ကြားသိရသမျှ
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီးတစ်ဦး ဟောကိန်းထုတ်
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်နိုင်မယ့် အချိန်ကို နက္ခတ်ဗေဒင် ဆရာကြီးတစ်ဦး ဟောကိန်းထုတ် အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ နေပြည်တော် အထူးတရားရုံးက အဂတိလိုက်စားမှုနဲ့ ဧပြီလ ၂၇ ရက်နေ့က ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့ အဂတိမှု စွပ်စွဲချက်အမှုမှာ အခုလို ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတာဖြစ်တယ်လို့ သိရှိရပါတယ်။“မကျေနပ်ဘူးလို့ကို ပြောတယ်။ အယူခံကို ဆုံးခန်းတိုင်အောင်တက်ပါတဲ့” ဟု ယနေ့ (ဧပြီ ၂၇) အမိန့်ချပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး […]
ကြားသိရသမျှ
ထိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦး ငဗစ်ဆေး ထိုးနှံပြီးနောက် ဆေးအရှိန်ကြောင့်See More…
ထိုင်းရောက် မြန်မာအမျိုးသမီးတစ်ဦး ငဗစ်ဆေး ထိုးနှံပြီးနောက် ဆေးအရှိန်ကြောင့်See More… ရွှေဖီမြေ၊ မေလ ၃ ရက်၊ မယ်ဆိုင် ထိုင်းနိုင်ငံမှာ အလုပ် သွားလုပ်နေတဲ့ ရှမ်းမြောက် သီပေါမြို့နယ်ထဲက မသိန်းညွန့် (၃၁ နှစ်)ဟာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးနောက် ဆေးအရှိန်ကြောင့် ဦးနှောက်သွေးကြောင်သွားသလို ခံစားနေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။၂၀၂၁ ခုနှစ်ထဲမှာ တစ်လတစ်ကြိမ် ထိုးနှံရမယ့် ကာကွယ်ဆေးကို သူဌေးဖြစ်သူက (၁၅)ရက်ခြားတစ်ကြိမ် သွားရောက်ထိုးခိုင်းခဲ့ရာ ၂ ကြိမ် ထိုးနှံပြီးတဲ့နောက်မှာ ဘာမှမဖြစ်ခဲ့ပေမယ့် ၃ ကြိမ်မြောက် (၄၅ ရက်မြောက်နေ့)ထိုးနှံပြီးနောက်မှာတော့ လည်ချောင်းတွေထဲမှာ မီးခဲ ဝါးမြိုသလို ခံစားခဲ့ရတယ်လို့ ညီမဖြစ်သူ ငြိမ်းချမ်းမေက ရွှေဖီမြေကို ပြောပါတယ်။ “ဒီကြားထဲမှာလည်း သူချောင်းဆိုးနေတာ။ ဆေးခန်းသွားပြပြီးတော့ အဲဒီချောင်းဆိုးပျောက်ဆေးကို ဇွတ်သောက်တာလည်း ပါမလား […]
ကြားသိရသမျှ
လျှာရှည်ချင်တဲ့ တက္ကစီမောင်းသမား နှင့် ဉာဏ်ကောင်းလွန်းတဲ့ မိခင်
လျှာရှည်ချင်တဲ့ တက္ကစီမောင်းသမား နှင့် ဉာဏ်ကောင်းလွန်းတဲ့ မိခင် ညတစ်ညမှာပေါ့။ အမျိုးသမီးတစ်ယောက်ဟာ ၈ နှစ်အရွယ်ကလေးငယ်နဲ့အတူ တက္ကစီငှါးစီးလာတယ်။ ဘတ်စ်ကားမှတ်တိုင် တစ်နေရာမှာ ညည့်ငှက်မလေးတွေကို ကလေးက မြင်တော့ မေးတယ်..။ “မေမေ.. အဲဒီမမတွေက ဘာလုပ်နေကြတာလဲဟင်” မိခင်ဖြစ်သူက ကလေးကို အမှန်မပြောချင်ဘူး။ ဒါနဲ့ ပြန်ဖြေလိုက်တယ်။ “အော်.. သားရယ် အဲဒီမမတွေက သူတို့ယောင်္ကျား အိမ်ပြန်လာမှာကို စောင့်နေကြတာကွဲ့” ဒါကို တက္ကစီမောင်းသူက ကြားပြီး ပြန်ပြောလိုက်တယ်.. “ဟာ အစ်မကြီး.. ကလေးတွေကို လိမ်မပြောရဘူးလေ.. အဲဒီမိန်းမတွေဟာ ယောင်္ကျားတွေကို မြူဆွယ်ပြီး မကောင်းတာလုပ်စားနေတဲ့ မိန်းမတွေလို့ အမှန်အတိုင်း ပြောသင့်တာပေါ့” ကလေးက “ဟုတ်လား မေမေ” “အင်း အင်း ဟုတ်တယ်သား” မိခင်ဖြစ်သူက တက္ကစီသမားကို မကျေနပ်ပေမယ့် အမှန်အတိုင်း […]
ၾကားသိရသမွ်
မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ငွေစက္ကူကုန်ကြမ်းများ တန်၁၀၀ နီးပါး နေပြည်တော် ဆိုက်ရောက်
မြန်မာငွေစက္ကူအသစ်များ ရိုက်နှိပ်ရန် ဥဇဘက်ကစ္စတန်မှ စက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 လေယာဉ် နေပြည်တော် ဆိုက်ရောက်၊ စစ်တပ်က ငွေစက္ကူကုန်ကြမ်းများ အကန့် အသတ်မရှိတော့ဘဲ ဆက်တိုက်တင်သွင်းနေ ရန်ကုန်၊ မေ ၃ မြန်မာနိုင်ငံတွင် ငွေစက္ကူအသစ်များ ရိုက်နှိပ် ထုတ်ဝေရန် ဥဇဘက်ကစ္စတန်နိုင်ငံမှ ငွေစက္ကူကုန်ကြမ်း တန် ၁၀၀ နီးပါး တင်ဆောင်လာသော IRA4705 – Boeing 747-21AC လေယာဉ် နေပြည်တော်တွင် ဆင်းသက်နေပြီး ငွေစက္ကူကုန်ကြမ်းများကို စစ်တပ်က ရွှေ့ပြောင်း သယ်ယူနေကြောင်း သိရှိရသည်။ အီရန်လေကြောင်းပိုင် IRA4705 ကုန်တင်လေယာဉ်သည် နေပြည်တော်လေဆိပ်သို့ ယနေ့ မေလ ၃ ရက်နေ့ ၁၂ နာရီ ကျော်ဝန်းကျင် ဆိုက်ရောက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါ […]
ၾကားသိရသမွ်
လူမှုကွယက်ပေါ်မှာ ပျံ့နေတဲ့ သူမရဲ့ ဓါတ်ပုံတွေနဲ့ ပတ်သက်လို့ မြဝတီရုပ်မြင်သံကြားမှ သတိပေးစကားပြောကြားလာခဲ့ ခြင်း ခံရတဲ့ ရွှေရူပါဦး ပရိသတ်ကြီးရေ ခြေထောက်အလှပိုင်ရှင် ရွေရူပါဉီးကိုတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ သူမအား တချို့ကတော့ စစ်တပ်အားပေး “တပ်ကုန်းမလေး”လို့လည်း ခေါ်ကြပါတယ်နော်။ သူမဟာ စစ်တပ်အသိုင်းအဝိုင်းမှာ ကျင်လည်ကျက်စားနေသူ တစ်ဉီးဖြစ်ပြီး အရာရှိများ ဝစ်သည်များနှင့်လည်း အမှတ်တရဓာတ်ပုံများ တွဲရိုက်ကာ လိုင်းပေါ်တင်ကြွားလေ့ ရှိသူတစ် ဉီးလည်း ဖြစ်ပါတယ်နော်။ သို့သော်ယခု နောက်ပိုင်းမှာတော့ သူမနဲ့ဓာတ်ပုံ တွဲရိုက်ဖူးသောစစ်သားတိုင်လိုလို ရာထူးကြီး/ငယ်မရွေး အသက်မရှည်ဘဲ မပြန်လမ်းသို့ အမြန်ကြွလှမ်းသွားလေ့ရှိကြောင်းအချက်အလက်များနှင့်တကွ သတင်းအတိအကျ ပေါ်ထွက်လာပြီးနောက် စစ်တိုင်းဌာန တော်တော်များများဟာသူမ လာရောက် လှူဒါန်းလည်ပတ်ပြီး ဓာတ်ပုံအတူတွဲရိုက်ရမှာကို စိုးရွံ့ကာရွှေရူပါဉီးအား မည်သည့်အကြောင်းနဲ့ဖြစ်စေ တပ်တွင်း ဝင်ရောက်ခြင်း ခွင့်မပြုရ ဟူသော အမိန့်စာများထုတ်ပြန် ထားတယ်လို့ […]
ၾကားသိရသမွ်
အမျိုးသမီးများ ဓမ္မတာလာနေချိန် မိသားစုနဲ့ခွဲကာ နွားတဲနှင့် ယာယီတဲထိုးပြီး နေထိုင်ရသည့် နီပေါနိုင်ငံရဲ့ ထူးဆန်းသည့်ဓလေ့
ကမ္ဘာကြီးသည် နိုင်ငံပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး နိုင်ငံတစ်နိုင်ငံတိုင်းစီမှာလည်း ယဉ်ကျေးမှု ဓလေ့ထုံးစံသည် မတူညီပဲ အမျိုးမျိုးရှိတတ်ကြသည်။ ယခုတွင်လည်း နီပေါနိုင်ငံရှိ Kalekandaရွာတွင် နေထိုင်သော အမျိုးသမီးများသည် ဓမ္မတာလာနေချိန်အတွင်း အိမ်ရှိအသုံးအဆောင် ပစ္စည်းများကို တစ်ခုမှ ကိုင်တွယ်ခွင့်မရှိသည့်အပြင် မိသားစုနဲ့လည်း အတူနေထိုင်ခွင့်မရှိပေ။ သူတို့ရွာရဲ့ ဓလေ့ထုံးစံအရ အမျိုးသမီးများ ဓမ္မတာလာခြင်းကို မသန့်ရှင်းသောအရာတစ်ခုအဖြစ် မှတ်ယူကာ အမျိုးသမီးများအား အိမ်ကနေမောင်းထုတ်ကာ နွားတင်းကုပ်နှင့် အခြားတဲစုတ်တဲပြတ်တွေမှာ သီးခြားနေထိုင်စေခဲ့သည်။ အပျိုဖော်စဝင်သည့် မိန်းကလေးငယ်များအပြင် ကလေးမွေးဖွားထားသော အမျိုးသမီးများသည်လည်း မသန့်ရှင်းပူးဟု ယူဆကာ သီးခြားခွဲပြီးနေထိုင်ရပြီး မိသားစုရဲ့ ပြုစုစောင့်ရှောက်ခြင်းတွေကိုလည်း မခံရသည့်အတွက် အသက်ရှင်အောင် မနည်းရုန်းကန်ပြီး နေထိုင်ခဲ့ရသည်။ 1. 2. 3. Rain (For Ialinks) Unicode အမျိုးသမီးများ ဓမ္မတာလာနေချိန် မိသားစုနဲ့ခွဲကာ နွားတဲနှင့် […]
ၾကားသိရသမွ်
မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့်…
လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။ အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။ ၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်တစ်နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်ပုံရပြီး အိပ်ပျော်သွားခဲ့တဲ့အပြင် အိမ်သို့ငွေစက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ […]
ၾကားသိရသမွ်
“ပုလင်းထဲကို အီးပေါက်ပြီး ထည့်ရောင်းရာမှ တစ်လလျှင် မြန်မာငွေ သိန်း (၉၀၀) ရရှိနေတဲ့ အမျိုးသမီး”(ရုပ်သံ)
“ပုလင်းထဲကို အီးပေါက်ပြီး ထည့်ရောင်းရာမှ တစ်လလျှင် မြန်မာငွေ သိန်း (၉၀၀) ရရှိနေတဲ့ အမျိုးသမီး”(ရုပ်သံ) ရှားရှားပါးပါး အီးပေါက်ပြီး ပိုက်ဆံရှာတဲ့သူ။ Entrepreneur ဆိုတဲ့စကားလုံးကို ကြားဖူးကြပေမယ့် Fartrepreneur ဆိုတဲ့စကားလုံးကို အခုမှစကြားဖူးမယ် ထင်ပါတယ်။ Fartrepreneur ဆိုတာ Fart (လေလည်ခြင်း) ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ Stephanie Matto ဆိုတဲ့ ဆယ်လီအမျိုးသမီးဟာ သူလေလည်ထားတဲ့ (Fart jar) ပုလင်းတွေကိုရောင်းတာ တစ်လကိုမြန်မာငွေ သိန်း ၉၀၀ လောက် ဝင်ငွေရနေပါသတဲ့။ သူကပရိုတိန်းဓာတ်များတဲ့ အစားအစာတွေစားပြီး အဝတ်နဲ့လုပ်ထားတဲ့ နှင်းဆီပွင့်ဖတ်လေးတွေအပေါ် တိုက်ရိုက်လေလည်ကာ ပုလင်းထဲထည့်ပြီး အဖုံးသေချာပိတ်ကာ ရောင်းတာဖြစ်ပါတယ်။ အမယ်ဒီအလုပ်က လွယ်တယ်လို့မထင်ပါနဲ့တဲ့။ တချို့ကာစတန်မာတွေက လိုချင်တဲ့အနံ့ မှာတတ်သေးတယ်တဲ့။ တစ်ယောက်ဆိုရင် cheese စားပြီးလေလည်ပေးပါလို့ ဆိုသတဲ့။ […]
ကြားသိရသမျှ
ၾကားသိရသမွ်
လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့
လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့ အကျိုး-အကြောင်း၊ အဆိုး-အကောင်းတွေကို ကွဲကွဲပြားပြားသိမြင်ရမယ့် ၂၀၂၂ ခုနှစ် မေ ဒီလိုခေါင်းစဉ်တပ်လို့ မောင်ရှင်ဟာ ဗေဒင်ဆရာလား.. အကြားအမြင်ရသူလားဆိုပြီး မထင်ကြနဲ့ဦးနော်.. ဖြစ်ခဲ့တဲ့သတင်းဖြစ်စဉ်တွေကိုကြည့်ပြီး ကိုယ့်အမြင်သုံးသပ်တာပါ.. ပထမဆုံးကမ္ဘာ့ရေးရာကိစ္စတွေကတော့ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဒီမေလဆန်းလောက်မှာ နျုလက်နက် ဘယ်လောက်အတိုင်းအဆအထိသုံးမယ်..။ မသုံးဘူးဆိုတာ ကွဲကွဲပြားပြားသိလာရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကလည်း ‘ပူတင်နျူလက်နက်သုံးလာနိုင်ချေရှိသလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိမိအမြင်ကိုရေးခဲ့စဉ်တုန်းကအတိုင်း ‘မဟာအရှက်တော်ကွဲနေတဲ့ပူတင်’က အခုဆို ကမ္ဘာကြီးကို စကားလုံးတွေနဲ့ခြိမ်းခြောက်တဲ့အဆင့်ကနေ နမူနာသဘော၊ အမြည်းသဘောနဲ့ ကုလအတွင်းရေးမှူးချုပ်ခေတ္တရောက်ရှိတည်းခိုနေတဲ့ ယူကရိန်းမြို့တော် ‘ကိယစ့်’ကို ဒုံးကျည်လက်နက်ပစ်ပြလိုက်ပါတယ်။ (သုံးစားမရတဲ့)ကုလအတွင်းရေးမှူးချုပ်လည်း ညကြီးမင်းကြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထွက်ခွာသွားရတာကိုပဲကြည့်.. မြောက်ကိုရီးယားခေါင်းဆောင်ကလည်း ‘ရန်သူတွေကိုအမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်တွေအဆင့်မြင့်ထုတ်သွားမယ်..’လို့ […]