထားတဲ့အရာတွေကလည်း သင့် ကိုကျောခိုင်း သွားကြပါလိမ့်မယ်။ ကိုယ်တန်ဖိုးထားရတဲ့ အရာတွေ ဆုံးရူံးခဲ့ရသလို ကိုယ့်စိတ်ကိုလည်း ကိုယ်ကိုယ်တိုင် အကျဉ်းချ နေတတ်ပြီး […]

အခ်စ္နွင့္ဘဝ

ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ ညီမလေး။ ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့…..

ချစ်သူရည်းစား ဘဝမှာ ချစ်သူရည်းစားလိုပဲနေစမ်းပါ ညီမလေးရာ။ ယောင်လို့တောင် လင်မယားလိုတော့ မနေချင်စမ်းပါနဲ့။ စိတ်ကူးတောင် မယဉ်မိစေနဲ့။ ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ။ ကျားဆိုတဲ့သတ္တဝါတွေက ယုံမှတ်လို့ ပုံအပ်မိတာနဲ့အကုန်ခက်အောင် လုပ်သွားတဲ့ အဆီစားအသားပါမျိုပြီး အသွေးပါ သောက်တဲ့အမျိုး။ အစာဝလို့ ဌာနပြန်ချင်ပြီဆိုSorry ပါဆိုတဲ့ စကားလုံးလေးတောင်ဝတ်ကျေတမ်းကျေ ပြောတာမဟုတ်ပဲ……. သစ်စိမ်းချိုး ချိုးပြီး ပစ်သွားတတ်ကြတယ်ဆိုတာကိုယ့်အရင်က အတွေ့အကြုံရှိခဲ့ဘူးတဲ့ စီနီယာ မမတွေကို မေးကြည့်ရင် သိမှာပါ။ လင်မယားတိုင်းဟာ ချစ်သူလို နေလို့ရပေမယ့်ချစ်သူတိုင်းကတော့ လင်မယားလိုနေလို့မဖြစ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုတိုင်း အကြွင်းမဲ့ ယုံကြည်နေဖို့မှ မဟုတ်တာ။ အကြွင်းမဲ့ ယုံကြည်တယ်ဆိုတိုင်းလည်းဘဝကိုပုံအပ်ပြီး တစ်သက်လုံးက အတိမ်းအစောင်းမရှိ တန်ဖိုးထားပြီး ထိန်းသိမ်းလာခဲ့တဲ့ အပျိုစင်ဘဝကိုစတေးပြစ်ဖို့မှ မဟုတ်တာ။ ယုံမှတ်လို့ ပုံအပ်ပြီးကာမှ ယုံကြည်မူတွေကအကောင်ထည်ပေါ်မလာရင် အကုန်ခတ်ကုန်မှာပဲ။ ချစ်တယ်ဆိုတိုင်းလည်း […]

အခ်စ္နွင့္ဘဝ အခ်စ္ေရး

လိုတဲ့အခါမှသာ တပြီး မလိုတဲ့အခါ ကျွန်မကို မေ့ထားတတ်တဲ့ ဆက်ဆံရေးတွေ

လိုတဲ့အခါမှသာ တပြီး မလိုတဲ့အခါ ကျွန်မကို မေ့ထားတတ်တဲ့ ဆက်ဆံရေးတွေ ကိုယ့်ဘဝမှာ ဧည့်သည်အရမ်းကို များပါတယ် ခဏတဖြုတ်အလည်လာတာလေ ဘယ်သူမှ ကိုယ့်အနား ကြာကြာမနေကြဘူး ကိုယ့်ဘက်စပြီး ခေါ်မှသာ ဆက်ဆံရေးတွေက အသက်ဝင်တာပါ ဘယ်သူကမှ ကိုယ့်ကို စခေါ်ဖို့ သတိမရကြဘူး ကျွန်မ မာနလေးနဲနဲထားပြီး မခေါ်မပြောပဲနေကြည့်လိုက်တာ သူစိမ်းတွေ ဖြစ်လာတာပဲ အဖတ်တင်တယ် ကိုယ့်ကို ခေါ်ရကောင်းမှန်း ဘယ်သူမှ သတိမရကြဘူး ဒီဆက်ဆံရေးတွေက ကျွန်မ ဘက်ကစခေါ်မှ ဖြစ်မှာလား တစ်ခါတစ်ရံ ကျွန်မကကော သတိရချင်စရာ မကောင်းခဲ့လို့များလား အပေါ်ယံလဲ မပေါင်းတတ်ခဲ့သလို ပေါင်းလဲ မပေါင်းဖူးခဲ့ပါဘူး စစ်မှန်တာတွေပဲ ကိုယ့်ဘက်ကပေးခဲ့တာပါ ဒါပေမယ့် ကျွန်မ ကံပေါ့ . . . မမှားပဲနဲ့လဲ တောင်းပန်ခဲ့ဘူးသလို မှန်နေရဲ့နဲ့လဲ နှုတ်ဆိတ်နေခဲ့ဖူးတယ် […]

အခ်စ္နွင့္ဘဝ

ဒီကနေ့ခေတ်မှာ လူတော်တော်များများက အချစ်အပေါ် အဆိုးမြင်ကြတယ်

ဒီကနေ့ခေတ်မှာ လူတော်တော်များများက အချစ်အပေါ် အဆိုးမြင်ကြတယ်။ တစ်ယောက်ယောက်က ရက်ရက်စက်စက် နာကျင်စေခဲ့လို့လားမသိ အချစ်ကို မယုံရဲအောင်ဖြစ်ကြတယ်။ ဒီလောကမှာ အချစ်စစ်ဆိုတာ တကယ်ရောရှိလို့လားလို့ သူတို့အမြဲ မေးခွန်းထုတ်တတ်ကြတယ်။ အချစ်စစ် တကယ်ရှိပါတယ်။ တချို့သူတွေက ကံမကောင်းသေးဘဲ အချစ်ကြား ခလုတ်တိုက်နေတာလေးပါ။ လူတစ်ယောက်ကို သင်ချစ်မိလိုက်တယ်။ နောက်တော့ သူက သင့်ကို နာကျင်စေခဲ့တယ်၊ လိမ်ညာခဲ့တယ်၊ အသုံးချခဲ့တယ်၊ စပယ်ယာဘီးအဖြစ် အပိုဆောင်ခဲ့တယ်။ အဲဒီနောက် သင့်ကိုယ်သင် ချုပ်နှောင်ပြီး ဘယ်သူ့ကိုမှ နောက်ထပ်မချစ်ရဲလောက်အောင် ဖြစ်သွားတယ်။ ဘာကြောင့် ကိုယ့်ကိုမချစ်တော့တဲ့လူတစ်ယောက်အတွက် သင့်ကိုယ်သင် ညှဉ်းပန်းနှိပ်စက်ရသလဲ သင် လက်မလွှတ်နိုင်အောင်ဖြစ်နေချိန်မှာ တစ်ဘက်လူက သင့်ကို စောစောစီးစီးလွှတ်ချပစ်ခဲ့ပြီ။ သင်အရိုးကြိုးပြတ် ရင်ကွဲမတတ်ငိုကြွေးနေချိန်မှာ တစ်ဘက်လူက နောက်တစ်ယောက်နဲ့ပျော်နေခဲ့ပြီ။ တချို့အချိန်မှာ နှုတ်ဆက်ခွဲခွာတာဟာ မကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး။ ဒါဟာ ကိုယ့်ကိုအသစ်တစ်ဖန်ပြန်စတင်စေမယ့် အခွင့်အရေးပါပဲ။ […]

အခ်စ္နွင့္ဘဝ

အရင်လူကို မမေ့သေးရင် အသစ်မရှာပါနဲ့

အရင်လူကို မမေ့သေးရင် အသစ်မရှာပါနဲ့ မမေ့နိုင်တာမဟုတ်ဘူး မမေ့ချင်တာမိုလို့ပါ ကိုယ့်ဘေးမှာ ချစ်ရတဲ့သူရှိနေပါလျက် ချစ်သူ၊ရည်းစားရှိနေပါလျက်နဲ့ အရင်တုန်းက အဆက်ဟောင်းကို Social Mediaပေါ်မှာလွမ်းပြတာမျိုး၊ ဒါမှမဟုတ်လည်း ကိုယ့်လက်ရှိချစ်သူနဲ့တွေ့တဲ့အချိန်မှာအရင်ရည်းစားဟောင်းအကြောင်းကို တိုက်ဆိုင်လိုဖြစ်စေ မျက်ရည်လေးစမ်းပြီးပြောပြနေတာမျိုးက မလုပ်သင့်ပါဘူး။ ဒါက တစ်ဖက်က သဝန်တိုလှချည်လားလို့ ဆိုရမဲ့ကိစ္စမဟုတ်ဘဲ ကိုယ့်ဘက်ကနှုတ်အားဖြင့်ကော၊အပြုအမူအားဖြင့်ကော စောင့်ထိန်းသင့်တဲ့အရာတစ်ခုလို့ပြောရင်ပိုမှန်ပါမယ်။ ကိုယ့်မှာလက်ရှိDateနေတဲ့လူရှိပါရက်..အဲ့လူအပေါ်တကယ်ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ သူနဲ့ကိုယ်ကအတိုင်းအတာတစ်ခုထိပတ်သက်နေကြပြီဆိုကတည်းက သူ့ရှေ့မှာ၊သူမြင်နေရတဲ့ Social Media platformပေါ်မှာဖြစ်စေ အရင်လူကိုလွမ်းပြနေတာက မလုပ်သင့်တဲ့ အရာပါ။ အရင်လူကိုမေ့ခြင်း၊မမေ့ခြင်းက ကိုယ့်စိတ်နှလုံးနဲ့ ဆိုင်တဲ့အပိုင်းဖြစ်လို့ ကိုယ်ကမမေ့နိုင်၊မထိန်းချုပ်နိုင်ဘူးဆိုရင် လွယ်ပါတယ် အစတည်းက ဇာတ်လမ်းသစ်ကို အစမပျိုးပါနဲ့။ဇာတ်လမ်းသစ်ကိုအစပျိုးလိုက်ပြီဆိုရင်လည်း တစ်ဖက်ကမေးမြန်းတယ်ဆိုရင်တောင် အဲ့လူရှေ့မှာအရင်အဆက်ဟောင်းနဲ့ခံစားချက်တွေအကြောင်းကို ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ မချပြသင့်ပါဘူး။ သစ္စာဆိုတာ ဒီလူနဲ့တွဲနေပြီး နောက်တစ်ယောက်နဲ့ ဖောက်ပြန်မှ သစ္စာမဲ့တာမဟုတ်ပါဘူး။လက်ရှိကိုယ့်ချစ်သူအပေါ်မှာ စိတ်မရှိဘဲ ဘယ်သူ့ကိုမဆို၊အရင်အဆက်ကိုပဲ ဖြစ်ဖြစ်လွမ်းပြနေတာကလည်းသစ္စာမဲ့တာပါပဲ။တချို့တွေလာပြောကြတယ်.. အစ်ကိုရယ် သူက ကျွန်တော်တို့၊ကျွန်မတို့နဲ့ […]

အခ်စ္နွင့္ဘဝ

ဆယ်ကျော်သက်အရွယ်နဲ့ ဘာကြောင့် အိမ်ထောင်မပြုသင့်တာလဲဆိုတဲ့ အကြောင်းအရင်း(၄)ချက်

ဆယ်ကျော်သက်အရွယ်နဲ့ ဘာကြောင့် အိမ်ထောင်မပြုသင့်တာလဲဆိုတဲ့ အကြောင်းအရင်း(၄)ချက် ဒီဖက်ခေတ်မှာ အသက်ငယ်ငယ်လေးတွေနဲ့ အိမ်ထောင်ကျနေတဲ့ အကြောင်းတွေကို ကိုယ့်အသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် မကြာခဏကြားဖူးကြမှာပါပဲ။ အထူးသဖြင့် အသက် ၂၁ နှစ်အောက် လူငယ်တော်တော်များများဟာ ခိုးရာလိုက်ပြေးတာတို့၊ မမှားသင့်တဲ့ အမှားတွေကိုမှားပြီး ငယ်ငယ်လေးနဲ့ အိမ်ထောင်ကျသွားတို့ အစရှိသဖြင့် ဖြစ်တတ်ကြပါတယ်။ တစ်ကယ်တော့ အိမ်ထောင်တစ်ခုဆိုတာ ထူထောင်ဖို့အတွက် အတွေးထဲမှာ လွယ်ကူပေမယ့် လက်တွေ့မှာတော့ တော်တော်လေး ခက်ခဲပါတယ် ဒါ့ကြောင့် ဒီနေ့မှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေအနေနဲ့ အိမ်ထောင်လုံးဝမပြုသင့်တဲ့ အကြောင်းအရာ ၅ ခုကို ပြောပြပေးချင်ပါတယ်။ ၁။ အသက်ငယ်ငယ်လေးနဲ့ အိမ်ထောင်မှုဝတ္တရားတွေကို ကျေပွန်ဖို့မလွယ်ပါဘူး အိမ်ထောင်တစ်ခု တည်ဆောက်ပြီးသွားပြီဆိုရင် ဇနီးဖြစ်သူမှာလည်း ဇနီးဝတ္တရား၊ ခင်ပွန်းဖြစ်သူမှာလည်း အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ဝတ္တရားဆိုတာတွေ ရှိတတ်ပါတယ်။ ဘယလောက်ပဲ ခေတ်ဆန်ပြီး ခံယူချက်တွေက […]

အခ်စ္နွင့္ဘဝ

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ်

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ် မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့ စကားတွေလာမပြောဖြစ်ဘူးဆိုတာ သူတောင်မခေါ်ပဲနေနိုင်သေးတာ ငါလဲမခေါ်ပဲ နေလိုက်မယ်ဆိုတဲ့မာနလေး ထားလိုက်တာမဟုတ်ဘူး … အော် ငါကသာ စကားပြောချင်နေတာ သူက မပြောချင်လို့တိတ်ဆိတ်နေတာလေလို့အလိုက်သိပေးလိုက်တာပါ … ရိုက်လက်စစာလေးကို ဖျက်လိုက်ပြီး ပြောချင်တဲ့စကားလုံးတွေကို မြိုချပစ်လိုက်ပါတယ် … မင်းကို ဘယ်နေ့မှာမဆို ပျော်ချင်တယ်လေ … ဒီနေ့လဲ မနှောင့်ယှက်ခြင်းတွေနဲ့မင်းကို အတတ်နိုင်ဆုံးချစ်ပေးခဲ့ပါတယ် မင်းပျော်ပါစေ … ကိုယ်လွမ်းနေတယ်ဆိုပေမယ့် သူလွမ်းချင်မှလွမ်းမှာပါဆိုတဲ့ အတွေးခေါင်းထဲရောက်လာတဲ့အခါ .. နှိပ်ပြီးသားဖုန်းနံပါတ်လေးကို ဖျက်ပြီး ဟာသဗီဒီယိုလေးကြည့်နေလိုက်တယ် အင်း မျက်ရည်တွေနဲ့ ပျော်ပါတယ် … မင်းလဲပျော်ပါစေပေါ့ …. တစ်ခါတစ်လေမှာ ကိုယ်က သတိတရနဲ့ဆက်တဲ့ဖုန်းတွေဟာ မျှော်မနေတဲ့သူ့အတွက် အနှောင့်အယှက်တွေ ဖြစ်သွားတတ်တယ် အရင်လို မနွေးထွေးတော့ဘူးဆိုရင်တောင် ဝတ်ကျေတမ်းကျေစကားလုံးတွေကြောင့် ထပ်ပြီး မနာကျင်လိုတော့ဘူးလေ … ကိုယ်ချစ်ပေးနိုင်တာထက် […]

အခ်စ္နွင့္ဘဝ

ချစ်တယ်ပြောပြီးပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ်

ချစ်တယ်ပြောပြီးပစ်ထားခံရတာလဲ ရင်ထဲနာရပါတယ် လမ်းခွဲပြတ်စဲမှ အသည်းကွဲတာမဟုတ်ပါဘူး . . . . ချစ်တယ်ပြောပြီး ပစ်ထားခံရတာလဲ ရင်ထဲ နာရပါတယ် ။ ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းပြောဖို့အချိန်လေးခဏပဲလိုပါတယ် ဒါပေမယ့်အဲ့ဒီအနောက်မှာ ဂရုစိုက်မှုတွေပါဖို့လိုတယ်လေ ဒါမှ ချစ်ရာရောက်မှာပေါ့ . . . တစ်ခါတစ်လေကျရင် ကိုယ့်ကိုကိုယ်တွေးမိတယ် ငါက ချစ်သူ ရှိတာလား ဒါမှမဟုတ် တစ်ယောက်တည်းသမားလားပေါ့ တကယ်ကို အဲ့လိုတွေးမိတာပါ ။ တစ်ယောက်တည်းသမားတွေနဲ့ ဘာမှ မထူးခြားဘူးလေ . . .သတိတရနဲ့ဖုန်းဆက်လာတယ်လို့လဲ မရှိဘူး . . . ထူးထူးခြားခြားလဲ အမှတ်ရနေစရာတွေလဲ မရှိဘူး သာမန်ကောင်မလေးတစ်ယောက် ဖြတ်သန်းသလိုလေးပဲ ဖေ့စ်ဘုတ်သုံးတယ် သီချင်းနားထောင်တယ် စာအုပ်ဖတ်ချင်ဖတ်တယ် ပြီးရင် အချိန်တန်တဲ့အခါအိပ်တယ် ။ ကျွန်မ မမျှော်တတ်တော့ဘူး အရင်တုန်းက […]