တစ်နေ့က ဈေးထဲ မှာ သူတောင်းစားတစ်ယောက်တေ ာင်းစားနေတာ တွေ့မိတယ်။ သူ တောင်းနေပုံက ထူးခြားနေတယ်။“အစ်ကိုကြီး အစ် မကြီးတို့ရယ် သနားကြပါနော်.. ပိုက်ဆံလေးများ ထည့်ပြီးရင် လိပ်စာ လေးပါ ပေးခဲ့ပါ” သူ့ ရှေ့မှာ ချထားတဲ့ ခွက် ထဲကို ပိုက်ဆံ လာထည့်ကြတဲ့ လူတိုင်းရဲ့ လိပ်စာကို မေးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်နေတယ်။ ဒါပေမယ့် လူ တော်တော်များများက အိမ်အထိများ လာတောင်းမလား ဆိုတဲ့ အတွေးနဲ့ သူ့ခွက်ထဲကို ဘာပိုက်ဆံမှ ထည့်မသွားကြဘူး။ သူက ခွက်ကို သိမ်းပြီး ခုနက ခွက်ထဲ ပိုက်ဆံ ထည့်သွားတဲ့ သူတွေရဲ့ အိမ်တွေကို အပင်ပန်းခံပြီး သူတို့ ထည့်ခဲ့တဲ့ ငွေတန်ဖိုး ရဲ့အဆ ၁၀၀၀ ကို […]
အသိပညာ
အမေနဲ့ စကားပြောနေရင်း ၃မိနစ်ပဲ အမေ့နားကနေပျောက်သွားတာ အမေလှည့်ကြည့်တော့ ရေကူးကန်ထဲကျနေပြီ
အမေနဲ့ စကားပြောနေရင်း ၃မိနစ်ပဲ အမေ့နားကနေပျောက်သွားတာ အမေလှည့်ကြည့်တော့ ရေကူးကန်ထဲကျနေပြီ ပြန်ဆယ်ပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုတယ် ဆေးရုံကားလာတော့ အသက်မရှင်တော့ဘူး ရေထဲကျတဲ့အသံကိုလည်း မကြားဘူး အမေ့အဖေနားက မခွာတဲ့ကလေးလေး ၃နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတာတဲ့ မွေးနေ့ရောက်ခါနီး ဆုံးသွားတယ် အသုဘရက်မှာ မွေးနေ့ကိတ်နဲ့ အဖေနဲ့အမေက ရူးမတတ်ခံစားနေရတာကို ဒီအမေလည်းမျက်ရည်မဆည်နိုင်ခဲ့ဘူး တစ်တိုင်းပြည်လုံးက ဝိုင်းပြီး အမေ့ကို အပြစ်တင်ကြတယ် အမေလေ သားသမီးအစားသေပေးလို့ရတဲ့အမေ သားဦးလေးကို ဆုံးရှုံးရတဲ့အမေ အသက်ပြန်မရှင်နိုင်တဲ့သားကို ရင်ခွင်ထဲပိုက်ပြီး ရူးမတတ်ခံစားရတဲ့အမေ ဘယ်အမေက ဖြစ်စေချင်ပါ့မလဲ မိနစ်ပိုင်းလေးပဲ Sexyမော်ဒယ်အမေဖြစ်ရုံနဲ့ မိခင်ကောင်းမဖြစ်နိုင်တော့ဘူးလို့ မဆုံးဖြတ်သင့်ပါဘူး အမေ့ရင်ကွဲမတတ်နာကျင်နေရတာ မိခင်ခြင်းသိနေပါတယ် အမေနောက်ကျသွားတဲ့ ၃ မိနစ်က ကလေးသေနိုင်မယ်ကြိုတွေးမိမှာမဟုတ်ပါဘူး မိဘတွေ အထူးသတိရှိကြဖို့ပါ ကျမတို့တွေ အထူးသတိရှ်ိကြဖို့ပါ ကောင်းရာဘုံဘဝမှာ ကျန်းမာအသက်ရှည်စွာနဲ့ လူ့လောကထဲ […]
နွားနို့ကို ရေရောလို့ရပေမယ့်… တစ်ဆင့်မြင့်လာတဲ့ ထောပတ်ကိုတော့… ရေရောလို့မရပါဘူး
နွားနို့ကို ရေရောလို့ရပေမယ့်… တစ်ဆင့်မြင့်လာတဲ့ ထောပတ်ကိုတော့… ရေရောလို့မရပါဘူး လူတွေဟာသူတို့ထက် နည်းနည်းပဲသာရင် မနာလိုဖြစ်တက်ကြပေမယ့် အများကြီးသာတဲ့သူကိုတော့… အားကျတက်ကြပါတယ်။ ထောပတ်ဖြစ်အောင်လုပ်ပါ။ အများကြီး သာအောင်နေပါ။ အဲ့အပေါ်က စာသားလေးက စိတ်ထဲမှာအမြဲစွဲနေတယ်ဗျာ့။ ကျွန်တော်အပါအဝင် လူတိုင်းက နယ်ပယ်အသီးသီးမှာ အောင်မြင်ချင်ကြမှာပါ။ ဒါပေမယ့် အောင်မြင်ဖို့အတွက် ကြိုးစားဖို့ကျ အားမစိုက်ချင်ကြပါဘူး။ အနည်းငယ်ကြိုးစားမယ် ထင်သလောက်ဖြစ်မလာရင် “ဟာကွာ မစွန်ပါဘူး” ဆိုတာမျိုးကို စတင်တွေးမိကြမှာပါ။ နောက်တစ်ခုက ဘယ်သူ ဘာလုပ်တာ ဘယ်လိုဆိုတာကိုကြည့်ပြီး လိုက်လုပ်ချင်မိတယ်လေ။ အဲ့ဒါကိုက စမှားတာပါပဲလို့ထင်မိတယ်။ လုပ်လို့မရဘူးပြောတာတော့ မဟုတ်ပါဘူး၊ လုပ်တိုင်း မအောင်မြင်ဘူးဆိုတာကို ကြိုသိထားရမှာပါ။ အလုပ်တစ်ခုရဲ့ အစမှာ အဲ့ဒီအလုပ်ပေါ်ချစ်မြတ်နိုးခြင်းကအစပြုတယ်။ အလုပ်အတွက် အချိန်ကို နစ်မြုပ်ထားရမယ် အပျော်အပါးတွေထက် အလုပ်ကပိုအရေးကြီးလာမယ်။ အိပ်ရစားရဖို့ထက် အလုပ်ပြီးဖို့က ပိုအရေးပါလာမယ်။ အစပိုင်းစလုပ်တဲ့နေရာမှာ လွယ်သလိုနဲ့ […]
စိတ်ရင်းနဲ့မခင်တဲ့ သူငယ်ချင်းအတုအယောင်တွေဆီမှာ တွေ့ရတတ်တဲ့ အချက်တွေ
သူငယ်ချင်းဆိုတာ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်နားလည် ဝေမျှခံစားတတ်မှ သူငယ်ချင်းလို့ မည်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ် အကျိုးလိုလို့ လာပေါင်းတဲ့ သူငယ်ချင်းတွေကို တွေ့ရတတ်ပါတယ်။ ဒီလို သူငယ်ချင်း အတုအယောင်တွေဆီမှာ ဒီလို အချက်တွေကို တွေ့ရတတ်ပါတယ်နော်။ သင့်ရဲ့ အခြေအနေကို ဘယ်တော့မှ မမေးဘူး သင့်ကို တကယ်မခင်တဲ့ သူငယ်ချင်းဆိုတာ သင်ဘာဖြစ်နေတယ်၊ သင့်အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို စိတ်မဝင်စားတတ်ပါဘူး။ သင်အဆင်မပြေတဲ့ အခြေအနေဟာ သူ့အတွက် အဆင်ပြေနေခဲ့ရင် သင့်ကိုမငဲ့ကွက်ပဲ သူအဆင်ပြေဖို့ကိုပဲ လုပ်တတ်ပါတယ်။ တကယ့်စစ်မှန်တဲ့ သူငယ်ချင်းဆိုရင် ဒီလိုမျိုး လုံးဝမလုပ်ပါဘူး။ ကိုယ့်သူငယ်ချင်းရဲ့ အခြေအနေကို ငဲ့ညှုာပြီး သူငယ်ချင်းအတွက် အခက်အခဲဖြစ်မှာကို ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူးနော်။ သင့်ကို ဝေဖန်တတ်တယ် ဝေဖန်တယ်ဆိုတာ သူငယ်ချင်းအစစ်တွေမှာလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ် […]
Unicode “ပုတက်လေးတွေကိုမသတ်ကြပါနဲ့”၁နှစ်မှာ၁ကြိမ်သာပျော်ရွှင် ရတာမို့လွတ်လပ်ခွင့်လေး ပေးပါ “ပုတက်လေး တွေကိုမသတ်ကြပါနဲ့” ၁နှစ်မှာ ၁ကြိမ်သာပျော်ရွှင်ရတာမို့လွတ်လပ်ခွင့်လေး ပေးပါ မိုးဦးကျ တာနဲ့ ပျော်ခဲ့ရ ပေမဲ့မင်းတို့ရဲ့ချိုပေစွဟင်းချိုတစ်ခွက်အဖြစ်ငါတို့ရဲ့အပျော်တွေကိုစွန့်လွှတ်ခဲ့ရတယ် ငါတို့ရဲ့ရင်ကိုခွဲမီးကြီးခဲရဲရဲပေါ်မှာငါတို့တစ်တွေရဲ့သွေးစက် တွေခြောက်ကပ်ခဲ့ရတယ်… မင်းတို့တွေတုတ်လက်နက်အစုံနဲ့လာရင်ငါ့တို့အသိုက်အမြုံစီ အပြေးအလွှား ဝင်ပြီး ပုန်းခိုခဲ့ရတယ် လူဆိုတဲ့မင်းတို့ဟာအသိဉာဏ်ရှိတော့ငါတို့ရဲ့ ပုန်းခိုကျင်းလေးဟာမကာကွယ်နိုင်ခဲ့ဘူးလေ အပြေးအလွှား ဆော့ကစားချင်တဲ့ ငါတို့မှာ ရန်ငြိုးမရှိပဲအသက်အဖျက်ခံနေရတယ် မင်းတို့ရဲ့ ခြေသံတွေ ကြားရင်ငါတို့ တွေနှလုံးသားတွေ ကြောက်ရွံ့နေ ရရှာတယ် မင်းတို့သတ်ကွင်းမလွှတ်မှန်းသိလျှက်ငါတို့တွေရုန်းကန် ပြေးလွှားခဲ့ရတယ် ရရှိတဲ့ဘဝလေးမှာငါတို့လဲလွတ်လပ် ပျော်ရွှင်စွာ နေချင်တာပေါ့အိုမိတ်ဆွေတို့ရယ်…။ ဒီစာကိုဖတ်ပြီးအသိတရား ရ၍မသတ်ဖြတ်ပဲ ရှောင်ရှားနိုင်ကြပါစေ…။ Crd Zawgyi “ပုတက် လေး တွေကို မသတ်ကြပါနဲ့” ၁နှစ် မှာ၁ကြိမ် သာ ပျော်ရွှင် ရတာမို့ လွတ်လပ် ခွင့်လေး ပေးပါ “ပုတက်လေး တွေကိုမသတ်ကြပါနဲ့” […]
ခန္ဓာကိုယ်ရမှ ချစ်မယ် ဆိုတဲ့ ယောက်ျားမျိုးနဲ့ တွေ့တဲ့အခါ
ခန္ဓာကိုယ်ရမှ ချစ်မယ် ဆိုတဲ့ ယောက်ျားမျိုးနဲ့ တွေ့တဲ့အခါ မင်းငါ့ကိုမယုံဘူးလားဆိုပြီးချုပ်လာရင်တော စီးတဲ့ဖိနပ်နဲ့ စောက်ခွက် ဆယ်ချက်လောက် ဆင့်ရိုက်ပြီး ထွက်ခွာခဲ့လိုက်ပါ ခန္ဓာကိုယ်ရမှ ချစ်မယ် ဆိုတဲ့ ယောက်ျားမျိုးနဲ့ တွေ့တဲ့အခါ (မိန်းကလေးများ အထူးဖတ်ထားသင့်ပါတယ်) အစအဆုံးဖတ်ပြီး ရှယ်ပေးလိုက်ပါနှမချင်းကိုယ်ချင်းစာတယ်ဆိုရင်ပေါ့။အရမ်းချစ်တယ် ချစ်ရယ် “မောင်ကို တကယ်ချစ်တယ် ဆိုရင် “မောင် ဆန္ဒကို လိုက်လျောပေးပါနော့်”ဟင်အင်း မောင် “ချစ် ကြောက်တယ် မလိုက်လျောပါရစေနဲနော်။ မောင် “ချစ်ကလည်းကွာ “မောင်က ချစ်ကို တကယ်ချစ်တာပါကွာ “ဟင်အင်း မောင့်”ကျွန်မတို မိန်းမသား ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ အပျိုစင် ဘဝလေးကိုတော့၊လက်မထပ်ရသေးပဲ “မပေးဆပ်ပါရစေနဲ မောင် “တစ်သက်လုံး တန်ဖိုးထားလာရတဲ့ “အပျို စင်ဘဝလေးကို တော့ “မလို ချင်ပါနဲ အုံးနော် မောင်”။ […]
မိဘကို ပြန်ပြောရင် ငရဲကြီး၊ မကြီးဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ မိဘကျေးဇူး အကျေဆပ်နည်း
မိဘကို ပြန်ပြောရင် ငရဲကြီး၊ မကြီးဆိုတဲ့မေးခွန်းရဲ့ အဖြေနဲ့ မိဘကျေးဇူး အကျေဆပ်နည်း မိဘကိုပြန်ပြောခွင့်ရှိတယ် မိဘကျေးဇူးကို အနှစ်ချုပ်လိုက်ရင် သုံးချက်ပဲရှိတယ်။ ၁။ ပေါသကာ – နို့ချိုတိုက်ကျွေး မွေးမြူတယ်။ ၂။ အာပါဒကာ – လူလားမြောက်အောင် စောင့်ရှောက်တယ်။ ၃။ ဣမဿ လောကဿ ဒဿေတာရော – ဒီလောကကြီးကို မြင်ခွင့်ပေးတယ်။ (ဝါ) လူအဖြစ် မွေးပေးတယ်။ (ဝါ) ဘဝသစ်ကိုပေးတယ်။ ပေါသကာနဲ့ အာပါဒကာကို ပြန်လည်ကျွေးမွေးပြုစု လုပ်ကျွေးခြင်းနဲ့ ကျေအောင်ဆပ်ရတယ်။ မိဘကို ကိုယ်က ပြန်မွေးထုတ်လို့မှ မရပဲ။ ဒီအချက်ကြောင့်ပဲ မိဘကျေးဇူးကို ကျေအောင်ဆပ်ဖို့ ခက်တာဖြစ်တယ်။ မိဘကို ပြန်မွေးထုတ်ပေးလို့မရပေမယ့် မိဘမသေခင်မှာပဲ ဘဝသစ်တစ်ခုရသွားအောင်တော့ ပြန်လုပ်ပေးလို့ရတယ်။ မလိမ္မာတဲ့မိဘကို လိမ္မာသွားအောင် သားသမီးက လမ်းညွှန်ပေးရမယ်။ […]
ဒီအချက်တွေကို ခံစားနေရပြီဆိုရင် သင့် စိတ်ကျရောဂါ ဖြစ်ပါတော့မယ်
ဒီအချက်တွေကို ခံစားနေရပြီဆိုရင် သင့် စိတ်ကျရောဂါ ဖြစ်ပါတော့မယ် လူတစ်ယောက်အတွက်တော့ စိတ်ကျရောဂါဖြစ်ဖို့ အကြောင်းရင်းတွေ အများကြီးပါ။အိမ်နဲ့အဆင်မပြေတာ ၊ အလုပ်ပြုတ်သွားတာ ၊ စာမေးပွဲကျတာ၊ ရည်းစားက ထားခဲ့တာ..စသဖြင့် အများကြီးပေါ့။ ဒါပေမယ့် တစ်ခါတလေ ကျတော့လည်း စိတ်ကျရောဂါ ဆိုတာက သင်မသိနိုင်တဲ့ နည်းလမ်းတစ်မျိုးနဲ့ သင့်ဆီကို ရောက်လာတတ်တာလေ။ တကယ်လို့ သင့်မှာ ဒီလိုအချက်တွေ ခံစားနေရပြီဆိုရင်၊ ဒီအချက်တွေထဲက တော်တော်များများက သင်နဲ့ ကိုက်ညီနေပြီဆိုရင် သင်ဟာ စိတ်ကျရောဂါဖြစ်ဖို့ အနီးဆုံးဖြစ်နေပြီလို့သာ မှတ်လိုက်ပါနော်။ (၁)။ အိမ်ထဲကနေ ဘယ်မှမသွားချင် သင်ဟာ အလုပ်ရှိသူတစ်ယောက်ဆိုရင် အလုပ်ပိတ်ရက်တွေဆို အိမ်ထဲကနေ အိမ်အပြင်မထွက်ချင်တာ ပြဿနာ မရှိပေမယ့် သင်ဟာ အလုပ်မရှိသူတစ်ယောက်၊ ဘာမှ လုပ်စရာမရှိပဲ ငြီးငွေ့နေသူ တစ်ယောက်ဆိုရင်တော့ အိမ်ထဲကနေ အိမ်အပြင်ထွက်ဖို့ […]
ဘွဲ့ရနှင့် ငါးစိမ်းသည်တဲ့ ဘယ်သူက ပညာပိုတတ်လဲ ဆုံးဖြတ်ကြည့်ကြပါ
ဘွဲ့ရနှင့် ငါးစိမ်းသည်တဲ့ ဘယ်သူက ပညာပိုတတ်လဲ ဆုံးဖြတ်ကြည့်ကြပါ ဘွဲ့ရနှင့် ငါးစိမ်းသည် ဘယ်သူကပညာပိုတတ်လဲ ဖတ်ပြီးရင် ဆုံးဖြတ်ကြည့်ပါ။ယနေ့မနက် ငါးကြော်လေးစားချင်လာသဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက်လာသည်။ ကျွန်တော် ဝယ်နေကျ ငါးဆိုင်ရှိသည်။ ငါးကြင်းတစ်မျိုးတည်းရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ရှိ သည်။ငါးရောင်းသူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။ ငါးစိမ်းသည်ဆိုသည်မှာ စွာတာတာ၊ ကက်ကက်လန်၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော်ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။ “ဦးလေး မရောက်တာကြာပြီ … ဘာလဲ ဆိုင်ဟင်းကိုမုန်းလို့ ရောက်လာတာလား”“မဟုတ်ပါဘူး … ခရီးထွက်တာတွေ များနေလို့”“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့တွဲထားတဲ့အပိုင်း ချိန်လိုက်မယ်နော်” “အစိတ်သားလောက်ပဲနော်”“၃၅ ကျပ်သားရှိတယ် ဦးလေးရယ် … ၃၀ သားဖိုးပဲပေး”“အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင်အပိုဆောင်းအဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် […]
KTV သွားပီး`နွား´မကျပါနဲ့ အကို (အဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်…)
KTV မှာ တညဖြုန်းလိုက် တဲ့ ပိုက်ဆံ က အကို့ ကလေးတွေရဲ့ကျူရှင် တလလုံးစာ ဆိုတာ သတိရပေးပါ အကို။ KTVက မိန်ခလေး ကို မုန့်ဖိုး ပေးတဲ့ ပိုက်ဆံက အစ်ကို့ သား/သမီး တစ်နှစ်လုံး ဝတ်လို့ရတဲ့ ကျောင်းဝတ်စုံ တစ်စုံ စာ ရှိတယ်ဆိုတာ သတိရပေးပါ အကို။ KT V မှာ သောက် တဲ့ ဘီယာ တစ်လုံးတန်ဖိုးက အစ်ကို့အိမ် အတွက် ဈေးဖိုး ရှိတယ်ဆိုတာ သတိရပေးပါ အကို။ KTV မှာ ဝိတ်တာ ကို ပေးလိုက်တဲ့ ပိုက်ဆံ ၅၀၀၀ က အစ်ကို့မိန်းမ ဝတ်ဖို့ လုံချည် တစ်ကွင်းစာ ရှိတယ် ဆိုတာ […]









