ၾကားသိရသမွ်

ညနက်မှ နောက်ဆုံးအမှာစာကို လက်ခံရရှိခဲ့ပြီး သွားပို့ခဲ့ရာ ဆိုင်ကို ရှာမတွေ့ဘဲ သုသာန်ကိုသာ တွေ့ရှိခဲ့တဲ့ delivery လူငယ်တစ်ဦး

မလေးရှား Delivery လူငယ်တစ်ဦးဟာ ညအချိန်မှာ နောက်ဆုံး order လက်ခံရရှိပြီး သွားပို့ခဲ့ရာ လမ်းပျောက်ကာ စားသောက်ဆိုင်ရှာမတွေ့ဘဲ အဲဒီအစား သင်္ချိုင်းကုန်းနဲ့ သွားတိုးခဲ့ပါတယ် ။ အဲဒီတုန်းက သုသာန်မှာ ဘယ်လိုအဆုံးသတ်သွားမှန်း မသိကြောင်း ထိုလူငယ်က ရှင်းပြခဲ့ပါတယ် ။ ဒါ​ပေမယ့်​ သုသာန်ကိုရောက် နေမှန်း သူသိလိုက်​တာနဲ့ ​မော်​​တော်​ဆိုင်​ကယ်​ကို အမြန်​မောင်းထွက်​သွားခဲ့လိုက်ပါတယ် ။ ကံကောင်းထောက်မစွာ၊ နောက်ကလစ်တစ်ခုမှာ သူရှာနေတဲ့ စားသောက်ဆိုင်ကို တွေ့ကြောင်း ပြသထားပြီး အမှောင်ထောင့်မှာ ဝှက်ထားတဲ့ စားသောက်ဆိုင်လေးတစ်ခုပါ ။ “ဒါဟာ ညက နောက်ဆုံး order ပဲ။ အဲဒီတုန်းက ည ၁၁ နာရီလောက်မှာ စတိုးဆိုင်က ဖုန်းဆက်လာတယ်။ ရောက်လာတဲ့အခါ လမ်းဆုံတစ်ခုရှိမယ်လို့ order မှာတဲ့ လူက ပြောတယ်။ […]

ၾကားသိရသမွ်

လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများ ဆောင်ရွက်နိုင်သည့် သစ်တံခါးဆရာတော်၏ ဒါနအဓိဌာန်

လာဘ်ပိတ်ပြီး စိတ်ညစ်နေသူ၊ ငွေကံမပွင့်သူများဆောင်ရွက် နိုင်သည့် သစ်တံခါးဆရာတော်၏ ဒါနအဓိဌာန် ငွေကံမပွင့် လာဘ်လာဘတွေ ပိတ်ဆို့နေပါက လုပ်သမျှ မအောင်မြင်ဖြစ်နေပါက မိမိတို့စားမည့်ဆန်အိုးထဲမှ အနည်း ငယ်မျှသောဆန်ကို ယူပြီး မြေကွက်လပ်နေရာတစ်ခု စီစဉ်ပြီး စာကလေးတွေကို အစာကျွေးပါ။ (အာရုံထားပုံ) စိတ်ထဲမှနေပြီး ယခုဒါနပြုခြင်းသည် မိမိတို့စားမည်ဖြစ်သော ဆန်အိုးထဲမှ၊ ဆန်အိတ်ထဲမှ ခွဲဝေ၍ ဒါနပြုခြင်း၊ အလှူဒါနပြုခြင်း ဖြစ်ပါ၏။ ဤမှန်သော သစ္စာစကားတော်ကြောင့် စီးပွားကျ စိတ်ညစ်နေရပြီး ပိတ်ဆို့နေသော လာဘ်လာဘများ ပွင့်ပါစေ၊ လာဘ်လာဘတွေ ရွှင်ပါစေ၊ ငွေဝင်ပါစေ၊ စိတ်မှ ရည်မှန်းပါ။ ယခုလာရောက်၍ သုံးဆောင် စားသုံးကြသော စာကလေး၊ ခို၊ ကျီးငှက်ကလေးတွေ ဝမ်းသာပီတိဖြစ်ကာ စားသုံးနိုင်၊ ပျော်ရွှင်နိုင်သလို ပျော်ရွှင်ရပါလို၏။ သုံးဆောင်ရပါလို၏။ ဒါနအကျိုး ဆက်၍ တိုးပွားကာ […]

ၾကားသိရသမွ်

အလောင်းတော်ကဿပ လှိုဏ်ဂူထဲသို့ရောက်ရှိခဲ့သော ရဟန်း(၂)ပါး

အလောင်းတော်ကဿပသည် စစ်ကိုင်းတိုင်းယင်းမာပင်မြို့နယ် ကပိုင်ရွာအနီးတွင်တည်ရှိပါသည်။ ပွဲတော်ချိန်ကိုရောက်တိုင်း မုံရွာမှဘုရားဖူးကားများထွက်ကြပါသည်။ မုံရွာရောက်ပေမယ့် ဘုရားဖူးရာသီလမ်းဖွင့်ချိန်မဟုတ်၍ ထိုနှစ်ကမရောက်ခဲ့ရပါ။ အလောင်းတော်ကဿပဂူသည် သမိုင်းအမျိုးမျိုးကွဲလျှက်ရှိကြသည်။ တစ်ချို့ကလည်းဘုရားရှင်၏ မဟာသာဝကြီးဖြစ်တော်မူသော ဓုတင်ဧတဒဂ်အရှင်မဟာကဿပကိုယ်တော်ကြီးဟု ယုံကြည်ကြသည်။ တစ်ချို့လည်းပုဂံခေတ်ကထင်ရှားသော ရဟန္တာအရှင်မြတ် ပေါင်းလောင်းရှင်ကဿပ ဟုလည်းယူဆကြသည်။ တစ်ချို့လည်းအင်းဝပထမမင်းခေါင်လက်ထက်က ရှင်မဟာကဿပ ဟုလည်းဆိုကြပြန်သည်။ မည်သို့ဆိုစေ အလောင်းတော်ကဿပလှိုင်ဂူကြီးကတော့ ပဟေဠိတွေနှင့်ပြည့်နှက်နေသည်။ တောကြမ်းသလိုအရောက်အပေါက်လည်း နည်းကြပါသည်။ ထိုအထဲကမှ အရှင်မြတ်ကြီးနှစ်ပါးကတော့ အလွန်ထူးဆန်းစွာဖြင့် လှိုဏ်ဂူအတွင်းပိုင်းထိ ဝင်ရောက်ဖူးမျှော်နိုင်ခဲ့ပါသည်။ ထိုအရှင်မြတ်များကတော့ အမရပူရသတ္တမမြောက်ကျော်အောင်စံထား ဆရာတော်ကြီးနှင့် မဟာဗောဓိမြိုင် ဆရာတော်ကြီးပင်ဖြစ်ပါသည်။ သတ္တမမြောက်ကျော်အောင်စံထား ဆရာတော်ကြီးကို ရွှေတိဂုံစေတီရာဟုဒေါင့်ဓမ္မာရုံ၌ မကြာခဏဖူးခွင့်ရခဲ့ပါသည်။ ဆရာတော်ကြီးသည် တစ်နှစ်တစ်ခါ ရွှေတိဂုံဘုရား၌ အဓိဋ္ဌာန်ဝင်လေ့ရှိသည်။ ထိုခေတ်ကဘုရားကို အမြဲမပြတ်ရောက်လေ့ရှိမှသာ ဆရာတော်ကြီးကိုဖူးတွေ့ခွင့်ရသည်။ တွေ့တိုင်းလည်းပုတီးစိပ်နေသည်။ ပဋ္ဌာန်းပဥှာဝါရကို တပည့်အပေါင်းနှင့်ပူဇော်သည်။ ကျွန်တော်လည်းဝင်ရောက်ပူဇော်သည်။ ဆရာတော်ကြီးကိုဝတ်ဖြည့်ပူဇော်ပေးသည်။ ရံဖန်ရံခါရင်းနှီးသည့်သူများက အကူအညီတောင်း၍ ဆရာတော်ကြီးကိုပင့်၍ဆွမ်းကပ်သည်။ […]

ၾကားသိရသမွ်

ခေတ်သစ်မိန်းမပျက် (၃၅)မျိုး…

ခေတ်သစ်မိန်းမပျက် (၃၅)မျိုး ၁ ယောက်ျားမကောင်းကြောင်းကိုFb ပေါ်တွင်ချချရေးသောမိန်းမ ၂ တခြားယောက်ျားတွေကောင်းကြောင်းကိုFb ပေါ်တွင် share သောမိန်းမ ၃ အိပ်လျှင်ယောက်ျားဖက်လှည့်အိပ်ပြီးကျယ်လောင်စွာဟောက်တတ်သောမိန်းမ ၄ ညဘက်သွားတိုက်မအိပ်သောမိန်းမ ၅ယောက်ျားကိုပေါ်သမျှအလှပြင်ပစ္စည်းဝယ်ခိုင်းသောမိန်းမ ၆ညဖက်အချိန်မတော် အရပ်တကာလှည့်လည်သွားလာသောမိန်းမ ၇ တနေကုန် TV ကြည့်သောမိန်းမတနေကုန် ဖုန်းနှင့်မျက်နှာမခွာသောမိန်းမ ၈ တနေ့ပြီးတနေ့ ရောဂါတမျိုးပြီးတမျိုးဖြစ်ပြီးလင်ရှာသမျှ ဆေးကုနေရသောမိန်းမ ၉ တနေ့ ပုံ၅ပုံအထက်တင်သောမိန်းမ ၁၀ ဤပို့စ်ကိုရှဲပါ ထီပေါက်မည်ဤပုံကိုရှဲပါ ငွေဝင်မည် အရည်မရအဖက်မရပုံများကိုနေ့တိုင်းရှဲသောမိန်းမ ၁၁ ယောက်ျားမအိပ်ခင်အိပ်ပြီးယောက်ျားနောက်မှထသောမိန်းမ ၁၂ ယောက်ျားစကားပြောနေလျှင်ကြားဖြတ်ကာ လုလုပြောသောမိန်းမ ၁၃ ယောက်ျား passward များကိုအတင်းတောင်းသောမိန်းမ ၁၄ ဝနေသည်ကိုသိလျက် ဝိတ်မချသောမိန်းမ ၁၅ ပိန်နေသည်ကိုသိလျက် ဝိတ်မတင်သောမိန်းမ ၁၆ ယောက်ျားအား အပေါစားများသာဆင်သောမိန်းမ ၁၇ ယောက္ခမများအားနေ့စဉ်ဆဲရေးကျိန်းမောင်းနေသောမိန်းမ ၁၈ […]

ကြားသိရသမျှ

ဝမ်းမြောက်ဖွယ်သတင်းကောင်း!ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သေဘာတူတဲ့ ဆုံးဖြတ်ချက်

အခုလေးတင် ကြေညာတဲ့ ကုလလုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံး သေဘာတူတဲ့ ဆုံးဖြတ်ချက်ကတော့ စစ်အာဏာရှင် ဖမ်းဆီးထား သော အမေစုနဲ့ တကြ ဖမ်းဆီးထားသူ အားလုံးကို ချွင်းချက်မရှိ အလျှင်အမြန်ပြန်လွှတ်ပေးရန် ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ကောင်စီဝင် ၁၅ နိုင်ငံလုံး သဘောတူသော ဆုံးဖြတ်ချက် ကြေညာချက်မျိုးဟာ အလွန်ဖြစ်တောင့် ဖြစ်ခဲ ရှားပါးသော ဖြစ်ရပ်ဖြစ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းထားသူတွေကို ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကေရစီ စနစ် ပြန်လည် ကျင်းသုံးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့က တညီတညွတ်တည်း တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာတာ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ […]

ၾကားသိရသမွ်

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကားတား၍ ယာဉ်မောင်းကိုဓားဖြင့် ခုတ်ကာမော်တော်ယာဉ် လုပြေးမှု ဖြစ်ပွားခဲ့

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ကားတား၍ ယာဉ်မောင်းကိုဓားဖြင့် ခုတ်ကာမော်တော်ယာဉ် လုပြေးမှု ဖြစ်ပွားခဲ့ အောက်တိုဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့နေရာတွင် ယမန်နေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးမှ ကား တား၍ ယာဉ်မောင်းကို ဓားဖြင့်ခုတ်ကာ မော်တော်ယာဉ်အား လုပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ နံနက် (၇)နာရီခန့်က ဖားအံမြို့ တောင်ကလေးကျေးရွာနေ ယာဉ်မောင်း ကိုကျော်နိုင်ထွေးသည် Honda Fit ယာဉ်အား မောင်းနှင်၍ မြဝတီမြို့မှ ဖားအံသို့ အပြန် မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာအရောက်တွင် အမည်မသိ အမျိုးသားတစ်ဦးက ကားကိုတားရာ ကိုကျော်နိုင်ထွေးမှ ကားရပ်ပေးစဉ် […]

ၾကားသိရသမွ်

အမေရိကန်နိုင်ငံကို ၆လကနေ ၁၂လအတွင်း ISIS-K မှ တိုက်ခိုက်နိုင်ဟု ပင်တဂွန်ထိပ်တန်းအရာရှိ ပြောကြား

အောက်တိုဘာ ၂၈ အာဖဂန်နစ္စတန် အကြမ်းဖက် အဖွဲ့ နဲ့ဆက်နွယ်သော ISIS-K အကြမ်းဖက်အဖွဲ့သည် တစ်နှစ်အတွင်း အမေရိကန်နိုင်ငံကို တိုက်ခိုက်နိုင်တဲ့အထိ စွမ်းရည်တိုးမြင့်လာနိုင်ကြောင်းကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထိပ်တန်းအရာရှိတစ်ဦးက လွှတ်တော်အမတ်များကို အင်္ဂါနေ့တွင် ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ အထက်လွှတ်တော် လက်နက်ကိုင် ကော်မတီ ဥက္ကဋ္ဌ ဂျက်ခ်ရိဒ်မှ မူဝါဒရေးရာ ပင်တဂွန် လက်ထောက်အတွင်းဝန် ကောလင်းခါးလ် ကို ဗိုလ်ချုပ်ကြီး မာခ်မယ်လီရဲ့ လာမယ့် ၁၂လမှ ၃၆ လအတွင်း နိုင်ငံတကာအကြမ်းဖက် တိုက်ခိုက်မှု ရှိနိုင်ကြောင်း အကဲဖြတ်ချက်နဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ပါတယ်။ ပင်တဂွန်အရာရှိကောလင်းမှ ” အကဲဖြတ်မှုက ဘယ်အဖွဲ့အကြောင်းကို ကျွန်တော်တို့ ပြောနေသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ လက်ရှိမှာ ထောက်လှမ်းရေးအသိုင်းအဝိုင်းက ISIS-K နဲ့ Al Qaeda နှစ်ခုစလုံးဟာ အမေရိကန်ကို ဆန့်ကျင်ဖို့ အပါအဝင် ပြင်ပစစ်ဆင်ရေးတွေ […]

ကြားသိရသမျှ

ခိုလှုံခွင့်ပေးခဲ့တဲ့ရွာလေးရဲ့ ကထိန်ပွဲမှာ PDF ရဲဘော်တွေက ကထိန်သင်္ကန်းကပ်ကုသိုလ်ယူခဲ့

ခိုလှုံခွင့်ပေးခဲ့တဲ့ရွာလေးရဲ့ ကထိန်ပွဲမှာ PDF ရဲဘော်တွေက ကထိန်သင်္ကန်းကပ်ကုသိုလ်ယူခဲ့ ခိုလှုံခွင့်ပေးရုံမက စစ်ပညာများပါသင်ကြားပြသ‌ပေးတဲ့‌ရွာကထိန်လေးအတွက် မိခင်တပ်ရင်း PDF -TCတပ်ခွဲရုံးရဲဘော်များမှတောထဲကနေရွာအရောက် ပဒေသာပင်ကြီးထမ်းလို့ ရွာသားများနဲ့အတူ ကထိန်သင်္ကန်းကပ်ကုသိုလ်ယူခဲ့ပါတယ်။ ပဒေသာပင်ကြီးဟာ တန်ဖိုးအားဖြင့်သတ်မှတ်ရင်တော့အရမ်းအဖိုးမတန်ပေမယ့် ရဲဘော်များရဲ့ချွေးနည်းစာထဲကမှ၁၀၀-၂၀၀ အကြွေလေးတွေ စုပေါင်းပြီး စေတနာအပြည့်နဲ့လှုဒါန်းမှုဖြစ်တဲ့အတွက် အင်မတန်မှ အဖိုးတန်လှတဲ့ပဒေသပင်ကြီးလို့တော့ ကျွန်တော်ယူဆပါတယ်ခင်ဗျာ။ ကျွန်တော်တို့ဟာ ရွံရှာမုန်းတီးရမယ့်အရာကို သိရှိသလိုရိုသေကိုင်းရှိုင်းရမယ့် အရာကိုလဲ သိရှိကြပါတယ်ခင်ဗျာ။ ဒီနေ့တော့ သီတင်းကျွတ်မုန့်ဖိုးလေးထဲကမှကျွန်တော်နဲ့အတူပြည်သူများ ကုသိုလ်အတူရနိုင်စေရန်သံဃာ(၂)ပါးစာ အတွက် သင်္ကန်း၊၀တ္ထုငွေအအေး တို့ကိုကိုယ်တိုင် ကပ်လှူပူဇော်ခဲ့ပါတယ်ခင်ဗျာ။ ဒီရက်ပိုင်း Ban ခံထိထားလို့ ခနပျောက်တာဖြစ်ပါတယ်။သေနတ်ကြီးတကားကားနဲ့ပုံတွေ ခနရပ်နားပြီးကောင်းမှုလုပ်နေတာလေးတင်ပါအုံးမယ်ခင်ဗျာ။ အရမ်းပင်ပန်းပေမယ့် ရွာဓလေ့ကို ကထိန်ကိုတစ်ရက်တာလုံး အပြည့်အ၀ ကုသိုလ်ယူခွင့် ရခဲ့ပါတယ်။ ယနေ့ရရှိတဲ့ကုသိုလ် အ၀၀ကို ကျွန်တော်နဲ့ထပ်တူမြန်မာနိုင်ငံတွင်းနေထိုင်သူအားလုံး ထပ်တူထပ်မျှကုသိုလ်ရကြပါစေ လို့ ဆုတောင်းပေးပါတယ် unicode ခိုလှုံခွင့်ပေးခဲ့တဲ့ရွာလေးရဲ့ ကထိန်ပွဲမှာ PDF […]

ၾကားသိရသမွ်

ယုတ်မာတဲ့စိတ်နဲ့လူတစ်ချို့ကြောင့် စိတ်သောကရောက်နေရတဲ့ မင်းသမီးကြီးသိင်္ဂီထွန်း

ယုတ်မာတဲ့စိတ်နဲ့လူတစ်ချို့ကြောင့် စိတ်သောကရောက်နေရတဲ့ မင်းသမီးကြီးသိင်္ဂီထွန်း တစ်ချိန် video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်ကတည်းက အမေခန်းတွေ မှာ ပီပြင်တဲ့ကာရိုက်တာတွေကြောင့် ပရိသတ်တွေသတိထားအားပေးခဲ့တာကတော့ သရုပ်ဆောင် သိင်္ဂီထွန်း ပဲဖြစ်ပါတယ်။Video ဇာတ်ကားတိုင်း ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်းမှာအမြဲလိုလိုတွေ့ရတာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း MRTV-4ဇာတ်လမ်းတွဲလေးတွေမှာပါဝင်သရုပ်ဆောင်ရတာဖြစ်ပါတယ်။သူမဟာအသက်အရွယ်လည်းရပြီဖြစ်တာကြောင့် နောက်ပိုင်းမှာ ဘုရားတရားလေးတွေနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာပါ။ခုမှာတော့ အနုပညာအလုပ်တွေကြိုးစားခဲ့ရင်း နစ်ခြားစိီးပွားရေးတွေပါလုပ်ဖို့စီစဉ်ရင်းနဲ့ အလိမ်ခံလိုက်ရတာဖြစ်ပါတယ်။ ဒါကြောင့်သူမအလိမ်ခံရတဲ့ ဖြစ်စဉ်ကို လူမှုကွန်ရကနေပြီးတော့ “လုပ်ငန်းလုပ်ချင်လို့ပါယုံကြည်ပါဆိုပြီးသူများငွေယူပြီး၂နှစ်ပြည့်ပြီ.၎င်းတို့တစ်ဆွေတစ်မျိုးလုံးသိတယ်.အမတွေ ရဲ့ ငွေကိုပါကိုယ်ကအာမခံပေးလိုက်တာ.အစနကိုပျောက်ရော..သူများငွေတွေကိုတော့ ကျွန်မဂုဏ်သိက္ခာတန်ဖိုးထားသူမို့ ကတိတရားနဲ့နေသူမို့..ဘဏ်ကသိန်းတစ်ထောင်ကို၆၅သိန်းနှုန်းပေးထုတ်ရ.ရွှေတွေရောင်းပြီးဆပ်ပေးလိုက်ရတယ်..ချော့တယ်အောက်ကျခံတယ်. သူတို့ကိုသူတို့တော့သူဌေးကြီးပေါ့..ကိုယ့်စည်းစိမ်တွေက သူ့လင်ကကျမလင်မို့လို့လား ကျမကိုရှာပေးထားတယ်မှတ်နေလားဘဲ…ခုတော့ လုပ်ချင်သလိုလုပ်ဆိုတော့လဲ”ဆိုပြီးရေးသားခဲ့တာပါ။ပရိသတ်တွေလည်း လူလိမ်တွေများလာတဲ့ခေတ်မှာ ဂရုစိုက်ဖို့မှာကြားရင်းနဲ့ ငွေတွေပြန်ရဖို့ သိင်္ဂီထွန်းအတွက်ဆုတောင်းပေးကြပါဦးနော်။ crd: ယုတ်မာတဲ့စိတ်နဲ့လူတစ်ချို့ကြောင့် စိတ်သောကရောက်နေရတဲ့ မင်းသမီးကြီးသိင်္ဂီထွန်း တစ်ချိန် video ဇာတ်ကားတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေခေတ်ကတည်းက အမေခန်းတွေ မှာ ပီပြင်တဲ့ကာရိုက်တာတွေကြောင့် ပရိသတ်တွေသတိထားအားပေးခဲ့တာကတော့ သရုပ်ဆောင် သိင်္ဂီထွန်း ပဲဖြစ်ပါတယ်။Video […]

ကြားသိရသမျှ

အကြီးဆုံး၊ အလတ်၊ အယ်ဆုံးနဲ့ တစ်ဦးတည်းသောသမီးလေးတွေအကြောင်း

ကျွန်မက အိမ်မှာ အကြီးဆုံးသမီး …အမကြီး အမိရာဆိုတဲ့ စကားလိုပါပဲ … အကြီးဆုံးကျွန်မ အိမ်ရဲ့တစ်ထောင့်တစ်နေရာကနေ ပုခုံထမ်းယူရတယ် ။အမေနဲ့အတူ ကူလဲကူတယ် ပူလဲပူပေးရတယ် ။ ငါ့သမီးကြီးလေးက အမေ့အတွက် အားပဲဆိုတဲ့ စကားတွေဟာကျွန်မအတွက်တော့ အမောတွေ ပြေရတယ် ။ အကြီးဆုံးသမီးတဲ့ … အချစ်တွေ ပိုပြီးရခဲ့လိမ့်မယ်လို့တော့မထင်စေချင်ဘူး ။ ကိုယ်လိုအပ်တာ ကိုယ်လိုချင်တာတွေအတွက် ကိုယ့်ခြေကိုယ့်လက်နဲ့ပဲ ကြိုးစားယူခဲ့ရသလို … ကိုယ့်မိသားစုအတွက် ကိုယ်လိုချင်တာတွေကိုလဲမျက်ကွယ်ပြုခဲ့ရတယ် ။ အငယ်တွေရဲ့ စံပြဖြစ်အောင်ဆိုပြီး နာနာဖွတ်ခံခဲ့ရတာ အိမ်က အကြီးမပေါ့ ။ အငယ်တွေ အသုံးမကျတဲ့အခါ ကို်ယ်က အမြဲပါရတယ် ။ ပူဆာတာတွေ . ကြင်နာတာတွေ ဂရုစိုက်ခံရတာတွေက ကိုယ်နဲ့ လားလားမှ မဆိုင်သလိုပါပဲ။ အိပ်မက်တွေ ရှိပေမယ့် အဲ့ဒီအိပ်မက်တွေအစား […]