တခါတုန်းက လူတစ်ယောက်ဟာ သူငယ်စဉ် ကတည်းက ပိုက်ဆံကို မစားရက် မသောက်ရက် စုဆောင်းတယ်။ အသက် ၄၀ ပြည့်တဲ့အခါ သူ့လက်ထဲမှာ ဒေါ်လာ တစ်သန်း စုမိနေပြီ။ သူ နှစ်ပေါင်းများစွာ ကြိတ်ပြီး ကြိုက်နေတဲ့ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ခွင့် တောင်းလိုက်တယ်။ အမျိုးသမီးက လည်း သဘောတူလို့ မနက်ဖြန်မှာ လက်ထပ်ကြတော့မယ်။ တစ်သက်လုံး စုဆောင်းလာခဲ့တဲ့ ပိုက်ဆံနဲ့ သူ့ဘဝကို ပျော်ရွှင်စွာ နေသွားတော့မယ် ဆိုပြီး သူဟာ အရမ်း ပျော်ရွှင်နေတယ်။ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေလို့ ညနက်မှ အိပ်ပျော်သွားခဲ့တယ်။ သူဟာ အိပ်နေရင်းကနေ လန့်နိုးလာတယ်။ အနက်ရောင် ဝတ်စုံရှည်ကြီး ရုံထားပြီး ခေါင်မြီးခြုံထားတဲ့ လူတစ်ယောက်ဟာ သူအိပ်နေတဲ့ ကုတင်နားမှာ လာရပ်နေတာကို ပြတင်းပေါက်က ဝင်လာတဲ့ […]
ဗဟုသုတ
အားနည်းချက်ရှိရင် မအောင်မြင်နိုင်ဘူးလား
အားနည်းချက်ရှိရင် မအောင်မြင်နိုင်ဘူးလား ” ငါ့မှာက သူများတွေလို အင်္ဂလိပ်စာလည်း မတတ်ဘူး၊ ဘွဲ့ဆိုလည်း မရခဲ့ဘူး၊ ဒီတစ်သတ်တော့ အောင်မြင်မယ် မထင်တော့ ပါဘူးကွာ ” ဆိုပြီး သူငယ်ချင်း တစ်ယောက်က သူ့ အားနည်းချက် တွေကို ရင်ဖွင့်လာ ပါတယ်။ အင်္ဂလိပ်စာ မတတ်တိုင်း၊ ဘွဲ့မရတိုင်း ဘဝမှာ လူချမ်းသာ တစ်ယောက် မဖြစ်နိုင်တော့ ဘူးလားဗျာ။ ဒီနေ့ ခေတ်မှာ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ အောင်မြင် နေတဲ့ လူတွေ အများကြီး ရှိသလို ဘွဲ့မရ ဘဲနဲ့ (ဘီလ်ဂိတ် တို့လို မက်ခ်ဇူကာဘတ် တို့လို ) ချမ်းသာ နေတဲ့ သူတွေလည်း တစ်ပုံတစ်ပင် ပါပဲ။ ကဲ.. ဒါဆို ဥပမာ တစ်ခု […]
ယုံကြည်မှုတွေကို မသတ်ပါနဲ့
ဆံပင်ညှပ်ဆိုင် တစ်ဆိုင်တွင် ဆံပင် ညှပ်သူများ နှင့် စည်ကားနေ၏။ ဆံပင်ညှပ်ဆရာ တစ်ယောက်မှ လွဲပြီး ကျန်ဆံသဆရာ အားလုံးမှာ ဆံသ ပေးနေကြ လေသည်။ ထို ဆံသဆရာ လူငယ်လေး တစ်ဦးသည် စိတ်လှုပ်ရှားခြင်း များစွာဖြင့် ဆံပင် လာညှပ်မည့် ဧည့်သည်ကို မျှော်နေ သည် ။ ဆိုင်ပိုင်ရှင်က ယနေ့မှ စကာ သူ့ကို ဆံသခွင့် ပေးလိုက်သည် ။ သူသည် ထိုဆိုင်တွင် အောက်ခြေ သိမ်း အလုပ်များနှင့် ခေါင်းလျှော်သည့် အလုပ်တွေ ၂ နှစ် လုပ်ရင်း ဆံပင်ညှပ် ပညာကို သင်ယူ ခဲ့ရပြီး.. ယနေ့သည် သူ၏ ပထမဆုံးသော ဧည့်သည်ကို ဆံသပေးရမည့် နေ့တနေ့ ဖြစ်နေ လေသည်။ […]
ကိုယ်ဝန်သည် သမင်မကြီးကပေးတဲ့ သင်ခန်းစာ
တစ်ခါက သမင်မကြီးဟာ ကိုယ်ဝန် အရင့်အမာနဲ့ မွေးခါနီး ၊ ဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်ချ လိုက်တယ်။ ကလေး မွေးတော့မယ့် ဆဲဆဲ အချိန်မှာ မိုးသည်းထန်စွာ ရွာချတယ် ။ မိုးနဲ့အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တခွင်ဟာ ကြောက်စရာ ကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေ လက်နေတယ်။ မုန်တိုင်းကြောင့် မြစ်ရေပြင် ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်းလာတယ် ။ အဲ့ဒီအချိန်မှာပဲ ယာတောထဲကို မိုးကြိုးပစ်ချ လိုက်တဲ့ အခါ ယာတောခင်းကြီး ဟာလည်း မီးထ လောင်တယ် ။ သမင်မကြီးရဲ့ အနောက်ဘက် မှာတော့ မုဆိုးတယောက်ဟာ မြှားနဲ့ ပစ်ဖို့ ချိန်ထားတယ် ။ အရှေ့မှာလည်း ကျားတကောင်ဟာ […]
သင်သတိမပြုမိတဲ့ သင့်ကို ဒုက္ခအကြီးအကျယ် ရောက်စေနိုင်တဲ့ အမူအကျင့်များ
ကမ္ဘာကြီးဟာ တိုးတက်ပြောင်းလဲ လာတာနဲ့အမျှ ဆေးဝါးတွေ၊ အစားအသောက်တွေကလည်း လူတွေရဲ့ စိတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အများစုကတော့ကျန်းမာရေးကို အထောက်အကူ ဖြစ်စေတဲ့ အရာမျိုးပဲ ဖြစ်ပါတယ်။ ဒီလိုကျန်းမာရေးကို အထောက်အကူ ပြုတဲ့ အလေ့အကျင့်ကောင်းတွေဟာလည်း နေ့စဉ်နဲ့အမျှ ဒါဇင်လိုက်ကို တိုးတက်လာနေပါတယ်။ ဒါတွေကို မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုလိုက်ရင်တော့ သင့်ကျန်းမာရေးပဲ ထိခိုက်မှာဖြစ်ပါတယ်။ ၉။ နေရောင်ခံခရင်မ်ကို နေ့တိုင်းလိမ်းခြင်း အရင်တုန်းက လူတွေက အားလပ်ရက်တွေမှာသာ sunscreen ကို သုံးခဲ့ကြပေမယ့် ဒီနေ့တွေမှာတော့ ခဏလောက် အပြင်မထွက်ခင်တောင် ဒါကို သုံးလာကြပါပြီ။ ၂၀၁၉ ခုနှစ်တုန်းက FDA ဟာ အရေပြားလိမ်းတဲ့ ခရင်မ်တွေမှာ ဓာတုဆေးဝါးတွေ အလွန်အကျွံ သုံးလာတာကို သတိပေးခဲ့ကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဒီလိုခရင်မ် အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းကို ထုတ်ခဲ့ပါတယ်။ […]
ချီးပုံပြင်
ချီးပုံပြင်အကြောင်း ဆိုတော့ နည်းနည်းတော့ ထူးဆန်းနေမယ်။ တခါတုန်းက ဘုရင်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးမှာ အရမ်းကိုလှပချောမောတဲ့ သမီးတော်တစ်ပါး ရှိတယ်။ အဲဒီ ဘုရင်ကြီးဟာ ကျန်တဲ့ သားသမီးတွေ ထပ်ပီး မထွန်းကားဘူး။ ဒီတော့ ဘုရင်က အနာဂါတ်ကို ကြိုတွေးပီး စဉ်းစားတယ်။ သမီးလေးကို ယောကျ်ားကောင်းတစ်ယောက် ပေးစားချင်တယ် ။ ဘုရင်ဆိုတာက ပိုက်ဆံ ရှိပြီးသား ။ စည်းစိမ်လည်း ရှိပြီးသား။ အဲ့ဒီတော့ သူက သူ့သမီးနဲ့ ပေးစားမယ့် ယောကျ်ား ၊ သူ့သားမတ်ကို သူဌေး မလိုချင်ဘူး။ ပညာရှိပဲ လိုချင် တယ်။ အဲဒီတော့ ပညာရှိကို ရှာမယ် ဆိုပြီး သူ့မှာ စိတ်ကူးရှိတဲ့ အတိုင်း မောင်းကြေးနန်းလည် ခတ်စေတယ် ။ […]
“ချွေးမလုပ်သူတွေ ယောက္ခမ သဘောကျတဲ့သူ ဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေသိထားရမယ်”
“ချွေးမလုပ်သူတွေ ယောက္ခမ သဘောကျတဲ့သူ ဖြစ်ချင်တယ်ဆိုရင် ဒီအချက်တွေသိထားရမယ်” ကိုယ်နဲ့ယောက္ခမက အတူတူနေလို့ပဲဖြစ်ဖြစ်၊ မနေလို့ဘဲဖြစ်ဖြစ် မပြေလည်ကြရင်ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရောစိတ်ညစ်ရပါတယ်။ လူတွေမှာ လိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာကပိုများပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ဘယ်လိုစကားတွေကို အဓိကထားပြောရမလဲဆိုတာကိုပရိသတ်ကြီး အတွက်ဝေမျှပေး လိုက်ပါတယ်။ ယောက္ခမနဲ့ အဆင်ပြေကြပါစေ။ ၁။ မေမေက ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ကိုပြောပြော အပြောခံရတဲ့ သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောင်္ကျားပြောပြော မိန်းမပြောပြော အားလုံးက ကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့ မယ်ဆိုရင်တော့အရမ်းကြီး အကဲမပိုဖို့လိုပါတယ်။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ အမေရယ် အမေ့ကိုဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင်အိုတဲ့ […]
အိပ်မပျော်သော ညတစ်ည
တခါတုန်းက ပျော်ပျော်နေတတ်ပြီး သဘောလည်း အရမ်းကောင်းတဲ့ အဘိုးအို တစ်ယောက် ရှိတယ် ။ အဲဒီအဘိုးအိုဟာ အပူအပင် ကင်းတာကြောင့် ညညဆို ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့ တပြိုင်နက် အိပ်ပျော်လေ့ ရှိပါတယ်။ နောက်တခုက အဖိုးအိုမှာ အင်မတန် ရှည်လျားတဲ့ အဖြူရောင် မုတ်ဆိတ်လည်း ရှိပါသတဲ့ ။ အာရပ် အဖိုးဟာ အဲဒီကိစ္စ နှစ်ခုလုံးကို သူ့ကိုယ်သူ ဂုဏ်ယူနေလေ့ ရှိတယ် ။ သူ့နဲ့ စကားစမြည် ပြောသမျှ လူတိုင်းကိုလည်း သူ့မုတ်ဆိတ် အကြောင်းနဲ့ သူ့ရဲ့ ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိတာနဲ့ အိပ်ပျော်လေ့ ရှိတဲ့ အကြောင်းကိုလည်း အလွန်အမင်း ကြွားဝါပြီး ပြောလေ့ ရှိပါတယ် ။ တနေ့မှာတော့ သူ့ရဲ့ သုံးနှစ်သား မြေးကလေးက […]
ကြက်မကြီးပြောတဲ့စကား
ကြက်မကြီးကို ကြက်ကလေးက မေးတယ် ။ ” မေမေ .. ဒီနေ့ ဥ မဥလို့ ရလား.. သားတို့ အပြင်ထွက် လျှောက်လည်ကြ မယ်လေ.. ” ကြက်မကြီးက ” မရဘူးသား၊ မေမေ့ အလုပ် ရှိသေးတယ် ” ” ဒါပေမယ့် မေမေ အများကြီး ဥခဲ့ ပြီးပြီ လေ ” လို့ ကြက်ကလေးက ပြန်ပြောတယ် ။ ကြက်မကြီးက လေးလေး နက်နက် အသံနဲ့ ကြက်ကလေးကို ပြန်ပြောတယ် ။ ” အမေ.. တစ်နေ့ ဥတစ်လုံး ဥမှ လယ်သမားကြီးရဲ့ဟင်းခွက်ထဲ မရောက်မှာ.. ” ” ကလေး.. နင် မှတ်ထား.. အသက်ရှင် […]
ဘဝမေ့နေသောသူ
တစ်ခါတုန်းက ရွာတစ်ရွာတွင် အလွန်အင်မတန် ချောမော လှပသော မဗျိုင်း ဆိုသည့် သူဆင်းရဲ မိန်းမပျိုကလေး တစ်ယောက် ရှိလေ၏ ။ မဗျိုင်းကား ရုပ်ရည် ချောမော သော်ငြား ဘဝကံ အကျိုးပေးက မကောင်းရှာ ။ ဝမ်းရေး အတွက် ဆီးသီး ရောင်းစား နေရရှာ သဖြင့် သူ့ကို ဆီးသီးသည် မဗျိုင်းဟု ခေါ်ကြ လေ၏ ။ တစ်နေ့တော့ တိုင်းခန်း လှည့်လည်လာသည့် ဘုရင်ကြီးက ဆီးသီး လည်ရောင်းနေသော မဗျိုင်းကို တွေ့မြင်သွားပြီး ” အကာလိကော ကာလိကော ” လင် ရှိမရှိ မေး၏ ။ လင်မရှိသူ ၊ အပျိုမှန်း သိလေသော အခါ မဗျိုင်းကို မိဖုရား […]









