ပုံထဲက လင်မယား နှစ်ယောက်ကို ကြည့်ပါ… ခင်ပွန်းဖြစ်သူက သူ့ဇနီးလက်ကို ကိုက်နေတဲ့မြွေကို မမြင်ဘူး… ထို့အတူပဲ ဇနီးကလည်း ကျောက်တုံးကြီး ခင်ပွန်းအပေါ် ပိနေတာကို မသိပြန်ဘူး… ဇနီးက ထင်မယ်… ငါ့မှာ မြွေကိုက်ခံရလို့ နာကျင်နေရတယ်… သူ ဘာလို့ အားကုန် အပေါ် ဆွဲမတင်ရတာလဲ… ၊ ခင်ပွန်းအပေါ် ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးကို သူမ မတွေးမိဘူးလေ… တဖက်မှာ ခင်ပွန်းဖြစ်သူကလည်း ငါ ဒီလောက် အားတင်းပြီး ဆွဲပေးနေတာကိုတောင် သူက ဘာလို့ အပေါ် ရောက်လာဖို့ သိပ်မကြိုးစားရတာလဲ?? လို့ တွေးနေမယ်… ဇနီးဖြစ်သူရဲ့ နာကျင်နေမှုကို သူ မစဉ်းစားမိဘူး… ဒီပုံလေးက တကယ့်ဘဝတွေကို အများကြီး ကိုယ်စားပြုနေပါတယ်… လောကကြီးထဲမှာ ဒီပုံ ထဲကလို စုံတွဲတွေ […]
အသိပညာ
အများပိုင်ပစ္စည်းအပေါ် ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (ဒီလိုတွေကွာလို့ တိုးတက်မှု ကွာတာ)
အများပိုင်ပစ္စည်းအပေါ် ထားတဲ့ စိတ်ဓာတ်မှာ ဂျပန်နဲ့ မြန်မာတို့ ကွာခြားပုံ (ဒီလိုတွေကွာလို့ တိုးတက်မှု ကွာတာ) “ဂျပန်က ဘတ်စ်ကားတွေပေါ်မှာ ဆိုဖာထိုင်ခုံတွေကို ဓါးနဲ့ ခွဲထားတာ၊ ဖျက်စီးထားတာမျိုး မရှိပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလို ဖျက်စီးလိုက်ရင် ဂျပန်တွေရဲ့ ပစ္စည်း ပျက်စီးသွားတာ၊ ဂျပန်တွေရဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားတာပဲလို့ ခံယူကြလို့ပါပဲတဲ့”။ အမှတ်မထင် ဖတ်မိတဲ့ စာလေးတစ် ကြောင်းပါ။ သြော် …တို့မြန်မာတွေ အတိုင်းပါပဲလားလို့ ပြောရင် ထရယ်ကြမလား မသိဘူး။ Correction Pen ကို လူကြီးလူငယ်တော်တော်များများ ကောင်းကောင်းကြီး သိကြပါတယ်။ မူရင်းတီထွင်သူက မှင်ဖျက်ဆေးအဖြစ် တီထွင်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ရှေးဟောင်းအမွေအနှစ် ဖျက်ဆေးအဖြစ် အသုံးပြုခံနေရပါတယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ ၊ နေရာတွေမှာ မှင်ဖျက်ဆေးတွေနဲ့ ပွစိခတ်နေအောင် […]
“အမေ လိပ်စာမှားပီးဝင်မိတာပါ သားရယ် တဲ့”
“အမေ လိပ်စာမှားပီးဝင်မိတာပါ သားရယ် တဲ့” ` ” အေမ ” တစ်ချိန်တုန်းက မြို့လေးတစ်မြို့မှာ မျက်လုံးတစ်ဖက် ကွယ်နေသော မိခင်တစ်ဦးဟာ သားငယ်လေးတစ်ယောက်နဲ့ တူနေထိုင်လျှက် ရှိပါတယ်။ မိခင်ဟာ မျက်လုံးတစ်ဖက် ကွယ်နေသော်လည်း သားငယ်လေးရဲ့ရှေ့အရေးကို ပူပန်လျှက် ရသမျှ အလုပ်ကို လုပ်ပြီး၊ တစ်ခါတစ်ရံတောင်းရမ်းကာ ရရှိလာသောငွေဖြင့် သားငယ်လေးကို ပြုစုပျိုးထောင်ေ ပးရှာပါတယ်။ သားငယ်လေးသည် ပညာစုံလို့ အချိန်တန်အရွယ်ရောက်လာတဲ့အခါ . . . “တစ်ဖက်လှပ်ရဲ့သား၊ သူတောင်းစား မရဲ့သား”ဟု ပတ်ဝန်းကျင်က ပြောဆိုလှောင်ပြောင်တဲ့ အသံတွေကို ခံစားရသည့်အတွက် မိခင်အပေါ်ကို“သူ့ကြောင့် ငါ အခုလို အပြောအဆို ခံနေရတာ”ဆိုတဲ အတွေးမျိုးဖြင့် မုန်းမာန်ဖွဲ့ကာ ငြူစူနေတာပေါ့။ဒါကြောင့် “ငါ အိမ်ထောင်ကျတဲ့အခါမှာ သူနဲ့ အတူ မနေဘူး”ဆိုတဲ့ […]
ယနေ့ခေတ်ဖုန်းတွေ ပေါ်လာတဲ့ ခေတ်မှာ မိသားစု ထမင်းဝိုင်းလေးတွေ တိတ်ဆိတ်လာတယ်
နောက်မီး မလင်းပါနဲ့ (နောက်မီးလင်းလို့ လှတာ ပိုးစုန်းကြူးပဲရှိတယ်)
နောက်မီး မလင်းပါနဲ့ (နောက်မီးလင်းလို့ လှတာ ပိုးစုန်းကြူးပဲရှိတယ်) ယောကျာ်းဆိုတာ ဘယ်လောက်ရာထူးအာဏာရှိရှိ အောင်မြင်မူတွေဘယ်လောက်ပဲရရေ ငွကြေးဥစ္စာတွေဘယ်လောက်ပဲချမ်းသာနေနေ ပညာတွေဘယ်လိုပဲတက်တက် အရှက်တရားမရှိ ကိုယ်ကျင့်တရားမကောင်းခဲ့ရင် အလကားပါပဲ။ ယောင်္ကျားတစ်ချို့က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဖောက်ပြားမူတွေကို ငွေကြေးဥစ္စာတွေနဲ့ ဖုံးဖိပြီး ရာထူး ဂုဏ်အရှိန်အဝါတွေနဲ့ ဆီးကာလို့ လုံနိုင်လှပြီလို့ ထင်တတ်ကြတယ်။ လူ့ပါးစပ်တစ်ပေါက်ဆိုတာ ဆန်တစ်တင်းနဲ့ဖို့တောင် မလုံနိုင်တာ ကိုယ့်ရဲ့စာရိတ္တပျက်ပြားမူတွေကို အများက မသိချင်ယောင်ဆောင်နေတာသာရှိမယ် မသိပဲနေပါ့မလား? ယောင်္ကျားကောင်းတွေဆိုတာ မိန်းကလေးတစ်ယောက်နဲ့ လူမမြင်ကွယ်ရာမှာ ရှိခဲ့ရင်တောင် တစ်နပ်စားဉာဏ်နဲ့ မကြံစည်ဘူး။ မိန်းကလေးတစ်ယောက်ကေ ရလာမြောင်းပေးလာရင်တောင်မသာယာတတ်ဘူး။ မိန်းကလေးတစ်ယောက်က အခွင့်အရေးပေးခဲ့ရင်တောင် အခွင့်အရေးမယူဘူး။ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို အခွင့်အရေးရရင်တောင် အခွင့်အရေးမယူပဲ စည်းဘောင်အတွင်းမှာ တန်ဖိုး ထားမူနဲ့ သစ္စာရှိတတ်ကြတယ်။ တစ်ကယ့်ယောင်္ကျားကောင်းတွေဆိုတာဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးလို့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပြီး အချစ်ဆိုတာကို ဦးနှောက်နဲ့ […]
အစားခံရသော သမင်ပျို
အစားခံရသော သမင်ပျို ဆယ်ကျော်သက် မိန်းကလေး တယောက်က သူမရဲ့ မိခင်ဖြစ်သူကို မေးတယ်။ “မေမေ ဘာဖြစ်လို့ မိန်းကလေးတွေက fb ပေါ်မှာ ပုံတွေ ခဏ ခဏ တင်နေကြတာလဲ” မိခင်ဖြစ်သူက သမီးပျိုလေး၏ အမေးကို ရယ်မောကာ ရှင်းပြတယ်။ “သူတို့ လှတာကို အများ သိစေ မြင်စေချင် လို့ပေါ့” သမီးဖြစ်သူက ထပ်မေးပြန် လေသည်။ “ဒီလိုမျိုး ခဏ ခဏ တင်နေတော့ ဘာအကျိုး ထူးတာလဲ မေမေ” ဒီကလေးမ ကတော့ တော်တော် စပ်စုသည်ဟု မိခင်ဖြစ်သူက တွေးလိုက်မိသည်။ “သမီးရယ် ခဏ ခဏ တင်တော့ ယောက်ျား မြန်မြန် ရတာပေါ့။ သိတယ် မဟုတ်လား ကောင်လေးတွေက ပုံလှလှလေး […]
ရှင့်အဖေကို ကျမအိမ်ပေါ်မှာ မထားနိုင်ဘူး ပြောတဲ့ မိန်းမကို ပြစ်ပြီး ဖခင်ကို ခေါ်ဆင်းကာ ပြုစုတဲ့ သားလိမ္မာ
ရှင့်အဖေကို ကျမအိမ်ပေါ်မှာ မထားနိုင်ဘူး ပြောတဲ့ မိန်းမကို ပြစ်ပြီး ဖခင်ကို ခေါ်ဆင်းကာ ပြုစုတဲ့ သားလိမ္မာ မိန်းမယုတ်ကို ထားခဲ့ပြီး ဆေးရုံမှာ ဖခင်သေတဲ့အထိ လုပ်ကျွေးပြုစုခဲ့တဲ့ သားလိမ္မာ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ရပ်မှန်ကြေကွဲစရာမြင်ကွင်းလေးပါ လောကမှာ မိန်းမေ+သလို့ နောက်မိန်းမ တစ်ယောက်ထပ်ယူပြီ မိန်းမအစားထိုးလို့ သားသမီးအစားထိုးလို့ ရတာမှန်သော်ငြားလဲ မိဘသေလို့ မိဘအစားထိုး၍ မရနိုင်သည်ကတော့ အမှန်ပဲ ဖြစ်ပါလိမ့်မယ်။ တချို့သောလူများသည် မိဘများအပေါ်မှာ ကျေးဇူးတရား မသိတက်ကြသော်ငြာလည်း ကမ္ဘောဒီးယားနိုင်ငံကIv Kimsean အမည်ရှိတဲ့ အသက် ၃၀ နှစ်ရှိတဲ့ အမျိုးသားတစ်ဦးကတော့ ဆေးရုံမှာ ဖခင်သေတဲ့အထိ အလုပ်အကျွေး ပြုစုခဲ့ပါတယ် Kimsean တို့ လင်မယားသည် လူကြီးချင်း သဘောတူလို့ ယူခဲ့ကြပါတယ်။ Kimsean မှာ ငယ်စဉ်က လူငယ်ချင်း […]
ငွေလာချေးလို့ မချေးလို့လဲမကောင်း မချေးလဲ မချေးချင်ဖြစ်နေရင် ဒီစာလေးဖတ်ကြည့်လိုက်ပါ
ငွေလာချေးလို့ မချေးလို့လဲမကောင်း မချေးလဲမချေးချင် ဖြစ်နေရင် ဒီစာလေးဖတ်ကြည့်လိုက်ပါ ချွေတာစုဆောင်းရင်း ငွေလေးစုမိပြီး ချောင်လည်လာတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက ကိုယ့်ဆီ ငွေလာချေးကြတဲ့ ကိစ္စပါ။ အားနာပြီး ငွေချေးလိုက်မိတယ်။ ပြီးရင် ပေးထားတဲ့ ကတိအတိုင်း လာမဆပ်ကြတော့ တောင်းရမှာ ထပ်ပြီး အားနာနေမိပြန်ရော။ အားမနာ ပါးမနာ ပြန်တောင်းတဲ့အခါမှာလည်း အချင်းချင်း အမုန်းပွားစရာတွေ ဖြစ်လာတတ်ပါတယ်။ “ကြွေးယူပြုံးပြုံး တောင်းတော့မုန်း” ဆိုသလိုပေါ့။ ငွေလာချေးတဲ့ကြသူတွေထဲမှာ ကတိတည်ပြီး သေချာပြန်ဆပ်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်က အတိုးမယူပဲ စေတနာနဲ့ ချေးတာ ဆိုပါစို့။ မိတ်ဆွေ ၅ ယောက်ကို တစ်ယောက်ကို ငွေ တစ်သိန်းစီ ချေးပေးလိုက်တယ်။ ၄ ယောက်က ကတိတည်တယ်။ ပြန်ဆပ်တယ်။ ၁ […]
ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ….
ငယ်ငယ်ရွယ်ရွယ် ဆော့ကစားတတ်တဲ့ ရင်ခွင်ဝေးသားများ၏ ငိုခြိုက်သံ ကိုရင်ငယ်တို့၏ ရင်ထဲ ဝင်၍ဖက်ပါ ရင်ခွင်ဝေးသား အဖြစ်ကို သား ရခဲ့တာဟာ ရောင်ဝါသင်္ကန်းကို ဆင်မြန်းတဲ့ နေ့ကတည်းကပါ အမေ အမေတို့နဲ့ တစ်မြေဆီခြားတဲ့နေ့ဟာလည်း သားဘဝ အတွက် စာသင်တိုက်ကို စတင်ထွက်ခွာခဲ့တဲ့ နေ့ကပါ အမေ သား ဘဝဟာ အဖေ အမေ ရှိပါလျှက်နဲ့ အဖေ အမေလို့ တွင်တွင်ကြီး အော်ခေါ်ကာ မျက်နှာကိုကြည့်တိုင်း မမြင်ရတော့ပါဘူး သားအတွက် အေးမြတဲ့ အမေ့မေတ္တာအရိပ် နွေးထွေးတဲ့ အမေ့ ရင်ခွင်တွေဟာလည်း နုတ်ဖျားက တောင်းတယုံသာ ဖြစ်နေရပါပြီ။ ငယ်ရွယ်တဲ့အချိန်မှာ အစ်ကိုအစ်မတွေကို ဂျီးကျခွင့်မရှိသလို သူတို့နှင့် အတူစား အတူအိပ် အတူနေရခြင်းတွေကိုပါ သားမရနိုင်တော့ပါဘူး အမေတို့က သားကို ကောင်းမြတ်တဲ့ ဘဝမှာပဲ […]
ဇနီး စိတ်ပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်
(၁) အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်ပြန်နောက်ကျဖို့ဖြစ်လာတဲ့အခါ ဇနီးထံ ဖုန်းလေးတစ်ချက်လောက် ဆက်ပေး လိုက်ခြင်းအားဖြင့် အလေးထား မခံရဘူးလို့ ဇနီးမယားက တွေးထင်သွားနိုင်တဲ့ အခြေအနေကို မကြုံတွေ့ ရအောင် ရှောင်ရှားနိုင်ပါတယ်။ ယောက်ျားတော်တော်များများဟာ အလုပ် မှာဖြစ်စေ၊ မိတ်ဆွေတွေ့ဆုံပွဲမှာဖြစ်စေ ပျော်၀င် လွယ်ပြီး အိမ်ကို ဖုန်းဆက်ဖို့ လုံးဝမေ့သွားတတ်တာ သဘာ၀ပါ။ ဒါဟာ သဘာ၀ဆိုပေမဲ့ အိမ်မှာစောင့်နေ ရတဲ့ ဇနီးမယားအနေနဲ့က လာနိုး လာနိုးစောင့်နေရတာထက် ကြိုသိထားတာ က ပိုကောင်းတယ်ဆိုတာ အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့ ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထားလေးစားပေး လိုက်ပါ။ (၂) ချက်ပြုတ်တတ်ဖို့ သင်ယူပါ လုံး၀ကို မချက်တတ်ရင်တောင် ဆင်ခြေပေးဖို့ထက် သင်ယူဖို့ကို အားသန် သင့်ပါတယ်။ဘာပဲဖြစ်ဖြစ်အသစ်အဆန်းတစ်ခုခုကိုသင်ယူရတာဟာ […]