လက်ထပ်ဖို့ရည်ရွယ်ထားရင် ချစ်သူနှစ်ယောက်ပေါင်းပြီး ငွေစုကြည့်ပါ ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ်….အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေါ့ …. တစ်လတစ်ခါ ဘဏ်ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ….ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ ၁ပုံလောက်ပေါ့ ) ….။ တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် ….Bank account ကိုလဲ ၂ယောက်နာမည်နဲ့ ….။ KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့ ….။ အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်။ ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ […]
အချစ်နှင့်ဘဝ
ဇတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ
မိန်းမပျက်အင်္ဂါ ၂၅ ချက် ၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။ ၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။ ၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။ ၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။ ၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။ ၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။ ၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း။ ၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။ ၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။ ၁၀။ အ၀တ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။ ၁၁။ လင်ကို ကျောပေးအိပ်ခြင်း။ ၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။ ၁၃။ အသက်ရှု ကြမ်းတမ်းစွာ အိပ်တတ်ခြင်း။ ၁၄။ လင်ယောက်ျား စိတ်ဆန္ဒကို […]
မိခင်အပေါ်ဆက်ဆံပုံကိုကြည့်ပြီး မင်္ဂလာဦးညမှာ ကွာရှင်းပြတ်စဲခြင်း…
မင်္ဂလာဦးည၌ပင် ကွာရှင်းပြတ်စဲခြင်း မင်္ဂလာဦးညတွင်မင်္ဂလာဦးမောင်နှံအတွက် ညစာစားဖို့လင်ဗန်းအကြီးတစ်ခု၌ အလွန်ကောင်းပြီးအနံ့ အရသာတွေနဲ့ပြည့်နေတဲ့ အစားအသောက်များကို စားသုံးဖို့အခန်းတစ်ခုမှာအဆင်သင့် ပြင်ဆင်ထားပေးတယ်။ သတို့သားက သတို့သမီးကိုစားသောက်ဖို့ခေါ်တော့ သတို့သမီးကမေးတယ်….ရှင့်အမေကော မစားဘူးလား.…?ခေါ်လိုက်ပါ အတူတူ တစ်ပေါင်းတစ်စည်းတည်း စားလိုက်ကြရအောင် …. သတို့သားက အမေ အိပ်သွားပြီးထားလိုက်ပါ။ငါတို့နှစ်ယောက်ပဲ စားလိုက်ကြရအောင်…ဇနီးက ထပ်ပြောတယ်။ ကျွန်မသိတယ်ရှင့်အမေလည်း ထမင်း မစားရသေးဘူးခေါ်လိုက်ပါ အတူစားရအောင်ပြောတော့..အိပ်ပါစေ ထားလိုက်ပါကွာဟုပြောတယ်။ ထိုအခါ သတို့သမီးက ထပ်ဖန်တလဲလဲအမေကိုခေါ်ဖို့ ပြောပေမယ့်သတို့သားကလည်း ထပ်ဖန်တလဲလဲ ငြင်းဆိုရာကနေနောက်ဆုံး သတို့သမီးက သူမကိုကွာရှင်းပေးဖို့ တောင်းဆိုလိုက်တယ်။ နှစ်ယောက်သားအချင်းများရာကနေကွာရှင်းပြတ်စဲ လိုက်ကြတဲ့အခြေသို့ဆိုက်ရောက်ခဲ့တယ်။ လမ်းခွဲကြပြီးနောက် သူတို့နှစ်ဦးဟာကိုယ်စီ နောက်အိမ်ထောင်ထူထောင်လိုက်ကြတယ်။ အမျိုးသမီးက သူမရဲ့သားသမီးတွေနဲ့ပျော်ရွှင်ကြည်နူးစရာ ကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင် ဖြတ်သန်းနေတယ်…။နှစ် ၃၀ ကြာပြီးနောက်တစ်နေ့မှာ သူမက နေရပ်ကိုပြန်လာတော့သားသမီးတွေကလာရောက်ကြိုဆိုကြပြီး အိမ်ပြန်လာကြတယ်။ လမ်းခုလတ်တနေရာမှာလူတစ်ယောက်ဟာဟောင်းနွမ်းစုတ်ပြတ်တဲ့အဝတ်အစားဝတ်ဆင်လျက် အလွန်ဆာလောင်မွတ်သိပ်စွာတောင်းရမ်းနေတဲ့သူတစ်ယောက်ကိုတွေ့တော့ […]
သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ
သူများတွေရဲ့ အကြိုက်ကို တစ်ချိန်လုံး လိုက်နေစရာ မလိုဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ လူတော်တော်များများက တစ်ခြားသူတွေရဲ့ အမြင်တွေကို အရမ်းဂရုစိုက်တတ်ကြသလို သူများတွေဆီမှာ အကောင်းမြင်ရဖို့အတွက် လူတွေရဲ့ အကြိုက်ကို လိုက်တတ်ကြပါတယ်။ ဒီလိုမျိုး သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်လုပ်နေတာများတဲ့အခါ ကိုယ့်ရဲ့ ပုံစံအမှန်ဟာ ပျောက်ကွယ်သွားတတ်တာပါပဲ။ ဒီတော့ သူများတွေရဲ့ အကြိုက်ကိုပဲ လိုက်ပြီး သူများတွေဆီမှာ အမြဲတမ်း အကောင်းမြင်နေရဖို့ ကြိုးစားနေစရာမလိုပါဘူး .. ။ (1) နေရတကာမှာ သူများအကြိုက် လိုက်နေစရာ မလိုပါဘူး သူများဆီက အကောင်းမြင်ခံရဖို့အတွက် တစ်ခြားသူတွေရဲ့ အကြိုက်လိုက်ပေးရတာဟာ အရမ်းကိုပင်ပန်းတဲ့ အလုပ်တစ်ခုပါ။ ကိုယ်မလုပ်ချင်တဲ့ အရာတွေကိုလည်း တစ်ခြားသူတွေကို ငဲ့ကွက်ပြီး လုပ်ပေးနေစရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ ကိုယ်မကြိုက်တဲ့၊ ကိုယ်မလုပ်ချင်အရာအတွက် ငြင်းဆိုတတ်တာမျိုးကသာ ကိုယ့်အတွက် […]
ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့…
ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့… အရာအားလုံး စင်းလုံးချောနေတဲ့ ဘဝဆိုတာ မရှိပါဘူး။ ဒါကြောင့် တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ အောက်ဆုံးထိ ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျရတဲ့ အချိန်တွေကို မကြာခဏ ကြုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျတယ်လို့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာမို့ စိတ်ဓာတ်ကျတဲ့ အချိန်တွေကနေ ပြန်ပြီး လွတ်မြောက်သွားဖို့ ကိုယ့်ဘက်က အခု ဖော်ပြပေးမယ့် အချက်တွေလို ပြုလုပ်ပေးလေ ကိုယ့် အတွက် ပိုပြီး စိတ်သက်သာလေ ဖြစ်မှာပါနော် …။ ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိတယ်… ဘဝမှာ ကိုယ့်ကိုယ်ကို အခြေအနေဆိုးလွန်းတဲ့ အခြေအနေကို ရောက်ပြီလို့ ခံစားရချိန်မှာ ကိုယ့်ကို ပြန် အားတက်စေနိုင်တဲ့ ဘဝတွေ ရှိပါသေးတယ်။ […]
သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက်
သင့်ကိုသူက အပျင်းပြေ အကဲလာစမ်းတာလားဆိုတာ သိနိုင်မယ့်အချက် (၅) ချက် အခုလိုအချိန်မျိုးက အကုန်လုံး အချိန်ပိုတွေ များနေပြီး ဘာမှလည်းလုပ်စရာမရှိတာကြောင့် အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်နေကြတာ အားလုံးအသိပါပဲ။ အကုန်လုံးက အိမ်မှာပဲ နေရတဲ့ကာလအတွင်း အထီးကျန်ပြီး ပျင်းတာကြောင့် စကားပြောဖော်ရှာလာတတ်ကြပါတယ်။ ဒါကို အချစ်နဲ့ အထင်မှားတတ်ကြပါတယ်။ ဆိုတော့.. အွန်လိုင်းကနေတစ်ဆင့် သင့်ကို ကြိုက်တယ်လို့ လာပြောတဲ့ ကောင်လေးတွေလည်း ရှိမှာပဲ။ ကဲ ဒါဆို သူကသင့်ကို တကယ်စိတ်ဝင်စားလို့ လာကြိုက်တာလား၊ ဒါမှမဟုတ် qurantine-bored-text တွေလားဆိုတာ ဒီအချက် (၅) ချက်တည်းနဲ့ စမ်းစစ်ကြည့်ရအောင်။ (၁) ညသန်းခေါင်မှ ပေါ်လာမယ် တစ်နေကုန် အလုပ်ရှိလို့ ညမှစကားအေးဆေးပြောဖြစ်တာမျိုးကို ပြောတာမဟုတ်ဘူးနော်။ တစ်နေကုန် စာတစ်ကြောင်း၊ ဖုန်းတစ်ကောတောင်မဆက်ဘဲ ညကြီးသန်းခေါင်မှထပြီး “မအိပ်သေးဘူးလား” ဆိုတာမျိုးကတော့ […]
ရည်းစားထားခြင်းဟာ တစ်ယောက်ထဲနေခြင်းထက် ပိုစိတ်ဆင်းရဲစရာကောင်းတဲ့ အချက်များ… Rs နဲ့ Single မှာ ဘယ်သူတွေ ပိုအားသာလဲ ဆိုတာကိုတော့ အမြဲ ငြင်းခုန်ကြဆဲပဲ ဖြစ်ပါတယ်။ သူ့ အကြောင်းအရာနဲ့သူ ရှိကြတယ် ဆိုပေမဲ့ Single သမားတွေကတော့ အမြဲ ပျော်ရွှင်နေလေ့ ရှိတာကို တွေ့ဖူးကြမှာပါ။ အနည်းဆုံးတော့ တစ်ကိုယ်ရည် တကာယသမားတွေမို့ သူတို့တွေမှာ ပိုလွတ်လပ်နေတာကို ဒီအချက်တွေကို နှိုုင်းယှဉ် ကြည့်ခြင်းဖြင့် သိနိုင်ပါတယ်နော် …။ (၁) သဝန်တိုရတယ်” ချစ်မိတဲ့အခါ အနည်းနဲ့ အများတော့ သဝန်တိုတာ တွဲလျက် ခံစားရတတ်ပါတယ်။သဝန်တိုရတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိတ်ပူပန် ရမှုတွေ တွဲခံစား ရပါတယ်။ တစ်ယောက်ယောက်နဲ့ သဝန်တို မိတယ် ဆိုတည်းက ပူလောင်မှု တစ်ခုပဲမို့ စိတ်ဖိစီးမှု ခံစားရတာပဲ […]
ပျိုမေတွေ ဒီလိုအကျင့်စာရိတ္တမကောင်းတဲ့ ယောကျ်ားမျိုးတွေကို ရှောင်သင့်ပါတယ်…..
ပျိုမေတွေ ဒီလိုအကျင့်စာရိတ္တမကောင်းတဲ့ ယောက်ျားမျိုးတွေကို ရှောင်သင့်ပါတယ် ယောကျာ်းကောင်းတစ်ယောက်ဆိုတာ အကျင့်စာရိတ္တကောင်းရမှာဖြစ်တယ်။ အကျင့်မကောင်းတဲ့ ယောက်ျားကို အိမ်ထောင်ဖက်အဖြစ် မရွေးချယ်မိပါစေနဲ့ …။ ယောကျာ်းတစ်ယောက်က အကျင့်မကောင်းရင် စိတ်ဓာတ်ပါ မကောင်းတော့တာပါ။ ဒီအချက်တွေနဲ့ ကိုက်ညီနေတဲ့ ယောက်ျားမျိုးက စိတ်ဓာတ်မကောင်းတဲ့ ယောက်ျားတွေပဲဖြစ်ပါတယ်နော် …။ (၁) မိန်းမတိုင်းကို အထင်သေးတတ်တဲ့ ယောက်ျား” အမြဲစကားပြောရင် မိန်းမတိုင်းကို အထင်သေးတဲ့စကားပြောတတ်တဲ့ ယောက်ျားမျိုး၊ သူ့ကသာ အတော်ဆုံး၊ အတတ်နိုင်ဆုံးဆိုပြီး တစ်ဖက်လူကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်တတ်တဲ့ ယောက်ျားမျိုးဟာ စိတ်ဓာတ်မကောင်းတဲ့ယောက်ျားတွေထဲမှာ ပါနေပါတယ်။ ယောကျာ်းတွေကောင်းတွေကတော့ အဲ့လိုမျိုး မလုပ်တတ်ကြပါဘူး …။ (၂) မိန်းမလိုမိန်းမရ စကားပြောတတ်တဲ့ ယောက်ျား” မိန်းမတိုင်းက မိန်းမလို မိန်းမရ စကားပြောတတ်တဲ့ ယောက်ျားမျိုးကို ရွံတတ်ကြတယ်။ အဲ့လိုယောက်ျားမျိုးကိုလည်း ဝေးဝေးရှောင်တတ်ကြပါတယ် …။ […]
ဖူးစာရှင်နှင့်တွေ့ပြီဖြစ်ကြောင်းကို သိနိုင်သည့် အချက်များ
အချစ်စစ်ဆိုတာ ရှားပါးတယ်။ တကယ့်အချစ်စစ်ကို တွေ့ပြီဆိုရင်လည်း မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက် လာပါတော့တယ်။ အချစ်စစ်က လူတွေကို ပန်းရောင်တိမ်တွေပေါ်မှာ မျော်နေသလို ခံစားရအောင် လုပ်ဆောင်နိုင်စွမ်းရှိပြီး အတွေးပေါင်းများစွာနဲ့ တစ်ညလုံး နိုးကြားနေ စေနိုင်ပါတယ် ဒါပေမယ့် မိမိချစ်တဲ့သူနဲ့တွေ့တိုင်းလည်း တစ်ဘဝလုံး ပေါင်းဖက်ရမယ်လို့ ယုံကြည်ထားလို့ မရနိုင်ပါဘူး။ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတယ်ဆိုရင် ချစ်တယ်ဆိုတာထက် ပိုတဲ့ပေးဆပ်မှုတွေ နာကျင်မှုတွေကို ခံစားနိုင်ရပါမယ်။ ဒီနေ့ ပြောပြပေးမယ့် အကြောင်းအရာကတော့ အချစ်စစ်နဲ့တွေ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရာတွေအကြောင်းပဲ ဖြစ်ပါတယ် …။ တစ်ယောက်စိတ်ကို တစ်ယောက်က နားလည်လာနိုင်မယ်” လေ့လာမှုတွေအရ အချိန်အကြာကြီး ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ စုံတွဲတွေဟာ တစ်ယောက်ရဲ့ ခံစားချက်၊ အတွေးတွေကို တစ်ယောက်က နားလည်နိုင်ကြတယ်လို့ ဆိုထားပါတယ်။ ဒါဟာ လူတစ်ယောက်ကို သိတယ်ဆိုတာထက် အများကြီးပိုပါတယ်။ […]