အခ်စ္နွင့္ဘဝ

သင့်ရဲ့ချစ်သူကို ဆွဲဆောင်နိုင်တဲ့အချက်လေးများ

သင့်ရဲ့ချစ်သူက ဘာကြောင့်သင့်ကို အရမ်းချစ်တယ်ဆိုတာကို သင်အံ့သြဖူးပါသလား။ သင့်ရဲ့ပုဂ္ဂိုလိရေးဆိုင်ရာ ရှုထောင့်အမြင်ကနေ ဘယ်လိုအရာတွေကနေ သူ့ကိုဆွဲဆောင်နိုင်တာလဲ။ ဒါပေမဲ့ လူတစ်ယောက်ကို တစ်ကြိမ်လောက် ချစ်မိသွားရုံနဲ့ ဘယ်လိုဘယ်ပုံ မေတ္တာသက်ဝင်သွားလဲဆိုတာကို သင့်မှာတွေးတောနိုင်စွမ်းမရှိတော့ပါဘူး။ အချစ်ဟာ ရပ်တန့်လို့မရတဲ့ အင်အားစုတစ်ရပ်ဖြစ်ပါတယ်။ အချစ်ရဲ့ ဖြစ်ပျက်မှုတွေက မှော်ဆန်ပါလိမ့်မယ်။ ဒါပေမဲ့ အစဉ်အမြဲဖြစ်လေ့ရှိတာက တစ်စုံတစ်ယောက်ကို စတင်ချစ်မိခြင်းဟာ ချစ်သူရဲ့နှစ်သက်စရာအချက်လေးတွေအပေါ် သေးငယ်တဲ့ရှုမြင်မှုလေးတွေကတဆင့် ပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုအရည်အသွေးတွေက သင့်ရဲ့ချစ်သူကို ဆွဲဆောင်နိုင်စေသလဲဆိုတာကို ရှာဖွေကြည့်ရအောင်ပါ။ ၁။ သင့်ရဲ့ယဉ်ကျေးသိမ်မွေ့မှု ယဉ်ကျေးမှုရှိခြင်းဟာ လူတိုင်းအတွက် ချစ်ခင်ဖွယ်ကောင်းတဲ့ အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။ တကယ်လို့ သင်ကသင့်ရဲ့ချစ်သူကို ယဉ်ကျေးစွာဆက်ဆံခဲ့ရင် သင့်ရဲ့Relationship ကိုသင်ဘယ်လောက် တန်ဖိုးထားတယ် ဆိုတာကို ပြသနေသလိုပါပဲ။ “ကျေးဇူးတင်ပါတယ်” သို့မဟုတ် “ကျေးဇူးပြုပြီး” စတဲ့စကားလုံးတွေဟာ သေးငယ်စွာဖြစ်ပေါ်လာပေမဲ့ ထိုစကားလုံးတွေရဲ့အဓိပ္ပာယ်က ကျယ်ပြန့်ပါတယ်။ အယဉ်ကျေးဆုံးလူတစ်ယောက်အတွက် […]

အချစ်နှင့်ဘဝ

သင့်ကိုခြွင်းချက်မရှိ ချစ်ကြောင်း ပြသနေတဲ့ အမျိုးသားတစ်ယောက်ရဲ့အပြုအမူ (၈) ချက်…

သင့်ကိုခြွင်းချက်မရှိ ချစ်ကြောင်း ပြသနေတဲ့ အမျိုးသားတစ်ယောက်ရဲ့အပြုအမူ (၈) ချက် ချစ်ခြင်းမေတ္တာ ဆိုတာနဲ့ လိင်ကိစ္စမပါပဲ ကွဲပြားစွာတွေးတဲ့ သူဆိုတာ ရှားပါတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေ မပါပဲ အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးကြား ချစ်ခြင်းကို သိမ်မွေ့တဲ့ နည်းလမ်းတဲ့ ဖော်ပြတတ်တဲ့ အချက်ကလေးတွေက သိသာထင်ရှားစေပါတယ်။ မိန်းကလေးတစ်ယောက်ကို လေးလေးနက်နက် ချစ်မိသွားတဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကို မဖုံးကွယ်နိုင်အောင် ယခုလိုအပြုအမူလေးတွေနဲ့ သိသိသာသာ ဖော်ပြတတ်ပါတယ်။ ၁။ သူ့ရဲ့အားနည်းချက်တွေကို ပြသရမှာ မကြောက်တတ်ဖူး ယေဘုယျအားဖြင့် အမျိုးသားတွေဟာ သူတို့ရဲ့အားနည်းချက်တွေကို မပြသချင်ကြပါဘူး။ ဒါပေမယ့် သင့်ပတ်ဝန်းကျင်က ကွဲပြားမှုတွေဟာ သင့်ကိုသူချစ်တဲ့ အချစ်စစ်တွေဖြစ်ပါတယ်။ဒါကြောင့်ပဲ သူ့ရဲ့ ကြောက်ရွံ့မှုတွေကို သင်ကို မျှဝေဖို့မကြောက်တတ်သလို အားနည်းချက်ရှိတာတွေကို သင့်ကိုပြသတတ်ကြပါတယ်။ ၂။ သင့်အတွက်အဆိုးဆုံးနေ့တွေမှာတောင် သင်သာလျှင်အလှဆုံးလို့ […]

အချစ်နှင့်ဘဝ

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး…

တန်ဖိုးမသိတဲ့ လူတွေအတွက်နဲ့ ကျွန်မတန်ဖိုးကို မမဲ့ချင်ဘူး ကျွန်မလျှောက်တဲ့လမ်းက ဆူးခင်းလမ်းဖြစ်နေခဲ့ရင်တောင် ကျွန်မဆက်လျှောက်ဖို့ ဝန်မလေးဘူး။ ဘာကြောင့်ဆို ကျွန်မကိုယ်ကျွန်မ ယုံကြည်မှု အပြည့်ရှိနေလို့ပါပဲ။ကျွန်မဘဝက ကြမ်းတမ်းတယ်လို့ ငြီးပြီးငိုမနေဘူး။ ဘာကြောင့်ဆို ကျွန်မဝမ်းနည်းရင် နှစ်သိမ့်မယ့်သူက ကျွန်မပဲဖြစ်နေလို့ပါပဲ။ ကျွန်မ လဲကျခဲ့ရင်တောင် ပြန်ထဖို့လက်တစ်စုံကိုစောင့် မနေခဲ့ဖူးဘူး။ ဘာကြောင့်ဆို ကျွန်မခွန်အားနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ပြန်ထတတ်အောင် အရှုံးတွေထဲက ခဏခဏသင်ခန်းစာတွေရခဲ့ဖူးလို့ပါပဲ။ ကျွန်မချစ်နေခဲ့ရင်တောင် မေ့ထားတဲ့ လူတစ်ယောက်အကြောင်းကိုပြန်တမ်းတနေမှာမဟုတ်ဘူး။ ဘာကြောင့်ဆို အချစ်က ခါးသီးစွာရခဲ့တဲ့ ဒဏ်ရာဆိုတာခဏခဏ ထိုးဆွနေလို့ ခံစားရနေတာထက် ပိုပြီး မချစ်တတ်အောင် သတိတွေပေးနေတတ်လို့ပါပဲ။ ကျွန်မအတွက် ကျွန်မအသင့်ရှိနေဖို့ ကျွန်မကျန်းမာနေဖို့လိုတယ်။ကျွန်မအတွက် ကျွန်မခွန်အားတွေပေးနေဖို့ စာပေဖတ်ရှု့ပြီး ဦးနှောက်အာဟာရပြည့်နေဖို့တယ်။ ကျွန်မအတွက် ကျွန်မရှိနေဖို့အာဟာရအတွက် ခန္ဓာကိုယ် ဖြည့်စွက်စာနဲ့ကိုယ်ကာယလေ့ကျင့်ဖို့အတွက်အချိန်ပေးဖို့လိုတယ်။ ကျွန်မအတွက် ဘယ်သူမှ မလိုပါဘူး မိသားစုပြီးရင် မကောင်းတဲ့သူတွေထက်ကျွန်မအတွက် […]

အခ်စ္နွင့္ဘဝ

ချစ်ယောင်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတဲ့အခါ…

သူ ကျွန်မကို မချစ်ဘူး ။ သူ ကျွန်မကို မချစ်ပါလားဆိုတဲ့ အသိလေး၀င်ဖို့ … ကျွန်မ အချိန်တွေ အကြာကြီးနာကျင်ခဲ့ရတာပါ ။ လွယ်လွယ်ကူကူလေး လက်ခံခဲ့တာမဟုတ်ခဲ့သလို အပေါ်ယံလေး မြင်ခဲ့တာ မဟုတ်ပါဘူး ။ ကိုယ့်ဘက်က သိပ်ချစ်ခဲ့မိတော့ အစစအရာရာကို အရိပ်တကြည့်ကြည့် ကြည့်ခဲ့မိတော့ သူမချစ်မှန်းကို ပိုပြီးသိလာခဲ့တယ် ဥပမာ … တခြားသူတွေနဲ့ ယှဥ္တဲ့အခါ … ကိုယ်က သူ့အတွက် ဘယ်နေရာမှာမှ အရေးပါမနေမှန်းသိလာခဲ့တယ် ။ အမှတ်တရနေ့လေးတွေကို သတိရနေဖို့ထက် သူကျွန်မကို ပစ်ထားဖို့ ပိုပြီး အားသန်တယ် ။ ကိုယ် ငိုနေတဲ့အခါ ​ဖေးမဖို့ထက် စိတ်တွေ ရှုပ်လိုက်တာဆိုတဲ့ … စကားတွေ ပြောတတ်တယ် ။ စိတ်ကောက်တဲ့အခါ ချော့ဖို့ထက် စိတ်ပြန်ကောက်တတ်တယ် […]

အခ်စ္နွင့္ဘဝ

အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို လည်းပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ

အကျိုးမျှော်ပြီးမှ ခင်တဲ့သူတွေကို ရှောင်ပါ ချစ်တယ်လို့ပြောပြီး အကျိုးမျှော်တတ်တဲ့ ချစ်သူကို လည်းပြတ်ပြတ်သားသား စွန့်လွှတ်ပစ်ပါ အကြီးဆုံးရန်သူဆိုတာ အနီးဆုံးမွာ လူတစ်ယောက်ကို တကယ်ခင်ရင်ဘာအကျိုးမှ မမျှော်ကိုးပါနဲ့ မေတ္တာသန့်သန့်နဲ့ခင်ပါ . ကိုယ်မျှော်လင့်နေတဲ့အရာ မရခဲ့ရင် အမုန်းနဲ့လမ်းခွဲရမှာမြေကြီး လက်ခပ်မလွှဲဘူး ။ လူတစ်ယောက်ကို တကယ်ချစ်ရင် တစုံတရာမျှော်လင့်ပြီးမချစ်ပါနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ်လိုချင်တာမရတဲ့အခါအလိုမကျမှုတွေက အပြစ်အဖြင့်ပြောင်းလဲပြီး အမုန်းနဲ့အဆုံးသတ်ရမှာပါပဲ ။ လူလူချင်း ဆက်ဆံရေးမှာ သာမာန်ထက်ပိုရင်းနှီးလာရင်သတိထားပါ လူတိုင်းက ကိုယ့်စိတ်လို မဟုတ်ဘူး တချို့က စေတနာသန့်သန့် မေတ္တာသန့်သန့်နဲ့ ခင်မင်ဆက်ဆံပေမယ့် အများစုက ကိုယ့်အပေါ် မရိုးသားဘူးဆိုတာကို အမြဲသတိနဲ့ ယှဉ်ထားပြီး ဆက်ဆံပါ ။ ကိုယ်ကဖြူနေရင်တောင် အကြံသမားတွေဆိုတာအချိန်မရွေး ကိုယ့်စေတနာကို အရောင်ဆိုးပေးဖို့လက်မနှေးကြပါဘူး ။ ကိုယ်လည်းလူထဲက လူပဲ စေတနာသန့်သန့်နဲ့ ကူညီတာကိုလာစော်ကားရင်း ဒေါသထွက်ပေါက်ကွဲမိမှာဘဲလေ […]

အချစ်နှင့်ဘဝ

ဒီလိုယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ…

ဒီလိုယောင်္ကျားမျိုးနဲ့တွေ့ဆုံတဲ့ အချိန်မှသာ အိမ်ထောင်ပြုဖို့ စဉ်းစားပါ… မိန်းကလေးတိုင်းဟာ အချစ်ရေးမှာ ကံကောင်းချင်ကြပါတယ်။ ကိုယ့်အပေါ် ပျော်ရွှင်မှု၊ ဂရုစိုက်မှု ပေးနိုင်ပြီးသစ္စာရှိတဲ့ ယောကျာ်းမျိုးနဲ့ပဲ ဆုံဆည်းချင်ကြပါတယ် …။ အောက်ပါ အချက်လေးတွေနဲ့ ကိုက်ညီတဲ့ ချစ်သူကောင်လေးမျိုးကို ရထားပြီးပြီဆိုရင် သင်ဟာပတ်ဝန်းကျင်မှာရော သူငယ်ချင်း အပေါင်းအသင်းကြားမှာပါ သင့်ကိုဝိုင်းပြီး အားကျရမယ့် ပျော်ရွှင်ဖွယ် အချစ်ရေးကို ပိုင်ဆိုင်ထားပြီလို့ သတ်မှတ်လို့ ရပါပြီနော် …။ ၁။ ဦးစားပေးမှုမှာ သင်ကနံပါတ်တစ်ပဲ” အလုပ်နဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဖြစ်စေ သူငယ်ချင်းအပေါင်းအသင်းကြားမှာ ဖြစ်စေသင်နဲ့ယှဉ်ရမယ့် ကိစ္စမျိုးရှိလာခဲ့ရင် သင့်ကိုပဲ ပထမဦးစားပေး ရွေးချယ်မယ့်သူမျိုးပါ …။ သင်ရဲ့ ပျော်ရွှင်မှု၊ ကျန်းမာရေးကိုလည်း သူကအမြဲစောင့်ရှောက်တတ်တဲ့ သူမျိုးဖြစ်ပါတယ် …။ ၂။ ရင်ဖွင့်စကားတွေနားထောင်ပေးပြီး အမြဲအားပေးသူမျိုး” သင်က ရင်ဖွင့်စရာတောင် မလိုပါဘူး။ […]

အချစ်နှင့်ဘဝ


နနွင်းမှုန့်နဲ့သံပုရာသီးကိုသုံးပြီးဂျိုင်းဖြူလာအောင်လုပ်နည်း လက်ပြတ်တွေဝတ်ချင်ပေမယ့် ဂျိုင်းမဲနေလို့ မဝတ်ရဲဘူး၊ ဂျိုင်းမဲလို့ စိတ်ညစ်ရတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက် နနွင်းမှုန့်နဲ့ သံပုရာသီးကိုသုံးပြီး ဂျိုင်းဖြူလာအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်လွန်း ပါတယ်နော်။ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးလေးထဲထည့်ပြီး သံပုရာသီး တစ်လုံး အရည်ညှစ်ချပါ။ ပြီးရင်တော့ ပျစ်ပျစ်လေးဖြစ်သွားအောင် သေချာသမအောင်မွှေလိုက်ပါ။ သေချာမွှေပြီးရင် ဂျိုင်းသားမှာ ပွတ်လိမ်းပြီး ၁၅ မိနစ် (သို့) ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ မပျက်မကွက် တစ်ပတ် ၂ ကြိမ်လုပ်ပေးမှသာ ၆ ပတ်လောက်ကြာတဲ့အခါမှာ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။ ချက်ချင်းကြီးဖြူလာတာမျိုးမဟုတ်ပဲ မဲနေတဲ့ဂျိုင်းသားက တစ်ဖြေးဖြေးချင်းစီ ပြန်ဖြူလာပါလိမ့်မယ်။ […]

အခ်စ္နွင့္ဘဝ

ဒီည ကြယ်မိုးရွာတာကို စောင့်ကြည့်ကြမယ်နော်….

ဒီည ကြယ်မိုးရွာတာကို စောင့်ကြည့်ကြမယ်နော် ကေ – ဂျူဝယ်လ် ညအခါ မိုးပေါ်ကနေ တောက်ပတဲ့အလင်းတန်းလေး အောက်ကို မြန်မြန်ကျဆင်းလာတာမျိုး ကလေးတို့ မြင်ဖူးကြသလား။ မြို့ကြီးတွေက ကလေးတွေအတွက်အထူးအဆန်းဖြစ်နေမှာပဲနော်။ မြို့ပြမှာ မီးအလင်းရောင် တွေကြောင့် မိုးပေါ်မှာ လမင်းကြီးသာနေတာတောင် သတိမထားမိကြတာ များတယ်။ ကျေးလက်ဒေသမှာနေကြသူတွေအဖို့တော့ ကြယ်ကြွေတာမျိုးကို မကြာခဏ မြင်နိုင်တာပေါ့။ ဒီည (ဒီဇင်ဘာ ၁၃ ရက်ည) မှာတော့ ထူးထူးခြားခြား မိုးရွာသလိုမျိုး ကြယ်လေးတွေတဖြုတ်ဖြုတ် ကြွေကျလာမှာဆိုပြီး နက္ခတ်တာရာတွေကို စောင့်ကြည့် ကြတဲ့ ပညာရှင်တွေက ဆိုထားပါတယ်။ မမတို့မြေကမ္ဘာတည်ရှိရာ နေစကြဝဠာကြီးထဲမှာ နေကိုလှည့်ပတ်နေတဲ့ ဂြိုဟ်ကြီးတွေဖြစ်တဲ့ မာကျူရီဂြိုဟ် (ဗုဒ္ဓဟူးဂြိုဟ်)၊ ဗီးနပ်စ်ဂြိုဟ် (သောကြာဂြိုဟ်)၊ ကမ္ဘာဂြိုဟ်၊ မားစ်ဂြိုဟ်(အင်္ဂါဂြိုဟ်)၊ ဂျူပီတာဂြိုဟ် (ကြာသပတေး ဂြိုဟ်)၊ စေတန်ဂြိုဟ်(စနေဂြိုဟ်)၊ ယူရေးနပ်စ်ဂြိုဟ်၊ […]

အခ်စ္နွင့္ဘဝ

ကောင်လေးနဲ့ ကောင်မလေး ပထမဆုံး ချိန်းတွေ့တဲ့ရက်မှာ သတိထားရမှာလေးတွေ….

ပထမဆုံးချိန်းတွေ့တဲ့ရက်မှာ အဆင်ပြေချောမွေ့နေပြီး အမှတ်တရ အဖြစ်ဆုံးနေ့လေးတစ်နေ့အဖြစ် ရှိနေဖို့အတွက် Marry က ပြောပြထားတဲ့အချက်တွေကို မမေ့နဲ့နော်။ ကောင်လေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ချစ်သူတွေ စဖြစ်ပြီး ပထမဆုံး ချစ်သူအဖြစ် တွေ့ဆုံကြပြီဆိုရင် နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့ ရက်မှာ နှစ်ယောက်စလုံး အဆင်ပြေ ချောမွေ့နေပြီး ပိုပြီး စိတ်လှုပ်ရှားအောင်နဲ့ စိတ်မပျက်သွား ဖို့ဆိုတာ သတိထားရမယ့်အချက်လေးတွေ ရှိပါတယ်။ အချိန် အချိန်ကိုလည်း ထည့်စဉ်းစားနော်။ မနက်ခင်း အစောကြီး တွေ့ဖို့ ချိန်းတာမျိုးဆိုရင် အိပ်ရေးမဝတာ၊ စိတ်မကြည်လင်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် နေအရမ်းပူတဲ့အချိန်ကြီးလည်း မဟုတ်၊ မနက်အစောကြီး မဟုတ်တဲ့ အချိန်ကိုပဲ ချိန်းပါ။ မိန်းကလေးတွေက ပြင်တာ ဆင်တာ အချိန်ပေးရတယ်လေနော်။ နေရာ ချစ်သူလေးနဲ့ […]

အချစ်နှင့်ဘဝ

မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ…

မချစ်သင့်တော့တဲ့ တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲ လူတိုင်းရဲ့ဘဝမှာ မချစ်သင့်တဲ့လူတစ်ယောက်ကို ချစ်မိခဲ့တဲ့ အခိုက်အတန့်တွေ ရှိဖူးကြပါတယ်။ ဒီလို မချစ်သင့်တဲ့လူကို ချစ်မိတဲ့အတွက် နောင်တတွေလည်း ရဖူးကြမှာပါ။ ဒါပေမယ့် အချစ်က ကိုယ်လိုသလို ပုံသွင်းယူလို့မရတတ်ပါဘူး။ ဒီတော့ မချစ်သင့်မှန်းသိရင်တောင် တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါးလွမ်းမိတဲ့ အချိန်ဆိုတာ ရှိတတ်ပါတယ်။ ဒီလို တစ်စုံတစ်ယောက်ကို ရူးမတတ်လွမ်းမိတဲ့အခါ ဘာလုပ်သင့်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။ လွမ်းမိတာ အပြစ်မဟုတ်လို့ ဖုံးကွယ်ထားစရာ မလိုပါဘူး ခံစားတတ်တဲ့ လူတိုင်းဆီမှာ အချစ်၊ အမုန်း၊ အလွမ်းတွေဆိုတာ ရှိတတ်ပါတယ်။ ဒါဟာ ဘယ်သူမှ လွန်ဆန်လို့မရတဲ့ အရာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မချစ်သင့်တဲ့ လူကို လွမ်းနေမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ အလွမ်းကို အလွမ်းအတိုင်းလက်ခံလိုက်ပါ။ ဘယ်သူကိုမှ မထိခိုက်ပဲ တစ်စုံတစ်ယောက်ကို လွမ်းပိုင်ခွင့် […]