အလွပေရးရာ

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ

ဆိုင်သွားစရာမလိုပဲ ဆံပင်ကို အိစက်ပြီးပျော့ပျောင်းသွားချင်သူတွေအတွက် သဘာဝနည်းလမ်းလေးပါ ပျက်ဆီးနေတဲ့ ဆံသားတွေ အတွက် ပြန်လည် အားဖြည့်ပေးမယ် ဆံသားခြောက်တဲ့ သူတွေ အတွက် အထူးကောင်းတဲ့ နည်းလမ်းလေးပါငှက်ပျောသီး တစ်လုံး ၊ ကြက်ဥတစ်လုံး ၊ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း သုံးမျိုးကို ရောချေပြီး ဆံသားကို အရင်းမှ အဖျားထိ လိမ်းပေးပါ တစ်နာရီထိထားလို့ ရပါတယ် ခြောက်တဲ့ အထိထားလဲ ရပါတယ်။ ပြီးရင် လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ရုံ ပါပဲ ပါဝင်ပစ္စည်း သုံးခုလုံးက သဘာဝပစ္စည်းတွေ ပဲမို့ ဆိုးကျိုးဖြစ်မှာ ပူစရာမလို ပါဘူးနော် ငှက်ပျောသီးက ဆံသားကို အာဟာရ ဓာတ်တွေဖြည့်ပေးပြီး ဆံပင်တွေ ကို ကျန်းမာသန်စွမ်း စေတယ် ပျားရည်က ဦးရေပြားက ဆဲလ်သေတွေ ဖယ်ရှားပြီး […]

အလွပေရးရာ

ဆံပင်မသန်တဲ့ သူများအတွက် သင့်ဆံပင်ကို သိသိသာသာ ရှည်လာစေမယ့် နည်းလမ်း

ပျော့ပျောင်းပြီး ရှည်လျားတဲ့ဆံနွယ်ကို လိုချင်ကြတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါ။ ဆံပင်ရှည်နဲ့ မိန်းကလေးတစ်ယောက်က ကျက်သရေရှိလှပါတယ်။ ပျမ်းမျှအားဖြင့် သင့်ဆံပင်က တစ်လကို လက်မဝက် ရှည်ပါတယ်။ ဒါကြောင့်ဒီတစ်ခါမှာတော့ ပါဝင်ပစ္စည်းသုံးမျိုးတည်းနဲ့ သာမန်ရှည်နှုန်းထက် ၄ ၅ ဆမြန်သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ ၁။ ကြက်ဆူဆီ ကြက်ဆူဆီက ဆံပင်ပြန်ပေါက်စေပြီး ဆံပင်ကျွတ်တာကို သက်သာစေတဲ့ ဆီတစ်မျိုးပါ။ ဦးရေပြားပိုးမွှားဝင်ရောက်ခြင်းကို တားဆီးပေးနိုင်တဲ့ ဂုဏ်သတ္တိပိုင်ဆိုင်ပါတယ်။ ကြက်ဆူဆီမှာ ဆံပင်ကို ချော့မွေ့ကာ ပိုသန်မာစေတဲ့ ကီရာတင်ဓာတ်ကို တိုးပွားစေတဲ့ အက်တီအောက်ဆီးဒင့်ကြွယ်ဝပါတယ်။ ဆံသားကောင်းမွန်စေတဲ့ ပရိုတင်းဓာတ်အများအပြားပါဝင်ပါတယ်။ ၂။ ကြက်ဥအနှစ် ကြက်ဥအနှစ်မှာ ဆံပင်ပျက်စီးမှုကို ကာကွယ်ပေးပြီး ဆံပင်အရှည်မြန်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါတွေကတော့ ဗီတာမင် အေ၊ အီး၊ ဘိုင်အိုတင်နဲ့ ဖောလိတ်တို့ပဲဖြစ်ပါတယ်။ ကြက်ဥအနှစ်က ဆံသားကို […]

အလွပေရးရာ

မျက်ခုံးမွှေး ထူထူလေးဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း

မျက်ခုံးမွှေး ထူထူလေးဖြစ်ဖို့ (၁၀) ရက်အတွင်း သိသာစေမယ့် သဘာဝနည်းလမ်း ခပ်ထူထူလေးရှိတဲ့ မျက်ခုံးမွှေးမျိုးကို ပျိုမေတိုင်း လိုချင်ကြတယ်မဟုတ်လား။အခုခောတ်ဆိုရင် မျက်ခုံးမွှေးကို Tattoo ထိုးတာတွေတောင် လုပ်လာကြတာကို တွေ့ရပါတယ်။ဒါပေမဲ့ သဘာဝ မျက်ခုံးမွှေးအလှနဲ့ မယှဉ်နိုင်တာကိုတော့ ငြင်းပယ်လို့မရပါဘူး။အရည်အသွေးညံ့တဲ့ မိတ်ကပ်တွေ လိမ်းတာကြောင့်လည်း မျက်ခုံးမွှေးပါးလာစေပါတယ်။မျက်ခုံးမွှေးထူထူလေးရဖို့ သဘာဝအတိုင်း မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်မဲ ့နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်း ၁။ သံလွှွင်ဆီ ၂။ သံပုရာသီးတစ်စိပ် ပြုလုပ်နည်း ၁။ သံပုရာသီး တစ်စိပ်ကို ခွက်တစ်လုံးထဲထည့်ပြီး သံလွှင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းကနေ ၅ ဇွန်းထိ ထည့်ပါ။ ၂။ အဲဒီနောက် ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပေးထားပြီး ၅ ရက်လောက်ထားပါ။ ၃။ အဲဒီအရည်ကို မျက်ခုံးမွှေးပေါ် ညတိုင်းလိမ်းပေးပါ။ ၄။ တစ်ညလုံးထားရင်ပိုကောင်းပါတယ်။ […]

အလွပေရးရာ

ဆံပင် မြန်မြန်လေး ပိုရှည်လာစေလိုလျှင်

ဆံံပင်ပေါင်းတင် နည်းလေးတင်ချင် ပါတယ်ဆံပင်ပေါင်း တင်ခြင်းကဆံပင်ပျော့စေတယ ။် ဆံပင်အရှည်မြန်စေတယ်။် ဆံပင်နစ်ခွဖြစ်ခြင်း မှလည်းကာကွယ် ပေးပါတယ်။ ဆံပင်ကိုကျန်းမာ သန်စွမ်းစေ ပါတယ်။ကျမပြောပြမဲ့ ဆံပင်ပေါင်းတင် နည်းလေးကတော့ ပြုလုပ်ရတာ ရိုးရှင်းလွယ် ကူပါတယ်။ ပါဝင်ပစ္စည်း(၅)မျိုးပါ။ ကြက်ဥ၊ ရှားစောင်းလက်ပတ်၊ ပျားရည်၊ သံလွင်ဆီ၊ ကြက်စူဆီ အထက်ပါ(၅)မျိုးလုံးကိုပေါင်းစပ်ပြီး ပေါင်းတင်ရမှာဖြစ်ပါတယ်။ ပြုလုပ်ပုံကတော့ ပထမဆုံးအနေနဲ့ ကြက်ဥ အနစ်နဲ့အကာ ခွဲလိုက်ပါမယ။် ပြီးရင် အကာကိုပဲ သုံးပါမယ် ပန်ကန် (သို့)ခွက် ကလေးတလုံး ထဲထည့်ပါမယ်။ ဒုတိယ အနေနဲ့ရှားစောင်းလက် ပတ်ထည့်ပါမယ။် လျှားသောင်းလက်ပတ် တစ်ခုကို ထက်ခြမ်း ခြမ်းလိုက်ပါမယ။် ပြီးရင် ဇွန်းလေးနဲ့ပါးပါးလေးခြစ်ပေးရပါမယ် ။ ခြစ်ပြီးသား လျှားသောင်းလက် ပတ်တွေကို စောစောကကြက် ဥထည့်ထားတဲ့ ပန်ကန်လေး(သို့)ခွက်လေးထဲထည့်လိုက်ပါမယ်။ လျှားသောင်းလက် ပတ်ကို […]

အလွပေရးရာ

မျက်နှာပေါ်ကတင်းတိတ်နဲ့ နေလောင်အမဲကွက်အမြန်ဆုံးပျောက်ကင်းနည်း

လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့မျက်နှာလေး ကြည်လင်ဝင်းပ သန့်စင်နေတာကိုပဲ လိုလားကြပါတယ်။ အထူးသဖြင့် လူငယ်အမျိုးသမီး အမျိုးသားလေးတွေ အဖြစ်ချင်ဆုံးဆန္ဒက ကိုရီးယားမင်းသား မင်းသမီးလေးတွေလို ပြစ်မျိုးမှဲ့မထင် ဖွေးသန့်နေတဲ့ မျက်နှာပိုင်ရှင်လေးတွေ ဖြစ်ချင်ကြတာပါ အမှန်ပါပဲ၊ မျက်နှာပေါ်က တင်းတိတ် နေလောင်အမဲ ကွက်တွေက လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ရုတ်လျော့စေပါတယ်။ ဈေးကွက်ထဲမှာ တင်းတိတ်အမဲစက် ပျောက်ဆေးတွေ ရောင်းနေကြပေမယ့် ပေးရတဲ့ ဈေးနှုန်းနဲ့ တစ်ကယ်ရော ပျောက်ကင်းပြီး အလုပ်ဖြစ်ကြပါရဲ့လား ? ဒီဆောင်းပါးမှာတော့ ပိုက်ဆံအကုန်အကျ အသက်သာဆုံးနဲ့ မိမိရဲ့ နေအိမ်မှာရှိတဲ့ နေ့စဉ်သုံးပစ္စည်းတွေနဲ့ သဘာဝအတိုင်း တင်းတိတ် အမဲစက်တွေ ကင်းပျောက်စေမယ့် နည်းလမ်း (၁၀) မျိုးကို ဖော်ပြပေးထားပါတယ် ။အခြေခံအားဖြင့် မျက်နှာမှာ အမဲကွက်တွေ ဖြစ်လာရတာကတော့ အသားအရေမှာ မယ်လနင် လို့ခေါ်တဲ့ အမည်းရောင်ဒြပ် […]

အလွပေရးရာ

အမာရွတ်ပျောက်စေသောနည်း

အမာရွတ်ပျောက်စေသောနည်း မီးပူ လောင်၊ချော်လဲ၊ခွဲစိတ်ဒဏ်ရာ စသဖြင့် အကြောင်းအမျိုးမျိုးတွေကြောင့် အမာရွတ် ဆိုတာ ကျန်ရှိနိုင်ပါတယ်။ အမာရွတ်တွေက အရုပ်ဆိုးတဲ့ အရာဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ အမာရွတ်ပျောက်ဆေးတွေ ရှိသော်ငြား စရိတ်စကများပြီး ထင်သလောက် မထိရောက်တာမျိုးတွေလည်း ရှိပါတယ်။ ဒီတော့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမာရွတ်တွေကို မိမိကိုယ်တိုင် ပြုလုပ်နိုင်တဲ့ အိမ်တွင်းကုသနည်းများဖြင့် ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။ ၁။ သံပုယိုသီး သံပုယိုသီးမှာပါဝင်တဲ့ AHA ဟာ အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဆဲလ်သစ်တွေပြန်ပြီး ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးပါတယ်။ အရေပြားကိုလည်း သဘာဝအတိုင်း ဖြူဖွေးစေပြီး အမာရွတ်တွေကို လျော့ပါးသွားစေနိုင်ပါတယ်။ ပထမဦးစြာ အမာရွတ်ပတ်ဝန်းကျင်တဝိုက်ကို သန့်ရှင်းလိုက်ပါ။ ထို့နောက် သံပုယိုရည် လက်ဖက်ရည်တစ်ဇွန်းစာခန့်ကို ဂွမ်းဖြင့်တို့ပြီး အမာရွတ်တဝိုက်ကို ပွတ်ပေးပါ။ ၁၀မိနစ်ခန့်ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ။ […]

အလွပေရးရာ

ကိုယ့်ဆံပင်ပုံစံအလိုက် ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ

ကိုယ့်ဆံပင်ပုံစံအလိုက် ဆံသားကို အကောင်းဆုံး ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေ ကိုယ့်ရဲ့ဆံပင်ပုံစံ အဖြောင့်၊ အကောင့်နဲ့ လိုင်းတွန့်ပုံစံလေးတွေကိုလိုက်ပြီး ပြုပြင်ထိန်းသိမ်းမှုလေးကို လုပ်ပေးသင့်ပါတယ်နော်လူတော်တော်များများက ဆံပင်အကောက်ပဲဖြစ်ဖြစ်၊ အဖြောင့်ပဲဖြစ်ဖြစ် ထိန်းသိမ်းမှုပုံစံတစ်မျိုးတည်းကိုပဲ လုပ်တတ်ကြပါတယ်နော်။ တကယ်တော့ ကိုယ့်ရဲ့ဆံပင်သားကိုလိုက်ပြီး ခုလိုမျိုး မတူညီတဲ့ ထိန်းသိမ်းမှုလေးတွေ လုပ်ပေးသင့်ပါတယ်။ အဖြောင့် ဆံပင်ဖြောင့် ထားတဲ့သူတွေနဲ့ ဆံပင်အဖြောင့်ပိုင် ရှင်တွေအနေနဲ့ ဦးရေပြားကို အားဖြည့်ပေးပြီး ဆံပင်အဖြောင့်အတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်၊ conditioner မျိုးကို အသုံးပြု သင့်ပါတယ်။ဒါက သင့်ရဲ့ဆံပင် အဖြောင့်ကို တာရှည်ဖြောင့်စင်းပြီး ဆံပင်သားကို ကောင်းမွန်နေစေမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ brush နဲ့ hair dryer လေးကိုအသုံးပြုပြီး ပုံသွင်းပေး သင့်ပါတယ်။ တကယ်လို့ ဆံပင်ဖြောင့်စက်သုံးချင် တယ်ဆိုရင်တော့ မသုံးခင်မှာ ဆီတစ်မျိုးမျိုး လိမ်းပေးသင့် […]

အလွပေရးရာ

ကြည်လင် ရှင်းသန့်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်နည်း

ကြည်လင် ရှင်းသန့်တဲ့ အသားအရေ ပိုင်ဆိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်နည်း Clear Skin က မိန်းကလေးတိုင်း လိုချင်တဲ့ အသားအရေ ပါ။ အသားအရေကို ပုံမှန် ထိန်းသိမ်းပေးပြီး အချိန်ကြာ လာတဲ့ အခါ အသားအရေ နဂိုထက် ကြည်လင် လာမှာ မလဲမသွေ ပါပဲ။ သင်က သဘာဝ Mask ကို ပြုလုပ်ချင် တယ် ဆိုရင် သခွားသီးက မပါမဖြစ် ပါပဲ။ သခွားသီး ကပ်တာ ကိုတော့ ပျိုမေ အများစု လုပ်ဖူးမှာပါ။ ဒီ Mask အတွက် အဓိက လိုအပ် တဲ့ ပစ္စည်းတွေ ကတော့- ၁။ သခွားသီး ၂။ ဒိန်ချဉ် ဒိန်ချဉ်က အစက်အပြောက်တွေကို […]

အလွပေရးရာ

ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ

ဒီ(၁၀)ချက်ထဲက (၅)ချက်လောက်နဲ့ကိုက်ညီနေရင် သင်ဟာတကယ်ချောတဲ့ကောင်မလေးပါ အလှအပကို တစ်ယောက်နဲ့တစ်ယောက် စံံချိန်သတ်မှတ် ထားတာချင်းမတူညီပါဘူး ခုဖော်ပြပေးမှာကတော့ နိုင်ငံတကာက လူတွေတော်တော် များများက လှတယ်လို့ သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စံချိန်လေးတွေပါ.။သင်ဟာ ဒီအချက်တွေထဲက ရချက်နဲ့အထက် ကိုက်ညီနေရင်တော့ တကယ်ကို လှပချောမောတဲ့ သူတစ်ယောက်ပါ..။ (၁) သင့်မှာ မျက်ခုံးမွှေးဆွဲ စရာမလိုလောက်အောင် လှပပြီးထူထဲတဲ့ မျက်ခုံးမွှေးတွေကို ပိုင်ဆိုင်ထားပါတယ်။ တစ်ခါတလေ ရိတ်ရတာကလွဲပြီး အထူးတလည်ပြင်ဆင်ပေးစရာ မလိုပါဘူး..။ (၂) သင့်ရဲ့ မျက်လုံးလေးဟာ လုံးဝစွေစောင်းမနေသလို၊ မျက်ရစ် လည်းရှိပါတယ်။ မျက်တောင်တွေက ကော့ညွတ်မနေ သည့်တိုင် အကြည့်တွေက အရမ်းဆွဲဆောင်မှုရှိပါတယ်..။ (၃) သင့်ရဲ့ နှာတံလေးဟာ မချွန်ရင်တောင်မှ ပြားနေတာမျိုး၊ ပွနေတာမျိုးမဟုတ်ပဲ နှာတံစင်းစင်းလေးနဲ့ ကြည့်ကောင်းနေသူပါ..။ (၄) သင့်ရဲ့ နှုတ်ခမ်းလေးဟာ နှင်းဆီပန်းလေးလိုပဲ […]

အလွပေရးရာ

အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်း စေမည့် သဘာဝနည်းလမ်း

အမည်းစက်တွေနဲ့ နေလောင်ကွက်တွေကို ပျောက်ကင်း စေမည့် သဘာဝနည်းလမ်း ဒီနေ့ မှာတော့ တင်းတိပ် ဝက်ခြံတွေ နဲ့ အစက် အပျောက်တွေ ကို ပျောက်ကင်း စေမဲ့ အပြင် အ ရေ ပြား ကို စိုပြေ စေမဲ့ နည်းလမ်းကို မျှ ဝေ ပေးသွား မှာပါ ။ တရုတ် နံနံပင် မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင် ပါ တယ် ။ ဒါ့အပြင် မဂ္ဂနီ နဲ့ ပိုတက်ဆီယမ် ဓါတ်တွေ ကြွယ်ဝစွာ ပါဝင် ပါ တယ် ။ ဒါ့ကြောင့် ပင်ပန်း နွမ်းနယ်တာ ၊ ဆီး နဲ့ ဆိုင်တဲ့ […]