နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေက ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ရဲ့ ဆံပင်နဲ့မျက်နှာအသားအရေမှာဖြစ်တတ်တဲ့ လက္ခဏာတွေပါ။ တကယ်လို့ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ သင့်ခေါင်းအုံးကြောင့်ဖြစ်နေနိုင်တာကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အောက်မှာ ဆက်ပြီးဖော်ပြပေးပါ့မယ်။ (၁) ဝက်ခြံတွေပေါက်လာတယ် သင့်မျက်နှာမှာ တခြား ထွေထွေထူးထူး အကြောင်းပြချက်မရှိဘဲ ဝက် ခြံ တွေတအားထွက်နေတယ် ဆိုရင်တော့ သင့်ခေါင်းအုံး နဲ့ ခေါင်းအုံးစွပ် ညစ်ပတ်နေလို့ဖြစ်နိုင်ပါတယ်။ ညစ်ပတ်တဲ့ခေါင်းအုံးဟာ ပါးပြင်ကို ထိကပ်တဲ့အခါ ဘက်တီးရီးယားတွေကနေတစ်ဆင့် ဝက်ခြံဖြစ်ပွားစေတာဖြစ်ပါတယ်။ (၂) အရေးကြောင်းတွေဖြစ်နေတယ် သင်အိပ်တဲ့ပုံစံ ဒါမှမဟုတ် ခေါင်းအုံးစွပ်က သင့်မျက်နှာမှာ အရေးကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ခေါင်းအုံးစွပ်ဟာ သင့်မျက်နှာကို ပွတ်ဖန်များလာတဲ့အခါမှာ အရေးကြောင်းတွေဖြစ်သွားတာပါ။ (၃) ဆံပင်တွေ ကျိုးကြေကုန်တယ် ကြမ်းတမ်းတဲ့ခေါင်းအုံးစွပ်ဟာ ဆံပင်ကိုပွတ်တိုက်ဖန်များလာတဲ့အခါ သင့်ဆံပင်ဟာ […]
အလွပေရးရာ
သင်တုန်းဓားမသုံးပဲ ARMPIT HAIR တွေကို ဒီလိုဖြေရှင်းမယ်
ခန္ဓာကိုယ်က မလိုအပ်တဲ့အမွှေးမျှင်တွေကို ဘယ်လိုဖြေရှင်းရမှန်းမသိလို့ စိတ်ညစ်နေပြီလား။ သင်တုန်းဓားနဲ့ ရိတ်မိတဲ့အခါ အချိန်ခဏအတွင်းတော့ ဖြေရှင်းနိုင်ပေမယ့် ပြီးရင်ပြန်ယားပြီး အရေပြားတွေ နီမြန်းလာပါလိမ့်မယ်။ မိုးရာသီပြီးရင် ဆောင်းတွင်းပြန်လာတော့မယ်ဆိုပေမယ့် ရာသီရာတုအခြေအနေက သိတဲ့အတိုင်း ပူရင်ပူလာနိုင်တယ်ဆိုတော့ အကျီ ၤအပြတ်လေးတွေ ဘောင်းဘီတိုတွေ ဝတ်ကြတော့မှာကိုး။ ကြည်လင် ပြောင်ရှင်းနူးညံ့တဲ့ ချိုင်းသားဖွေးဖွေးလေးနဲ့ အမွှေးမျှင် ကင်းစင်တဲ့ခြေတံလေးတို့နဲ့ လန်းကြတော့မယ့် မမ နဲ့ ညီမလေးများအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးလိုက်ပါတယ်နော်။ သကြား နဲ့ သံပုရာရည် ဒီနှစ်ခုကိုရောလိုက်ရင် waxing လုပ်သလိုပါပဲ။ ချိုင်းကြားအသားရည်ပါ ချောမွေ့ပြီး အမွှေးပြန်ပေါက်ရင်လည်း မွှေးညှင်းနုလေးတွေသာ ထွက်လာပါတယ်။ ပျားရည်ထည့်ပြီးအသုံးပြုပေးမယ်ဆို ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ခံစားရမှာပါ။ ပါဝင်ပစ္စည်းအားလုံးကို ကိုယ်လိုအပ်သလောက် ရောစပ်ပြီး microwave နဲ့ အပူပေးလိုက်ပါ။ အရည်အဖြစ်ပြောင်းသွားပြီဆို အအေးခံပြီး ပေါင်းတင် အသုံးပြုနိုင်ပါပြီ။ […]
ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီးနဲ့ ပြင်ကြမယ်
ပျိုပျိုမေတို့ရဲ့ ခေါင်းအစခြေအဆုံးအလှကို သံပုရာသီးနဲ့ ပြင်ကြမယ် သံပုရာသီးက ကျန်းမာရေးအတွက်လည်း အစွမ်းထက်တယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ တကယ်တော့ သံပုရာသီးက ကျန်းမာရေးအပြင် အလှအပ ရေးရာမှာလ ည်း တော်တော်လေး အသုံးဝင်တဲ့ အစွမ်းထက် အသီးတစ်မျိုးပါပဲ။ ပျိုမဒီလေးတို့ရဲ့ ဆံပင်၊ မျက်နှာက ဝက်ခြံတွေနဲ့ ချိုင်း(ဂျိုင်း) က အမည်းတွေကို ဖယ်ရှားချင်တယ်တော့ ဆိုရင်တော့ သံပုရာသီးကို ချက်ချင်း သတိရလိုက်နော်။ သံပုရာသီး တစ်အောင်စမှာ ဗီတာမင်စီဓါတ် (၉.၂) မီလီဂရမ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေ၊ ဗီတာမင်E၊ ဗီတာမင်ကေ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တွေလည်း ပါဝင်ပါသေးတယ်။ သံပုရာသီးက အမည်းစက်တွေကို ကင်းစေပြီး အသက်အရွယ်ကြီးရင့်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ လက္ခဏာ အရေးအကြောင်းတွေ ဖြစ်တာကိုလည်း လျှော့ချပေးပါတယ်။ UV […]
ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်
အသားအရေ ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပ ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေ ဘယ်လို စောင့်ရှောက်ရမလဲ သိပြီးရဲ့လား……….. မသိသေးဘူးဆိုရင် ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် ဆယ်ကျော်သက် အရွယ်မှာ အသားအရေ ပြဿနာ ကင်းစေဖို့ဆိုရင် သေချာ သန့်စင်ပါ ဆယ်ကျော်သက် အရွယ်မှာ အရေပြားက အခြား အသက်အပိုင်းအခြားထက် ပိုပြီး အဆီပြန်နိုင်ပါတယ်။ အဆီပြန်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အသားအရေကို သေချာ သန့်စင်ဖို့ လိုပါမယ်။ အရေပြားကို သေချာ သန့်စင်မှ […]
ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်
အသားအရေ ထိန်းသိမ်းဖို့က အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အလှအပ ကြိုက်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အသားအရေ ထိခိုက်မှု ကင်းစေဖို့ နည်းစနစ် မှန်မှန်နဲ့ အသားအရေ ဘယ်လို စောင့်ရှောက်ရမလဲ သိပြီးရဲ့လား……….. မသိသေးဘူးဆိုရင် ဆယ်ကျော်သက်တို့အတွက် မှန်ကန်တဲ့ အသားအရေ ထိန်းသိမ်းနည်းကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။ ဆယ်ကျော်သက်တို့အတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် ဆယ်ကျော်သက် အရွယ်မှာ အသားအရေ ပြဿနာ ကင်းစေဖို့ဆိုရင် သေချာ သန့်စင်ပါ ဆယ်ကျော်သက် အရွယ်မှာ အရေပြားက အခြား အသက်အပိုင်းအခြားထက် ပိုပြီး အဆီပြန်နိုင်ပါတယ်။ အဆီပြန်တာရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် အသားအရေကို သေချာ သန့်စင်ဖို့ လိုပါမယ်။ အရေပြားကို သေချာ သန့်စင်မှ […]
တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံး ဆန်မှုန့်မျက်နှာဖုံး
တင်းတိပ်အတွက် ဆန်မှုန့်မျက်နှာဖုံး တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံးနည်းတခုကတော ဆန်မှုန့်မျက်နှာဖုံးဖြစ်ပါတယ်။ ဒီနည်းက နေပူထဲအထွက်များသူတွေမှာ အထူးကောင်းမွန်ပြီး တင်းတိပ်တွေ၊အမဲစက်တွေကို သိသိသာသာ သက်သာစေတယ်။ အခုလို ဆောင်းတွင်း ကာလတွေမှာ ကောင်းတယ်။ နေ့စဉ်ပြုလုပ်ရုံနဲ့ ကြည်လင်တောက်ပပြီး တင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြုလုပ်နည်း • ဆန်မှုန့် ထမင်းစားဇွန်း(၂) ဇွန်း • ဒိန်ချဉ် ထမင်းစားဇွန်း (၂) ဇွန်း • သံပုရာသီး (၁) စိတ် • နနွင်း လက်တဆိတ် ဆန်မှုန့်နဲ့ နနွင်း အနည်းငယ်ကို ရောပြီး ဒိန်ချဉ်နဲ့ သံပုရာသီး တစ်စိတ်ကို အရည်ညှစ်ပြီး ရောထည့်ပါ။ ရလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပါ။ပြီးရင် နာရီဝက်ထားပြီး ကြက်သီးနွေးရည်နဲ့ မျက်နှာ […]
ဆံပင် နဲ ပတ်သက်ပြီး ဆံသဆရာတွေ မပြောပြတဲ့ လျှို့ဝှက်ချက်များ
မိန်းကလေးတိုင်းအတွက် ဆံကေသာအလှအပဟာ မရှိမဖြစ် အရေးကြီးပါတယ်။ဒီတစ်ခါမှာတော့ ပျိုမေတို့ အတွက် ဆံကေသာအလှအပနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို စုစည်းဖော်ပြေ ပးချင်ပါတယ်။ (၁)အချိန်ကုန် သက်သာစေတဲ့ ဆံပင်ခွေ၊လိပ်နည်း ဆံပင်ကို အပူချောင်းသုံးပြီး ခွေနေ၊ကောက်နေရင် အရမ်းအချိန်ကုန်ပါတယ်။ ဒါကြောင့် သမရိုးကျနည်းကနေ ဖောက်ထွက်ပြီး hairband(ခေါင်း စည်း ကြိုး)ကို သုံးပါမယ်။ ဆံပင်ကို အမြစ်ကနေ အဖျားလေးတွေထိ သေချာဖြီးပါ။ပြီး ရင်တော့ ဆံပင်ကို ခေါင်းစည်းကြိုးနဲ့ ပုံထဲကအတိုင်း ခွေပြီး ချည်နှောင် လိုက် ပါ။ တစ်ညလောက် အဲ့ဒီလို လေးထားပေးလိုက်မယ်ဆိုရင်တော့ မနက်ကျရင် လှပတဲ့ အခွေအလိပ် ဆံပင်ပုံကို ရပါလိမ့်မယ်။ပိုပုံကျသွားအောင် spray ဖြန်း လိုက်ပါ။ (၂)ဆံပင်နှစ်ခွကွဲတာတွေကို ဖြေရှင်းနည်း ဆံံပင်အဖျားတွေ ကွဲနေတာတွေအတွက် ကတ်ကြေးနဲ့ညှပ်ပြီး ဖြေရှင်းတာမျိုးမ ဟုတ်ပဲ တခြားနည်းလမ်းသုံးပြီး […]
နှုတ်ခမ်းနီဆိုးစရာတောင်မလိုဘဲ သဘာဝအတိုင်း ပန်းသွေးရောင်နှုတ်ခမ်းသားလေး ပိုင်ဆိုင်ဖို့
နှုတ်ခမ်းနီဆိုးစရာတောင်မလိုဘဲ သဘာဝအတိုင်း ပန်းသွေးရောင်နှုတ်ခမ်းသားလေးပိုင်ဆိုင်ဖို့ သဘာဝအတိုင်း ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းမျိုး အမျိုးသမီးတိုင်း လိုချင်တပ်မက်ကြတဲ့အရာပါ။ အမျိုးသမီးတို့ရဲ့ အလှအပဆိုရာမှာ ပန်းသွေးရောင်သန်းတဲ့ နှုတ်ခမ်းသားလည်း တစ်ခုအပါဝအင်ဖြစ်ပါတယ်။ ပန်းသွေးရောင်သန်းတဲ့နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးမယ်ဆိုရင် စာဖတ်သတို့လည်း သဘောကျနှစ်ခြိုက်မယ်မျှော်လင့်ပါတယ်။ အဲဒီအတွက် အဆင့် ၃ ဆင့်လုပ်ပေးရပါမယ်။ ပထမဦးဆုံး နှုတ်ခမ်းသားပေါ်က အမည်းရောင်အလွှာကို ဖယ်ရှားရပါမယ်။ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း ဆား စားပွဲတင်ဇွန်း ၁ ဇွန်း လိုပါမယ်။ ပါဝင်ပစ္စည်းနှစ်မျိုးကိုရောပြီး သေချာမွှေပေးပါ။ ပြီးရင် ၀ါဂွမ်းစစွတ်ပြီး နှုတ်ခမ်းပေါ်မှာ လိမ်းပေးပါ။ ပြီးရင် လက်ချောင်းနဲ့ စက္ကန့် ၆၀ လောက်ပွတ်ပေးပါ။ အချိန်ခဏလေးအတွင်းမှာပဲ နှုတ်ခမ်းသားက နူးညံ့ပြီး ချေမွတ်လာမှာပါ။ ပြီးရင် အဝတ်စကို ရေစွတ်ပြီး နှုတ်ခမ်းကို သုတ်ချလိုက်ပါ။ […]
အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ်
အရွယ်မတိုင်ခင် ဆံဖြူခြင်းကို ကာကွယ်ရန် နည်းလမ်း(၇)သွယ် ပျိုမေတို့ဟာ အရွယ်မတိုင်ခင်အသားအရေ အိုမင်းရင့်ရော်မှုမဖြစ်စေဖို့ကို အလွန်အာရုံစိုက် ဂရုပြုကြရသလို အဲဒီလိုပဲ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကိုလည်း ဂရုပြုကြရပါမယ်။ မိန်းမသားအများစုအတွက် တောက်ပတဲ့ ကျက်သရေဟာ ဆံကေသာပဲဖြစ်ပါတယ်။ ဒီဆံကေသာအတွက် ပစ္စည်းကိရိယာတွေ၊ အလှကုန်တွေ၊ အချိန်တွေ၊ ငွေတွေ အများကြီးပေးပြီး အသုံးပြုနေပေမဲ့ ဆံပင်ဖြူတာကို ကာကွယ်ဖို့အတွက်တော့ မေ့လျော့နေတတ်ကြပါတယ်။ အချိန်က ဆံပင်ရဲ့ အရောင်နဲ့ အရည် အသွေးကို ပြောင်းလဲစေနိုင်ပါတယ်။ ဇရာကို ရှောင်ကြဉ်လို့မရတဲ့အတွက် ဆံကေသာကို အံ့သြဖွယ်ကောင်းလောက်အောင် ကြည့်ကောင်းစေပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အတွက်နည်းလမ်း အချို့ကို သိထားဖို့လိုအပ်ပါတယ်။ ၁။ ဦးရေပြားကို သန့်ရှင်းပါစေ ဦးရေပြားရဲ့ အရေးကြီးမှုကို မဖော်ပြဘဲ နဲ့ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့အကြောင်း ပြောလို့မရပါဘူး။ ဆံပင်ဖြူတော့မယ့် […]
ဝမ်းဗိုက်က အဆီကျစေပြီး ခါးသွယ်စေမယ့် (၉) မိနစ်စာနည်းလမ်း…
မင်္ဂလာပါ…အမျိုးသမီးတိုင်း သေးသွယ်တဲ့ ခါးလေးတွေကို လိုချင်ကြပါတယ်။ ဝမ်းဗိုက်မှာ အဆီတွေ စုနေတာမျိုးကို အားလုံးက မလိုချင်ကြပါဘူး …။ ဒီတခါမှာတော့ ဝမ်းဗိုက်က အဆီကိုကျစေပြီး သင့်ကို ခါးသေးသွယ် လှပစေမယ့် (၉) မိနစ်စာ လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်နော် …။ သင့်ခန္ဓာကိုယ်ကို ဘာက ထိရောက်မှုရှိစေသလဲ ၊ သင့်ခါးကို အဓိက တုတ်စေတာ၊ ခါးမှာ အဆီစုစေတာဟာ ကိုယ်အလေးချိန်တက်လာခြင်း။ ကိုယ်ဟန်အနေအထား မမှန်ခြင်း။ ကျန်းမာရေးနဲ့ ညီညွတ်အောင်မစားခြင်း မိမိမလုပ်နိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်တာ မမှန်ခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ် …။ ခါးသေးသွယ်ပြီး ဗိုက်ချပ်စေမယ့် လေ့ကျင့်ခန်းလေးတွေကတော့… ၁။ Vacuum” အရင်ဆုံး ပက်လက်လှဲနေပါ။ ပြီးရင် ဒူးကို ထောင်ထားပါ။ လက်နှစ်ဖက်ကို ဘေးမှာ […]









