ချစ်သူဖြစ်ကာစ စုံတွဲအများစုဟာ ချစ်စခင်စမို့ ပျော်ရွှင်စရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ် … ။ တကယ်လို့ လက်ရှိချစ်သူကို တစ်သက်စာလက်တွဲဖို့ စဉ်းစားထားတယ်ဆို သူ့ကိုဒီမေးခွန်းလေးတွေမေးကြည့်ပါ .. ။ ၁။ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲတာလေးတွေ ဘယ်လိုညှိယူမလဲ မတူညီတဲ့နယ်ပယ်ဒေသ၊ အသိုင်းအဝိုင်းက လူနှစ်ဦးချစ်ကြိုက်ပြီဆို သဘာထားကွဲလွဲတာမျိုး အမြင်မတူတာမျိုးရှိစမြဲပါ။ အဓိကကတော့ သူ့သဘောထားကို လေးလေးစားစား နားလည်ပေးဖို့ နဲ့ ကိုယ့်အမြင်ကိုလည်း သူ့ကိုပွင့်ပွင့်လင်းလင်းပြောပြပြီး ညှိနှိုင်းယူပြီသင့်ပါတယ်။ ၂။ အနာဂတ်မျှော်မှန်းချက်က ဘာဖြစ်မလဲ နှစ်ဦးသား လက်တွဲဖြစ်ကြရင် ဘာကိုမျှော်လင့်လဲလို့မေးရမှာပါ။ အခုချိန်မှာအဆင်ပြေနေပေမဲ့ ငွေရေးကြေးရေး၊ လူမှုရေးစသဖြင့် ကိုယ့်ဘက်ကအကြောင်းအမျိုးမျိုးကြောင့်ပျက်ကွက်ခဲ့ရင် သူ့ဘက်က ဘယ်လိုရပ်တည် ဖြေရှင်းမလဲဆိုတာမျိုးပါ။ နှစ်ဦးကြားမှာရှိတဲ့ အခက်အခဲ၊ လူမှုဆက်ဆံရေးအခြေအနေကို သူဘက်က နားလည်ပေးနိုင်ပါ့မလားဆိုတာပေါ့။ ဒါဟာအရေး ကြီးတဲ့အချက်လည်းဖြစ်ပါတယ်။ ၃။ ပိုင်ဆိုင်မှု ဘယ်လောက်ရှိလဲ ပိုင်ဆိုင်မှုလို့ဆိုလိုက်တာနဲ့ […]
အချစ်နှင့်ဘဝ
အရူးအမူး ချစ်မိသွားစေဖို့ ဆွဲဆောင်တတ်လွန်းတဲ့ ကောင်လေးတွေရဲ့ လျို့ဝှက်ချက်
အရူးအမူး ချစ်မိသွားစေဖို့ ဆွဲဆောင်တတ်လွန်းတဲ့ ကောင်လေးတွေရဲ့ လျို့ဝှက်ချက် ဘယ်လောက်ပဲ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးဖြစ်နေပါစေ ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေမှာ ကျရှုံးသွားစေပါတယ်နော်။ ယောကျာ်းလေးတစ်ယောက်ရဲ့ ဒီအချက်လေးတွေက မိန်းကလေးတစ်ယောက်ကို မချစ်ပဲမနေနိုင်လောက်အောင် ဆွဲဆောင်အားပြင်းလွန်းပါတယ်နော်။ ကဲ ဘယ်လိုအချက်တွေက မိန်းကလေးတစ်ယောက်ကို မြန်မြန်ဆန်ဆန် အချစ်မှာ ပြိုလဲသွားစေလဲဆိုတာ ကြည့်လိုက်ရအောင်။ ဘဝထဲကို ပျော်ရွှင်ခြင်းတွေ ယူလာပေးတဲ့သူ မိန်းကလေးတွေက သူတို့ရဲ့ ဘဝထဲကို ပျော်ရွှင်စရာတွေ ယူဆောင်လာပေးတတ်တဲ့ သူမျိုးကို ပိုသတိထားမိတတ်ကြပါတယ်။ သူနဲ့ အတူရှိနေရင် ပျော်ရွှင်မှုကို ခံစားရတဲ့ ကောင်လေးမျိုး၊သူတို့စိတ်ညစ်နေတဲ့အချိန်မှာ ပြုံးရယ်လာအောင် ပြုလုပ်ပေးတဲ့ ယောကျာ်းလေးမျိုးကို ပိုတွယ်ငြိမိတတ်ကြသူတွေပါ။ ဒါကြောင့်ပဲ မိန်းကလေးတွေက ပျော်ပျော်နေတတ်တဲ့ ယောကျာ်းလေးတွေကို ပိုရွေးချယ်တတ်ကြတာ ဖြစ်ပါတယ်။ ကြင်နာတတ်တဲ့ သူမိန်းကလေးအများစုက သူတို့အပေါ် ကြင်နာပေးတတ်တဲ့ သူမျိုးကို ပိုသဘောကျတတ်ကြပါတယ်။ လူတိုင်းကတော့ […]
ချစ်သူသက်တမ်းလေးနှစ်မှာ သိန်းသုံးဆယ်စုမိခဲ့သော ချစ်သူနှစ်ဦးရဲ့ဘဏ်စာအုပ်လေး
ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံ စုရအောင်လို့ စပြီးတိုင် ပင်ဖြစ်ကြတယ် အဲ့ဒါနဲ့ စုမယ်ဆိုပြီး ငွေစစုဖြစ်သွား တာပေါ့ တစ်လတစ်ခါ ဘဏ်ထဲငွေထည့် မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ကိုယ်ကတော့ လခစား ဝန်ထမ်း ဆိုတော့ အများကြီး မစုနိုင်ဘူး (၃ပုံ၁ပုံလောက်ပေါ့) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ KBZ_Call_Deposits_account လုပ်ထား လိုက်တယ် အဆင်ပြေ တဲ့လူ သွားလို့ ရအောင်ပေါ့ အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ် ဘဏ်စာအုပ်လေး […]
လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ကောင်လေးတွေ ဘာကြောင့် အရူးအမူးဖြစ်တာလဲ
ယောကျာ်းလေးတော်တော်များများက လိုက်ရခက်တဲ့ မိန်းကလေးတွေ၊ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ပိုအသည်းအသန် လိုချင်တတ်ကြပါတယ်နော်။ တကယ်တော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ပိုစိတ်ဝင်စားစရာ ကောင်းလို့ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေက တစ်ခြားမိန်းကလေးတွေနဲ့ မတူညီတာတော့ အမှန်ပါပဲနော်။ သူတို့တွေက ယောကျာ်းလေးတွေအပေါ် ခပ်တည်တည်ဆက်ဆံတတ်သလို မာနလည်း အနည်းငယ် ကြီးတတ်ကြသူတွေပါ။ ဒီအချက်ကပဲ ယောကျာ်းလေးတွေကို ပိုစိတ်ဝင်စားစေတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။ ပိုတန်ဖိုးကြီးတယ်လို့ ထင်ရလို့ လူတွေရဲ့ သဘာဝက လွယ်လွယ်ရတဲ့အရာတိုင်းကို ဈေးပေါတယ်လို့ ထင်တတ်ကြပြီး ခက်ခဲလေလေ ပိုတန်ဖိုးရှိလေလို့ သတ်မှတ်တတ်ကြတာပါ။ ဒီတော့ ကိုယ့်ကိုယ် ငြင်းလေလေ ပိုစိတ်ဝင်စားလေလေ ဖြစ်ပြီး ပိုလည်း တန်ဖိုးထားရယူချင်တတ်ကြတာ ဖြစ်ပါတယ်။ ခက်ခဲလေ ပိုရယူချင်လေ ယောကျာ်းလေးတွေရဲ့ ပင်ကိုယ်ဗီဇအရ တိုက်ခိုက်အနိုင်ရယူချင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ […]
ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပြီဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ
ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေကြပြီဆိုတာကို ပြနေတဲ့ လက္ခဏာရပ်များ ချစ်တဲ့စိတ်ကြောင့် ချစ်သူတွေ ဖြစ်ခဲ့ကြပေမယ့်လည်း ရေရှည်လက်တွဲသွားရဖို့ဆိုတာ မသေချာပါဘူး။ ရေရှည်လက်တွဲသွားရဖို့ဆိုတာ နှစ်ယောက်လုံးက ဒီအချစ်ရေး တည်မြဲဖို့ ဘယ်လောက် အားထုတ်ကြလဲဆိုတာမှာ မူတည်နေပါတယ်။ ဒီလိုမျိုး တည်မြဲတဲ့ အချစ်ရေး ရနေတဲ့သူတွေကတော့ နှစ်ကိုယ့်တစ်စိတ်လို့တောင် ပြောလို့ ရပါတယ်။ ဒီလိုမျိုး ကိုယ့်ချစ်သူနဲ့ ကိုယ်က နှစ်ကိုယ့်တစ်စိတ် ဖြစ်နေသလားဆိုတာကိုတော့ ဒီအချက်တွေကို ကြည့်ပြီး ဆန်းစစ်နိုင်ပါတယ်။ (၁) မရှက်တော့ဘူး ရင်ခုန်စအရွယ်မှာ ကိုယ့်ချစ်ရတဲ့သူရှေ့မှာ စတိုင်မကျနေရင် ရှက်တာမျိုး၊ အပြုအမူ မှားသွားတာနဲ့ ရှက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ ချစ်မိသွားလို့ အချစ်ရေးက တည်မြဲလာတဲ့အခါမှာတော့ တစ်ယောက်ကို တစ်ယောက် ရှက်တာမျိုးတွေ မရှိတော့ပါဘူး။ အိမ်နေရင်း အင်္ကျီနဲ့ တွေ့ကြလည်း အဆင်ပြေသလို […]
ချစ်ရသူနဲ့ အမြဲမခွဲ လက်တွဲသွားချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာပါ
ချစ်ရသူနဲ့ အမြဲမခွဲ လက်တွဲသွားချင်တယ်ဆိုရင် ဒီအချက် (၅) ချက်ကို လိုက်နာပါ ကိုယ့်ချစ်ရသူနဲ့ တစ်သက်လုံး လက်တွဲပြီး ဘ၀ခရီးလမ်းကို အတူလျှောက်လှမ်းချင်ပါသလား။ နှစ်ဦးသား လိုက်နာရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒီအချက်လေးတွေက သင်တို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ပိုနားလည်လာအောင်၊ သံယောဇဉ်ပိုရှိလာအောင် ကူညီပံ့ပိုးပေးနိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။ ၁။ ဖြေးဖြေးချင်း ရှေ့ဆက်ပါ။ စိတ်မြန်၊ လက်မြန် ဘယ်အရာကိုမှ မလုပ်မိပါစေနဲ့။တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင် ကြိုးစားဖို့ဆို ဘယ်အရာကိုမှ အလျှင်စလို လုပ်စရာမလိုပါဘူး။ တစ်ဆင့်ချင်းသွားပါ။ အတူနေဖို့၊ ချစ်တင်းနှီးနှောဖို့ ကိစ္စတွေကအစ ရည်းစားဖြစ်ပြီးပြီးချင်း လုပ်ဆောင်သင့်တဲ့အရာတွေ မဟုတ်ပါဘူး။ အားလုံးကို တစ်ဆင့်ချင်း လုပ်ဆောင်သွားပါ။ အချိန်ယူပါ။ ၂။ သင်လိုအပ်တာက ဘာဆိုတာ ပြောပြပါ။ နှစ်ဦးသား နှစ်ရှည်လများ လက်တွဲသွားကြဖို့ဆိုရင် တစ်ယောက် လိုအပ်ချက်ကို […]
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်းခွဲရအောင်ဆိုတဲ့ စကားကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊ နေပြတတ်ကြပါတယ်။ နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲချင်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..? ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လုပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့… (၁)အေးစက်လာတာ.. ဒါကတော့ […]
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့် အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် […]
သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ
သည်းသည်းလှုပ် ချစ်မပြတတ်ပေမယ့် သင့်ကို အရမ်းတန်ဖိုးထားတဲ့ ချစ်သူဆိုတာဒီလိုပါ ကံကောင်းတဲ့ မိန်းကလေးဆိုတာ ချစ်သူ၊ လက်တွဲဖော်၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းနဲ့အတူ တန်ဖိုးထားခြင်းကို ခံရတဲ့သူပါပဲ။ တစ်ချို့ယောက်ျားလေးတွေက သည်းသည်းလှုပ်တော့ ချစ်မပြတတ်ပေမယ့် တကယ်တန်ဖိုးထားတယ်ဆိုတာ သူတို့ရဲ့အပြုအမူကနေတစ်ဆင့် သိလို့ရပါတယ်။ သင့်ချစ်သူဟာ ဒီအချက်လေးတွေနဲ့ ကိုက်ညီနေတယ်ဆိုရင်တော့ သင်အရမ်းကံကောင်းပါတယ်။ (၁) သင့်အကြိုက်လိုက်တယ် ယောက်ျားလေး တော်တော်များများက သူတို့ပဲဆုံးဖြတ်၊ သူတို့ပဲဆုံးဖြတ်ချင်တာပါ။ ဒါပေမယ့် သင့်ချစ်သူကတော့ သင့်ကိုအလိုလိုက်တယ်၊ သင့်ဆန္ဒတွေကို လိုက်လျောပေးတယ်၊ သင့်အလိုကျ လိုက်လုပ်ပေးတယ်ဆိုရင်တော့ သင့်ကိုအရမ်းတန်ဖိုးထားလို့ပါ။ သင်ပျော်ရွှင်ဖို့က သူ့အတွက် အရေးကြီးဆုံးဖြစ်သလို၊ သင်ပျော်နေရင် သူလည်းပျော်တာကြောင့် သင့်အကြိုက်တွေကို အမြဲလိုက်ပေးနေမယ့်သူပါ။ (၂) ဖြည့်ဆည်းပေးတယ် သင့်ချစ်သူဟာ သူများတွေလို ကဗျာဆန်ချင်မှဆန်မယ် ဒါပေမယ့် သင့်အတွက် အမြဲတမ်းစဉ်းစားပေးတတ်တဲ့သူပါ။ သင်ကြိုက်တတ်တဲ့ မုန့်လေးတွေဝယ်လာပေးတာမျိုး၊ သင်လိုအပ်နေတဲ့ […]
သင့်ချစ်သူက သင့်ကို အရမ်းလွမ်းနေမှန်း သိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး
သင့်ချစ်သူက သင့်ကို အရမ်းလွမ်းနေမှန်း သိနိုင်မယ့် ထူးထူးခြားခြား လက္ခဏာ (၃) မျိုး အချစ်မှာ ထူးဆန်းတဲ့ မှော်စွမ်းအင်ရှိတယ်လို့ လူတစ်ချို့ကပြောကြပါတယ်။ ချစ်တဲ့စိတ်နဲ့ တစ်စုံတစ်ယောက်က ကိုယ့်ကိုလွမ်းတဲ့အခါ သူတို့ကိုယ်တိုင်က ဖွင့်မပြောရင်တောင် သဘာဝတရားကြီးက သူတို့အစား ပြောပေးတတ်ပါတယ် လူတစ်ယောက်က သင့်ကို ဖွင့်မပြောပဲ တိတ်တိတ်လေးအရမ်းလွမ်းနေတယ်ဆိုတာကို သိနိုင်မယ့်လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁)အိပ်မက်မက်တယ် အိပ်မက်ဆိုတာ စိတ်ဝိညာဉ်မှာဖြစ်နေတဲ့ အရာတစ်ခုပါ တစ်စုံတစ်ယောက်ရဲ့အကြောင်းကို မပြောမိ၊ မတွေးမိပေမယ့် အိပ်မက်ထဲမှာ သူ့ကို တွေ့တယ်ဆိုရင်တော့ သင့်ကို သူအရမ်းလွမ်းပြီး သတိရနေလို့ပါ သင့်အကြောင်းကို ထပ်ခါထပ်ခါတွေးလွန်းပြီး သူ့ရဲ့စိတ်က သင့်အနားမှာပဲ တဝဲလည်လည်ဖြစ်နေလို့ပဲဖြစ်ပါတယ် (၂)မထင်မှတ်ပဲတွေ့တယ် သင့်ကို တစ်စုံတစ်ယောက်က အရမ်းလွမ်းတဲ့အခါ မမျှော်လင့်ပဲ သူနဲ့ဆုံတာမျိုး၊ မချိန်းထားပဲနဲ့ တစ်နေရာတည်းကို အတူတူရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ် သင့်ဖက်ကတိုက်ဆိုင်မှုလို့ […]









